ဆောင်းပါး

သေနင်္ဂဗျူဟာ အလှည့်အပြောင်းအကျပ်အတည်း ဆိုက်နေလား

သေနင်္ဂဗျူဟာ အလှည့်အပြောင်းအကျပ်အတည်း ဆိုက်နေလား

မြန်မာပြည်စစ်အာဏာရှင်စနစ်ကို ပနှက်ရိုက်ပေးခဲ့တာ၊ ဗိုလ်နေဝင်းစစ်အုပ်စုကို နိုင်ငံအပ်လိုက်တာ အမေရိကန်ဆိုတာ မမေ့ဖို့ပါပဲ။ဒါကိုမမြင်ချင်ယောင်ဆောင်နေသ၍ဗိုလ်နေဝင်းစစ်အုပ်စုနဲ့ယနေ့စစ်အုပ်ထိအဆက်အစပ်ကိုမျက်ခြေပြတ်နေသလိုဖြစ်နေမယ်ထင်ပါတယ်။ ဒီနေရာမှာ ဘီဘီစီသတင်းတစ်ပုတ်ကို လေ့လာရေးပြသနာအဖြစ်(Cases Study)အဆိုတင်ကြည့်ပါတယ်။ (ဒေသတွင်းနိုင်ငံတွေအနေနဲ့စစ်အာဏာရှင်တွေထက် လူထုမျက်နှာကို ကြည့်ဖို့ NUG ယာယီသမ္မတ တိုက်တွန်း ဒေသတွင်းနိုင်ငံတွေအနေနဲ့ မိတ်ဟောင်းဆွေဟောင်း စစ်အာဏာရှင်တွေထက် လူထုမျက်နှာ ကိုကြည့်ဖို့ အမျိုးသားညီညွတ်ရေးအစိုး(NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်း လိုက်ပါတယ်။ ဒေသတွင်းနိုင်ငံတွေဟာအာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်ကို ခုခံတော်လှန်နေတဲ့ မြန်မာ ပြည်သူတွေကို မကြည့်ရှုဘဲ မြန်မာစစ်တပ်ကို ငွေကြေး၊ စစ်ရေးနဲ့ နည်းပညာတွေ ထောက်ပံ့ ပေးနေတာကြောင့် စိတ်မကောင်းဖြစ်မိတယ်လို့လည်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။) ဆိုတဲ့သတင်းအပေါ်မူတည်ပြီးမြန်မာအရေးမှာ သေနင်္ဂဗျူဟာ အကျပ်ဆိုက်နေတယ်ဆိုတဲ့ အဆိုတင်ပါတယ်။မြန်မာ့တော်လှန်ရေးက ပေါ်လစီရေးရာ၊မှုဝါဒရေးရာ သေနင်္ဂဗျူဟာမြောက်အလှည့်အပြောင်းလုပ်ရတော့မယ်ထင်ပါတယ်။ မြန်မာပြည်စစ်အာဏာရှင်စနစ်ပြုကျပြီးပေါ်ထွန်းလာမယ့် ဒီမိုကရေစီစနစ်ဟာ ဒေသတွင်းအကျိုးစီးပွားတွေ အတွက် သဟဇာတ ဖြစ်ပါတယ်ဆိုတာ မှုဝါဒရေးရာအရ ပြသဖို့လိုအပ်နေပါပြီ။ မြန်မာပြည်ဒီမိုကရေစီတိုက်ပွဲနဲ့ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးဟာ ဒေသတွင်းအာဂျင်ဒါတွေကို အမေရိကန်အလိုကျ ဖျက်ဆီးဖို့မဟုတ်ပါဘူးဆိုတာပြသဖို့လိုအပ်လာပါပြီ။ ဒီအချက်ကို မီးမောင်းထိုးပြစရာလည်းရှိ့နေပါတယ်။သန်းရွှေစစ်အုပ်စုလက်ထက်က မြန်မာပြည်အတွက်အကျိုးသိပ်မရှိ့တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်အတွက်အကျိုးပိုရှိ့အောင် စာချုပ်ပြင်ဆင်ချုပ်ဆိုခဲ့တဲ့ လက်တွေ့ဖြစ်စဉ်က ရှိ့ထားပြီးသားပါ။ ဒီနေရာမှာ မြန်မာနိုင်ငံအနေနဲ့ စစ်အာဏာရှင်စနစ်ကို အပြီးတိုက်ဖျက်ပြီးတဲ့နောက် အနာဂါတ် နိုင်ငံတော်သစ်မှာ ဒေသတွင်း အကျိုးစီးပွားတွေနဲ့ ဘယ်လိုကိုက်ညီတဲ့ မှုဝါဒမျိုးကျင့်သုံးမယ်ဆိုတာ ဒေသတွင်းကို ရှင်းရှင်းလင်းလင်းပြသနိုင်ဖို့လိုအပ်နေတယ်လို့မြင်မိပါတယ်။ ဒီအတွက် တော်လှန်ရေးအင်အား၏စုတွေမှာ ဖြေဆိုရမယ့်မေးခွန်းတွေနဲ့ ထည့်သွင်းတွက်ချက်စရာ အချက်အလက်တွေပေါ်လာပါတယ်။ ယေဘူယျ မေးခွန်းတွေကို စမ်းစစ်ကြည့်ရင်စစ်အာဏာရှင်စနစ်ပြုတ်ကျ‌ရေးတိုက်ပွဲစဉ်တစ်လျောက်နဲ့ စစ်အာဏာရှင်ပြုတ်ကျ ပြီးတဲ့နောက် -------------------------------------------- စက်တင်ဘာ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ "ပလ္လင်ပေါ်တင်ပေးတယ်ဆိုတာ၊စစ်ဝင်တိုက်၊သိမ်းပေးပြီး တင်ပေးမှဖြစ်တာပါ"လို့ရဲဘော်ဗိုလ်ကြင်မောင်က…
Read More
မျိုးရန်နောင်သိမ်းလို လူစားမျိုး မဖြစ်စေနဲ့

မျိုးရန်နောင်သိမ်းလို လူစားမျိုး မဖြစ်စေနဲ့

စက်တင်ဘာ ၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ (သူ့အတွေး သူ့အမြင်) မျိုးရန်နောင်သိမ်းလိုလူစားမျိုးဆိုတာ ဘာကိုပြောတာလဲဆိုရင် မူမရှိတဲ့လူစားမျိုးကို ပြောတာ။ အရင်က သူဟာ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို စော်ကားတိုက်ခိုက်လေ့ရှိတဲ့သူဖြစ်တယ်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ချာတိတ်အဆင့်ပဲရှိတယ် စသဖြင့် မလေးမစား ပြောဆိုခဲ့တာ တလတောင်မကြာသေးဘူး။ဒီနေ့တော့ လေးစားပါတယ် ဗိုလ်ချုပ်ဆိုပဲ။ မျိုးရန်နောင်သိမ်း အပြောင်းအလဲမြန်လှချည်လားဆိုပြီး သူများတွေ အံ့သြလည်း ကျနော်တော့မအံ့သြပါ။ ဒီလိုလုပ်ဟန်တွေက အခုမှမဟုတ်ဘူး။ အရင်ကတည်းကပဲ။ ၂၀၀၇ ရွှေဝါရောင်နဲ့ ထောင်ကျတုန်းက အင်းစိန်ထောင်ဆေးရုံမှာ သူတက်နေတယ်၊နေမကောင်းဘူးကြားလို့ ကျနော်တို့က လူနာမေးဖို့ တကူးတက နေမကောင်းဖြစ်ချင်ဟန်ဆောင်ပြီးတော့ကို သွားမေးဖူးသေးတယ်။အဲ့ခေတ်က အကြောင်းပြချက်မရှိဘဲ ဆေးရုံသွားလို့မရဘူး။ သံပုရာသီးရယ် ဦးသာရင်လေငန်းဆေးဗူးရယ်တောင် ကျနော့်လက်ထဲပါလိုက်သေးတယ်။မျိုးရန်နောင်သိမ်း အောက်ပိုင်းသေနေတယ်ကြားလို့။ (more…)
Read More
စင်္ကြာဝဋာ တံတိုင်းခုံရုံးရှိ့သေးရင် အခွင့်သင့်ရင်အတူလိုက်မယ် ။ ရိုထမင်း၊ရိုဟင်း တစ်နပ်မှ မစားထားဘူး

စင်္ကြာဝဋာ တံတိုင်းခုံရုံးရှိ့သေးရင် အခွင့်သင့်ရင်အတူလိုက်မယ် ။ ရိုထမင်း၊ရိုဟင်း တစ်နပ်မှ မစားထားဘူး

စက်တင်ဘာ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဗိုလ်ျုပ်ထွန်းမြတ်နိုင်မှ- ----“ကျနော်တို့က ဘင်္ဂါလီလို့ သုံးနှုန်းလိုက်တယ် ဆိုတာက သူတို့ကို အထင်သေး အမြင်သေးနဲ့ အယူအဆ လုံးဝ မပါဘူး။ ဒီစကားလုံးတွေကို မဆွေးနွေးဖြစ်အောင် အငြင်းခုံ ပုံစံမျိုး မဖြစ်အောင် ကျနော် ရှောင်ရှားတယ်။ ဒါပေမယ့် အခုက စကားကြုံလို့ နည်းနည်းလောက် ထည့်ပြောတဲ့ သဘောပါ။ ဟိုဘက်က မွတ်စလင်တွေကို အထင်အမြင် တိမ်းစောင်းဖို့ လုံးဝ မယူဆပါဘူး။ ဘင်္ဂါလီလို့ ကျနော်တို့ သုံးနှုန်းတာက အောက်ကျနောက်ကျ နေစရာမရှိတဲ့ လူမျိုး မဟုတ်ဘူး။ ဘင်္ဂါလီဆိုတာ ကမ္ဘာမှာ သူ့ရဲ့ ethnicity ပေါ့ဗျာ။ သူ့ရဲ့ မနုဿဗေဒဆိုင်ရာ လူမျိုးကို ရည်ညွှန်းပြီး ပြောတာ ဖြစ်တယ်။ ဘင်္ဂါလီဆိုတာ ကမ္ဘာပေါ်မှာ ဆိုရင် ဥပမာ Ethnic Han ပေါ့ဗျာ။ တရုတ်လူမျိုးဆိုရင် အကြီးဆုံးနံပါတ် ၁ ပဲ။ အာရတ် လူမျိုးဆိုရင် အကြီးဆုံး နံပါတ် ၂ လူမျိုး၊ ဘင်္ဂါလီဆိုတာ ဒါ တတိယလောက် ဖြစ်တယ်။ ကမ္ဘာမှာ လူဦးရေ သန်း၂၅၀ အထက်ကို ရှိတယ်။ သူတို့က Bay of Bengal အိန္ဒိယသမုဒ္ဒရာနဲ့ တကယ့် အကျယ်ပြန့်ဆုံးနဲ့ ရှေးအကျဆုံးလူမျိုး တမျိုး ဖြစ်တယ်။ သမိုင်းဆိုရင် ရှေးကျတယ်။ နက္ခတ်ပညာ၊ စာပေ၊ ဂီတ အကုန်လုံးကို တကယ့် ကျယ်ပြန့်တဲ့ လူမျိုး ကြီး ဖြစ်တယ်။ အင်ဒို-…
Read More
အရှေ့ကိုလျောက်ပါလိုတဲ့အနောက်ကိုတဲ့ ‌ေမျှာ်လိုက်ရင်း ရှန်ဟိုင်းညီလာခံနှင့်တစ်ပင်လဲမူ၊တစ်ပင်ထူပေါ့

အရှေ့ကိုလျောက်ပါလိုတဲ့အနောက်ကိုတဲ့ ‌ေမျှာ်လိုက်ရင်း ရှန်ဟိုင်းညီလာခံနှင့်တစ်ပင်လဲမူ၊တစ်ပင်ထူပေါ့

ဂျီ-၂၀ နိုင်ငံအများစုက နယ်မြေကျယ်ဝန်းခြင်း၊လူဦးရေများပြားခြင်း၊သယံဇာတစုံလင်ခြင်း၊၊စီးပွားရေးတိုးတက်ခြင်း ၊ပထဝီအချက်အချာကြခြင်း စသဖြင့် ကမ္ဘာ့အင်အားကြီးဖြစ်လာဖို့တာဆူနေတဲ့နိုင်ငံများပဲဖြစ်ကြတာကိုသတိမလွတ်ကြဖို့လိုပါတယ်။ ယခင်က ပထဝီနိုင်ငံရေးနဲ့ကမ္ဘာ့အစီအစဉ်၊နိုင်ငံတစ်ကာစနစ် စတာတွေက အနောက်ဥရောပကမ္ဘာရဲ့ စနစ်တွေပဲဖြစ်နေတာပါ ပထဝီနိုင်ငံရေး သီအိုရီအယူအဆတွေက နယ်ချဲ့စနစ်အတွက်အကြောင်းပြချက်၊ရှေ့နေလိုက်ခဲ့တဲ့ အယူအဆတွေဖြစ်ခဲ့ပါတယ်။ ယခု ရှန်ဟိုင်းအုပ်စုစုစည်းမှု့က အနောက်သီအိုရီဖြစ်တဲ့ မက္ကဒါးရဲ့နုလုံးသားနယ်မြေ(Hard Land ) အယူအဆအရ ယူရိုအေးရှား ဗဟိုချက်ဒေသစုစည်းမိကြီးပဲဖြစ်နေပါတယ်။ အမေရိကန်ရဲ့ကမ္ဘာစိုးမိုးရေးသီအိုရီဖြစ်တဲ့ သေရာ မဟန်းရဲ့ ကမ္ဘာ့သမုဒ္ဒရာ၊ပင်လယ် ရေပြင်စိုးမိုးရေး မဟန်းသီအိုရီက ရှန်ဟိုင်းအုပ်စု နုလုံးသားနယ်မြေကို ဝိုင်းပတ်ပိတ်ဆို့ရေးအရှိန်မြင့်တင်လာနေတာကို တောင်တရုတ်ပင်လယ်အရေးအခင်းမှာတွေ့နေရပါတယ်။ အလားတူ အိန္ဒိယသမုဒ္ဒရာ မှာ စပိုက်မင်းရဲ့ အနားသတ်နယ်မြေအယူအဆ(Rimland Theory)အရရော၊မဟန်းအယူအဆအရရော မြန်မာနိုင်ငံကမ်းရိုးတန်းများကလည်း ပက်သက်လာရပြန်ပါတယ်။ ရှန်ဟိုင်းအုပ်စုကြီးရဲ့ ပျော့ကွက်က မြန်မာကမ်းရိုးတန်းများနဲ့ ဘင်္ဂါလားဒေ့ရှ်ကမ်းရိုးတန်းများပဲဖြစ်နေပါတယ်။ဘင်္ဂါလားဒေ့ရှ်ကလည်း တရုတ်နဲ့အိန္ဒိယတို့နဲ့နီးစပ်တဲ့ ရှိတ်ဟာဆီနာဖြုတ်ချခံရပြီး ဒေါက်တာယူနွတ်တက်လာပါတယ်။ ဒေါက်တာယူနွတ်ကလည်း အိန္ဒိယသမုဒ္ဒရာ၊ဘင်္ဂါလားပင်လယ်အော်ထဲမှာ အနောက်အစီအစဉ်တွေအကောင်အထည်ဖော်ဖို့လုံးပန်းနေပါတယ်။ ဒါပေမယ့် ဘင်္ဂါလားဒေ့ရှ်စစ်တပ်က သွေးချောင်းစီးစစ်ပွဲတွေကို ဖိတ်ခေါ်နေတယ်ဆိုပြီး ဟန့်တားထားလို့ ရှုန်းကန်နေရပုံရပါတယ်။ ဒေါက်တာယူနွတ်လည်း ထောင်ခြောက်ထဲကနေသူ့ဘဝလုံခြုံရေးအတွက်ပါရှုန်းကန်နေရပုံရပါတယ်။ဂရားမင်းဘဏ်လေးနဲ့နိုဘယ်ဆုရှင်လေးနဲ့ဂုဏ်ထူးဆောင်မနေပဲကိုယ့်ကိုကိုယ်အသုံးချခံလိုက်တဲ့အကျိုးဆက်ပါပဲ။ ရဲဘော်ဗိုလ်ကြင်မောင်က ကမ္ဘာ့အစီအစဉ်သစ်အထိုင်မကျမည် မိမိတို့ပြဿနာများကို အပြီးဖြေရှင်းထားကြဖို့သတိ့ပေးခဲ့ပါတယ်။ကမ္ဘာ့အရေးအခင်းရှုတ်ရှုတ်ထွေးထွေးကြီးထဲမှာ မိမိ့တို့အရေးကနေ မျက်စေ့လယ်ပြီး ကျန်ရစ်ခဲ့မှာကို စိုးရိမ်ကြောင်း ၂၀၀၁ ပြည်ချစ်ဝါဒကထဲက သတိ့ပေးခဲ့ပါတယ်။ ပြည်ချစ်ဝါဒရဲ့အနှစ်ချုပ်က မြန်မာနိုင်ငံဆိုတဲ့"မြေကြီး၊မြေပုံ) တည်မြဲရေးပါ။ယခုကမ္ဘာ့အစီအစဉ်သစ်အတွက် နိုင်ငံကြီးတွေရဲ့ ပြိုင်ဆိုင်မှု့တွေ ပြင်းထန်စပြု့လာပါတယ်။ မြန်မာနိုင်ငံကလည်းအဆိုပါပြိုင်ပွဲထဲက အစောကြီးကထဲကဝင်ရောက်ပက်သက်နေရတာဖြစ်ပါတယ်။၂၀၁၅ ရွေးကောက်ပွဲအပြီးတက်လာတဲ့ သမ္မတ ဦးထင်ကျော်ရဲ့ ပထမဆုံးခရီးစဉ်က ရုရှားနိုင်ငံ ဆိုချီအပန်းဖြေစခန်းမှာလုပ်တဲ့ပွဲကိုသွားခဲ့ရတာဖြစ်ပါတယ်။ ---------------------------------------- စက်တင်ဘာ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဟန်တင်တန်ရဲ့ ယဉ်ကျေးမှု့ခြင်းတိုးတိုက်မိခြင်းမှာ အိုင်ဒီရောလော်ဂျီတွေပဋိပက္ခမရှိ့တော့ဖူး၊ယဉ်ကျေးမှု့ပဋိပက္ခပဲရှိ့တော့မယ်ဆိုတဲ့ စာအုပ် ဇင်ဝေသော်ဘာသာပြန်ကိုဖတ်ရပါတယ်။ စီဗယ်လိုက်ဇေးရှင်းနဲ့ယဉ်ကျေးမှု့ မတူတဲ့သဘောနဲ့ စီဗယ်လိုက်ဇေးရှင်းမှာ ယဉ်ကျေးမှု့ကအရေးကြီးတဲ့အကြောင်းလဲ ဖတ်မှတ်ရပါတယ်။…
Read More
လွယ်သလား၊ခက်သလားရာမ ဧည့်မြှောင်လောက်နဲ့ လက်ပေါက်ပန်းခတ်ချင်ရသလား

လွယ်သလား၊ခက်သလားရာမ ဧည့်မြှောင်လောက်နဲ့ လက်ပေါက်ပန်းခတ်ချင်ရသလား

ဒါ့ကြောင့် တော်လှန်ရေးဟာ စစ်အာဏာရှင်စနစ် မြန်မာမြေပေါ်က အမြစ်ပြတ်ရေးဆိုတဲ့ ပန်းတိုင်မရောက်မချင်း (တစ်ဗိုလ်ကျ တစ်ဗိုလ်တက်)စနစ်နဲ့ ခရီးဆက်ပါလိမ့်မယ်။ ဒါကသေချာပါတယ်။ ပြန်ပြောပါမယ် -တော်လှန်ရေးတပ်သားတွေရှိ့တယ်။ -အသက်၊အိုးအိမ်၊စည်းစိမ်တွေနဲ့ လဲလှယ်ထားရတဲ့ သေနတ်တွေ၊လက်နက်တွေရှိ့တယ်။ -စစ်အာဏာရှင်စနစ်ပြုတ်မကျမချင်း မကျေနပ်တဲ့ ပြည်သူတွေရှိ့တယ်။ -ကျယ်ပြန့်နေဆဲ ပျောက်ကျားနယ်မြေတွေရှိ့တယ်။ ---------------------------------------------- စက်တင်ဘာ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ လက်ရှိ့ကာလ ရှန်ဟိုင်းအစည်းအဝေး၊မင်းအောင်လှိုင်တက်ရောက်မှု့၊ဓါတ်ပုံ နိုင်ငံရေးဝေဝေဆာဆာနဲ့ အဆာကျယ်နေကြတာကို တွေ့နေရပါတယ်။ရယ်ချင်ပတ်ကျိ့ဆိုသလိုပါပဲ။တော်လှန်ရေးတော့ သွားပါပြီဆိုပြီး ဘေးတီးတာတွေအများစုကိုဖတ်နေရပါတယ်။တော်လှန်ရေးကို စိတ်ဓါတ်ကျစေမယ့်အရေးအသားများအပြင် မူမမှန်သူအချို့က တော်လှန်ရေးလူငယ်တွေကို ရည်ညွန်းပြီး တော်လှန်ရေးကို ရပ်တံ့လိုက်ဖို့အထိပါ ရဲတင်းစွာ "တန်ပြန်တော်လှန်ရေးအတွေးအခေါ်"တွေထိုးတင်လာကြတာကို တွေ့နေရပါတယ်။ တော်လှန်ရေး ၅ နှစ်တာကာလအတွင်း ပျောက်ဆုံးအသံတိတ်၊အသံထိန်(ထိန် မြန်မာ့ဆေးပညာအခေါ်)နေသူအချို့ပါ မင်းအောင်လှိုင်၊ရှီကျင့်ဖျင်၊ပူတင်၊မိုဒီ ဓါတ်ပုံတွေနဲ့အတူ ငါမပြောလား လက်ပေါက်ပန်းခတ် လူလုံးပြလာကြတာလည်းတွေ့ရပါတယ်။ ဒီလို လက်ပေါက်ပန်းခတ်လာကြတာ ဝမ်းသာပါတယ်။အကျိုးလည်းရှိပါတယ်။အနိမ့်ဆုံးတော့ ဒီလူတွေ သူတို့ လူကြားတိုးဖို့၊လူရာပြန်ဝင်ဖို့အတွက် နောက်ဆုံးကောက်ရိုးမျှင်ဟာမင်းအောင်လှိုင်နဲ့ စစ်အုပ်စုအသက်ဆက်နိုင်မှဖြစ်မယ်ဆိုတာ ပွင့်ကျသွားတာပါပဲ။ နောက် သူတို့လူရာပြန်ဝင်ဖို့၊လူတောတိုးဖို့ စစ်အုပ်စုဆိုတဲ့ ခြံစည်းရိုးအောက်က ရွေးကောက်ပွဲဆိုတဲ့ ခွေးတိုးပေါက်ထဲကနေ၊ ငြိမ်းချမ်းရေးဂုန်နီအိပ်စုတ်လေးခြုံပြီး အလုအယက်တိုးဝင်ကြဖို့မြင်လိုက်ကြရတာပါပဲ။ ခွေးတိုးပေါက်ကြပ်နေလို့ စားမာန်ခုတ်မာန်ဖီကြမှာလည်း မြင်ယောင်မိပါတယ်။ ဒီလူတွေကို ပြောရင်အများကြီးပြန်ပြောရမှာပါ။ *NUG နဲ့အကြောင်းပြပြီးတော်လှန်ရေးကို ရပ်တံ့လိုက်ဖို့တန်ပြန်တော်လှန်ရေးအဆိုတွေ တင်လာလို့*သာ ပြန်ပြောဖို့လိုအပ်လာတာပါ။ ယနေ့မြန်မာပြည်သူတွေရဲ့ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်တော်လှန်ရေးဟာ (more…)
Read More
နိုင်ငံတော် အာဏာက အဓိကပါ

နိုင်ငံတော် အာဏာက အဓိကပါ

ယခုစစ်အုပ်စု လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲနဲ့ပက်သက်လို့- ၁၊ရွေးကောက်ပွဲလုပ်ဖြစ်လဲ နိုင်ငံတော်အာဏာက သူ့လက်ထဲမှာ ၂။ရွေးကောက်ပွဲမလုပ်ဖြစ်လဲ နိုင်ငံတော်အာဏာက သူ့လက်ထဲမှာ။ ၃။လုံခြုံရေးအကြောင်းပြပြီး ရွေးကောက်ပွဲပျက်လဲ နိုင်ငံတော်အာဏာသူ့လက်ထဲမှာ။ ၄။ရွေးကောက်ပွဲ အပိုင်းလိုက်ပဲလုပ်လုပ်၊PR စနစ်ပဲလုပ်လုပ်၊ဘာစနစ်ပဲလုပ်လုပ် နိုင်ငံတော်အာဏာက သူ့လက်ထဲမှာ ဆိုလိုရင်းက စစ်အုပ်စု ရွေးကောက်ပွဲကို အာဏာ ပြဿနာက ချဉ်းကပ် ရင် (အာဏာက စစ်အုပ်စုလက်ထဲမှာ) ဆက်ရှိနေမှာပဲလို့ ဆိုလိုတာဖြစ်ပါတယ်။ --------------------------------------------- ဩဂုတ်လ ၂၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ စစ်အစိုးရရွေးကောက်ပွဲနဲ့ပက်သက်လို့ ဝေဖန်သုံးသတ်မှုများကို ဖတ်ရှု့၊နားဆင်နေရပါတယ်။အပြန်အလှန်လည်းဆွေးနွေးဖြစ်ကြပါတယ်။ ဒီနေရာမှာ ရှု့ဒေါင့်တစ်ခုအနေနဲ့ ဆရာဦးခင်မောင်မြင့်(ပြည်သူ့တိုးတက်ရေးပါတီ)ရဲ့ ဟောပြောချက်တစ်ခုကို ကိုးကားစီစစ်ပါမယ်။ ၁၉၉၀ ရွေးကောက်ပွဲမတိုင်မီက နယ်ဟောပြောပွဲတစ်ခုမှာ ပရိပ်သတ်က နဝတ စစ်အစိုးရလုပ်မယ့်၁၉၉၀ ရွေးကောက်ပွဲနဲ့ပက်သက်လို့မေးမြန်းတာကို ဆရာဦးခင်မောင်မြင့်က- "စစ်တပ်ဟာ တစ်သက်လုံး ခံကတုတ်နှစ်ခုနဲ့ သူ့အာဏာကို ကာကွယ်လေ့ရှိတယ်။ခံကတုတ်တစ်ခုက အခြေခံဥပဒေခံကတုတ်ပဲ နောက်ခံကတုတ်တစ်ခုက စစ်တပ်ကိုယ်တိုင်ပဲ၆၂ ဗိုလ်နေဝင်းအာဏာသိမ်းပြီးတော့ ၇၄ အခြေခံဥပဒေခံကတုတ်ထဲမှာ ဝင်နေတယ်။ ၁၉၈၈ အရေးတော်ပုံကြီးက ၇၄ အခြေခံဥပဒေခံကတုတ်ကိုဖြိုချလိုက်တဲ့အခါစစ်တပ်ဟာသူ့တို့အာဏာကို ဆက်ကာကွယ်ဖို့ အာဏာသိမ်းပြီး စစ်တပ်ကိုယ်တိုင်ရှေ့ထွက်ကာကွယ်လာတယ်။ အခုလည်း အခြေခံဥပဒေခံကတုတ်နဲ့ကာကွယ်ဖို့ လုပ်နေတယ်။"ဆိုပြီးသတိပေးခဲ့ပါတယ်။ စစ်တပ်ဟာ ညောင်နှစ်ပင်ညီလာခံနဲ့အချိန်ဆွဲပြီး နိုင်ငံရေးအင်အားစုတွေချိနဲ့လာတဲ့အချိန်ကောင်းကိုစောင့်ပါတယ်။  နောက် ၂၀၀၈ အခြေခံဥပဒေခံကတုတ်နဲ့စစ်တပ်အာဏာပိုင်စိုးမှု့ကို ဆက်လက်ထိမ်းသိမ်းပါတယ်။ ၂၀၀၈ အခြေခံဥပဒေအောက်မှာပဲ စစ်တပ်ပါတီကြံ့ခိုင်ရေးနဲ့မဟာမိတ်ပါတီများ၊စစ်တပ်နောက်မြီးဆွဲတိုင်းရင်းသားပါတီများ ၂၀၁၅နဲ့ ၂၀၂၀ ရွေးကောက်ပွဲများမှာ ခွက်ခွက်လန် နိုင်ငံရေးကုန်းကောက်စရာမရှိအောင် အရေးနိမ့်ခဲ့ပါတယ်။ ၂၀၀၈ အခြေခံဥပဒေခံကတုတ်ဟာ စစ်တပ်အာဏာပိုင်စိုးမှုကို မကာကွယ်နိုင်တော့တဲ့အခြေအနေရောက်လာပါတယ်။ အဲဒီနောက် ၂၀၂၁ မှာ စစ်တပ်က ယုတ္တိမဲ့ အာဏာထပ်သိမ်းပြီး စစ်တပ်ကိုယ်တိုင်သူတို့အာဏာချုပ်ကိုင်မှုကိုထွက်ကာကွယ်ပြန်ပါတယ်။ သို့ပေမယ် ယခုတစ်ခါအာဏာသိမ်းမှုကို…
Read More
ငါတို့ဘာလိုအပ်နေလဲနှင့် တော်လှန်သော အခွင့်ထူးခံလူတန်းစား (Revolutionary Privilege Class) ပြဿနာ

ငါတို့ဘာလိုအပ်နေလဲနှင့် တော်လှန်သော အခွင့်ထူးခံလူတန်းစား (Revolutionary Privilege Class) ပြဿနာ

မြန်မာပြည်၏ နုတ်ခမ်းသားအနားသတ်နယ်မြေများတွင် မှီခိုသူ သုခ ခံစား နေကြလျင် "ဖိုးခွားလေးတို့၊ပီစိုင်းလေးတို့၊ကွန်ဗလိုင်းတို့ သွားကြတော့"ဆိုသည့်အချိန်တွင် ဒူးနှင့်မျက်ရည်ပင် သုတ်ချိန်ပင်ရလိုက်ကြမည်မဟုတ်။ ခန်းနားကြီးကျယ်လှသော ဗမာပြည်ကွန်မြူနစ်ပါတီ(မြောက်ပိုင်းဗဟို)သည်ပင်လျင် မျက်လှည့်ပြလိုက်သလို ပြိုကျသွားသည်။သခင်သန်းထွန်း၊သခင်ဇင်၊သခင်ချစ်တို့သည်လွတ်လပ်ရေးမျိုးဆက်ဝင်များဖြစ်ကြသော်လည်း အလွယ်လမ်းကိုမလိုက်ခဲ့ကြ။အခက်ခဲဆုံးလမ်းကိုရွေးခဲ့ကြသည်။သူတို့သည် အသက်စွန့်ခဲ့ကြရသော်လည်း သမိုင်းတွင် လိပ်ပြာလှခဲ့ကြသည်။ ရဲဘော်ဗိုလ်ကြင်မောင်က နိုင်ငံတစ်ကာအကူအညီနှင့်၊နယ်စပ်မှီခိုရေးတွင် ၎င်းတို့နှာခေါင်းကျည်ပွေ့တွေ့ခဲ့ရသည်ကို ဝန်ခံခဲ့သည်။ နယ်စပ်တွင် လက်နက်၊ဒေါ်လာ၊ဘိန်း၊ကျောက် စသဖြင့် လိုတာ အလွယ်တကူရ၍ တော်လှန်ရေး အတက်မြန်သည်။အတက်မြန်သလို၊အကျလဲမြန်သည်။မိမိတို့အကျနာခဲ့သည် ဟု ဝန်ခံခဲ့သည်။ ကိုယ့်အားကိုယ်ကိုးတော်လှန်ရေးသည် တက်ရင်လဲနှေးနှေး၊ကျရင်လဲနှေးနှေးဖြစ်သည်ဟုဆိုခဲ့သည်။နယ်စပ်မှီခိုရသည့်အတွက် "မှီခိုသူ၏ သုခ ရှိ့သလိုမှီခိုသူ၏ ဒုက္ခလည်းရှိ့သည်"ဟုသတိ့ပေးခဲ့သည်။ ကိုယ့်အားကိုယ်ကိုးရေးသည် ခက်ခဲမည်ဖြစ်သော်လည်း "တရားရှိ့လျင် ကူသူများလိမ့်မည်" ဟုဆိုခဲ့သည်။မိမိတို့ကြုံခဲ့ရသော မှီခိုသူ၏ ဒုက္ခကို အခြားသူများမခံကြရစေလို ဟူ၍ သတိပေးခဲ့သည်။ တော်လှန်ရေးတွင် **လူတန်းစားကွဲပြားမှု့လက္ခဏာများ** ပေါ်နေပါက ရေရှည်တွင် တော်လှန်ရေးအပေါ် အားလျော့လာလိမ့်မည်ဖြစ်သည်။တော်လှန်ရေးတစ်ရပ်တွင် ရာထူး၊တာဝန် အဆင့်အတန်းမရွေး "ရဲဘော်၊ရဲဘက်ဆိုသည့်" ရဲဘော်စိတ်မမွေးပဲ "ငါကဘာကွ"ဆိုသည် တော်လှန်သော အခွင့်ထူးခံလူတန်းစား (Revolutionary Privilege Class)လက္ခဏာများပြန့်နှံ့လာခြင်းရှိ့မရှိ့ စောင့်ကြည့်ပြင်ဆင်နေရမည်ပင်ဖြစ်သည်။ဗုဒ္ဓဘာသာယဉ်ကျေးမှု့အခြေခံ၏ သင်ကြားချက်များသည် ခေါင်းဆောင်၏ စွန့်လွတ်အနစ်နာခံမှု့ဆိုသည့် ဇာတ်တော်၊လီလာ များက အများစုဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်းသည် ခေါင်းဆောင်ဟု့ဆိုလိုက်သည်နှင့် ဘုရားလောင်းမျောက်မင်း၏ "စံ"ကို ပြေးမြင်ကြမည်။ဘုရားလောင်း ငုံးမင်း ပုံပြင် စံ ကို ပြေးမြင်ကြမည်။ မြန်မာ့လူ့အဖွဲ့စည်း၏ ခေါင်းဆောင်မှု့ဆိုင်ရာ သင်ကြားချက် များသည် ယဉ်ကျေးမှု့ စံနှုန်းအဆောက်အဦအထိ့ စွဲနစ်တည်တံ့ပြီးဖြစ်သည်။ အနှစ်ချုပ် တောင်းဆိုမှု့သည် ဗုဒ္ဓဘာသာယဉ်ကျေးမှု့ အဆောက်အဦအခြေခံဖြစ်သည်။"သီလ၊သမာဓိ၊ပညာ" ပင်ဖြစ်သည်။ ခေတ်ကာလ အခြေအနေအရ ဘုရားလောင်းခေါင်းဆောင်မှု့စံများကို တောင်းဆိုခြင်းသည်လက်တွေ့မကျသော်လည်း ကမ္ဘာ့တော်လှန်ရေးများ၏ ခေါင်းဆောင်မှု့စံကို တောင်းဆိုကြမည်ဖြစ်သည်။ ကမ္ဘာ့တော်လှန်ရေး…
Read More
အလာစကားဆွေးနွေးပွဲမှသည်

အလာစကားဆွေးနွေးပွဲမှသည်

ဝတ်စ်ဖေးလီးယားစနစ်က ကျောင်းတော်နိုင်ငံရေးဖြစ်တဲ့ကမ္ဘာကြီးကို "မြင့်မြတ်သော်အာဏာ"နဲ့ဘုရားပေးတဲ့ "တော်ဝင်အာဏာနှစ်ရပ်"က အုပ်ချုပ်ထားတယ်ဆိုတဲ့ အယူအဆကနေ လမ်းခွဲသွားလိုက်တာပဲဖြစ်ပါတယ်။ကျောင်းတော်ရဲ့ သာသနာစောင့်အင်ပါယာအတွက်မက်လုံးဖြစ်တဲ့ ရောမဆီဇာ ဆက်ခံရေးပြိုင်ပွဲကို အဆုံးသတ်သွားစေပါတယ်။ ဒါပေမယ့် ဥရောပကလည်း အခွင့်သာတဲ့အချိန် သာသနာစောင့်အင်ပါယာအိမ်မက်မက်ကြပါတယ်။ဇာဘုရင်တွေ၊ကိုင်ဇာတွေ၊ရှားလမိန်းအမွေခံတွေအတွက်ကြိုးပမ်းကြလေ့ရှိ့ကြပါတယ်။ ဂျာမဏီမှာကိုင်ဇာနန်းဆက်ပြုတ်သွားပြီး ဝိုင်မာသမ္မတ စနစ်ကနေ အာဏာရလာတဲ့ ဟစ်တလာနဲ့နာဇီပါတီဟာ ရောမအလေးပြုပုံနဲ့ရောမအင်ပါယာအငွေ့အသက်အပြည့်ယူထားပြီး စစ်အတွင်း ဆီဇာ လုပ်ခဲ့ပါတယ်။ အလားတူ နပိုလီယံကလည်း ဧကရာဇ်ဘွဲ့ခံယူပြီး ရှားလမိန်းဆက်ခံသူ ခေတ္တလုပ်ဖို့အားထုတ်တာပါပဲ။ရုရှား ဇာက သူရဲ့ဇာကိုခြိမ်းခြောက်လာလို့ ဥရောပစစ်ပွဲထဲခုန်ဝင်လေ့ရှိ့ပါတယ်။ ပြီးခဲ့တဲ့ပုတ်ရဟန်းမင်းကြီးကွယ်လွန်ပြီး ပုတ်ရဟန်းမင်းသစ်ရွေးချယ်ပွဲကာလတွေမှာ ထရမ့်က ပုတ်ရဟန်းမင်းပုံနဲ့သူတွီ့တာမှာတင်ခဲ့ပါတယ်။လက်ရှိပုတ်အသစ်ကလည်း အမေရိကတိုက်အခြေခံကိုရွေးချယ်တင်မြောက်ထားပါတယ်။ ထရမ့်ရဲ့ မိတ်အမေရိကန်ဂရိပ်အဂိမ်းအတွက် အမေရိကားဟာ သာသနာစောင့်ရောမအင်ပါယာ အမွေခံဆိုတဲ့ ပါဝါပျော့ကို အပိုင်စီးဖို့ပုံရိပ်လိုဖြစ်ခဲ့ပါတယ်။ ရောမအင်ပါယာနဲ့ရောမသာသနာ နှစ်ခြမ်းကွဲပြီးကထဲက အရှေ့ရောမသာသနာနဲ့အနောက်ရောမသာသနာတို့ ကွဲပြားလာပါတယ်။အရှေ့ရောမသာသနာရဲ့ဗဟိုဖြစ်တဲ့ ကွန်စတင်တီနိုပိုကို တူရကီတို့သိမ်းပိုက်လိုက်ကထဲက အရှေ့သာသနာဟာ ဘော်လကန်ဒေသ၊ရုရှားနဲ့အရှေ့ဥရောပ ပထဝ‌ဝီရဲ့ အဓိကကိုးကွယ်ရာဖြစ်ခဲ့ပါတယ်။ အရှေ့ရောမသာသနာကို တာတာတို့ ဖြိုခွဲရာမှာ ထိုစဉ်က အနောက်ရောမသာသနာနဲ့သာသနာစောင့် ပြင်သစ်က ချားလမိန်းအင်ပါယာရဲ့ ပူးပေါင်းကြံစည်မှု့ ပါဝင်ခဲ့ပါတယ်။ ရုရှားဇာဟာ အရှေ့ရောမသာသနာ (အော်တိုဒေါ့)ရဲ့ သာသနာစောင့်အင်ပါယာအရှင်ကိုခံယူထားပါတယ်။ အလာစကားဆွေးနွေးပွဲမှသည် ------------------------------------------ ဩဂုတ်လ ၁၈၊ ၂၀၂၅ သောင်ရင်းသတင်းလွှာ ကမ္ဘာကြီးတည်ငြိမ်မှု့နဲ့လုံခြုံရေးကိုထိမ်းသိမ်းဖို့ ဆိုတာ ကမ္ဘာ့အစီအစဉ် World Order လို့ပြောတာဆိုတဲ့အဓိပ္ပါယ်ကို ဖတ်မှတ်ဖူးပါတယ်။ အဲ့ဒီကမ္ဘာ့အစီအစဉ်ဆိုတာကို ဘယ်သူတွေကချမှတ်ပါသလဲ။ ရဲဘော်ဗိုလ်ကြင်မောင်ကတော့ "ကမ္ဘာ့အစီအစဉ်ကို စစ်နိုင်တဲ့သူတွေက ချမှတ်တာပါ"လို့ ပြည်ချစ်ဝါဒစာတမ်းမှာဆွေးနွေးခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးတော့ UN ကုလသမဂ္ဂစနစ်ပေါ်လာပါတယ်။ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိမ်းသိမ်းဖို့ လုံခြုံရေးကောင်စီ UNSC စနစ်ပေါ်လာပါတယ်။UNSC မှာ စစ်နိုင် ကြီးငါးကြီးက အခရာဖြစ်ပြီး တစ်ချက်လွတ် ဗီတိုအာဏာကိုင်စွဲထားကြပါတယ်။…
Read More
ပုံသဏ္ဍာန်ကိုဖက်တွယ် အနှစ်သာရကင်းမဲ့သော အမျိုးသားညီညွတ်ရေးအစိုးရအထိုင်ပေါ်မှ စဥ်းစားချက်များကို ဆန်းစစ် ဝေဖန်ခြင်း

ပုံသဏ္ဍာန်ကိုဖက်တွယ် အနှစ်သာရကင်းမဲ့သော အမျိုးသားညီညွတ်ရေးအစိုးရအထိုင်ပေါ်မှ စဥ်းစားချက်များကို ဆန်းစစ် ဝေဖန်ခြင်း

ဩဂုတ်လ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အမျိုးသားညီညွတ်ရေးအစိုးရဆိုတာ ၂၀၂၁ မှာ စစ်တပ်က အာဏာသိမ်းပိုက်လိုက်တဲ့အတွက် ထွက်ပေါ်လာတဲ့ နိုင်ငံရေးအင်အားစုတွေထဲက တခုသာလျှင်ဖြစ်တယ်လို့ ဦးစွာပထမ ပြောရပါလိမ့်မယ်။ ၂၀၂၁ စစ်တပ်ကသာ အာဏာမသိမ်းရင် အဆိုပါအစိုးရအဖွဲ့ဝင်အများစုဟာ စစ်အုပ်စုနဲ့အတူ နေပြည်တော်မှာ အစိုးရဖြစ်နေဦးမယ့်လူတွေဖြစ်ကြပါတယ်။ဆိုလိုတာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမယ်လို့ သစ္စာဆိုထားတဲ့ ရွေးကောက်ပွဲဝင်ပါတီများက အမတ်တွေဆက်ဖြစ်နေကြမယ့်လူတွေပဲလို့ တိတိကျကျပြောရမှာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းတဲ့အခါ စစ်အုပ်စုကို တော်လှန်ကြဖို့ ရည်ရွယ်ချက်ရှိတဲ့ လူငယ်တွေ၊ နိုင်ငံရေးအင်အားစုတွေအားလုံးနီးပါး လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြပါတယ်။လမ်းပေါ်မှာ အသက်တွေပေးသွားကြရပါတယ်။နောက်ဆုံးတော့ လက်နက်ကို လက်နက်နဲ့တုံ့ပြန်တာ တရားတယ်ဆိုတဲ့ အယူအဆကိုကိုင်ပြီး တောခိုကြပါတယ်။ တောထဲရောက်တဲ့အချိန်မှာ လူမျိုးစုတော်လှန်ရေးတပ်တွေ ( EROs) တွေဆီမှာ စစ်သင်တန်းတက်ကြပါတယ်။ လက်နက် ရအောင် ရှာကြရပါတယ်။တပ်သားတွေစုဖွဲ့ပြီး တပ် တည်ဆောက်တဲ့အခါမှာ မိမိတို့ကိုယ်တိုင် အလှူခံပြီး တပ်ကိုကျွေးတာတွေ၊လက်နက်ခဲယမ်း ဝယ်ယူစုဆောင်းတာတွေ လုပ်ကြရပါတယ်။ တောထဲတောင်ထဲမှာ လူငယ်တွေ အပင်ပန်းခံ စစ်ပညာသင်ယူပြီး တပ်တည်ထောင်ဖို့ ကြိုးပမ်းနေတဲ့အချိန်မှာ NUG အစိုးရကို ဖွဲ့တာဖြစ်ပါတယ်။ဒီလိုဖွဲ့လို့လည်း တောထဲက လူငယ်တွေက အပြစ်မတင်ပါဘူး။နိုင်ငံရေးအင်အားစုတွေကလည်း မငြိုငြင်ပါဘူး။ အစိုးရအဖွဲ့ဖွဲ့ပြီး နိုင်ငံရေးခေါင်းဆောင်မှု၊စစ်ရေးခေါင်းဆောင်မှုတွေကို NUG က ယူခဲ့ပါတယ်။သူတို့ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့အောက်ကို နဂိုစုဖွဲ့ပြီးသားတပ်တွေအတော်များများ လွှဲပြောင်းရယူခဲ့ပါတယ် ဒီနေရာမှာစပြီး သူတို့ရဲ့စဥ်းစားချက်ကို သေသေချာချာသုံးသပ်ဖို့လိုအပ်လာပါပြီ။ (၁) ငါတို့သည် အစိုးရဖြစ်သည်။ (၂) ငါတို့မှာ တရားဝင်မှုရှိသည်။ (၃) ငါတို့ကိုသာလျှင် နိုင်ငံတကာက တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရမည်။ (၄) လက်နက်ကိုင်တပ်မှန်သမျှ ငါတို့၏ COC…
Read More
လက်နက်ချငြိမ်းချမ်းရေးအန္တရာယ်

လက်နက်ချငြိမ်းချမ်းရေးအန္တရာယ်

ဒါကြောင့် တော်လှန်စစ်ရဲ့အဟန့်အတားတွေဖြစ်တဲ့ "ရပ်တည်ရေးသက်သက်အမြင်"နဲ့ သူကတဆင့်ပေါက်ဖွားလာတဲ့ "ဒေသန္တရစစ်ဘုရင်ဝါဒ"ကိုပါ တိုက်သွားရမှာဖြစ်တယ်။ ရန်သူ့ဘက်က အတုအယောင် ရွေးကောက်ပွဲ၊ အတုအယောင် ဆွေးနွေးပွဲ၊အတုအယောင် ဒီမိုကရေစီ၊အတုအယောင် ငြိမ်းချမ်းရေးကမ်းလှမ်းမှုတွေလုပ်ချိန်မှာ ရန်သူနဲ့စေ့စပ်မယ်ဆိုတဲ့ နိုင်ငံရေး စစ်ရေးခေါင်းဆောင်ဆိုသူများဟာ လူတန်းစားဇာစ်မြစ်အရ သန္ဓေမမှန်တဲ့သူတွေပဲလို့ ဆိုရပါလိမ့်မယ်။ လူတွင်ပါလို့ နွားကျားကိုက်တဲ့သဘောမျိုး နဂိုကတည်းက ရပ်တည်ချက်မခိုင်မာ ခြေထောက်မမြဲတဲ့ ခေါင်းဆောင်ဆိုသူများဟာ ဖောက်ပြန်ဖို့ လွယ်ကူကြပါတယ်။ ဒါကြောင့် အယူအဆအမှားတွေကို ရှင်းပစ်ပြီး စစ်အနိုင်တိုက်ရေးအတွက် တော်လှန်တဲ့တပ်မတော်ကို အခိုင်အမာတည်ဆောက်ကြဖို့ လိုပါတယ်။ရေရှည်မှာ ဘယ်သူတွေက တော်လှန်တဲ့တပ်မတော်ဖြစ်ပြီး ဘယ်သူတွေက လက်နက်ချတဲ့သူတွေဖြစ်လာမလဲဆိုတာ သိပ်အကြာကြီး စောင့်ကြည့်စရာမလိုတော့ပါဘူး။ ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာပါတော့မယ်။ ရန်သူ့အောက်ကို ခေါင်းလျှိုမဝင်တဲ့ လက်နက်ကိုင်တော်လှန်ရေးလည်း လိုအပ်သလို စစ်ရေးထိုးနှက်ချက်တွေကို အထောက်အကူဖြစ်စေတဲ့ ငြိမ်းချမ်းရေးတိုက်ပွဲတွေလည်း လိုအပ်ကြောင်း သခင်သန်းထွန်းက ဆွေးနွေးထားပါတယ်။ လက်နက်ချငြိမ်းချမ်းရေး အန္တရာယ် ------------------------------------------- ဩဂုတ်လ ၁၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဒီရက်ပိုင်းမှာ ဗိုလ်နဂါးပြောတယ်ဆိုတဲ့ ဗွီဒီယိုဖိုင် တခုပြန့်နှံ့လာပါတယ်။ ဒီဖိုင်ထဲမှာ ပြောထားတာကတော့ "ဒီ မေတ္တာဆန်တဲ့စကားကို ပြောကြမယ်ဆိုရင် ကျနော်တို့ လက်နက်တွေချရမယ်"ဆိုတာနဲ့ စဖွင့်ထားပါတယ်။ ဆက်ပြီး လက်နက်ကိုင်တယ်ဆိုတာတော့ တိုင်းပြည်ရဲ့ စီးပွားရေးတွေ၊လူနေမှုအဆောက်အအုံတွေ၊လူသားအရင်းအမြစ်တွေကို ထိခိုက်ပျက်စီးစေတဲ့နည်းလို့ ဆိုထားပါတယ်။ဒီနည်းလမ်းကို အခြားရွေးချယ်စရာမရှိလို့ လုပ်နေရတာလို့ ဆက်ပြောပါတယ်။ ဒီအကျပ်အတည်းတွေက တိုင်းပြည်နဲ့လူထုဆီကို ဦးတည်နေတယ်။ဒါကို ငါတို့ပြင်မှရမယ်ဆိုတဲ့ နောင်တမျိုးနဲ့ ကျနော်တို့ပြင်မှရမယ်။ကျနော်တို့ ကျုးလွန်ခဲ့တဲ့ အပြစ်ဒဏ်တွေကိုလည်း ကျနော်တို့ခံယူမယ်။အဲ့လိုဆိုရင် ​ဖြစ်နိုင်ချေရှိတယ် စသဖြင့် ဗိုလ်နဂါးပြောထားတယ်ဆိုတဲ့ ဗွီဒီယိုဖိုင်တခု ပြန့်နှံ့နေတာဖြစ်ပါတယ်။ ဒီဗွီဒီယိုဖိုင်ကို စတင်ဖြန့်ဖြူးခဲ့တာကတော့ စစ်ကောင်စီလော်ဘီချန်နယ်တခုဖြစ်တဲ့ Truth Waves Media-…
Read More