သတင်း

BBC သတင်းဌာန၏ အာဂျင်တီးနားတရားရုံး၏ ဖမ်းဝရမ်းကိုဆန်းစစ်ခြင်း

BBC သတင်းဌာန၏ အာဂျင်တီးနားတရားရုံး၏ ဖမ်းဝရမ်းကိုဆန်းစစ်ခြင်း

ဖေဖော်ဝါရီ ၁၇၊၂၀၂၅ ။ သောင်ရင်းသတင်းလွှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်သည်ဆိုတဲ့ စွဲချက်နဲ့ အာဂျင်တီးနားတရားရုံးက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ ၂၃ ဦးကို ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ ဒီစွဲချက်နဲ့ အမှုကို ၂၀၁၉ ခုနှစ်မှာ စဖွင့်ခဲ့တာဖြစ်ပြီး ၆ နှစ်အကြာ ၂၀၂၅ ခုနှစ်မှာတော့ စစ်ခေါင်းဆောင်၊ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အပါအဝင် စစ်တပ်အရာရှိကြီး/ငယ် ၂၁ ဦးက ဖမ်းဝရမ်းထဲမှာ ပါဝင်လာတာဖြစ်ပါတယ်။ အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းထဲမှာ အဲဒီ ၂၀၁၇ ခုနှစ်က သမ္မတအဖြစ် တာ၀န်ယူခဲ့တဲ့ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ လည်း ပါ၀င်နေပါတယ်။ ထုတ်ပြန်လိုက်တဲ့ ဖမ်းဝရမ်းက စစ်ခေါင်းဆောင်နဲ့ စစ်တပ်အရာရှိတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိလာနိုင်လဲ။ သမ္မတဟောင်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တို့ကို ဝရမ်းထုတ်မှုက ဘယ်လိုသဘောဆောင်လဲ။ (more…)
Read More
စစ်ခေါင်းဆောင်နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးထင်ကျော်ပါ ဖမ်းဝရမ်းထုတ်ခံရ

စစ်ခေါင်းဆောင်နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးထင်ကျော်ပါ ဖမ်းဝရမ်းထုတ်ခံရ

ဖေဖော်ဝါရီ ၁၅၊၂၀၂၅။ သောင်ရင်းသတင်းလွှာ ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး မြန်မာစစ်ခေါင်းဆောင်များကို အာဂျင်တီးနား တရားရုံးက ဖမ်းဝရမ်းထုတ်သည့်စာရင်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတ ဦးထင်ကျော်တို့ပါ ပါဝင်လာသည်ဟု မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ (BROUK) က ဖေဖော်ဝါရီ ၁၄ မှာ ထုတ်ပြန်ကြောင်း BBCကဖေဖော်ဝါရီ ၁၅ ရက်ကဖော်ပြသည်။ လက်ရှိနိုင်ငံရေးအခြေအနေအရ အရပ်သား ခေါင်းဆောင်နှစ်ဦးအား ဖမ်းဝရမ်းမထုတ်ရန် BROUK ၏တောင်းဆိုချက်ကို တရားရုံးက လက္မခံဘဲ ဝရမ်းထဲထည့်ခဲ့သည်ဟုထုတ်ပြန်သည်။ (more…)
Read More
ထိုင်း-မြန်မာနယ်စပ်မှာယာယီစခန်းတွေ ထူထောင်ဖို့ အစီစဉ် ထိုင်းဘက်ကအဆင်သင့်ဖြစ်နေ

ထိုင်း-မြန်မာနယ်စပ်မှာယာယီစခန်းတွေ ထူထောင်ဖို့ အစီစဉ် ထိုင်းဘက်ကအဆင်သင့်ဖြစ်နေ

ဖေဖော်ဝါရီ ၁၅၊၂၀၂၅။ သောင်ရင်းသတင်းလွှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများနှင့်အညီ မြန်မာနိုင်ငံနှင့် နယ်စပ်တလျှောက် ယာယီဒုက္ခသည်စခန်းများ ထူထောင်ရန်အတွက် ပြည်ထဲရေး ဝန်ကြီးဌာနသည် ထိုင်းနိုင်ငံရှိ The Border Consortium (TBC) နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဘန်ကောက်ပို့စ်သတင်းက ဖေဖော်ဝါရီ ၁၅ ရက်ကဖော်ပြသည်။ မကြာသေးမီက လက်ထောက်ပြည်ထဲရေး အမြဲတမ်းအတွင်းဝန် Chettha Mosikrat သည် ထိုင်းနိုင်ငံရှိ TBC ၏ ဒါရိုက်တာ Leon Henri Marie de Riedmatten နှင့်တွေ့ဆုံကာ မြန်မာနယ်စပ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများမှ ထွက်ပြေးလာသူများအတွက် ယာယီဒုက္ခသည်စခန်းများ ထားရှိပေးမည့် အစီအစဉ်များကို ဆွေးနွေးခဲ့သည်။ (more…)
Read More
လူကုန်ကူးခံရသူများ ရွှေကုက္ကိုလ်မှထိုင်းသို့ ရာနှင့်ချီ လွတ်မြောက်ရန်ရှိ

လူကုန်ကူးခံရသူများ ရွှေကုက္ကိုလ်မှထိုင်းသို့ ရာနှင့်ချီ လွတ်မြောက်ရန်ရှိ

ဖေဖော်ဝါရီ ၁၅၊၂၀၂၅ သောင်ရင်းသတင်းလွှာ နယ်ခြားစောင့်တပ် (BGF/KNA) မှ ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ (BGF/KNA) က တရားမ၀င် အွန်လိုင်းလုပ်ငန်းများနှင့် လိမ်လည်သည့်ကွန်ရက်များကို တိုက်ဖျက်ရာတွင် ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကတိပြုထားကြောင်း ထိုင်းလုံခြုံရေး အရာရှိများကဖေဖေါ်ဝါရီ ၁၅ ရက်ကသတင်းထုတ်ပြန်သည်ဟု Khosod သတင်းဌာနကဖော်ပြသည်။ အဆိုပါ ကတိကဝတ်ကို ချက်ခြင်းလက်ငင်း သရုပ်ပြရာတွင် BGF တပ်ဖွဲ့များသည် ဖေဖော်ဝါရီ ၁၄ ရက်တွင် တာ့ခ်ခရိုင် ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် ဝမ်ကော်ကျေးရွာ နှင့်မျက်နှာချင်းဆိုင် ရွှေကုက္ကိုမြို့သစ်စီမံကိန်းရှိ ကိုးထပ်စက်ရုံတွင် နိုင်ငံခြားသား ၆၀၀ ကျော်ကို စတင်စစ်ဆေးခဲ့သည်ဟုသတင်းဆိုသည်။ (more…)
Read More
သဲကုန်းက ပျူစောထီး ဓားငပြုံး သေနတ်နဲ့အပစ်ခံရပြီးမပြုံးနိုင်ဖြစ်ပြီ

သဲကုန်းက ပျူစောထီး ဓားငပြုံး သေနတ်နဲ့အပစ်ခံရပြီးမပြုံးနိုင်ဖြစ်ပြီ

ဖေဖော်ဝါရီ ၁၄၊ ၂၀၂၅ သောင်ရင်းသတင်းလွှာ ပဲခူးတိုင်း၊ သဲကုန်းမြို့၊ ရပ်ကွက် ၂၊ စူဠာမုနိလမ်းမှာနေထိုင်တဲ့ ပျူစောထီး မောင်ပြုံး(ခ)ဓားငပြုံး သေနတ်နဲ့ပစ်ခတ်ရှင်းလင်းလိုက်လို့ သေဆုံးသွားပြီလို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFဘက်က ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ (more…)
Read More
ပြန်လည်ပြင်ဆင်ထားသည့် FMRစနစ်အောက်တွင်အိန္ဒိယ- မြန်မာနယ်စပ်ရှိ ဂိတ်ပေါင်း ၂၂ ဂိတ်စတင်ဖွင့်လှစ်

ပြန်လည်ပြင်ဆင်ထားသည့် FMRစနစ်အောက်တွင်အိန္ဒိယ- မြန်မာနယ်စပ်ရှိ ဂိတ်ပေါင်း ၂၂ ဂိတ်စတင်ဖွင့်လှစ်

ဖေဖော်ဝါရီ ၁၄၊၂၀၂၅ / သောင်ရင်းသတင်းလွှာ ပြန်လည်ပြင်ဆင်ထားသော Free Movement Regime (FMR) သဘောတူညီချက်အရ မြန်မာနယ်စပ်ရှိ နယ်စပ်ဖြတ်ကျော်ဂိတ် ၄၃ ခုအနက် ၂၂ ခုသည် စတင်လည်ပတ်နေပြီဟု အန္ဒိယအစိုးရအကြီးတန်းအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၁၄ ရက်ကပြောကြားခဲ့သည်ဟု The Hindustan သတင်းကဖော်ပြသည်။ အိန္ဒိယ-မြန်မာနယ်စပ်မှ ၁၀ ကီလိုမီတာအတွင်း နေထိုင်ကြသည့် လူများသွားလာမှုကို ထိန်းညှိရန်အတွက် မဏိပူရပြည်နယ်ရှိ နယ်စပ်ဂိတ် ၁၀ ခုထက်မနည်းသည် စတင်လည်ပတ်နေပြီဖြစ်ပြီး မီဇိုရမ်ပြည်နယ်နှင့် နာဂလန်းပြည်နယ်တို့ရှိ ဂိတ်ငါးခုနှင့် Arunachal Pradeshအရုနာချယ်ပရာဒက်ချ်ပြည်နယ်ရှိ ဂိတ် ၂ ခုတို့လည်းစတင်လည်ပတ်နေကြပြီဖြစ်သည်။ နယ်စပ်နေထိုင်သူများ၏ သွားလာလှုပ်ရှားမှုကိုစည်းကမ်းကန့်သတ် ထိန်းညှိရန်အတွက် လမ်းညွှန်ချက်အသစ်များကို ယခင်နှစ်ဒီဇင်ဘာ ၆ ရက်တွင် ပြည်ထောင်စုပြည်ထဲရေးဝန်ကြီးဌာနကအပြီးသတ်ရေးဆွဲခဲ့ပြီး QR ကုဒ်ဖြင့် ဖြတ်သန်းခွင့်ပြုခဲ့သည်။ (more…)
Read More
10Dလှုပ်ရှားမှုနဲ့အဖမ်းခံရတဲ့ ရွှေပြည်သာသပိတ်က ရဲဘော်၂ဦးကို စစ်အုပ်စုတရားရုံးက အလုပ်နဲ့ထောင်ဒဏ် ၃နှစ်အမိန့်ချ

10Dလှုပ်ရှားမှုနဲ့အဖမ်းခံရတဲ့ ရွှေပြည်သာသပိတ်က ရဲဘော်၂ဦးကို စစ်အုပ်စုတရားရုံးက အလုပ်နဲ့ထောင်ဒဏ် ၃နှစ်အမိန့်ချ

ဖေဖော်ဝါရီ ၇၊ ၂၀၂၅သောင်ရင်းသတင်းလွှာ ရန်ကုန်၊ ရွှေပြည်သာလူထုသပိတ် ဦးဆောင်ကော်မတီက ရဲဘော် ကိုရန်နောင်ကြည်ဝင်းနဲ့ ကိုသက်ထူးဇော်တို့ကို အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံတရားရုံးက ထောင်၃နှစ်စီ အမိန့်ချမှတ်ခဲ့တယ်လို့ နီးစပ်သူတွေကသောင်ရင်းသတင်းလွှာကိုပြောပါတယ်။ (more…)
Read More

ထိုင်းနိုင်ငံက မြန်မာနိုင်ငံသို့ လျှပ်စစ်ဓာတ်အား ပေးဝေမှုကို ဖြတ်တောက်လိုက်

ဖေဖော်ဝါရီ ၅၊ ၂၀၂၅ သောင်ရင်းသတင်းလွှာ ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က မြန်မာနယ်စပ်ဒေသသို့ ထိုင်းလျှပ်စစ်ဓာတ်အား ပေးဝေမှုကို ဖြတ်တောက္မည်ကိုအတည်ပြုပြောကြားကြောင်း ခရိုင်လျှပ်စစ်အာဏာပိုင်အဖွဲ့ (PEA) မှ တာဝန်ရှိသူများကပြောကြားသည်ဟု The Nation သတင်းက ဖေဖော်ဝါရီ ၄ ရက်ကဖော်ပြသည်။ အိမ်နီးချင်း မြန်မာနိုင်ငံ မြဝတီ နယ်စပ်မြို့နယ်တွင် လည်ပတ်နေသော တယ်လီကွန်း လိမ်လည်မှု စင်တာများကို နိုင်ငံစုံက ပူးပေါင်းနှိမ်နင်းမှုတွင် ထိုင်းနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟုသတင်းကဆိုသည်။ အမျိုးသားလုံခြုံရေးကောင်စီ (NSC) ဥက္ကဋ္ဌ Phumtham က အဆိုပါပြဿနာသည် ထိုင်းနိုင်ငံအတွက် ဆိုးရွားစွာ အကျိုးသက်ရောက္မှုရှိစေကြောင်း အလေးပေးပြောကြားခဲ့ပြီး ဇွန်လအတွင်း ထိုင်းလူမျိုး ၅၀၀,၀၀၀ ကျော်သည် call center လိမ်လည်မှု၏ သားကောင်များဖြစ်လာကြောင်း ပြောကြားခဲ့သည်။ Call Center လိမ်လည်မှုများသည် နိုင်ငံအတွက် ဘတ်ဘီလီယံ ၆၀ ကျော် နစ်နာဆုံးရှုံးမှု ဖြစ်စေခဲ့ကြောင်း Cyber ​​Crime Investigation Bureau မှ အချက်အလက္များကို ကိုးကား၍ ၎င်းက ပြောကြားခဲ့သည်။ နိုင်ငံ၏လုံခြုံရေးကို ထနခိုက်ပါကNSC သို့မဟုတ် အစိုးရအဖွဲ့ မှ အမိန့်မစောင့်ဆိုင်းဘဲ PEA မှ ဓာတ်အားဖြတ်တောက်ရန် အခွင့်အာဏာရှိကြောင်း ၎င်းက အတည်ပြုပြောကြားသည်။ "မြဝတီမြို့ကို ဓာတ်အား ဖြတ်တောက်သင့်သည်တယ်လို့ ဒီနေ့မှာNSC မှ PEA ကိုအကြောင်းကြားပြီး လိုက်နာရန် ပျက်ကွက်သူ ဘယ်သူမဆို ထိုင်းနိုင်ငံသို့ ဖုန်းခေါ်ဆိုလိမ်လည္သည့့် ဂိုဏ်းများကထိခိုက်စေမှုကိုခွင့်ပြုတာကြောင့် အရေးယူခံရမှာဖြစ်တယ်"၎င်းက သတိပေးပြောဆိုသည်။ အဂတိလိုက်စားမှုဟာ မြန်မာနိုင်ငံအတွက်…
Read More

ရုံးစည်ကြီးရွာကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲ၊ ဗိုလ်မှူးကြီးအငြိမ်းစားကုန်စုံဆိုင်ပေါ်ကျ၊ ဘုန်းကြီးကျောင်းလည်းဗုံးထိမှန်ပျက်စီးသွား

ဖေဖော်ဝါရီ ၅၊ ၂၀၂၅ သောင်ရင်းသတင်းလွှာ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာပေါ်ကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ သူတို့လူ စစ်တပ်အငြိမ်းစား ဗိုလ်မှူးကြီးနဲ့ ညီမဖြစ်သူအဂတိတိုက်ဖျက်ရေး (ညွှန်ချုပ်)တို့ပိုင်တဲ့ ကုန်စုံဆိုင်ပေါ် ဗုံးကျကွဲခဲ့သလို ဘုန်းကျောင်းပေါ်မှာပါ ဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ရက်နေ့ညပိုင်းက ရုံးစည်ကြီးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အုတ်ကျောင်းတိုက်အတွင်း ၂ထပ်ကျောင်းဆောင် တစ်ဆောင်နဲ့ဆရာတော်များစီးနင်းသည့် ကား ၂စီးပျက်ဆီး၊ မီးသတ်ရုံးအနီးရှိ "ဝေကြီး"ကုန်စုံဆိုင်ပေါ်သို့ ဗုံးသီးကျ ပေါက်ကွဲခဲ့တာလို့သိရပါတယ်။ "ဝေကြီးကုန်စုံဆိုင်က စစ်တပ်အငြိမ်းစား ကျော်ကျော်ဦး(ငြိမ်း) (ယခင် တနင်္သာရီတိုင်းမှူးလျာထားခံရသူ) နဲ့ညီမဖြစ်သူ ဒေါ်လွင်လွင် [အဂတိတိုက်ဖျက်ရေး (ညွှန်ချုပ်) နေပြည်တော်] တို့ပိုင် တဲ့ဆိုင်ပါ။ သူတို့လူအပေါ်သူတို့ပြန်ဗုံးချသလိုဖြစ်သွားတယ်။ရွာသစ်ကျေးရွာပြည်သူ့နေအိမ် ၂လုံး ရောကတ်ဖြင့်ပစ်ခတ်ခံရပြီး ပျက်ဆီး၊ အုတ်ကျောင်းတိုက်အတွင်းမှ ဆရာတော်တစ်ပါး နဲ့ဘူတာရပ်ကွက်မှ အမျိုးသားတစ်ဦး အစထိမှန်ဒဏ်ရာရခဲ့တယ်"လို့လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာက ရေးသားထားပါတယ်။ လေကြောင်းကနေတိုက်ခိုက်ခံရပြီးနောက် မိတ္ထီလာ တပ်မ (၉၉)မှ စစ်သားအင်အား ၁၀၀ ကျော် ရောက်ရှိလာပြီး "ဝေကြီး" ကုန်စုံဆိုင်မှ လက်ကျန်ပစ္စည်းများအား နေရာရွှေ့ပြောင်းခြင်းကို လုံခြုံရေးယူကာလာရောက် လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ ဒီမိတ္ထီလာကလာတဲ့စစ်အုပ်စုဟာ လက်ရှိအချိန်အထိ ရွာရှေ့ကျောင်းအတွင်းတပ်စွဲထားပြီး ရုံးစည်ကြီးရွာ မြောက်ဘက်နဲ့အနောက်ဘက် တောရိုးတစ်ဝိုက် ကင်းပုန်းဝပ်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ဂရုစိုက် သွားလာကြဖို့ လူထုလှုပ်ရှားမှုကော်မတီတောင်သာက သတင်းထုတ်ပြန်ထားပါတယ်။ #သောင်ရင်းသတင်းလွှာ #တောင်သာ #ရုံးစည်ကြီး #စကစ #လေကြောင်းတိုက်ခိုက် #အငြိမ်းစားဗိုလ်မှူးကြီးကုန်စုံဆိုင်ပေါ်ကျကွဲ
Read More

စိတ်ကူးယဉ်(ယူတိုးပီးယား) နိုင်ငံတော်လား အောင်ပွဲရသူတို့၏ နိုင်ငံတော်လား

------------------------------------------------- ဖေဖော်ဝါရီ ၅၊ ၂၀၂၅ သောင်ရင်းသတင်းလွှာ(ဆောင်းပါး) “အခြေခံဥပဒေဆိုတာ အောင်ပွဲရသူတို့ရဲ့  အောင်ပွဲရပြီးတဲနောက် သရဖူဆောင်းတဲ့ အလုပ်ဖြစ်တယ်”လို့ ရဲဘော်ဗိုလ်ကြင်မောင်က ဆိုခဲပါတယ်။လက်တွေ့နိုင်ငံရေးမှာလည်း အမေရိကန်အခြေခံဥပဒေကအစ သမိုင်းအချက်အလက်များစွာကပြဆိုနေပါတယ်။ လက်တွေ့နိုင်ငံရေးသဘောတရားနဲ့နေသူတို့ကတော့ အခြေခံဥပဒေနဲ့ နိုင်ငံရေးမကစားဖူး၊အစိုးရဖွဲ့တန်း မကစားဖူးလို့ ဝတ္တရားရှိ့ရှိ့ ပြောကြပါတယ်။ ၂၀၀၈ အခြေခံဥပဒေအောက်မှာ ၂၀၁၉ ခုနှစ်က အခြေခံဥပဒေပြင်ဆင်ရေးကော်မတီဖွဲ့ပြီး ပြင်ဆင်ဖို့ကြိုးစားခဲကြပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်း ကော်မတီ ရဲ့ တွေ့ရှိ့ချက်များကို ထိုစဉ်က လွတ်တော်မှာ တင်သွင်းခဲ့ပါတယ်။တစ်ဖက်မှလည်း ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပပြီး ပြည်ထောင်စုအဆင့် သဘောတူစာချုပ်တွေချုပ်ဆိုခဲပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းပြင်ဆင်ရေးကော်မတီရဲ့ တွေ့ရှိ့ချက်ကို တင်ပြထားတဲ့ မြန်မာနောင်းက သတင်းတစ်ပုတ်ဖော်ပြချက် ကို ကောက်နုတ်တင်ပြပါမယ်။ “၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းထားသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ မဲခွဲပြီးနောက် ထောက်ခံမဲများသည့်အတွက် အတည်ပြုလိုက်သည်။ ထောက်ခံမဲ ၄၀၁ မဲ ၊ကန့်ကွက်မဲ ၁၉၇ မဲ ၊ ကြားနေမဲမရှိ ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။ ထို အစီရင်ခံစာတွင် အဆိုပြုချက်ပေါင်း ၃၇၆၆ ချက်ပါရှိပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က ၁၁၁၂ ချက်၊ ရခိုင်အမျိုးသားပါတီ (ANP)က ၈၅၈ ချက်၊ မွန်အမျိုးသားပါတီက ၆၄၁ ချက်၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီက ၄၆၂ချက်၊ တအောင်းပလောင်ပါတီက ၁၇၈ ချက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ၁၁၄ချက် အကြံပြုထားသည်။ မဲခွဲအတည်ပြုပြီးနောက် အဆိုပြုချက် ၃၇၆၆…
Read More