သတင်း

ထိုင်းကအဆင်ပြေချောမွေ့စေရန်ဆောင်ရွက်ပေးသူသာဖြစ်သည်

ထိုင်းကအဆင်ပြေချောမွေ့စေရန်ဆောင်ရွက်ပေးသူသာဖြစ်သည်

ဧပြီ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်သော အာဆီယံဥက္ကဋ္ဌ မလေးရှားနှင့် မြန်မာစစ်အစိုးရတို့အကြား မကြာသေးမီက ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံ၏ အခန်းကဏ္ဍသည် အဆင်ပြေချောမွေ့အောင်ဆောင်ရွက်ပေးသူတစ်ဦး၏ အခန်းကဏ္ဍကို တိတိကျကျ ဆောင်ရွက်ခြင်းဖြစ်သည်ဟု အစိုးရက ဧပြီ ၁၈ ရက်နေ့တွင် ရှင်းလင်းပြောကြားခဲ့သည်။ သို့သော်လည်း ထင်ရှားသော ပညာရှင်တစ်ဦးက ယခုသီတင်းပတ် အစည်းအဝေးမှ ထွက်ပေါ်လာသော ရှင်းလင်းမှု မရှိခြင်းအား မေးခွန်းထုတ်ခဲ့ပြီး ၎င်းတို့၏ အနာဂတ် ဆွေးနွေးပွဲများတွင် ပိုမိုခိုင်မာသော ရလဒ်များ ရရှိရန် တောင်းဆိုခဲ့သည်။ ဧပြီ ၁၇ရက်နေ့က တွေ့ဆုံမှုသည် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကြား ပထမဆုံး တရားဝင်တွေ့ဆုံမှုဖြစ်သည်ဟုနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က ပြောသည်။ မစ္စတာ အန်ဝါ၏ တောင်းဆိုမှုဖြင့် စတင်ခဲ့ခြင်း ဖြစ်ကြောင်း မစ္စတာ Nikorndej က ပြောကြားပြီး မလေးရှားမှ မြန်မာနိုင်ငံသို့ ဆက်သွယ်ကာ ထိုင်းနိုင်ငံက စီစဉ်ပေးသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများတွင် ပါဝင်ရန် မလေးရှားနှင့် မြန်မာကြား အပြန်အလှန်ယုံကြည်မှုကို ရောင်ပြန်ဟပ်ကြောင်း မစ္စတာ Nikorndej က ပြောကြားပြီး အိမ်နီးချင်းနိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို မြှင့်တင်ရန် ထိုင်းနိုင်ငံ၏ ကတိကဝတ်များကို ထင်ဟပ်စေပါသည်ဟုလည်းဆိုသည်။ (more…)
Read More
ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်တွင်တိုက်ပွဲများပြင်းထန်နေသဖြင့် ထိုင်းနိုင်ငံထဲသို့ ဒုက္ခသည်များထပ်မံရောက်ရှိလာ

ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်တွင်တိုက်ပွဲများပြင်းထန်နေသဖြင့် ထိုင်းနိုင်ငံထဲသို့ ဒုက္ခသည်များထပ်မံရောက်ရှိလာ

ဧပြီလ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာစစ်တပ်နှင့် KNLA တပ်ဖွဲ့တို့ ဧပြီလ ၁၈ ရက်မှစတင်ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာဒုက္ခသည်များ ထိုင်းဘက်သို့ ပိုမိုဝင်ရောက်လာကြောင်း ထိုင်းတပ်မတော် Rachamanu Task Force မှ သတင်းထုတ်ပြန်ထားသည်ဟု Khaosod သတင်းက ဧပြီ ၁၉ ရက်ကဖော်ပြသည်။ (more…)
Read More
မလေးဝန်ကြီးချုပ် NUG နှင့်တွေ့ဆုံခဲ့

မလေးဝန်ကြီးချုပ် NUG နှင့်တွေ့ဆုံခဲ့

ဧပြီလ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့်မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဘန်ကောက်တွင် တွေ့ဆုံသည့်အကြောင်းအား မက်ဆေ့ချ်နှင့်ဓာတ်ပုံများကို ဧပြီ ၁၈ ရက်နေ့က FB တွင်တင်ခဲ့သည်ဟု Khaosod သတင်းကဖော်ပြသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ဧပြီ ၁၇ ရက်နေ့ညနေပိုင်း တွင်ထိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ သက်ဆင် ရှင်နာဝပ် ဦးဆောင်သောအာဆီယံ သဘာပတိ အလွတ်သဘော အကြံပေးအဖွဲ့နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ (more…)
Read More
ထိုင်းနိုင်ငံမှ အရေးပေါ်ဆေးပညာရှင်များအဖွဲ့ဒုတိယအသုတ် မြန်မာသို့ထွက်ခွာ

ထိုင်းနိုင်ငံမှ အရေးပေါ်ဆေးပညာရှင်များအဖွဲ့ဒုတိယအသုတ် မြန်မာသို့ထွက်ခွာ

ဧပြီလ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံမှ အရေးပေါ်ဆေးပညာရှင်များအဖွဲ (EMT)မှ အဖွဲ့ဝင် လေးဦးသည် မန္တလေးမြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်သေဆုံးရသူများအား ဆေးဝါးကုသမှုနှင့် ကုသရေးများ ဆောင်ရွက်ပေးရန်အတွက် ဧပြီ ၁၈ ရက်နေ့ကဘန်ကောက်မြို့မြန်မာသို့ ထွက်ခွာခဲ့တယ်လို့ Khaosod သတင်းကဖော်ပြသည်။ ငလျင်ဒဏ်ခံရသူအများစုမှာ လက်ရှိတွင် ဆေးရုံတက်ကုသခွင့် မရရှိသေးသဖြင့် ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အယောက် ၃၀ ဖြင့် ဖွဲ့စည်းထားသည့် အဆိုပါ ထိုင်းအသင်းသည် မြန်မာနိုင်ငံတွင် တစ်ပတ်ကြာလာရော က်မှာဖြစ်ပြီး ပြန်လာမည့် ပထမဆုံးသော ထိုင်းအဖွဲ့ကိုလည်း အစားထိုးမည်ဖြစ်သည်။ (more…)
Read More
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်အမေရိကန်ကျောထောက်နောက်ခံပြုထားသည့်လျှို့ဝှက်စစ်ဆင်ရေးများကို ဘင်္ဂလားဒေ့ရှ် တပ်မတော်က ဦးဆောင်မည်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်အမေရိကန်ကျောထောက်နောက်ခံပြုထားသည့်လျှို့ဝှက်စစ်ဆင်ရေးများကို ဘင်္ဂလားဒေ့ရှ် တပ်မတော်က ဦးဆောင်မည်

ဧပြီလ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ရခိုင်ပြည်နယ်နှင့် ​ မြန်မာစစ်အစိုးရထိန်းချုပ်ထားသောနယ်မြေများကို သိမ်းယူမည့် အမေရိကန်၏ အစီအစဉ်တစိတ်တပိုင်းတခုအနေဖြင့် ရက္ခိုင့်တပ်မတော်နှင့် ချင်းအမျိုးသားတပ်ဦး (CNF) အပါအဝင် မဟာမိတ်တပ်ဖွဲ့များသို့ ထောက်ပံ့ရေးနှင့် အခြားနည်းဗျူဟာဆိုင်ရာ အထောက်အပံ့များ ပေးအပ်ရာတွင် ဘင်္ဂလားဒေ့ရှ် တပ်မတော်၏ အနည်းဆုံး တပ်ရင်း ၃ ခု ပါဝင်မည်ဖြစ်သည်ဟု North West News သတင်းက ဧပြီ ၁၅ရက်ကဖော်ပြသည်။ တပ်မ ၁၀၊ ၁၇ နှင့် တပ်မ ၂၄ တို့ကို အစီအစဥ်တစိတ်တပိုင်းအဖြစ် တပ်ဖြန့်ထားဖွယ်ရှိသော်လည်း အဆိုပါတပ်ဖွဲ့များသည် မည်သည့် စစ်ရေးအခန်းကဏ္ဍမှ ပါဝင်မည်မဟုတ်ကြောင်းနှင့် ရခိုင်ပြည်နယ်ရှိ လက်နက်ကိုင်မဟာမိတ်တပ်ဖွဲ့များအတွက် ထောက်ပံ့ပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများကိုသာ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် လုံခြုံရေးသတင်းရင်းမြစ်က Northeast News သို့ အတည်ပြုပြောကြားခဲ့သည်။ စစ်တပ်၏ ထောက်ပံ့ပို့ဆောင်ရေး ရှုထောင့်မှကြည့်လျှင် ဘင်္ဂလားဒေ့ရှ် တပ်မတော်သည် တက္ကနတ်မြို့အနီးတွင် ကြီးမားသော လုပ်ငန်းကို စတင်လုပ်ဆောင်နေပြီဖြစ်ပြီး အမေရိကန်၏အထောက်အပံ့ဖြင့်ညွန့်ပေါင်းတပ်ဖွဲ့ဝင်များ အသုံးပြုမည့် ရိက္ခာနှင့် အခြားပစ္စည်းမျာ းကို ပို့ဆောင်မည့် အစီအစဉ်မှာ ယခုအခါ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၃ ခုကိုသာထိန်းချုပ်ထားနိုင်တော့သည့်မြန်မာစစ်အစိုးရကိုထိရောက်စွာ တိုက်ခိုက်နိုင်ရန် ဖြစ်သည်ဟုဆိုသည်။ ယင်းမှာ အမေရိကန်နိုင်ငံ၏ကြားခံစစ်ပွဲ၏အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။ထို့အပြင် ကော့ဘဇားလေဆိပ် တိုးချဲ့မှုသည် ၎င်း၏နောက်ဆုံးအဆင့်တွင် ရှိနေပြီး ဘင်္ဂလားဒေ့ရှ် လုံခြုံရေးသတင်းရင်းမြစ်များ က ဖော်ပြသည့်အတိုင်း မောင်းသူမဲ့လေယာဉ်များ လည်ပတ်ရန်အတွက် တူရကီလုပ်ဒရုန်းအခြေစိုက်စခန်းအဖြစ် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလာမည့် ပဋိပက္ခများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်သည်။ (more…)
Read More
အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင်လုပ်ကိုင်ခဲ့သော နိုင်ငံခြားသားများကို DKBA ကပြောင်းရွှေ့နေရာချ

အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင်လုပ်ကိုင်ခဲ့သော နိုင်ငံခြားသားများကို DKBA ကပြောင်းရွှေ့နေရာချ

ဧပြီလ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) သည် အီသီယိုးပီးယား၊ ကင်မရွန်း၊ ရဝမ်ဒါ၊ နိုင်ဂျီးရီးယား၊ ဆီယာရာလီယွန်၊ မာလာဝီ၊ ဇင်ဘာဘွေနှင့် ဗီယက်နမ် စသည့် လူမျိုးများပါဝင်သော နိုင်ငံခြားသား ၂၇၇ ဦးကို ပြောင်းရွှေ့နေရာချထားကြောင်း Khaosod သတင်းကဧပြီ ၁၈တွင်ဖော်ပြသည်။ (more…)
Read More
မကွေးထောင်တိုက်ခိုက်ခံရပြီးနောက် နှစ်တရာကျော်မတရားဖမ်းဆီးထားသူ တောင်တွင်းဒေသခံနိုင်ကျဉ်း၂ဦးကို ထောင်အာဏာပိုင်တွေနှိပ်စက်နေ

မကွေးထောင်တိုက်ခိုက်ခံရပြီးနောက် နှစ်တရာကျော်မတရားဖမ်းဆီးထားသူ တောင်တွင်းဒေသခံနိုင်ကျဉ်း၂ဦးကို ထောင်အာဏာပိုင်တွေနှိပ်စက်နေ

ဧပြီလ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မကွေးတိုင်း၊ မကွေးဗဟိုအကျဉ်းထောင် (ဒေါင်းနေထောင်) တိုက်ခိုက်ခံရပြီးနောက် အကျဉ်းထောင်တွင်းရှိ နှစ် ၁၀၀ကျော်မတရားပြစ်ဒဏ်ချမှတ်ခံနေရတဲ့ တောင်တွင်းကြီးဒေသခံ နိုင်ကျဉ်း၂ဦးကို ထောင်အာဏာပိုင်တွေက သေလုမျောပါး ရိုက်နှက်နှိပ်စက်နေတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတဦးကသောင်ရင်းသတင်းလွှာကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၃ရက်နေ့ ညပိုင်းက မကွေးဗဟိုအကျဉ်းထောင် (ဒေါင်းနေထောင်)နဲ့ ရဲတပ်ရင်း ၂၅ကို ဒေသတော်လှန်ရေးတပ်ဖွဲ့က ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တဲ့ဖြစ်စဉ်မှာ ထောင်တွင်းက နိုင်ကျဉ်းတွေပါဝင်ပတ်သတ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဗိဿနိုးPDF တာဝန်ခံဟောင်းဖြစ်သူ အောင်ခန့်ဦးခေါ်ပါလေးနဲ့ NLD ပါတီမှ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင် (ခေါ် ) ကိုလှိုင်လှိုင်တို့ကို ထောင်အာဏာပိုင်တွေက သေလောက်တဲ့အထိ နှိပ်စက်ရိုက်နှက်နေတာလို့ဆိုပါတယ်။ (more…)
Read More
အင်အားပြင်းငလျင်လှုပ်ခတ်မှုဘေးသင့်နေချိန် အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် လေကြောင်းနှင့် လက်နက်ကြီးများဖြင့်တိုက်ခိုက်မှုအခြေအနေ

အင်အားပြင်းငလျင်လှုပ်ခတ်မှုဘေးသင့်နေချိန် အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် လေကြောင်းနှင့် လက်နက်ကြီးများဖြင့်တိုက်ခိုက်မှုအခြေအနေ

အင်အားပြင်းငလျင်လှုပ်ခတ်မှုဘေးသင့်နေချိန် အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် လေကြောင်းနှင့် လက်နက်ကြီးများဖြင့်တိုက်ခိုက်မှုအခြေအနေ ———————————————————————— ၂၀၂၅ ခုနှစ် ၊ မတ်လ (၂၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် မြေငလျင်ဘေးဒဏ်ကို ကြုံတွေ့နေရပြီးနောက်ပိုင်း တပတ်အတွင်း အကြမ်းဖက်စစ်အုပ်စု သည် လေကြောင်း နှင့် လက်နက်ကြီးဖြင့် တိုက်ခိုက်မှုစုစုပေါင်း (၉၂)ကြိမ် ပြုလုပ်ခဲ့ရာ အသက် ၁၈ နှစ်အောက်ကလေးငယ် (၆) ဦး၊ အမျိုးသမီး အယောက်(၃၀)အပါအဝင် အရပ်သားပြည်သူ (၇၂) ဦး အသက်ဆုံးရှုံးခဲ့ရသည်။ (more…)
Read More
ဖလမ်းကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီကင်းစင်ခဲ့ပြီလို့ ချင်းညီနောင်တရားဝင်ထုတ်ပြန်

ဖလမ်းကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီကင်းစင်ခဲ့ပြီလို့ ချင်းညီနောင်တရားဝင်ထုတ်ပြန်

ဧပြီလ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ချင်းပြည်နယ်၊ ဒုတိယမြို့တော်ဖြစ်တဲ့ ဖလမ်းမြို့ကို အလုံးစုံထိုးစစ်ဆင်တိုက်ခိုက်ပြီး မြို့ကိုအပြီးသတ်သိမ်းပိုက်ကာ စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သွားပြီလို့ ချင်းညီနောင်စစ်ဆင်ရေးအဖွဲ့က တရားဝင်ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ (more…)
Read More
အမေရိကန်၏ စည်းကြပ်ခွန်များသည် ငလျင်ဒဏ် ပြန်လည်ထူထောင်ရေးကိုထိခိုက်မည်ဟုမြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များက သတိပေးထား

အမေရိကန်၏ စည်းကြပ်ခွန်များသည် ငလျင်ဒဏ် ပြန်လည်ထူထောင်ရေးကိုထိခိုက်မည်ဟုမြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များက သတိပေးထား

ဧပြီလ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အမေရိကန်၏စည်းကြပ်ခွန်များသည်သေဆုံးသူ ၃၆၀၀ အထိ တိုးလာ သည့်ငလျင်လှုပ်ခတ်မှုကြောင့် နိုင်ငံ၏ ပြန်လည်နာလန်ထူလာရေးကိုခြိမ်းခြေက်နေသည်ဟုမြန်မာ့အထည်ချုပ်လုပ်ငန်းရှင်များက သတိပေးထားသည်ဟု AFP သတင်းကဧပြီ ၈ရက်တွင်ဖော်ပြသည်။ သမ္မတဒေါ်နယ်ထရန့်၏ စည်းကြပ်ခွန်ကောက်ခံမှုသည် ပြီးခဲ့သောလက လှုပ်ခတ်ခဲ့သောငလျင်ကြောင့် အိမ်များ၊ စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်း ထောင်ပေါင်းများစွာကို ပြိုကျပျက်စီးခဲ့ရပြီး မြန်မာနိုင်ငံမှသွင်းကုန်များအပေါ်အမေရိကန်ကအခွန် ၄၄ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်သည်။ မတ်လ ၂၈ ရက်နေ့ညနေပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ ၃၆၀၀ ရှိပြီး လူပေါင်း ၅၀၁၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ၁၆၀ ဦး ပျောက်ဆုံးနေသည်ဟုစစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောသည်။ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) မှ ဧပြီ၉ရက်နေ့မှ စတင်အသက်ဝင်မည့် အခွန်အကောက်များသည် လူပေါင်း ၅၀၀,၀၀၀ ကျော်ကို အလုပ်ခန့်ထားသည့် လုပ်ငန်းများတွင် “အလွန်စိုးရိမ်စရာများ” ဖြစ်စေသည်ဟု ဆိုသည်။ “မြန်မာနိုင်ငံ၏ လက်ရှိစိန်ခေါ်မှုအခြေအနေများကြားတွင် အခွန်စည်းကြပ်မှုအသစ်များသည် ရုန်းရင်းဆန်ခတ်ဖြစ်နေသော မြန်မာစီးပွားရေးလုပ်ငန်းများ၏ အားနည်းချက်ကို တိုးမြင့်လာစေလိမ့်မည်” ဟု အဆိုပါအဖွဲ့မှ ဧပြီ ၇ရက်နေ့ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ မကြာသေးမီက လှုပ်ခတ်ခဲ့သော ငလျင်သည် မြန်မာစီးပွားရေးလုပ်ငန်းများနှင့် လူမှုအသိုက်အဝန်းများနှင့် ရင်ဆိုင်ရသည့် စိန်ခေါ်မှုများစွာကို ပိုမိုဆိုးရွားစေလိမ့်မည်” ဟု ၎င်းကဆိုသည်။ (more…)
Read More