ဘာသာပြန်သတင်း

ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်မှာ မြန်မာဘက်ကတရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို နေ့စဥ်ဖမ်းမိနေ

ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်မှာ မြန်မာဘက်ကတရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို နေ့စဥ်ဖမ်းမိနေ

စက်တင်ဘာ ၁၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံကန်ချနပူရီခရိုင် သောင်ဖဖွမ်းမြို့နယ်ကလုံခြုံရေး အရာရှိတွေဟာမြန်မာနိုင်ငံကတရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို နေ့စဉ်နဲ့အမျှ ဆက်တိုက်ဖမ်းမိနေတယ်လို့ Khaosod သတင်းကစက်တင်ဘာ ၁၆ ရက်မှာဖော်ပြပါတယ်။ (more…)
Read More

ထိုင်းနိုင်ငံကန်ချနာပူရီခရိုင်မှာ အထောက်အထားမဲ့မြန်မာ ၇၀ အဖမ်းခံရ

စက်တင်ဘာ ၁၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကျွဲကောဥယျာဥ်မှာ ပုန်းအောင်းနေတဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမား ၇၀ ကို ရဲက ဖမ်းဆီးလိုက်တယ်လို့ Khaosod သတင်းကစက်တင်ဘာ ၁၄ ရက်ကဖော်ပြပါတယ်။ (more…)
Read More
စစ်းအုပ်စု နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးတို့ တွေ့ဆုံပြီး နယ်စပ်ကုန်သွယ်ရေးကိစ္စ ဆွေးနွေး

စစ်းအုပ်စု နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးတို့ တွေ့ဆုံပြီး နယ်စပ်ကုန်သွယ်ရေးကိစ္စ ဆွေးနွေး

စက်တင်ဘာ ၁၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အာဏာလုစစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Mr.Mongkol Wisitsan တို့ တွေ့ဆုံပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ချောမွေ့စေရေး နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ Asia News Network သတင်းကစက်တင်ဘာ ၁၂ ရက်မှာဖော်ပြပါတယ်။ စစ်အုပ်စုနိုင်ငံခြားရေး ဝန်ကြီးဌာနဝန်ကြီး ဦးသန်းဆွေနဲ့မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး မစ္စတာ Wisitsanတို့ဟာစက်တင်ဘာ ၈ ရက် မွန်းလွဲပိုင်းကနေပြည်တော်ရှိ နိုင်ငံခြားရေဝန်ကြီးဌာနမှာတွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။ (more…)
Read More

တရုတ်က တားမြစ်ပြီးနောက် အိန္ဒိယက မြန်မာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့မြေရှားသတ္ထု အတွက်သဘောတူညီချက်ကို ရှာဖွေနေ

စက်တင်ဘာ၁၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အိန္ဒိယဟာ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံကနေ မြေရှားသတ္ထုနမူနာတွေရယူဖို့ လုပ်ဆောင်နေတယ်လို့ ဒီကိစ္စနဲ့ နီးစပ်သူ လေးဦးရဲ့ပြောကြားချက်အရ သိရပြီးတရုတ်နိုင်ငံက တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတဲ့မဟာဗျူဟာမြောက် အရင်းအမြစ်တစ်ခုရဲ့ အစားထိုးအထောက်အပံ့ကို ရှာဖွေနေတယ်လို့ဆိုပါတယ်။ အိန္ဒိယ သတ္တုတွင်း ဝန်ကြီးဌာနကကချင်လွတ်လပ်ရေး တပ်မတော် ထိန်းချုပ်မှုအောက်မှာရှိတဲ့မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မြေရှားသတ္ထုနမူနာတွေစုဆောင်းသယ်ယူ ပို့ဆောင်ဖို့ အစိုးရပိုင်နဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေဆီကိုတောင်းဆိုခဲ့တယ်လို့ လူ ၃ ဦးက ပြောပါတယ်။ အိန္ဒိယ နိုင်ငံပိုင်သတ္တုတွင်းလုပ်ငန်း IREL နဲ့ပုဂ္ဂလိကကုမ္ပဏီ Midwest Advanced Materials တို့ဟာ- မြေရှားသံလိုက်တွေ စီးပွားဖြစ်ထုတ်လုပ်ဖို့အတွက် အရင်နှစ်က အစိုးရရန်ပုံငွေရရှိခဲ့တဲ့ဆွေးနွေးပွဲတွေမှာပါဝင်ကြတယ်လို့သတင်းရင်းမြစ်တွေက ပြောကြားပါတယ်။ နယူးဒေလီက ပြတွင်းဓာတ်ခွဲခန်းတွေမှာ နမူနာတွေကို အီလက်ထရွန်နစ်ယာဉ်တွေနဲ့အခြားအဆင့်မြင့်စက်ပစ္စည်းတွေမှာအသုံးပြုသတဲ့ သံလိုက်အဖြစ်ကိုစီမံဆောင်ရွက်နိုင်တဲ့ စံချိန်မီမြေရှားသတ္ထုပါဝင်မှုအဆင့်တွေလုံလောက်စွာပါဝင်တာသေချာစေဖို့မျှော်လင့်ထားတယ်လို့ဆိုပါတယ်။ ဝန်ကြီးဌာနက နိုင်ငံပိုင်မဟုတ်တဲ့တစ်ဖွဲနဲ့ဒေလီမှာ ထိတွေ့ဆက်ဆံမှု ရှားပါးတဲ့ ဖြစ်ရပ်တစ်ခုကို လုပ်ဖို့တောင်းဆိုခဲ့ကတယ်လို့လူနှစ်ဦးရဲ့ ပြောကြားချက်အရသိရပြီး ဇူလိုင်လက အွန်လိုင်းအစည်းအဝေးတစ်ခုမှာဝန်ကြီးဌာနက တောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။ အစည်းအဝေးကို IREL၊ Midwest နဲ့အနည်းဆုံး အခြားကုမ္ပဏီတစ်ခုကကိုယ်စားလှယ်တွေတက်ရောက်ခဲ့တယ်လို့သတင်းရင်းမြစ်တစ်ခုမှ ပြောကြားခဲ့ပါတယ်။ KIAက အိန္ဒိယနိုင်ငံရဲ့ ခွဲခြမ်းစိတ်ဖြာမှုအတွက် နမူနာတွေကို စတင်စုဆောင်းနေပြီလို့ လက်နက်ကိုင်အဖွဲ့က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ စတုတ္ထပုဂ္ဂိုလ်က ပြောပါတယ်။ KIA က အိန္ဒိယဆီကို အစုလိုက် တင်ပို့မှု ဖြစ်နိုင်ချေ ရှိ၊ မရှိ အကဲဖြတ်ဖို့သဘောတူညီခဲ့တယ်လို့အခြား သတင်းရင်းမြစ်ဖြစ်ပြီးအကဲဆတ်တဲ့ ကိစ္စတွေကို ဆွေးနွေးဖို့အမည်မဖော်လိုတဲ့ KIA အရာရှိတဦးဆီကနေသိရပါတယ်။ KIA နဲ့အိန္ဒိယရဲ့ ထိတွေ့ဆက်ဆံမှု အသေးစိတ်ကို Reuters ကပထမဆုံးအကြိမ် သတင်းဖော်ပြတာဖြစ်ပါတယ်။ (more…)
Read More
စစ်ပွဲတွေ၊ ဘေးအန္တရာယ်တွေ၊ အိုးအိမ်မဲ့ဖြစ်ခြင်းတွေ၊ ငတ်မွတ်ခေါင်းပါးခြင်းတွေက မြန်မာနိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ ကုလကဆို

စစ်ပွဲတွေ၊ ဘေးအန္တရာယ်တွေ၊ အိုးအိမ်မဲ့ဖြစ်ခြင်းတွေ၊ ငတ်မွတ်ခေါင်းပါးခြင်းတွေက မြန်မာနိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ ကုလကဆို

စက်တင်ဘာ ၁၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချခဲ့တဲ့ စစ်တပ်က အာဏာသိမ်းပြီး လေးနှစ်အကြာ မြန်မာ့ပြည်တွင်းရေး ပဋိပက္ခတွေ တစတစ  ကြီးထွားလာကာ သန်းနဲ့ချီတဲ့ အိုးအိမ်မဲ့တွေ အိုးအိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂက စက်တင်ဘာ ၁၁ ရက်ကထုတ်ပြန်ပါတယ်။ ကုလသမဂ္ဂက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အကြီးအကဲ Filippo Grandi က “မြန်မာနိုင်ငံတစ်ဝှမ်းက သန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ ဒုက္ခက ကြီးမားပါတယ်။ “ဝေဟင်က ဗုံးကြဲတိုက်ခိုက်ခြင်း၊ ပစ္စည်းဥစ္စာတွေပျက်စီးခြင်း၊ အတင်းအကြပ် လူသစ်စုဆောင်းခြင်းတို့ကြောင့် ၎င်းတို့ဟာ ၎င်းတို့ရဲ့ အသက်အန္တရာယ်အတွက် နေ့စဉ်နဲ့အမျှ ကြောက်ရွံ့နေကြရပါတယ်"လို့ပြောကြားပါတယ်။ “အရပ်သား အမျိုးသား၊ အမျိုးသမီးနဲ့ကလေးသူငယ်တွေကိုအကြမ်းဖက်မှုကနေအကာအကွယ်ပေးရမှာဖြစ်ပြီး လုံခြုံမှုနဲ့ဂုဏ်သိက္ခာရှိစွာ နေအိမ်သို့ ပြန်လာဖို့ ရွေးချယ်နိုင်စေရန် နည်းလမ်းတွေရှာဖွေတွေ့ရှိတယ်လို့၎င်းက ဆက်လက် ပြောကြားပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ ပြည်တွင်းစစ်ဆိုတာ မြန်မာနိုင်ငံတိုင်း ရင်ဆိုင်ရမှာ မဟုတ်ပါဘူး။ မတ်လအတွင်းက ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး မြို့တော်နေပြည်တော် အပါအဝင် ဒေသအများအပြားကို ထိခိုက်ခဲ့ပါတယ်။ ကုလသမဂ္ဂကယ်ဆယ်ရေးအကြီးအကဲ Tom Fletcher က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုဟာ ရန်ပုံငွေမရှိတာကြောင့် အဟန့်အတားဖြစ်နေတယ်လို့ X လူမှုကွန်ယက်စာမျက်နှာမှာ ပြောကြားခဲ့ပါတယ်။ အခုနှစ်အစောပိုင်းက ထိခိုက်ခံစားရတဲ့ရပ်ရွာတွေဆီကိုသွားရောက်လည်ပတ်ခဲ့တဲ့မစ္စတာ Grandi ကလူသားချင်းစာနာမှုပိုမိုကျယ်ပြန့်စွာဝင်ရောက်ဖို့တိုက်တွန်းခဲ့ပြီး အတင်းအကျပ်ရွှေ့ပြောင်းခံရသူတွေအတွက် အဖြေရှာဖို့ ဆွေးနွေးခဲ့ပါတယ်။ “ပြည်တွင်းမှာ အတင်းအကျပ် ရွှေ့ပြောင်းနေထိုင်ခဲ့ရတဲ့ သန်းနဲ့ချီတဲ့ လူတွေ၊ဒုက္ခသည်တွေဟာ နေရပ်ပြန်ချင်ကြတာကလွဲရင် ဘာကိုမှ မလိုချင်ကြပါဘူး"လို့မစ္စတာ Grandi က ပြောပါတယ်။…
Read More
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကလျှပ်စစ်စီးကရက် စက်ရုံကို ဝင်ရောက်စီးနင်းရာမှာ တရုတ်နိုင်ငံသား ၂ ဦးနဲ့ မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းမိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကလျှပ်စစ်စီးကရက် စက်ရုံကို ဝင်ရောက်စီးနင်းရာမှာ တရုတ်နိုင်ငံသား ၂ ဦးနဲ့ မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းမိ

စက်တင်ဘာ ၁၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဂိုဒေါင်တစ်ခုကိုလျှပ်စစ်စီးကရက် ထုတ်လုပ်တဲ့တရားမဝင် စက်ရုံအဖြစ် ပြောင်းလဲမှုကြောင့် တရုတ်နိုင်ငံသား ၂ ဦးနဲ့မြန်မာနိုင်ငံသား ၁၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ The Thaiger သတင်းက စက်တင်ဘာ ၁၀ ရက်ကဖော်ပြပါတယ်။ အာဏာပိုင်တွေက လျှင်စစ်စီးကရက် ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ကိရိယာတွေနဲ့အတူ တရားမဝင် ကုန်ပစ္စည်း ၆၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ဘန်ကောက်မြို့ ဘန်ခွန်တန်ခရိုင် ထခမ်းဒေသရှိ ဂိုဒေါင်ကို ဗဟို စုံစမ်းစစ်ဆေးရေးဗျူရို (CIB) မှတာဝန်ရှိသူတွေကစက်တင်ဘာ ၉ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံသား ၂ ဦးကို အခင်းဖြစ်ပွားရာနေရာမှာ တွေ့ရှိခဲ့ပြီး မန်နေဂျာနဲ့အရည်အသွေးထိန်းချုပ်ရေး ဝန်ထမ်းတွေလို့ဝန်ခံခဲ့ပါတယ်။ ထုတ်လုပ်မှုအပိုင်းမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၁၁ ဦးကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ (more…)
Read More
ဆန္ဒပြပွဲတွေပြီးနောက် နီပေါစစ်တပ်က အခြေအနေကိုပြန် ထိန်းသိမ်း

ဆန္ဒပြပွဲတွေပြီးနောက် နီပေါစစ်တပ်က အခြေအနေကိုပြန် ထိန်းသိမ်း

စက်တင်ဘာ ၁၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ နီပေါနိုင်ငံရဲ့ ပါလီမန်ကို လက်နက်ကိုင်စစ်သားမတွေက စောင့်ကြပ်ပြီး မြို့တော်ခတ္တမန္ဒူလမ်းျနွပေါ်မှာ အကန့်အသတ်မရှိ ကာဖျူးထုတ်ပြန်ပြီးနောက် စက်တင်ဘာ ၁၀ ရက်မှာ တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်လို့ ရိုက်တာကဖော်ပြပါတယ်။ ဝန်ကြီးချုပ် K.P ကို ​​အတင်းအကြပ် ဖိအားပေးခဲ့တဲ့ နှစ်ရက်ကြာ အဂတိလိုက်စားမှု ဆန့်ကျင်ရေး ဆန္ဒပြမှုတွေအတွက် အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ စက်တင်ဘာ ၈ ရက်နေ့က ဆန္ဒပြသူ ၁၉ ဦး သေဆုံးပြီးနောက် လွန်ခဲ့တဲ့သီတင်းပတ်က ဆိုရှယ်မီဒီယာ ပိတ်ပင်မှု ကြေညာပြီးနောက် နိုင်ငံမှာ ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး မငြိမ်မသက်မှုတွေစတင်ခဲ့ပါတယ့။ လူအုပ်ကို လူစုခွဲဖို့ရဲတွေက မျက်ရည်ယိုဗုံးနဲ့ရော်ဘာကျည်ဆန်တွေအသုံးပြုခဲ့ပါတယ်။ (more…)
Read More

သက်ဆင်က ဘာကြောင့် အမှုကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့တာလဲ

စက်တင်ဘာ ၁၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ပြစ်ဒဏ်ချမှတ်ခံထားရတဲ်၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက ထိုင်းမှာ နေထိုင်ရန် ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ရဲချုပ်ဆေးရုံမှာ ကြာရှည်စွာနေထိုင်ခဲံတဲ့အတွက် တရားရုံးချုပ်ရဲ့ စီရင်ချက်ကို လက်ခံတဲ့အကြောင်းရင်းကို ရှင်းပြခဲ့ပါတယ်။ သက်ဆင်က စက်တင်ဘာ ၉ရက်နေ့ကဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်မှာတင်ထားတဲ့ပို့စ်တစ်ခုမှာ ၎င်းဟာ ပြဿနာတွေနဲ့ ပဋိပက္ခတွေအားလုံးကို အဆုံးသတ်လိုကြောင်းနဲ့ အနာဂတ်ကို စတင်ဖို့မျှော်လင့်တယ်လို့ပြောကြားခဲ့ပါတယ်။ "၂၀၀၆ ခုနှစ်မှာ အာဏာသိမ်းပြီး အစိုးရ ပြုတ်ကျပြီးတဲ့ ကိစ္စတွေအားလုံး (ကျနော့်ကို ဆန့်ကျင်တဲ့) ပေါ်ပေါက်လာခဲ့တယ်။ ဒီနေ့ကစပြီး ကျနော်မျှော်လင့်နေပြီး အတိတ်က အရာအားလုံး၊ တရားစီရင်ရေးကိစ္စတွေရော၊ ကျနော်ကအစပြုတဲ့ ဒါမှမဟုတ်ကျနော်နဲ့ပတ်သက်တဲ့ ပဋိပက္ခမှန်သမျှကို အဆုံးသတ်ချင်ပါတယ်"လို့ ၎င်းက ပြောပါတယ်။ ဒီစာကို ထိုင်းဘာသာနဲ့ သူ့ကိုယ်စား သူ့အဖွဲ့ကတင်ထားတာဖြစ်ပါတယ်။ (more…)
Read More
ဘန်ကောက်နဲ့ စမွတ်ပရာကန်ကနေရာတချို့ကို ခွေးရူးပြန်ရောဂါ ကူးစက်ဇုန်အဖြစ် အရေးပေါ်ကြေညာထား

ဘန်ကောက်နဲ့ စမွတ်ပရာကန်ကနေရာတချို့ကို ခွေးရူးပြန်ရောဂါ ကူးစက်ဇုန်အဖြစ် အရေးပေါ်ကြေညာထား

စက်တင်ဘာ ၁၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ စမွတ်ပရာကန်ရှိ နေရာကို ခွေးရူးပြန်ရောဂါ ယာယီကူးစက်ဇုန်အဖြစ် အရေးပေါ် ကြေညာခဲ့ပြီး ခွေး၊ ကြောင်နဲ့ အခြားနို့တိုက်သတ္တဝါတွေပြောင်းရွှေ့မှုကို ရက် ၃ဝ ပိတ်ပင် လိုက်တယ်လို့ The Nation သတင်းမှာ စက်တင်ဘာ ၁၀ ရက်ကဖော်ပြပါတယ်။ ဘန်ကောက်၊ ဖရာဝတ်ခရိုင်၊ နွန်ဘွန်ရပ်ကွက်မှာခွေးရူးပြန်ရောဂါဖြစ်ပွားမှုတွေ တွေ့ရှိပြီးနောက် တိရစ္ဆာန်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးဌာနကထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ခွေးရူးပြန်ရောဂါဟာ လူ၊ ခွေး၊ ကြောင်၊ နွား၊ ကျွဲနဲ့အခြားနို့တိုက်သတ္တဝါတွေဆီကိုကူးစက်နိုင်တဲ့ အန္တရာယ်ရှိတဲ့ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ထားပြီး စက်တင်ဘာလ ၉ ရက်နေ့ကနေအောက်တိုဘာလ ၈ ရက်နေ့အထိ ဒီနေရာတွေမှာ အရေးပေါ်စောင်ကြည့်ရေးဇုန်အဖြစ်သတ်မှတ်ထားတယ်လို့ထုတ်ပြန်ပါတယ်။ သတ်မှတ်ထားတဲ့ဇုန်အတွင်းမှာ တိရစ္ဆာန်ဆေးကုဆရာဝန်ရဲ့ စာနဲ့ရေးသားခွင့်ပြုချက်မရှိဘဲ ခွေး၊ ကြောင် သို့မဟုတ် ၎င်းတို့ရဲ့ အသေကောင်တွေကို အပြင်ကိုရွှေ့ပြောင်းခြင်းမပြုဖို့၊ တိရစ္ဆာန်ပိုင်ရှင်တွေဟာဖျားနာနေတဲ့တိရစ္ဆာန်တွေကို ၁၂ နာရီအတွင်း အာဏာပိုင်တွေဆီကိုသတင်းပို့ဖို့နဲ့သေဆုံးသွားတဲ့တိရစ္ဆာန်တွေကို တိရစ္ဆာန်ဆေးကုဆရာဝန်တွေတးဆီကိုအကြောင်းမကြားမချင်း သေဆုံးတဲ့နေရာမှာသာ ထားရှိရန်ကြေညာထားပါတာ်။ (more…)
Read More
ထိုင်း-မြန်မာနယ်စပ်အနီးမှာ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ မသင်္ကာဖွယ် ဗင်ကားတစ်စီးကို တွေ့ရှိခဲ့

ထိုင်း-မြန်မာနယ်စပ်အနီးမှာ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ မသင်္ကာဖွယ် ဗင်ကားတစ်စီးကို တွေ့ရှိခဲ့

စက်တင်ဘာ ၁၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံမြောက်ပိုင်းချင်းရိုင်ခရိုင် ရှော့ပင်းမောလ်အနီးမှာ ရပ်ထားတဲ့ ဗင်ကားတစ်စီးပေါ်မှာ ဖောက်ခွဲရေးပစ္စည်းအချောင်း ၁၁၉ ချောင်းကို စက်တင်ဘာ ၇ ရက်နေ့မှာ ရဲတွေက ရှာဖွေတွေ့ရှိခဲ့တယ်လို့ The Thaiger သတင်းက စက်တင်ဘာ ၁၀ရက်မှာဖော်ပြပါတယ်။ အဆိုပါယာဉ်ဟာ အဲဒိနေရာမှာ ရပ်ထားတာခြောက်လကျော်ရှိပြီလို့ သိရပါတယ်။ မယ်ဆိုင်မြို့မ ရဲစခန်းက အရာရှိတွေနဲ့ Pha Muang Task Force က တပ်ဖွဲ့ဝင်တွေကချင်းရိုင်လိုင်စင် နံပါတ် ผท ၆၉၇၄ ပါ မသင်္ကာဖွယ် အဖြူရောင် တိုယိုတာ ဗင်ကားတစ်စီကို စက်တင်ဘာ ၇ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်ကတွေ့ရှိခဲ့တာ်လို့ သိရပါတယ်။ (more…)
Read More