ဘာသာပြန်သတင်း

မြန်မာနယ်စပ် ကာစီနိုရုံက အမျိုးသား ၁၆ ဦးကို ထိုင်း အထူးတပ်ဖွဲ့က ကယ်တင်ခဲ့

မြန်မာနယ်စပ် ကာစီနိုရုံက အမျိုးသား ၁၆ ဦးကို ထိုင်း အထူးတပ်ဖွဲ့က ကယ်တင်ခဲ့

အောက်တိုဘာ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းဘုရင့်တပ်မတော် အထူးတပ်ဖွဲ့နဲ့ လုံခြုံရေး တာဝန်ရှိသူတွေက ထိုင်းနိုင်ငံ နယ်စပ် ကာစီနိုရုံတစ်ခုကနေ ထိုင်းနိုင်ငံသား ၁၆ ဦး (အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၆ ဦး) ကိုအောက်တိုဘာ ၅ ရက် ညနေ ၆ နာရီ ၃၀ မိနစ်မှာအောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့တယ်လို့ Khaosod သတင်းကအောက်တိုဘာ ၆ ရက်ကဖော်ပြပါတယ်။ (more…)
Read More
အံ့ဖွယ် လွတ်မြောက်ခြင်း- မြန်မာစုံတွဲ သီရိရာချာ တံတားပေါ်က ပြုတ်ကျပေမယ့်အသက်မသေ

အံ့ဖွယ် လွတ်မြောက်ခြင်း- မြန်မာစုံတွဲ သီရိရာချာ တံတားပေါ်က ပြုတ်ကျပေမယ့်အသက်မသေ

အောက်တိုဘာ ၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံသား ဇနီးမောင်နှံနှစ်ဦး အလုပ်သွားနေစဉ်၁၀မီတာမြင့်တဲ့ သီရိရာချာ တံတားပေါ်အရောက် ဆိုင်ကယ်ပေါ်က ပြုတ်ကျခဲ့ပြီး အသက်မသေလို့ကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်ဆောင်ခဲ့တယ်လို့ The Thaiger သတင်းက အောက်တိုဘာ ၂ရက်မှာဖော်ပြပါတယ်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုဟာ အောက်တိုဘာလ ၁ ရက်နေ့ ညနေ ၃ နာရီခန့်က ချောင်ဘူရီကိုအဝင်လမ်းကြားရှိ ဘိုယန်တံတားအနီးမှာ ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ Sawang Prateep Sri Racha Unit ကကယ်ဆယ်ရေးအဖွဲ့တွေ၊ Somdej Phra Boromrajthevi Hospital's Lanthom ကလူနာတင်ယာဉ်ဝန်ထမ်းတွေနဲ့ Nongkham ရဲစခန်းက တာဝန်ရှိသူတွေကပြုတ်ကျကြောင်း သတင်းရရှိပြီးနောက် အခင်းဖြစ်ပွားရာကိုအလျင်အမြန်သွားရောက်ခဲ့ကြတယ်လို့ဆိုပါတယ်။ (more…)
Read More
မြဝတီမြို့ကအိုးမဲ့အိမ်မဲ့ဖြစ်ရတဲ့စစ်ဘေးရှောင် လူဦးရေဟာ၃၀၀၀ နီးပါးအထိ မြင့်တက်လာပြီး အစားအသောက်နဲ့ဆေးဝါးတွေလိုအပ်နေ

မြဝတီမြို့ကအိုးမဲ့အိမ်မဲ့ဖြစ်ရတဲ့စစ်ဘေးရှောင် လူဦးရေဟာ၃၀၀၀ နီးပါးအထိ မြင့်တက်လာပြီး အစားအသောက်နဲ့ဆေးဝါးတွေလိုအပ်နေ

အောက်တိုဘာ ၄၊ ၂၀၂၅။သောင်ရင်းသတင်းလွှာ ကရင်ပြည်နယ် မြဝတီမြို့မှာမြန်မာစစ်တပ်နဲ့ ကရင်အမျိုးသား အစည်းအရုံး/ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင်​ြ ကျေးရွာပေါင်း ၁၃ ရွာကအရပ်သားတွေနေရပ်စွန့်ခွာခဲ့ကြရပြီး တာ့ခ်ပြည်နယ် မဟာဝမ်ခရိုင် မဲဆောက်ခရိုင် အရှေ့ဘက် သောင်ရင်းမြစ်အနီး မြန်မာဘက်ခြမ်းမှာ ခိုလှုံနေကြရတယ်လို့ Thai Enquirer သတင်းက အောက်တိုဘာ ၄ ရက်မှာ​ဖော်ပြပါတယ်။ (more…)
Read More
ဘီလာရုစ် နဲ့ မြန်မာ နိုင်ငံရေး ဆွေးနွေးမှုတွေ အပြန်အလှန် ကုန်သွယ်မှုတွေ ဆွေးနွေးခဲ့ကြ

ဘီလာရုစ် နဲ့ မြန်မာ နိုင်ငံရေး ဆွေးနွေးမှုတွေ အပြန်အလှန် ကုန်သွယ်မှုတွေ ဆွေးနွေးခဲ့ကြ

အောက်တိုဘာ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဘီလာရုစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ အာဏာသိမ်းမင်းအောင်လှိုင်ရဲ့ မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ကြား ဒုတိယအကျော့ နိုင်ငံရေး ညှိနှိုင်းဆွေးနွေးပွဲကို Minsk မြို့တော်မှာ ကျင်းပခဲ့တယ်လို့ ဘယ်လာရုစ်နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲမှာပြောတယ်လို့ Belta သတင်းက အောက်တိုဘာ ၃ က်မှာဖော်ပြပါတယ်။ ဘယ်လာရုစ် ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး Sergei Lukashevich ဦးဆောင်ပြီး မြန်မာဘက်က နိုင်ငံခြားရေးဒုဝန်ကြီး ဦးကိုကိုကျော် ဦးဆောင်တယ်လို့သိရပါတယ်။ဘီလာရု-မြန်မာ ဆက်ဆံရေးကို အရှိန်အဟုန်မြှင့်တင်ရန်နဲ့ချဲ့ထွင်ရန် အရေးကြီးတဲ့တွန်းအားတစ်ခုအဖြစ် မှတ်ချက်ပြုခဲ့ကြပါတယ်။ (more…)
Read More
ကန်ချနပူရီ အုပ်ချုပ်ရေးမှူးက ထိုင်း-မြန်မာနယ်စပ်မှာ ပျောက်ဆုံးနေတဲ့အသက် ၁၉ နှစ်အရွယ် ဗြိတိန်နိုင်ငံသားကို အပြင်းအထန် ရှာဖွေဖို့အမိန့်ပေးခဲ့

ကန်ချနပူရီ အုပ်ချုပ်ရေးမှူးက ထိုင်း-မြန်မာနယ်စပ်မှာ ပျောက်ဆုံးနေတဲ့အသက် ၁၉ နှစ်အရွယ် ဗြိတိန်နိုင်ငံသားကို အပြင်းအထန် ရှာဖွေဖို့အမိန့်ပေးခဲ့

အောက်တိုဘာ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကန်ချနပူရီ အာဏာပိုင်တွေက ထိုင်း-မြန်မာနယ်စပ်အနီးမှာပျောက်ဆုံးသွားတဲ့ဗြိတိန်ဆယ်ကျော်သက် လူငယ်လေး Lawrence Stallard Honour ကို ရှာဖွေနေကြတယ်လို့ The Nation သတင်းက အောက်တိုဘာ ၃ ရက်မှာဖော်ပြပါတယ်။ ကန်ချနပူရီ အုပ်ချုပ်ရေးမှူး Athisan Intara က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့မှာ ပတ္တယားပြည်နယ် ပတ္တရားမြို့မှာ ပျောက်ဆုံးသွားခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် ဗြိတိန်နိုင်ငံသား Lawrence Stallard Honour ကို အောက်တိုဘာ ၂ရက်နေ့ကအပြင်းအထန် ရှာဖွေခဲ့တာဖြစ်ပါတယ်။ (more…)
Read More
အခု ထိုင်းမှာ မြန်မာဒုက္ခသည်တွေ အလုပ် လုပ်ခွင့်ရပြီ

အခု ထိုင်းမှာ မြန်မာဒုက္ခသည်တွေ အလုပ် လုပ်ခွင့်ရပြီ

အောက်တိုဘာ ၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ နယ်စပ်စခန်းကိုးခုမှာ နေထိုင်ကြတဲ့ မြန်မာဒုက္ခသည်တွေကို လာမယ့် ၁၂ လအတွင်း ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပေးမယ်လို့ ထိုင်းဝန်ကြီးချုပ် Anutin Charnvirakul က အောက်တိုဘာ ၁ ရက်နေ့မှာ ပြောကြားပြီး ထိုင်းအနေနဲ့ ပြန်လည်ခေါ်ယူထားတဲ့ အလုပ်သမားအင်အား မလိုအပ်ဘူးလို့ ကမ္ဘောဒီးယားကို သတင်းစကားပေးပို့လိုက်ပါတယ်လို့ဘန်ကောက်ပို့စ်ကဖော်ပြပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့ကစပြီးဒုက္ခသည်တွေကို ၎င်းတို့ရဲ့ စခန်းပြင်ပမှာ တစ်နှစ် လုပ်ကိုင်ခွင့် ပေးထားတယ်လို့ဝန်ကြီးချုပ်က ပြောပါတယ်။ အဲဒိလိုခွင့်ပြုရာမှယ ထိုင်းနိုင်ငံဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမူတွေကို လိုက်နာပြီး စည်းမျဉ်းတွေနဲ့ ဥပဒေတွေကို နာခံတဲ့ဒုက္ခသည်တွေအတွက် အခွင့်အလမ်းတွေဖွင့်ပေးပြီးအထောက်အကူဖြစ်နိုင်တယ်လို့ ၎င်းက ပြောပါတယ်။ (more…)
Read More
ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲက မြန်မာစစ်တပ် ထိန်းချုပ်မှုအောက်မှာရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီးတရားမျှတမှု မရှိနိုင်လို့သတိပေး

ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲက မြန်မာစစ်တပ် ထိန်းချုပ်မှုအောက်မှာရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီးတရားမျှတမှု မရှိနိုင်လို့သတိပေး

အောက်တိုဘာ ၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က မြန်မာနိုင်ငံမှာ စစ်တပ်ထိန်းချုပ်မှုအောက်က ရွေးကောက်ပွဲတွေ​ဟာ ရိုဟင်ဂျာတွေနဲ့ အခြားလူနည်းစုတွေရဲ့အကျပ်အတည်းကို ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံးအဆင့်ကိုရောက်ရှိနေတယ်လို့စက်တင်ဘာ ၃၀ ရက်နေ့က သတိပေးခဲ့တယ်လို့ Anadolu Agency မှာဖော်ပြပါတယ် ။ “ယနေ့ မြန်မာနိုင်ငံမှာ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစုတွေအတွက် အဆိုးဆုံးဖြစ်နိုင်ပြီး ရှည်လျားတဲ့ နှိပ်စက်ညှဉ်းပန်းမှုသမိုင်းမှာ နောက်ထပ် ဆိုးရွားတဲ့အခန်းကို ပုံဖော်ထားပါတယ်” လို့ရိုဟင်ဂျာ မူဆလင်တွေနဲ့ အခြားလူနည်းစုတွေရဲ့အဆင့်အတန်းမြင့် ညီလာခံမှာ Türk က ပြောကြားခဲ့ပါတယ်။ “ဒီမတရားမှုဟာ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး လုပ်ငန်းစဉ်ရဲ့ ထိပ်ဆုံးမှာ ရောက်နေတယ်ဆိုတဲ့ အချက်ကို ရှင်းရှင်းလင်းလင်း ပေးပို့ရမှာဖြစ်ပြီး ရိုဟင်ဂျာတွေအတွက် နိုင်ငံတကာ အသိုက်အဝန်းက အရေးယူပြီး သူတို့ရဲ့ အကျပ်အတည်းအတွက် ရေရှည်တည်တံ့တဲ့ အဖြေကို ဖော်ဆောင်နိုင်ဖို့ ညီလာခံက အလေးပေး ပြောကြားခဲ့ပါတယ်"လို့လည်းသူကဆိုပါတယ်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစတင်ပြီး ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်လာခဲ့ပြီး မြန်မာစစ်တပ်ကရခိုင်ပြည်နယ်အနှံ့ အရပ်သားတွေကို လေကြောင်းကနေတိုက်ခိုက်မှုတွေပြုလုပပြ်းအရပ်သားတွေကို တမင်တကာ သတ်ဖြတ်ခြင်း၊ အရပ်သားပစ္စည်းတွေကို ဖျက်ဆီးခြင်း၊ မတရား ဖမ်းဆီးနှိပ်စက်ခြင်းတွေအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေကျူးလွန်ခဲ့တယ်လို့ Türk က ပြောကြားခဲ့ပါတယ်။ (more…)
Read More
ထိုင်းနိုင်ငံပတ္တယားမှာ မြန်မာတွေအုပ်စုဖွဲ့ ဓားခုတ်မှု ဖြစ်ပွားလို့ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့

ထိုင်းနိုင်ငံပတ္တယားမှာ မြန်မာတွေအုပ်စုဖွဲ့ ဓားခုတ်မှု ဖြစ်ပွားလို့ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့

အောက်တိုဘာ ၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံပတ္တရားမြို့မှာ ပြိုင်ဘက်ဂိုဏ်းတွေအကြား ပြင်းထန်စွာ ခိုက်ရန်ဖြစ်ပွားမှုကြောင့် လူ ၂ ဦး သေဆုံးပြီး လူစည်ကားရာ လမ်းဘေး ဓားခုတ်မှု ဖြစ်ပွားပြီးနောက် လူ ၂ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ The Thaiger သတင်းက အောက်တိုဘာ ၁ ရက်မှာဖော်ပြပါတယ်။ ဘာလီဟိုင်းတံတားအနီး မြေကွက်ရုံးလမ်းဆုံအနီး တောင်ပတ္တရားလမ်းပေါ်ရှိ လူသွားလမ်းတစ်လျှောက် စက်တင်ဘာ ၃၀ ရက် နံနက် ၆ နာရီ ၀၆ မိနစ်ခန့်က ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။ အကြမ်းဖက်တိုက်ခိုက်ခံရမှု သတင်းတွေကို တုံ့ပြန်တဲ့အနေနဲ့ ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး Suthiraphan Thapsri နဲ့ပတ္တရားမြို့မရဲစခန်းက တာဝန်ရှိသူတွေရောက်ရှိလာပြီး Sawang Boriboon Thammasathan Foundation က ကယ်ဆယ်ရေးလုပ်သားတွေလိုက်ပါသွားခဲ့တယ်လို့ဆိုပါတယ်။ (more…)
Read More
ထိုင်းနိုင်ငံကန်ချနာဘူရီခရိုင်မှာ မြန်မာ ၉၀ဦး အဖမ်းခံရ

ထိုင်းနိုင်ငံကန်ချနာဘူရီခရိုင်မှာ မြန်မာ ၉၀ဦး အဖမ်းခံရ

စက်တင်ဘာ ၃၀၊၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံကန်ချနပူရီခရိုင် စိုင်းဆောင်မြို့ရှိလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့နဲ့ စစ်သားတွေက စက်တင်ဘာ ၃၀ ရက်မှာ မြန်မာနိုင်ငံက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၉၀ ဦးကို ဖမ်းဆီးခဲ့ပြီး အာဏာပိုင်တွေက စိုင်းဆောင်အမြဲတန်းစစ်ဆေးရေးဂိတ်ကို တိမ်းရှောင်ဖို့ ကြိုးပမ်းတဲ့ မသင်္ကာဖွယ်ရာ ယာဉ်လေးစီးကို ခေါင်သွန်ကျေးရွာ မူး ၃ မှာဖမ်းဆီးရမိခဲ့ပြီးရွှေ့ပြောင်းနေထိုင်သူတွေကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်မှုနဲ့တရားစွဲဆိုထားတယ်လို့ Khaosod သတင်းကစက်တင်ဘာ ၃၀ရက်မှာဖော်ပြပါတယ်။ (more…)
Read More
ကိုးကန့်သူဌေးကြီး မြီရှောက်ချန်းရဲ့ သားနဲ့ မြေးအပါအဝင် ၁၁ ဦးကို တရုတ် သေဒဏ်အမိန့်ချ

ကိုးကန့်သူဌေးကြီး မြီရှောက်ချန်းရဲ့ သားနဲ့ မြေးအပါအဝင် ၁၁ ဦးကို တရုတ် သေဒဏ်အမိန့်ချ

စက်တင်ဘာ ၂၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကွယ်လွန်သူ ကိုးကန့်သူဌေးကြီး မြီရှောက်ချန်းရဲ့သား မြီကော်ဖျင်နဲ့ မြေးဖြစ်သူ မြီကြိမ်းကြိမ်း စတဲ့ မြီမိသားစုအပါအဝင် လူ ၁၁ ဦးကို တရုတ်တရားရုံးတစ်ရုံးက ‌ဒီကနေ့ စက်တင်ဘာ ၂၉ ရက်မှာ သေဒဏ်အမိန့်ချမှတ်လိုက်တယ်လို့ တရုတ်နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက သတင်းဖော်ပြတယ်လို့ BBC ကဆိုပါတယ်။ တရုတ်နိုင်ငံ၊ ဂျဲကျန့်ပြည်နယ်၊ ဝမ်ဂျိုပြည်သူ့တရားရုံးကနေ သေဒဏ်ချမှတ်လိုက်တာဖြစ်တာလို့ သတင်းက ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ ပြည်သူတွေအပေါ် အွန်လိုင်းငွေလိမ်လည်မှု(ကျားဖြန့်)နဲ့ တခြားရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တာကြောင့် မြီရှောက်ချန်းရဲ့သား၊ သမီးနဲ့ မြေးတို့အပါအဝင် လူ ၄၀ နီးပါးကို တရုတ်ဘက်က ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ဖမ်းဆီးပြီး စွဲချက်တင်ခဲ့ပါတယ်။ မြီမိသားစုကိုတော့ လိမ်လည်မှု၊ နိုင်ငံတကာအဆင့်လူသတ်မှု၊ ရည်ရွယ်ချက်ရှိရှိလူထိခိုက်စေမှု၊ လူတွေကိုတရားမဝင်ဖမ်းချုပ်မှု၊ လောင်းကစားဝိုင်းထောင်မှု၊ မူးယစ်မှောင်ခိုကူးမှုတွေနဲ့ တရားစွဲဆိုပြီးတဲ့နောက် ၂ နှစ်နီးပါးအကြာမှာ အခုလို သေဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ (more…)
Read More