ဆောင်းပါး

နွေဦးတော်လှန်ရေးကနိုင်ငံတစ်ကာကို မျက်ရည်ခံထိုးနေစရာမလိုပါ

နွေဦးတော်လှန်ရေးကနိုင်ငံတစ်ကာကို မျက်ရည်ခံထိုးနေစရာမလိုပါ

"မြန်မာပြည်စစ်အာဏာရှင်စနစ်နဲ ပက်သက်လို့ အနောက်အုပ်စုနဲ အမေရိကန်ခြေရာလက်ရာများနဲ ပက်သက်လို့ သုတေသန စာအုပ်စာတန်းပေါင်းများစွာထွက်ရှိပြီးဖြစ်ပါတယ်၊သိသာချက်တစ်ခုကတော့ ၁၉၆၂ မှာ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြောက်ခံထားရတဲ့ ပြည်ထောင်စုအစိုးရထံက အာဏာသိမ်းပြီးနောက်မကြာမည် ၁၉၆၄ ခုနှစ်မှာ ဗိုလ်နေဝင်းဟာ အမေရိကန်အစိုးရရဲ အထူးဧည့်သည်အဖြစ် အိမ်ဖြူတော်မှာ ညစာစားနေပြီဖြစ်ပါတယ်" ------------------------------------------------------- ဖေဖော်ဝါရီ ၂၂၊၂၀၂၅/ သောင်ရင်းသတင်းလွှာ(ဆောင်းပါး) “ပုလ္လင်ပေါ်တင်ပေးတယ်ဆိုတာ တိုက်ခိုက်သိမ်းပိုက်ပေးပြီးတဲ့နောက်တင်ပေးမှဖြစ်တာပါ။အီရတ်တို့ အဖကန်နစ္စတန်တို့လို့ ဝင်တိုက်ပေးပြီးတဲနောက်မှ တင်ပေးမှဖြစ်တာပါလို့ “ရဲဘော်ဗိုလ်ကြင်မောင်က သတိပေးခဲ့ဖူးပါတယ်။ ကြွက်မနိုင် ကျီမီးရှို့ စဉ်းစားပုံမျိုးက မြန်မာပြည်မှာ လက်တွေ့အလုပ်ဖြစ်ဖို့ မလွယ်ကြောင်းလည်း သတိပေးခဲ့ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွဲမှရမယ်၊လက်နက်အကူအညီရှာမှဖြစ်မယ်လို့ သခင်လူငယ်တွေနဲကျောင်းသားခေါင်းဆောင်တွေဆွေးနွေးကြပြီးတဲ့နောက် နည်းမျိုးစုံနဲ အကူအညီရဖို့ကြိုးစားကြပါတယ်။သခင်ဗဟိန်းနဲဒဂုံတာရာတို့လည်း တရုတ်ကိုအကူအညီတောင်းဖို့ကြိုးစားကြပါတယ်။ ကိုကြီးနုတို့လည်း ချန်ကေရှိတ်ထံက အကူအညီရလိုရကြောင်းကြိုးပမ်းကြပါတယ်။ပြည်ပကို ကုန်းလမ်းကနေ နည်းမျိုးစုံနဲထွက်ဖို့ကြိုးစားကြတာမအောင်မြင်ပဲ အတားအဆီးတွေခံကြရပါတယ်။ ထိုစဉ်က ရန်ကုန်မှာ အသွင်မျိုးစုံယူပြီး သူလျိူလုပ်နေတဲဂျပန်တွေနဲ မြန်မာအင်အားစုတွေလည်း အဆင်အသွယ်ရနေကြတာရှိပါတယ်။ ထိုသို့နည်းမျိုးစုံနဲ့ကြိုးပမ်းနေကြတဲအထဲက ဗိုလ်ချုပ်အောင်ဆန်းတို့ အဖွဲက တရုတ်တန်းမှာ ကားမောင်းနေတဲ့ ကိုကျော်ခင်အဆက်အသွယ်နဲ တရုတ်တိန်မိသားစု စားသောက်ဆိုင်ကနေတစ်ဆင့် တိန့်မိသားစု သင်္ဘောနဲ တရုတ်ပြည်ဖက်ကို စွန့်စားသွားလာခဲ့ပါတယ်။သခင်အောင်ဆန်းတို့ သွားတာက တရုတ်တောင်ပိုင်းကမ်းရိုးတန်းကနေ ယင်အန်းအဆက်အသွယ်ရှာဖို့ဖြစ်တယ်လို့ ယဉ်ကျေးမှု့ဝန်ကြီးဌာနထုတ် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပတ္တိ စာအုပ်မှာတင်ပြပါတယ်။ တောင်ခိုးနဲဆရာမြသန်းတင့်တို့ပြန်ဆိုထားကြသည့် အရှည်ကြာဆုံးစစ်ပွဲမှာတော့ ဂျပန်တောင်ပိုင်းတပ်မတော်(ရေတပ်)နဲမြောက်ပိုင်းတပ်မတော်(ကြည်းတပ်)တို့ရဲ သူလျိူတွေနဲ မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းတို့ ချိတ်ဆက်မိထားတာရှိပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် စီမံဆောင်ရွက်ထားကြတယ်လိုဆိုကြပါတယ်။မီနာမီကိကန်းနဲဗိုလ်မိုးကြိုးဇာတ်လမ်းတွေက အတော်များများသိရှိကြပြီးဖြစ်ပါတယ်။ (more…)
Read More
ထရမ့် က စက္ကူကျားပါ

ထရမ့် က စက္ကူကျားပါ

ဖေဖော်ဝါရီ ၁၆၊၂၀၂၅။ သောင်ရင်းသတင်းလွှာ(ဆောင်းပါး) အိန္ဒိယဝန်ကြီးချုပ် မိုဒီး အမေရိကန်သွားတဲ့ သတင်းအလှည့်ရောက်လာပါတယ်။လတ်တလော ထရမ့်ရဲ့ ငါ့လှေငါထိုး ပဲခူးရောက်ရောက် သတင်းတွေနဲ ကျားဖြန့်သတင်းတွေကပဲ လွှမ်းမိုးထားပါတယ်။ ယေဘူယျတော့ ကမ္ဘာ့အခင်းအကျင်းရှုတ်ရှုတ်ထွေးထွေးကြီးထဲမှာ ဘာကို ဘယ်လိုနားလည်ရမယ်ဆိုတာကိုက မျက်စေ့လည်နေရပါတယ်။ဒါကြောင့် ရဲဘော်ဗိုလ်ကြင်မောင်ကကမ္ဘာ့အရေးအခင်းရှုတ်ရှုတ်ထွေးထွေးကြီးထဲတွင် မြန်မာပြည်သူတွေ မိမိတို့အရေးမှ မျက်စေ့လည်ပြီး ကျန်ရစ်ခဲ့မှာ စိုးရိမ်မိပါတယ်လို့ ၂၀၀၁ ပြည်ချစ်ဝါဒစာတန်းတင်ပြစဉ်ကထဲက စိုးရိမ်ခဲ့ပါတယ်။ မိုဒီးရဲ့ အမေရိကန်ခရီးစဉ်သတင်းတွေထဲမှာ အနာဂါတ် အိန္ဒိယနိုင်ငံအတွက် အဓိက စွမ်းအင်ရောင်းချပေးမယ့် တိုင်းပြည်က အမေရိကန်ပဲဖြစ်ရမယ်ဆိုတဲ့ သတင်းကလည်းစိတ်ဝင်စားစရာဖြစ်ပါတယ်။မြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်း၊ကျောက်ဖြူ၊မဒဲကျွန်းမှာ တည်ဆောက်ထားတဲ့ တရုတ်ရေနံချဆိပ်ကမ်းရဲ့ ပထမဦးဆုံးအကြိမ်ဆိုက်ကပ်တဲ့ ရေနံစိမ်းတင် သင်္ဘောက တန်ချိန် ၄ သိန်း ရေနံတင်သင်္ဘောကြီးဖြစ်တယ်လို့ ဖတ်မှတ်ရပါတယ်။ဒီသင်္ဘောရဲ့ ထူးခြားချက်က အရှေ့အလယ်ပိုင်းက ရေနံစိမ်းတွေ တင်ဆောင်လာရာမှာအမေရိကန်စီးပွားရေးပိတ်ဆို့ထားတဲ့ အီရန် နိုင်ငံက ရေနံစိမ်းအမျိုးအစားတွေက အများစုပါဝင်ခဲ့တယ်လို့ ထိုစဉ်က ရေကြောင်းစာမျက်နှာ အချို့အရသိရှိ့ရပါတယ်။ (more…)
Read More
ထရမ့်ကုန်သည်ဝါဒလောက်ဆိုတော်ပြီလေကွာပင်လယ်ဒမြ ဝါဒအထိ ဆိုတော့

ထရမ့်ကုန်သည်ဝါဒလောက်ဆိုတော်ပြီလေကွာပင်လယ်ဒမြ ဝါဒအထိ ဆိုတော့

ဖေဖော်ဝါရီ ၆၊၂၀၂၅သောင်ရင်းသတင်းလွှာ(ဆောင်းပါး) WHO ကနေ ထရမ့်နှုတ်ထွက်တာနဲ့ပက်သက်ပြီး ဆေးကုန်သည် ဝထ္တုရယ်၊ကိုဗစ်ကာလကထွက်တဲ့ မိစ္ဆာရယ် တွဲဖတ်ရင်တော့ တစ်ခုခုရမယ်ထင်ပါတယ်ဗျ။ဆေးကုန်သည် ဝတ္ထုကြီးထဲမှာ အမေရိကန် FDA ရယ်၊WHO ရယ်၊ ဆေးကုမ္ပဏီတွေရဲ့ လူမဆန်တဲ့ ကစားကွက်တွေရယ်ကို လေ့လာမှတ်သားရပါတယ်ဗျ။ ထရမ့်နဲ့ ဒီမိုကရက်တွေကြားထဲမှာ ကိုဗစ်ကာလ ကျမ်းမာရေးစောင့်ရှောက်မှု့နဲ့ကာကွယ်ဆေးထိုးနှံပေးရေး ကြားထဲမှာ တိုက်ပွဲအကြီးကြီးဖြစ်ခဲ့တာကို ဆရာဝင်းငြိမ်းပြန်ဆိုတဲ့ အန္တရာယ်မှာ ဖတ်မှတ်ရပါတယ်ဗျ။ အမေရိကန် ပြည်သူတွေ သောင်းပေါင်းများစွာ အသက်ဆုံးရှုံးရတာတောင် ထရမ့်ဖက်က ကာကွယ်ဆေးထိုးရေး ဘတ်ဂျက်မှာ အပြေမလယ်ဖြစ်နေကြပါတယ်။ (more…)
Read More
လားရှိုးကိစ္စက၊ရော့ပတ္တမြား-ရော့နဂါး အခြားနယ်များလဲဆက်လာဦးမည်ထင်သည်

လားရှိုးကိစ္စက၊ရော့ပတ္တမြား-ရော့နဂါး အခြားနယ်များလဲဆက်လာဦးမည်ထင်သည်

"ဟိုဂင်နောက်ပိုင်း သတင်းမီဒီယာများတွင် ထုတ်ပြန်သော ဆွေးနွေးပွဲများနှင့်မထုတ်ပြန်သောဆွေးနွေးပွဲများ (ရှိ့တန်ကောင်းသဘော)မှမည်သည့် ကိစ္စများဆက်လက်ဆွေးနွေးကြမည်နည်းဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်လာသည်" ဇန်နဝါရီ ၃၀၊ ၂၀၂၅ သောင်ရင်းသတင်းလွှာ မြန်မာစာပေထဲက မြန်မာမင်းအုပ်ချုပ်ပုံစာတန်းတွင်ဖော်ပြထားသောစစ်ပြေငြိမ်းရေး၊စေ့စပ်ရေး (၁၆)ပါးမှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ (၁)ကပါလသန္ဓိ အညီအညွတ်မိတ်ဖြစ်အောင်စေ့စပ်ခြင်း။ (၂)ဥပကာရသန်ဓိ ဥစ္စာပစ္စည်းပေးကမ်း၍စေ့စပ်ခြင်း (၃)သန်တာနသန္ဓိ သမီး၊နှမတို့ကိုပေး၍စေ့စပ်ခြင်း။ (၄)သင်္ဂဘသန္ဓိ အသက်ထက်ဆုံး မပျက်မစီး ဆင်းရဲအတူ၊ ချမ်းသာအမျှဖြစ်ပါမည်ဟု ခံဝန်စာချုပ် ထား၍မိတ်ဖြစ်အောင်စေ့စပ်ခြင်း။ (၅)ဥပညာသန်ဓိ အစေ့အစပ်မိတ်ဖြစ်ရလျင် ထိုက်လျောသော အကျိုးတစ်စုံတစ်ခု၏ ဧကန်ပြီးစီးမည်ကို ညွန်ပြ၍ ပြု့အပ်သော မိတ်ဖွဲ့ခြင်းအစေ့အစပ်။ (more…)
Read More