သတင်း

ကိုရီးယားသမ္မတနိုင်ငံနဲ့ WFP တို့ မြန်မာနိုင်ငံမှာစံချိန်တင် ငတ်မွတ်ခေါင်းပါးမှုအဆင့်ကို ကိုင်တွယ်ဖြေရှင်းဖို့ ‘REACH’ ပရောဂျက်ကို စတင်ခဲ့

ကိုရီးယားသမ္မတနိုင်ငံနဲ့ WFP တို့ မြန်မာနိုင်ငံမှာစံချိန်တင် ငတ်မွတ်ခေါင်းပါးမှုအဆင့်ကို ကိုင်တွယ်ဖြေရှင်းဖို့ ‘REACH’ ပရောဂျက်ကို စတင်ခဲ့

စက်တင်ဘာ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကိုရီးယားသမ္မတနိုင်ငံ (တောင်ကိုရီးယား) နဲ့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ဟာပဋိပက္ခဒဏ်ခံရတဲ့ အိမ်ထောင်စုတွေအတွက် အရေးပေါ်အကူအညီ (REACH) နဲ့တုံ့ပြန်ခြင်း၊မြန်မာနိုင်ငံရှိ ပဋိပက္ခဒဏ်ခံခဲ့ရတဲ့မိသားစုတွေအတွက် အရေးပေါ်အကူအညီတွေပေးအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပဏာမခြေလှမ်းကို စတင်လိုက်ပြီဖြစ်တယ်လို့ WFP ကစက်တင်ဘာ၄ ရက်မှာထုတ်ပြန်ပါတယ်။ ဆက်လက်ဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေ၊အစုလိုက်အပြုံလိုက်အ ရွှေ့ပြောင်းနေထိုင်မှုနဲ့ ၂၀၂၅ မတ်လ ငလျင်လှုပ်ခတ်မှုကြားမှာငတ်မွတ်မှု နက်ရှိုင်းလာနေတဲ့နေရာတွေကိုရည်ရွယ်တယ်လို့ဆိုပါတယ်။ ကိုရီးယားသမ္မတနိုင်ငံက အမေရိကန်ဒေါ်လာ ၁၀ သန်း ပံ့ပိုးကူညီမှုနဲ့ကျောထောက်နောက်ခံပြုထားတဲ့ REACH ဟာ WFP က ပဋိပက္ခနဲ့ငလျင်ဒဏ်ကြောင့် ပြင်းထန်စွာ ထိခိုက်ခံစားရတဲ့ လူမှုအသိုင်းအဝိုင်းတွေကိုစားနပ်ရိက္ခာအတွက် အသက်ကယ်ရိက္ခာနဲ့ငွေသားတွေကို ပေးပို့နိုင်မှာဖြစ်ပါတယ်။ REACH ကတဆင့် WFP ဟာ ပဋိပက္ခနဲ့ငလျင်ဒဏ်ခံဒေသတွေရှိ လူ ၃၀၀,၀၀၀ ကို ရိက္ခာ/သို့မဟုတ် ငွေသားအကူအညီ နှစ်လ ပံ့ပိုးပေးမှာဖြစ်ပါတယ်။ ဒါ့အပြင်ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နဲ့ ကလေး ၂၄,၀၀၀ တို့ကိုအာဟာရချို့တဲ့မှုကို ကာကွယ်ကုသရာမှာ ကူညီရန် ပစ်မှတ်ထားတဲ့ အာဟာရအထောက်အပံ့ကို ရရှိမှာဖြစ်ပါတယ်။ (more…)
Read More
စစ်အစိုးရကလုပ်မယ့်ရွေးကောက်ပွဲကိုကရင်ပြည်နယ် နယ်ခြားစောင့်တပ်က ထောက်ခံတယ်လို့ထုတ်ပြန်

စစ်အစိုးရကလုပ်မယ့်ရွေးကောက်ပွဲကိုကရင်ပြည်နယ် နယ်ခြားစောင့်တပ်က ထောက်ခံတယ်လို့ထုတ်ပြန်

စက်တင်ဘာ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ စစ်အုပ်စုနောက်လိုက် BGF ဗဟိုအကြံပေးနဲ့ ကွပ်ကဲမှုအဖွဲ့မှနယ်ခြားစောင့်တပ်(ကရင်ပြည်နယ်)၊က ၂၀၂၅ ဒီဇင်ဘာမှာလုပ်မယ့်စစ်အစိုးရရဲ့ရွေးကောက်ပွဲကိုထောက်ခံတယ်လို့ စက်တင်ဘာ ၅ရက်နေ့ကထုတ်ပြန်ပါတယ်။ ၂၀၂၅ခုနှစ် ဒီဇင်ဘာလမှာ ကျင်းပမယ့်မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့အနာဂတ်အတွက် အရေးကြီးကြောင်း နားလည်သဘောပေါက်ထားပြီး ဒီမိုကရေစီစနစ်သို့ ကူးပြောင်းကာ ပြည်သူများအတွက် တည်ငြိမ်အေးချမ်းပြီး လုံခြုံသောဘဝများ ဖန်တီးပေးမှာဖြစ်တယ်လို့​ထုတ်ပြန်ချက်ကဆိုပါတယ်။ (more…)
Read More
ဟိုပန်မြို့မှာ ရွေးကောက်ပွဲ အကြောင်းပြကာ လူထုစည်းရုံးတာ၊ အခကြေးငွေပေးပြီး မဲဆွယ်စည်းရုံးတာမျိုး တွေ့ရှိကတိုင်ကြားနိုင်လို့ဆို

ဟိုပန်မြို့မှာ ရွေးကောက်ပွဲ အကြောင်းပြကာ လူထုစည်းရုံးတာ၊ အခကြေးငွေပေးပြီး မဲဆွယ်စည်းရုံးတာမျိုး တွေ့ရှိကတိုင်ကြားနိုင်လို့ဆို

စက်တင်ဘာ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ "ဝ" ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် - UWSA ထိန်းချုပ်နယ်မြေ ဟိုပန်နဲ့ ပန်လုံမြို့တွေမှာ စစ်ကောင်စီက ကျင်းပမဲ့ လာမယ့်ရွေးကောက်ပွဲအတွက် လူထုစည်းရုံးရေးဆင်းတာ၊ မဲဆွယ်စည်းရုံးတာမျိုး တွေ့ရှိပါက တရားစီရင်ရေးဌာနသို့ တိုင်ကြားနိုင်တယ်လို့ "ဝ" လူငယ့်အသံရဲ့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောတယ်လို့ Wa News Land ကစက်တင်ဘာ ၅ရက်မှာဖော်ပြပါတယ်။ အခုလို အသိပေးချက်ကို မနေ့စက်တင်ဘာလ ၄ ရက် မနက်ပိုင်းမှာ ပြုလုပ်တဲ့ "ဝ" ပြည်နယ်၊ စစ်မှုထမ်းဆိုင်ရာ ဥပဒေ၊ ပြစ်မှုတွေနဲ့ပတ်သက်ပြီး ချမှတ်အရေးယူနိုင်တဲ့ ပုဒ်မ၊ ဥပဒေဆိုင်ရာ အသိ ပညာပေး လူထုအစည်းအဝေးမှာ ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်တယ်လို့ တက်ရောက်ခဲ့တဲ့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ "အစည်းအဝေးမှာ ထည့်ပြောသွားတာ ဟုတ်တယ်။ အခြားအဖွဲ့အစည်း၊ ပါတီတွေက မဲထည့်ဖို့ လာစည်းရုံးတာမျိုးတို့၊ လက်မှတ်ဘာညာ လိမ်ပြီးထိုးခိုင်းတာတို့ အခကြေးငွေပေးပြီး မဲဆွယ်စည်းရုံးရေး လာလုပ်တာတို့ တွေ့ရင်တိုင်ကြားဖို့ အသိပေးထားတယ်။ (more…)
Read More
အကျဉ်းချခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည် ဆိုးရွားတဲ့နှလုံးရောဂါနဲ့ရင်ဆိုင်နေရလို့သားဖြစ်သူက မိခင်ကျန်းမာရေး ဆိုးရွားလာမှာကို စိုးရိမ်နေ

အကျဉ်းချခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည် ဆိုးရွားတဲ့နှလုံးရောဂါနဲ့ရင်ဆိုင်နေရလို့သားဖြစ်သူက မိခင်ကျန်းမာရေး ဆိုးရွားလာမှာကို စိုးရိမ်နေ

စက်တင်ဘာ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဖြုတ်ချခံခဲ့ရတဲ့မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူက သူ့ရဲ့ ကျန်းမာရေး ယိုယွင်းလာမှုနဲ့ပတ်သက်​လို့ ပြတ်ပြတ်သားသား သတိပေးချက် ထုတ်ပြန်ထားပြီး သူ့ရဲ့ အရေးပေါ် ဆေးကုသမှု ခံယူခွင့်အတွက်စစ်အစိုးရကိုတောင်းဆိုထားပြီး၊နိုင်ငံတကာ အသိုင်းအဝိုင်းက ဝင်ရောက်ပါဝင်ကြဖို့လည်းတိုက်တွန်းတယ်လို့ Independent သတင်းက စက်တင်ဘာ ၄ရက်မှာဖော်ပြပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်အာဏာသိမ်းပြီးကတည်းက အကျဉ်းချခံထားရတဲ့၎င်းရဲ့ အသက် ၈ အရွယ် မိခင်ဖြစ်သူဟာ ပိုဆိုးလာတဲ့နှလုံးရောဂါကို ခံစားနေရတယ်လို့ သားဖြစ်သူ ကင်မအဲရစ်ကThe Independent ကိုပြောကြားခဲ့ပါတယ်။ “အမေရဲ့ ကျန်းမာရေးက ပိုဆိုးလာတာကို ကြားရတာ အရမ်းစိတ်မကောင်းဖြစ်မိပါတယ်” လို့ ကင်မ်က ဆိုပါတယ်။ "သူ့မှာ ဆက်လက်ဖြစ်ပွားနေတဲ့ နှလုံးရောဂါတွေရှိနေတယ်၊ ​​ချုပ်နှောင်ခံထားရပြီး မြင်ဖို့လိုအပ်တဲ့အခြေအနေတွေကြောင့် သံသယမကင်းနိုင်ဖြစ်ပြီး အကျဉ်းထောင်ပြင်ပက နှလုံးအထူးကုဆရာဝန်ဆီသွားပြခိုင်းခဲ့ပါတယ်။ ဒါကိုခွင့်ပြုပေးလားဆိုတာ ကျွန်တော်မသိနိုင်ပါဘူး"လို့လည်းသူကဆက်ပြောပါတယ်။ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း William Hague က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ စစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ အချိန်တန်ပြီ၊ ဒါဟာ နှောင့်နှေးမနေဘဲ မှန်ကန်တဲ့ ဆေးဝါးကုသမှု ခံယူခွင့်ရဖို့ ကျင့်ဝတ်နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တစ်ခုလည်း ဖြစ်ပါတယ်။” လို့ Hague ကပြောပါတယ်။ (more…)
Read More
တပ်ကပို့မယ့် အမတ်လောင်းစာရင်း ဘာကြောင့်အရေးကြီးလဲ

တပ်ကပို့မယ့် အမတ်လောင်းစာရင်း ဘာကြောင့်အရေးကြီးလဲ

စက်တင်ဘာ၅၊ ၂၀၂၅ ။သောင်ရင်းသတင်းလွှာ ရွေးကောက်ပွဲရာသီတွေရောက်တိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ကို တပ်က အမတ်လောင်းတွေစေလွှတ်ယှဥ်ပြိုင်ခဲ့တဲ့အစဥ်အလာရှိပေမယ့် ဒီတစ်ကြိမ်မှာတော့ ဒီဇင်ဘာလကုန်လုပ်မယ့် ရွေးကောက်ပွဲအတွက် စက်တင်ဘာလဆန်းအထိ စာရင်းမပို့သေးဘူးလို့ BBC ကစက်တင်ဘာ ၄ရက်မှာဖော်ပြပါတယ်။ နိုင်ငံတစ်ဝန်းလုံးမှာဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းစာရင်းကို စက်တင်ဘာ ၁ ရက်မှာ USDP ပါတီက စာရင်းချုပ်လိုက်ပြီဖြစ်ပေမဲ့ အဲဒီစာရင်းမှာ တပ်ကစေလွှတ်တဲ့ အငြိမ်းစားစစ်ဗိုလ်ချုပ်တွေ မပါသေးဘူးလို့ ပါတီတာဝန်ရှိသူတချို့ထံကနေ သိရပါတယ်။ (more…)
Read More
IndustriALL က အမှတ်တံဆိပ်တွေအားလုံးမြန်မာနိုင်ငံကနေ ထွက်ခွာကြဖို့ထပ်မံတောင်းဆို

IndustriALL က အမှတ်တံဆိပ်တွေအားလုံးမြန်မာနိုင်ငံကနေ ထွက်ခွာကြဖို့ထပ်မံတောင်းဆို

စက်တင်ဘာ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ စက်တင်ဘာလ ၃း၄ရက်၊ ၂၀၂၅မှာ IndustriALL က Bestseller၊ Next နဲ့ Hunkemöller အပါအဝင် ကုန်အမှတ်တံဆိပ်များစွာကို မြန်မာနိုင်ငံမှာလုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းဖို့နဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ အလုပ်သမားနဲ့လူ့အခွင့်အရေးတွေပပျောက်စေခဲ့တဲ့နိုင်ငံကနေတာန်ရှိစွာနဲ့ထွက်ခွာစေဖို့အတွက်IndustriALL နဲ့ချက်ခြင်းညှိနှိုင်းမှုတွေစတင်လုပ်ဆောင်နေတယ်လို့ အဖွဲ့ကဆိုပါတယ်။ အထည်အလိပ်နဲ့အထည်ချုပ်လုပ်ငန်းဟာ စစ်အစိုးရအတွက် နိုင်ငံခြားငွေရရှိရေးအတွက် အဓိကရင်းမြစ်ဖြစ်ပြီး လက်နက်၊ ခဲယမ်းမီးကျောက်တွေနဲ့လောင်စာဆီတွေအတွက်ထောက်ပံ့ကူညီနေပါတယ်။ မြန်မာနိုင်ငံမှာအထည်ချုပ်နဲ့ ဖိနပ်ထုတ်လုပ်တဲ့အလုပ်သမားတွေဟာ စစ်အုပ်ချုပ်ရေးအရ စက်မှုဇုန်တွေမှာလုပ်ကိုင်ကြရပါတယ်။ ၂၀၂၃ ILO စုံစမ်းရေး ကော်မရှင်ကလွတ်လပ်စွာ အသင်းအဖွဲ့ဖွဲ့စည်းခွင့်နဲ့အဓမ္မ လုပ်အားပေး ခိုင်းစေမှုဆိုင်ရာ သဘောတူညီချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်မှုတွေတွေ့ရှိခဲ့ပါတယ်။ ဇူလိုင်လမှာ အမည်မသိ စွဲချက်တွေနဲ့ဖမ်းဆီးခံထားရတဲ့ သမဂ္ဂခေါင်းဆောင်တွေနဲ့ အလုပ်သမား တက်ကြွလှုပ်ရှားသူတွေရဲ့အကြောင်း အစီရင်ခံစာသစ်တွေထွက်ပေါ်ခဲ့ပါတယ်။ UK high street favorite အမှတ်တံဆိပ် Next နဲ့ Dutch အတွင်းခံအမှတ်တံဆိပ် Hunkemöller တို့ကစိုးရိမ်မှုတွေရှိနေပေမယ့်လည်း ထောက်ပံ့ရေးကွင်းဆက်အတွင်းမှာလူ့အခွင့်အရေးချိုးဖောက်မှုအန္တရာယ်ကို လျော့ပါးစေဖို့အတွက် မြန်မာနိုင်ငံမှာဆက်လက်ရှိနေကြဖို့ ရည်ရွယ်ချက်ကို ညွှန်ပြနေပါတယ်။ (more…)
Read More
သတ္တုတူးဖော်‌‌ရေးနဲ့ လျှပ်စစ်ပစ္စည်းစက်ရုံဆောက်ရေး ဘေကျင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင် စည်းရုံးနေ

သတ္တုတူးဖော်‌‌ရေးနဲ့ လျှပ်စစ်ပစ္စည်းစက်ရုံဆောက်ရေး ဘေကျင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင် စည်းရုံးနေ

စက်တင်ဘာ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မြန်မာက သတ္တုထူးဖော်ရေး လုပ်ငန်းတွေမှာ ကုန်ချောတွေ ထုတ်နိုင်တဲ့အထိ ပူးပေါင်းဖို့နဲ့ လျှပ်စစ်စက်ရုံလာဆောက်ကြဖို့ ဘေကျင်းအခြေစိုက် TBEA လျှပ်စစ်ကုမ္ပဏီနဲ့ ဆွေးနွေးခဲ့တယ်လို့ BBC သတင်းကစက်တင်ဘာ ၄ရက်နေ့မှာဖော်ပြပါတယ်။ မင်းအောင်လှိုင်က သူ့ရဲ့ တရုတ်ခရီးစဉ်အတွင်း ဒီအကြောင်း ဆွေးနွေးခဲ့တာလို့ ဆိုပေမဲ့ ဘယ်လို သတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဖို့ဆိုတာတော့ စစ်ကော်မရှင် သတင်းမှာ တိတိကျကျ မပြောထားပါဘူး။ အာဏာလုစစ်ခေါင်းဆောင်ဟာ ဘေကျင်းမှာ စက်တင်ဘာလ ၃ ရက်တုန်းက ပြုလုပ်တဲ့ စစ်ရေးပြပွဲကို တက်ရောက်အပြီးမှာ အခုလိုဆွေးနွေးခဲ့တာပါ။ သတ္တုအပြင် လျှပ်စစ်ပစ္စည်းထုတ်တဲ့ စက်ရုံတွေတည်ဆောက်ဖို့ကိုလည်း စစ်ခေါင်းဆောင်က ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။ (more…)
Read More
ထိုင်းအိမ်စောင့် ၀န်ကြီးချုပ်ဟာအောက်လွှတ်တော် ဖျက်သိမ်းရေးကိစ္စနဲ့ပတ်သက်ပြီး ဘုရင်နဲ့တော်ဝင်အသိုင်းအဝိုင်းကိုအသရေဖျက်မှု တိုင်ကြားချက်နဲ့ရင်ဆိုင်နေရ

ထိုင်းအိမ်စောင့် ၀န်ကြီးချုပ်ဟာအောက်လွှတ်တော် ဖျက်သိမ်းရေးကိစ္စနဲ့ပတ်သက်ပြီး ဘုရင်နဲ့တော်ဝင်အသိုင်းအဝိုင်းကိုအသရေဖျက်မှု တိုင်ကြားချက်နဲ့ရင်ဆိုင်နေရ

စက်တင်ဘာ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ပါလီမန်အမတ်တစ်ဦးနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးတို့က အိမ်စောင့် ၀န်ကြီးချုပ် Phumtham Wechayachai ကိုအောက်လွှတ်တော်ကို ဖျက်သိမ်းဖ်ု့ဘုရင်မင်းမြတ်ကိုတောင်းဆိုခဲ့တဲ့အတွက် စက်တင်ဘာ ၃ရက်နေ့ကရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့တယ်လို့ ဘန်ကောက်ပို့စ်ကဖော်ပြပါတယ်။ Bhumjaithai ပါတီ က Mr Phumtham ကို ရုံးတွင်း လိမ်လည်မှုနဲ့စွပ်စွဲပြီး တိုင်ကြားခဲ့တာဖြစ်ပါတယ်။ ဒီမိုကရေစီသစ်ပါတီက Suratin Pichan နဲ့ တက်ကြွလှုပ်ရှားသူ Thaikorn Polsuwan တို့က စက်တင်ဘာ ၃ရက်နေ့မွန်းလွဲပိုင်းမှာဘန်ကောက်ရှိ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုမှာ တိုင်ကြားခဲ့ပါတယ်။ အိမ်စောင့်ဝန်ကြီးချုပ်အဖြစ် သူ့ထင်မြင်ယူဆချက်အတိုင်း လုပ်ပိုင်ခွင့်မရှိတာကြောင့် မစ္စတာ Phumthamဟာအောက်လွှတ်တော် ဖျက်သိမ်းရေး တောင်းဆိုချက်ကို မတင်ပြသင့်ဘူးလို့ Thaikornက ပြောပါတယ်။ ဒါကို Pheu Thai ထောက်ခံသူတွေက အငြင်းပွားနေကြပါတယ်။ တော်ဝင်ခွင့်ပြုချက်တောင်းခံမှုဟာအမြင့်ဆုံးအဖွဲ့အစည်းကို နိုင်ငံရေးလက်နက်အဖြစ် အသုံးပြုဖို့ကြိုးပမ်းမှုအဖြစ် ရှုမြင်နိုင်တယ်လို့၎င်းက ပြောကြားခဲ့ပါတယ်။ ကမ္ဘောဒီးယားကဟွန်ဆန်နဲ့အငြင်းပွားဖွယ် ဖုန်းခေါ်ဆိုမှုမှာကျင့်ဝတ်ဖောက်ဖျက်မှု ပြင်းထန်တဲ့အတွက် ဖြူထိုင်းပါတီ ခေါင်းဆောင် ပါတွန်တန် ရှင်နာဝပ်ထရာကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တရားရုံးက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဖယ်ရှားခဲ့ပါတယ်။ နိုင်ငံရေးပါတီ ပြိုင်ဘက် Bhumjaithai နဲ့ Pheu Thai တို့ဟာ ၂၀၂၃ ရွေးကောက်ပွဲမှာအနိုင်ရရှိပြီး ညွန့်ပေါင်းအစိုးရသစ် ဖွဲ့ရာမှာ အတိုက်အခံခေါင်းဆောင် ပြည်သူ့ပါတီက ထောက်ခံအားပေးခဲ့ကြပါတယ်။ စက်တင်ဘာ ၃ရက်နေ့နံနက်မှာ ပြည်သူ့ပါတီမှ Bhumjaithai ကို ထောက်ခံကြောင်း ကြေညာခဲ့ပေမယ့်လည်း အခုအခါ အိမ်စောင့်ဝန်ကြီးချုပ်အဖြစ် လက်ထောက်ဝန်ကြီးချုပ်ဟောင်း Phumtham က တော်ဝင်ခွင့်ပြုချက်အတွက် အောက်လွှတ်တော်ကို ဖျက်သိမ်းဖို​့တောင်းဆိုထားပြီးဖြစ်တယ်လို့…
Read More
မြန်မာနိုင်ငံမှာ ဖေ့ဘွတ်စ်သုံးစွဲသူ ၂၈ % ကျော် ကျဆင်း

မြန်မာနိုင်ငံမှာ ဖေ့ဘွတ်စ်သုံးစွဲသူ ၂၈ % ကျော် ကျဆင်း

စက်တင်ဘာ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ်အတွင်း ဖေ့ဘွတ်စ်သုံးစွဲသူ တဖြေးဖြေး ကျဆင်းလာပြီး ဇူလိုင်လအထိ သုံးစွဲသူ ၂၈ % ကျော် ကျဆင်းလာခဲ့တယ်လို့ နိုင်ငံတကာစစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ DataReportal သုတေသနအဖွဲ့၏ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် လူမှုမီဒီယာအသုံးပြုသူ ၁၉.၆ သန်း ရှိခဲ့ပြီး ဇူလိုင်လအတွင်းမှာတော့ ၁၄ သန်းကျော်သာ ကျန်ရှိတောါတယ်လို့ ဆိုထားပါတယ်။ (more…)
Read More
စန္ဒာမင်းတို့ရွေးကောက်ပွဲအတွက် သုံးဖို့ မြို့မအသင်းကိုတောင်းထားတဲ့ လူချွန်လူကောင်းသီချင်းကို မြို့မငြိမ်းမိသားစုကန့်ကွက်

စန္ဒာမင်းတို့ရွေးကောက်ပွဲအတွက် သုံးဖို့ မြို့မအသင်းကိုတောင်းထားတဲ့ လူချွန်လူကောင်းသီချင်းကို မြို့မငြိမ်းမိသားစုကန့်ကွက်

စက်တင်ဘာ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အမျိုးသားဒီမိုကရေစီအင်အားစု NDFပါတီကနေ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အသုံးပြုဖို့ မြို့မအသင်းကိုတောင်းထားတဲ့ လူချွန်လူကောင်းသီချင်းကို မသုံးကြဖို့ မြို့မငြိမ်းမိသားစုကန့်ကွက်ထားတယ်လို့သိရပါတယ်။ NLDပါတီကနေ NDFပါတီကို ဘက်ပြောင်းပြီး စစ်အုပ်စုကျင်းပမယ့် တရားမဝင် အတုယောင်ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် စန္ဒာမင်းဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ရက်နေ့မှာ မြို့မအသင်းရုံးလာပြီး လူချွန်လူကောင်းသီးချင်းအား အောင် နိုင်ရေးသီချင်းအဖြစ်နဲ့ အသုံးပြုခွင့်ပေးဖို့ လာရောက်ဆွေးနွေးခဲ့ပေမယ့် ဒီနေ့မှာတော့ သီချင်းမူရင်းပိုင်ရှင်ဖြစ်တဲ့ မြို့မငြိမ်းမိသားစုက ကန့်ကွက်ခဲ့တာလို့သိရပါတယ်။ (more…)
Read More