သတင်း

NLDကစန္ဒာမင်း NDFဘက်ပြောင်းပြီး စစ်အုပ်စုရဲ့ အတုယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ပြင်ဆင်

NLDကစန္ဒာမင်း NDFဘက်ပြောင်းပြီး စစ်အုပ်စုရဲ့ အတုယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ပြင်ဆင်

ဩဂုတ်လ ၂၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ NLDပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း စန္ဒာမင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)ဘက်ပြောင်းသွားပြီး အကြမ်းဖက်စစ်အုပ်စုက ကျင်းပမယ့် အတုယောင်ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်သွားမယ်လို့သိရပါတယ်။ စန္ဒာမင်းဟာ NLDပါတီက အမတ်ဟောင်းတဦးဖြစ်ပြီး မိခင်ပါတီကို တိုက်ခိုက်နေတာကြောင့်ပါတီ CECအဖွဲ့ကနေ ထုတ်ပယ်ခံထားရသူဖြစ်ပါတယ်။ လက်ရှိမှာတော့ အကြမ်းဖက်စစ်အုပ်စုက ကျင်းပမယ့်အတုယောင်ရွေးကောက်ပွဲမှာ NDFပါတီဘက်ပြောင်းပြီး ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေ အရွေးကောက်ခံမယ်လို့သိရပါတယ်။ (more…)
Read More
SCO ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် တရုတ်နိုင်ငံကိုသွားရောက်မယ်

SCO ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် တရုတ်နိုင်ငံကိုသွားရောက်မယ်

ဩဂုတ်လ ၂၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကိုသွားရောက်မှာဖြစ်တယ်လို့ နိုင်ငံပိုင်မီဒီယာကသြဂုတ် ၂၈ရက်မှာနေ့တွင် ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းကဖော်ပြပါတယ်။ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရကို ၂၀၂၁ ခုနှစ်မှာ စစ်တပ်က ဖြုတ်ချပြီးနောက်ပိုင်း မကြုံစဖူး လက်နက်ကိုင် အုံကြွမှုတွေနဲ့ ပြည်တွင်းစစ်ဖြစ်ပေါ်စေပြီး မြန်မာနိုင်ငံဟာပရမ်းပတာ ဖြစ်နေတယ်လို့လည်းဆိုပါတယ်။ မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ သြဂုတ် ၃၁ရက်နေ့မှာ စတင်မယ့် ထိပ်သီးအစည်းအဝေးကို သွားရောက်မှာဖြစ်ကြောင်း မြဝတီရုပ်သံက ဖော်ပြပါတယ်။ (more…)
Read More
ထိုင်းနိုင်ငံဘန်ကောက်မှာ မြန်မာအနုပညာရှင်ထိန်လင်းရဲ့လက်ရာတွေကို ပြသနေ

ထိုင်းနိုင်ငံဘန်ကောက်မှာ မြန်မာအနုပညာရှင်ထိန်လင်းရဲ့လက်ရာတွေကို ပြသနေ

ဩဂုတ်လ ၂၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဘန်ကောက်မြို့က West Eden Gallery မှာအောက်တိုဘာ ၁၂ ရက်အထိ ပြသထားတဲ့ "အက္ခရာ" ပြပွဲကာလအတွင်း စိတ်ဒဏ်ရာနဲ့ ကမ္ပည်းစာရဲ့ စွမ်းအားတို့ကို စူးစမ်းလေ့လာရန် ဖိတ်ခေါ်အပ်ပါသည်လို့ ဘန်ကောက်ပို့စ်က သြဂုတ် ၂၇ရက်ကဖော်ပြပါတယ်။ ၁၉၈၈ ခုနှစ် ကျောင်းသား အရေးတော်ပုံမှာ ပါဝင်ခဲ့ပြီးနောက် မြန်မာနိုင်ငံက ပန်းချီဆရာ၊ သရုပ်ဖော် အနုပညာရှင် စာရေးဆရာ ထိန်လင်းရဲ့ တစ်ကိုယ်တော် ပန်းချီပြပွဲမှာ ထောင်ခုနစ်နှစ် ကျခံခဲ့ရတဲ့အချိန်အတွင်းမှာပန်းချီလက်ရာကို ရနိုင်သမျှ လျှို့ဝှက်ဖန်တီးခဲ့တာဖြစ်ပါတယ်။ ပြပွဲခေါင်းစဉ်ဟာ မြန်မာအက္ခရာစာလုံးကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ ၎င်းဟာမှတ်ညဏ်၊ခံနိုင်ရည်နဲ့အထောက်အထားကို ကုဒ်သွင်းတဲ့မြင်သာတဲ့စနစ်ဖြစ်တဲ့ ရုပ်ပုံနဲ့ နည်းလမ်းနှစ်မျိုးလုံးအဖြစ် မြန်မာစာအက္ခရာကို စူးစမ်းပါတယ်။ ကျောင်းသား တက်ကြွလှုပ်ရှားသူ၊ နိုင်ငံရေး အကျဉ်းသားအဖြစ် ထိန်လင်းရဲ့လမ်းကြောင်းကို ပုံဖော်ထားတဲ့ နိုင်ငံရေး အသွင်သဏ္ဍန်တစ်ခု ဖြစ်လာပါတယ်။ ၂၀၀၄ ခုနှစ် ထောင်ကနေလွတ်မြောက်လာပြီးနောက် ရာနဲ့ချီတဲ့ ကြံဖန်ဖန်ထုတ်လုပ်ခဲ့တဲ့လက်ရာတွေကို လျှို့ဝှက်စွာ ဖန်တီးပြီး ရန်ကုန်မြို့ရဲ့လမ်းတွေပေါ်မှာ စွန့်ပစ်ထားတဲ့ ကတ်ထူပြားပေါ်မှာ ပန်းချီရေးဆွဲခဲ့ပါတယ်။ (more…)
Read More
မြဝတီ၂၇၅ထဲက ထိုင်းပြန်စစ်သားအများစု အမှတ်၂ တံတားနားကို ရုတ်တရက်တပ်စွဲထား

မြဝတီ၂၇၅ထဲက ထိုင်းပြန်စစ်သားအများစု အမှတ်၂ တံတားနားကို ရုတ်တရက်တပ်စွဲထား

ဩဂုတ်လ ၂၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အခြေစိုက် ၂၇၅တပ်ထဲက ထိုင်းပြန်စစ်သား အင်အား ၂၀၀ကျော်ခန့်ဟာ ထိုင်း-မြန်အမှတ်၂ ချစ်ကြည်ရေးတံတားအနီးမှာ ရုတ်တရက် တပ်စွဲထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။ ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေကနေ စခန်းစွန့်ပြီး ထိုင်းဘက်ထွက်ပြေးခဲ့ကြရတဲ့ စစ်သားတွေဟာ မြဝတီ ခလရ ၂၇၅ထဲအင်အားပြန်စုကာ မနေ့ညပိုင်းမှာ အမှတ်၂တံတားအနီးကို အင်အားအလုံးအရင်းနဲ့ တပ်စွဲခဲ့တာလို့သိရပါတယ်။ (more…)
Read More
တိုင်ဖွန်းမုန်တိုင်း ကာဂျီကီ အရှိန်ကြောင့် မြန်မာမှာ မိုးကြီး၊ရေကြီး၊ မြေပြိုတာတွေဖြစ်

တိုင်ဖွန်းမုန်တိုင်း ကာဂျီကီ အရှိန်ကြောင့် မြန်မာမှာ မိုးကြီး၊ရေကြီး၊ မြေပြိုတာတွေဖြစ်

ဩဂုတ်လ ၂၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ “ကာဂျီကီ” လို့ အမည်ရတဲ့တောင်တရုတ်ပင်လယ်က တိုင်ဖွန်းမုန်တိုင်းဟာ မြန်မာနိုင်ငံကို အကြွင်းအကျန် မိုးတိမ်တောင် အဖြစ် သက်ရောက်မှုရှိမှာဖြစ်ပြီး မိုးကြီး၊ ရေကြီး၊ မြေပြိုမှုတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောတယ်လို့ BBC သတင်းက သြဂုတ်။ ၂၅ ရက်မှာဖော်ပြပါတယ်။ “ဒီနေ့ ညနေ ဗီယက်နမ်မှာ အားအပြင်းဆုံးရောက်မယ်။ ပြီးရင် လာအိုမှာ အားလျော့သွားမယ်။ မြန်မာနိုင်ငံကို ဝင်ရင်တော့ အကြွင်းအကျန် တိမ်တိုက်အဖြစ်ဝင်မယ်။ ရေကြီး၊ ရေလျှံတာ၊ မြေပြိုတာ၊ နဲ့ လျှပ်စီးလျပ်တာတွေ ဖြစ်နိုင်တယ်။” လို့ ဦးကျော်မိုးဦးက ပြောပါတယ်။ ပြင်ပ မိုးဇလခန့်မှန်းတဲ့အဖွဲ့ မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ကတော့ ဩဂုတ် ၂၇ ရက်မှာ ထိုင်း-လာအို-မြန်မာ နယ်စပ်ကို ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်နဲ့ ဩဂုတ် ၂၈ ရက်မှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းကို ကာဂျီကီရဲ့ အကြွင်းအကျန် လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့သွားမယ်လို့ ခန့်မှန်းထားပါတယ်။ “ကာဂျီကီ” တိုင်ဖွန်း အကြွင်းအကျန် လေဖိအားနည်းရပ်ဝန်းအဖြစ် မြန်မာနိုင်ငံကို ဝင်ရောက်မှာဖြစ်လို့ ဩဂုတ် ၂၅ ရက်ကနေ စက်တင်ဘာ ၁ ရက်နေ့အထိ တစ်နိုင်ငံလုံးမှာ နေရာအနှံ့ မိုးထစ်ချုန်းရွာကာ ဒေသအလိုက် မိုးကြီးတာ၊ မိုးသည်းထန်တာ နဲ့ မိုးသက်လေပြင်း တိုက်ခတ်တာ ဖြစ်ပေါ်နိုင်တယ်လို့လည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲက) ခန့်မှန်းချက်ထုတ်ပါတယ်။ (more…)
Read More
စစ်ခေါင်းဆောင် တရုတ်သွားမယ်လို့သိရ

စစ်ခေါင်းဆောင် တရုတ်သွားမယ်လို့သိရ

ဩဂုတ်လ ၂၅၊၂၀၂၅။ သောင်ရင်းသတင်းလွှာ အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လာမယ့်တစ်ပတ်မှာ တရုတ်နိုင်ငံကို သွားရောက်ဖို့ရှိနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောတယ်လို့ BBC သတင်းကသြဂုတ် ၂၅ ရက်ကဖော်ပြပါတယ်။ အာဏာသိမ်း မင်းအောင်လှိုင်ဟာ ရန်ကုန်မြို့မှာ သြဂုတ်လ ၃၀ နဲ့ စက်တင်ဘာလ ၁ ရက်အထိပြုလုပ်မယ့် လူငယ် ညီလာခံကို တက်ပြီးရင် တရုတ်ကို ခရီးဆက်မှာလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ တရုတ်နိုင်ငံမှာ သြဂုတ်လ ၃၁ ရက်ကနေ စက်တင်ဘာလ ၁ ရက်အထိ ပြုလုပ်မယ့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)ရဲ့ ၅ ကြိမ်မြောက်အစည်းအဝေး၊ စက်တင်ဘာလ ၃ ရက်မှာ ပြုလုပ်မယ့် ဂျပန်စစ်တပ် လက်နက်ချမှုနဲ့ ဒုတိယကမ္ဘာစစ်အောင်နိုင်မှု စစ်ရေးပြ ချီတက်ပွဲကို တက်ရောက်ဖို့ ရှိတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ မြို့တော် ဘေဂျင်းမှာ ကျင်းပမယ့် စစ်ရေးပြအခမ်းအနားကို တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်ဂုဏ်ပြုမှာဖြစ်ပြီး မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံလုံးကို ဖိတ်ကြားထားတယ်လို့ တရုတ်နိုင်ငံရဲ့ သတင်းတွေမှာ ဖော်ပြပေမယ့် တရုတ်အာဏာပိုင်တွေကတော့ စစ်ရေးပြပွဲတက်ရောက်မယ့်သူစာရင်းကို မထုတ်ပြန်သေးပါဘူး။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မစ္စမော်နင်းကတော့ သတင်းအချက်အလက်တွေနဲ့ ပတ်သက်လို့ အချိန်နဲ့ တပြေးညီထုတ်ပြန်ပေးမယ်လို့ ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်က သတင်စာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ (more…)
Read More
အိမ်စီးကားတစီးရှေ့ဘီးပေါက်ပြီး အမြန်လမ်း အလယ်က ထန်းပင်ကို ဝင်တိုက်လို့ အမျိုးသားတဦးသေ

အိမ်စီးကားတစီးရှေ့ဘီးပေါက်ပြီး အမြန်လမ်း အလယ်က ထန်းပင်ကို ဝင်တိုက်လို့ အမျိုးသားတဦးသေ

ဩဂုတ်လ ၂၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၈၀/၅)အနီးမှာ Nissan Wingroad အမျိုးအစား (အဖြူရောင်)ယာဉ်ဟာ ရှေ့ဘီးပေါက်ပြီးအရှိန်မထိန်းနိုင်ဖြစ်ကာ လမ်းလယ်ကျွန်းက ထန်းပင်ဝင်တိုက်မိပြီး ယာဉ်ပေါ်ပါ အမျိုးသားတဦးသေ၊ တဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ မနေ့ မွန်းလွဲ ၁၂နာရီ ၄မိနစ်အချိန်မှာ အိမ်စီးကားတစီး အရှေ့ဝဲဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ထန်းပင်အားဝင်ရောက်တိုက်မိခဲ့တာလို့သိရပါတယ်။ (more…)
Read More
နယ်စပ် တင်းကျပ်မှု နဲ့ ပတ်သက်ပြီး ထိုင်း နိုင်ငံခြားကုန်သွယ်ရဌာနက မြန်မာ သံအမတ်ကြီးနဲ့ တွေ့ဆုံဖို့ ရှိ

နယ်စပ် တင်းကျပ်မှု နဲ့ ပတ်သက်ပြီး ထိုင်း နိုင်ငံခြားကုန်သွယ်ရဌာနက မြန်မာ သံအမတ်ကြီးနဲ့ တွေ့ဆုံဖို့ ရှိ

ဩဂုတ်လ ၂၃၊ ၂၀၂၅ ။ သောင်ရင်းသတင်းလွှာ ကုန်တင်ကားအစီးရေ ၄၀၀ ကျော် ပြတ်တောက်သွားရတဲ့ မဲဆောက်-မြဝတီနယ်စပ်မှာ ပိတ်သိမ်းမှုကိုဖြေလျှော့ပေးဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဖိတ်ကြားဖို့ ထိုင်းနိုင်ငံ နိုင်ငံခြားကုန်သွယ်မှုဌာန (DFT) က ပြင်ဆင်နေတယ်လို့ The Nation သတင်းကသြဂုတ် ၂၂ရက်မှာဖော်ပြပါတယ်။ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂ ) မှာ သွင်းကုန်လိုင်စင်မရှိဘဲ တရားမ၀င် ကုန်ပစ္စည်းတွေတင်သွင်းမှု တားဆီးရေး ကြိုးပမ်းမှုအတွက် မဲဆောက်-မြဝတီ နယ်စပ်ကို ၂၀၂၅ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့က တင်ပြီးပိတ်ထားကြောင်း နိုင်ငံခြား ကုန်သွယ်မှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အာရာဒါ ဖွမ်တုံက ပြောပါတယ်။ ဒီနောက် DFT နဲ့ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနတို့ကထိုင်းနိုင်ငံဆိုင်ရာမြန်မာ့ကုန်သွယ်ရေးသံမှူးကို၂၀၂၅ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က ကုန်သွယ်ရေးဝန်ကြီး Jatuporn Buruspat ရဲ့ ညွှန်ကြားချက်အရ အခြေအနေကို ဆွေးနွေးဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဩဂုတ်လဆန်းပိုင်းကစပြီးလိုင်စင်မရှိဘဲ တရားမဝင် သွင်းကုန်တွေနဲ့ ကုန်ပစ္စည်းတွေ စစ်ဆေးရေး တင်းကျပ်ထားတယ်လို့မြန်မာနိုင်ငံဘက်က ရှင်းပြတယ်လို့သတင်းကဆိုပါတယ်။ ဝင်ငွေဆုံးရှုံးခြင်းနဲ့ ကုန်သွယ်မှုလိုငွေ တိုးလာတာ တို့ကြောင့် အာဏာပိုင်တွေက တင်းကျပ်တဲ့အစီအမံတွေချမှတ်ဖို့ တွန်းအားပေးခဲ့ပါတယ်။ ဒါ့ကြောင့် အခြားနိုင်ငံကကုန်ပစ္စည်းတွေတင်ဆောင်လာတဲ့ကုန်တင်ယာဉ် အများအပြားဟာ မြန်မာနိုင်ငံကို ဝင်ရောက်ဖို့ နယ်စပ်မှာစောင့်ဆိုင်းနေခဲ့ကြပါတယ်။ (more…)
Read More
အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက ယခု ပြင်ဆင်နေသော “ရွေးကောက်ပွဲ” ဆိုသည့်အပေါ် ကျွန်ုပ်၏ ရပ်တည်ချက်သဘောထားကို လေးစားစွာ (ထပ်လောင်း) တင်ပြအပ်ပါသည်။

အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက ယခု ပြင်ဆင်နေသော “ရွေးကောက်ပွဲ” ဆိုသည့်အပေါ် ကျွန်ုပ်၏ ရပ်တည်ချက်သဘောထားကို လေးစားစွာ (ထပ်လောင်း) တင်ပြအပ်ပါသည်။

“အတုအယောင် ရွေးကောက်ပွဲ . . . လူထုအားနဲ့ ဆန့်ကျင်ကြ” “ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် . . . မဲမပေးနဲ့ သပိတ်မှောက်” “No Votes Under Guns - Reject the Junta’s Sham” “Say No, Just Trap Myanmar’s Sham Election Crap” ဩဂုတ်လ ၂၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ══════════════ ၁။ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက ယခု ပြင်ဆင်ဆောင်ရွက်နေသော “ရွေးကောက်ပွဲ” ဆိုသည်မှာ လက်ရှိ မြန်မာ့နိုင်ငံရေး အကြပ်အတည်း၊ မြန်မာ့နိုင်ငံရေး ပြဿနာ၏ ထွက်ပေါက်၊ အဖြေ (လုံးဝ) မဟုတ်။ ၂။ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက ယခု ပြင်ဆင်ဆောင်ရွက်နေသော “ရွေးကောက်ပွဲ” ဆိုသည်မှာ မြန်မာ့နိုင်ငံရေးအကြပ်အတည်းရဲ့ အဖြေ မဟုတ်ရုံသာမက ပြဿနာကို ပိုမို ရှုတ်ထွေးစေမည့်၊ ပိုမို ခက်ခဲကြပ်တည်းစေမည့် လုပ်ရပ်သာ ဖြစ်သည်။ ၃။ စစ်အုပ်စု၏ “ရွေးကောက်ပွဲ” ဆိုသည်မှာ ဒင်းတို့အာဏာ သက်ဆိုးရှည်ရေး၊ ဒင်းတို့ ကျူးလွန်ခဲ့သမျှသော ရာဇဝတ်မှုမျိုးစုံကို ခဝါချနိုင်ရေး၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရစေရေး၊ ဒင်းတို့ ရင်ဆိုင်နေရသော စစ်ရေး နိုင်ငံရေး အထွေထွေ အကြပ်အတည်းများကို လျော့ချနိုင်ရေးအတွက် ရည်ရွယ်‌ဆောင်ရွက်သည့် နိုင်ငံရေးလှည့်ကွက်၊ နိုင်ငံရေး ထောင်ချောက်သာ ဖြစ်သည်။ (more…)
Read More
ထိုင်း ဘတ်ငွေစျေးကျပြီး မြန်မာကျပ်ငွေ အနည်းငယ်မြင့်တက်

ထိုင်း ဘတ်ငွေစျေးကျပြီး မြန်မာကျပ်ငွေ အနည်းငယ်မြင့်တက်

ဩဂုတ်လ ၂၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းဘတ်ငွေဈေးနှုန်းဟာ ဩဂုတ် ၂၀ ရက်ကစပြီး တဖြည်းဖြည်းချင်း ဈေးနှုန်းကျဆင်းပြီး မြန်မာငွေဈေး အနည်းငယ် မြင့်တက်လာတယ်လို့ ငွေကြေးလဲလှယ်သူ ကိုယ်စားလှယ်တွေက ပြောပတယ်လို့ BBC သတင်းက သြဂုတ် ၂၁ရက်မှာဖော်ပြပါတယ်။ ဩဂုတ် ၁၉ ရက်မှာ မြန်မာကျပ်ငွေ တစ်သိန်းဖိုးကို ထိုင်းငွေ ၇၃၂ ဘတ် ရှိတာကနေ ဩဂုတ် ၂၀ မှာတော့ ၇၃၄ ဘတ်၊ ၇၃၅ ဘတ်၊ ၇၃၇ ဘတ်ဆိုပြီး အချိန်နဲ့အမျှ ဘတ်ဈေး ကျလာတာ ဖြစ်ပါတယ်။ ဒီနေ့ ဩဂုတ် ၂၁ ရက်မှာလည်း ကျပ်တစ်သိန်းကို ဘတ်ဈေး ၇၃၈ နဲ့ စဖွင့် ရောင်းချတာကနေ နေ့လယ်ပိုင်းမှာ ၇၄၀ဘတ်နဲ့ ညနေပိုင်းမှာ ၇၄၂ ဘတ်အထိ ဘတ်ဈေးကျနေပါတယ်။ “အခုချိန်မှာ ငွေလဲတာတွေ သတိထားပြီး လုပ်နေရတယ်။ ငွေအများကြီး အ‌ရောင်းအဝယ် မလုပ်ရဲဘူး။ ဆုံးရှုံးတာတွေ များတတ်လို့။ ပြီးတော့ ဒီကာလငွေလဲတာကလည်း အလုပ်သမားတွေလက်ထဲ ငွေနည်းတဲ့ ကာလလေ။ (more…)
Read More