သတင်း

ထိုင်းသဘာဝဘေးကာကွယ်ရေးနဲ့လျော့ပါးသက်သာစေရေးဦးစီးဌာန (DDPM) ကစက်တင်ဘာလ ၂ရက်အတွက် သတိပေးချက်ထုတ်ပြန်

ထိုင်းသဘာဝဘေးကာကွယ်ရေးနဲ့လျော့ပါးသက်သာစေရေးဦးစီးဌာန (DDPM) ကစက်တင်ဘာလ ၂ရက်အတွက် သတိပေးချက်ထုတ်ပြန်

စက်တင်ဘာ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ - မြစ်ကမ်းပါးရေလျှံ/ရေနစ်မြုပ်မှုဖြစ်ပွားနိုင်တဲ့နေရာတွေကတော်ဥတရာဒစ်၊ တာ့ခ် ပက်ချာဘွန်နဲ့ Loei ပြည်နယ်တွေဖြစ်ပါတယ်။ - လျှပ်တစ်ပြက်ရေကြီး/ရေတိုရေလျှံမှု- ထရတ် နဲ့ရနောင်းတို့ဖြစ်ပါတယ်။ -မြစ်ရေလျှံမှု/ ရေနစ်မြုပ်မှုဖြစ်ပွားနိုင်တဲ့နေရာတွေကတော့ ဆူခိုထိုင်း၊ ဖိစနုလို့၊ ဖီချစ်၊ ပက်ချာဘွန်၊ Loei၊ နောင်ဘွားလမ်ဖူ၊ ဥဒုံတာနီ၊နခွန်ဖနုမ်၊ ခွန်ကနိ၊ မဟာဆရကန်၊ မတ်ဒဟန်၊ရိုင်အက်၊အန်သောင်၊ ဖရာနခွန်ဆီ အယုဒ္ဓိယတို့ဖြစ်ပါတယ်။ - လှိုင်းကြီးပြီး လေပြင်းများနိုင်တဲ့နေရာတွေကတော့ ရနောင်း၊ ဖန်င၊ ဖူးခက်တို့ဖြစ်ပါတယ်။ (more…)
Read More
မြန်မာနိုင်ငံကို ပို့ကုန်လမ်းကြောင်းပြောင်းဖို့အကြံပြုချက်တွေပေးထား

မြန်မာနိုင်ငံကို ပို့ကုန်လမ်းကြောင်းပြောင်းဖို့အကြံပြုချက်တွေပေးထား

စက်တင်ဘာ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ တာ့ခ်ခရိုင် မဲဆောက်စစ်ဆေးရေးဂိတ်မှာ တင်းကျပ်တဲ့ သွင်းကုန်ထိန်းချုပ်မှုတွေကြောင့် ထိုင်းဆန်တင်ပို့သူတွေက ရနောင်းနဲ့ မယ်ဆိုင်စစ်ဆေးရေးဂိတ်တွေဆီ လမ်းကြောင်းပြောင်းတင်ပို့ဖို့ အကြံပြုထားတယ်လို့ ဘန်ကောက်ပို့စ်ကစက်တင်ဘာ ၂ရက်မှာဖော်ပြပါတယ်။ မြဝတီ-မဲဆောက်နယ်စပ်နဲ့ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ၂ တို့ကို သြဂုတ် ၁၈ ရက်က ပိတ်လိုက်တာကြောင့် မြန်မာနိုင်ငံကိုထိုင်းဆန်တင်ပို့မှု ထိခိုက်ခဲ့ပါတယ်။ မြန်မာနိုင်ငံ သွင်းကုန်လိုင်စင်နဲ့ ပတ်သက်ပြီး အကောင်အထည်ဖော်မှု ဖြေလျှော့နိုင်ရေးအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးနဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ကကိုယ်စားလှယ်တွေတွေ့ဆုံဆွေးနွေးခဲ့တယ်လို့နိုင်ငံခြားကုန်သွယ်မှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စအာရာဒါ ဖူတုံက ပြောပါတယ်။ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား (၂) ကို အသုံးပြုရန် စီစဉ်နေတဲ့ ထိုင်းဆန်တင်ပို့သူတွေကို မြန်မာနိုင်ငံ အာဏာပိုင်တွေက ၎င်းတို့ရဲ့ကုန်ပစ္စည်းတွေကို ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းကနေ မြန်မာနိုင်ငံကော့သောင်းထိုင်းဆိပ်ကမ်းကိုသို့မဟုတ် မယ်ဆိုင်-တာချီလိတ် နယ်စပ်ဂိတ်ကနေတဆင့် တင်ပို့ကြဖိူ့အကြံပြုထားတယ်လို့သူကက ဆိုပါတယ်။ ပို့ကုန်ဝင်ငွေနည်းဥပဒေတွေကို ပြန်လည်အကဲဖြတ်ဖို့ ထိုင်းနိုင်ငံရဲ့ အဆိုပြုချက်ကို မြန်မာကိုယ်စားလှယ်က လက်ခံခဲ့ပြီး ဒီကိစ္စကို မြန်မာအစိုးရနဲ့ ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ (more…)
Read More
လူချွန်လူကောင်းသီချင်းပြည်သူ‌‌ေတွဆိုခွင့်မရှိတော့

လူချွန်လူကောင်းသီချင်းပြည်သူ‌‌ေတွဆိုခွင့်မရှိတော့

————————————————————————— စက်တင်ဘာ ၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ လူချွန်လူကောင်းသီချင်းကို NDF ပါတီက ၊ ပါတီသီချင်းအနေနဲ့ ယူသုံးမယ်ဆိုတာကို ကိုယ်တွေကတော့ လက်မခံ နိုင်ပါဘူး။ လက်မခံနိုင်တာက၊ဒီသီချင်းက ကိုယ်တွေ ငယ်ငယ်ကထဲက ရင်ဘတ်ထဲမှာ စွဲမြဲခဲ့ပြီး အရမ်းနှစ်သက်ခဲ့ရသလို၊အဲ့ဒီအချိန်တုန်းက လူတွေ အားလုံးရဲ့ပါးစပ်ဖျားမှာ ရေပန်းအစားဆုံး သီချင်းတပုဒ်လဲဖြစ်ခဲ့တာပါ။ တကယ်တော့ ဒီသီချင်းက ဦးနု ခေတ်၊၁၉၅၂ လောက်မှာ ပြည်တော်သာ စည်မံကိန်း အတွက် သီချင်းတွေ ရေးခိုင်းပြီး၊ပြည်‌တော်သာစီမံကိန်း Trademark တခုအဖြစ်သုံးမယ်ဆိုပြီး ပြိုင်ပွဲ လုပ်ခဲ့ရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ပြီး အရွေးမခံရတဲ့ သီချင်းတပုဒ်ပါ။ ဦးနု ရဲ့ ကော်မတီက ရွေးချယ်လိုက်တဲ့သီချင်းက ဘယ်သီချင်းမှန်းတောင်မသိလိုက်၊မမှတ်မိ လိုက်ပေမဲ့၊ (လူချွန်လူကောင်းကတော့)အဲ့ဒီပြိုင်ပွဲကြောင့် ပေါ်လာတဲ့ သီချင်းဆိုတာကိုတော့ လူတိုင်းသိကြ သလို ဒီနေ့အထိ လူတိုင်းရဲ့ပါးစပ်ဖျားမှာ တည်ကျန်နေလျှက်ပါ။ ဒီလို အဓိပ္ပါယ်၊အနှစ်သာရ၊ပြည့်ပြီး၊Tune , Malody ကောင်းတဲ့ သီချင်းတပုဒ် က ပြည်သူတွေ အားလုံး ကြိုက်နှစ်သက် နေကြရင်၊ဒီသီချင်းက ပြည်သူပိုင် ပစ္စည်းပါ။သဘောက ပုဂွလိက ပိုင် ၊ အကျိုးစီးပွား တခုခု အတွက် တလွဲအသုံးပြုခွင့် မလုပ်သင့်ပါဘူး။ အဲ့လို အသုံးပြုခွင့်ပေး လိုက်ခြင်းဟာ၊ အောက်တန်းစား ဆန်ခြင်းသာဖြစ်ပါတယ်။ (more…)
Read More
ထိုင်းက H1 မှာ နိုင်ငံခြားကွန်ဒိုအပြောင်းအရွှေ့များ တရုတ်နှေးကွေးပြီး မြန်မာက ၁၁၉ ရာခိုင်နှုန်း တက်လာ

ထိုင်းက H1 မှာ နိုင်ငံခြားကွန်ဒိုအပြောင်းအရွှေ့များ တရုတ်နှေးကွေးပြီး မြန်မာက ၁၁၉ ရာခိုင်နှုန်း တက်လာ

ဩဂုတ်လ ၃၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်မှာ နိုင်ငံခြားဝယ်သူတွေဟာ ထိုင်းဘတ်ငွေ ၂၈.၇၁ ဘီလီယံတန်ဖိုးရှိ ကွန်ဒိုတိုက်ခန်းပေါင်း ၇၁၆၇ခန်းကို လွှဲပြောင်းပေးခဲ့ပြီး ၈၀% ကျော်ကို ဘန်ကောက်နဲ့ ချောင်ဘူရီတွင် စုစည်းထားတယ်လို့ အိမ်ခြံမြေသတင်းအချက်အလက်စင်တာ (REIC) က ဖော်ပြတယ်လို့ The Nation သတင်းကသြဂုတ် ၃၁ရက်ကဆိုပါတယ်။ တရုတ်နိုင်ငံဟာခေါင်းဆောင်အဖြစ် ဆက်လက်ရပ်တည်နေပေမယ်လည်း ဆုတ်ခွာသွားခဲ့တယ်လို့ဆိုပါတယ်။ ဘတ် ၆.၁၁ ဘီလီယံ (တစ်နှစ်ခွဲ စုစုပေါင်း ၈၉၉ ယူနစ်) မှာ လွှဲပြောင်းပေးခဲ့တဲ့၈၉၉ယူနစ်နဲ့ ပထမအဆင့်မှာ ရှိနေပေမယ့်လည်း အဆိုပါ ကိန်းဂဏန်းတွေဟာ လေးလပတ်မှာ နှစ်ပတ်ဆက်တိုက် ကျဆင်းသွားခဲ့ပါတယ်။ Q2/၂၀၂၅မှာ လွှဲပြောင်းမှုတွေဟာ ၂၈.၈% ကျဆင်းသွားခဲ့ပြီး တရုတ်နိုင်ငံရဲ့ ပြည်တွင်းစီးပွားရေး နှေးကွေးမှုက နိုင်ငံရပ်ခြား ရင်းနှီးမြုပ်နှံမှုအမူအကျင့်ကို တည်ဆောက်ပုံအဆင့်မှာ သက်ရောက်မှုရှိနေကြောင်း အချက်ပြနေပါတယ်။ (more…)
Read More
တရုတ်သမ္မတ ရှီကျင့်ဖျင် အာဏာသိမ်းစစ်ခေါင်းနဲ့ တွေ့ဆုံ

တရုတ်သမ္မတ ရှီကျင့်ဖျင် အာဏာသိမ်းစစ်ခေါင်းနဲ့ တွေ့ဆုံ

ဩဂုတ်လ ၃၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံ ယာယီသမ္မတ မင်းအောင်လှိုင်နဲ့ ဆိပ်ကမ်းမြို့ Tianjin မှာ သြဂုတ် ၃၀ရက်နေ့က တွေ့ဆုံခဲ့တယ်လို့ ဆင်ဟွာကဖော်ပြပါတယ်။ မင်းအောင်လှိုင်ဟာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၂၀၂၅ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေပြီး ဂျပန်ကျူးကျော်စစ်နဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး တရုတ်ပြည်သူ့စစ် အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကိုလည်းတက်ရောက်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ ဖက်ဆစ်ဝါဒကို တိုက်ဖျက်ရာမှာ အရှေ့စစ်မြေပြင်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး SCO ရဲ့ အရေးကြီးတဲ့ဆွေးနွေးဖက်အဖြစ် ရပ်တည်နေကြောင်း ရှီက မှတ်ချက်ပြုခဲ့ပါတယ်။ ရှီက နှစ်နိုင်ငံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ရန်၊ မျှဝေထားတဲ့ အနာဂတ်နဲ့အတူ အသိုက်အဝန်း တည်ဆောက်ရေးကို အရှိန်မြှင့်ရန်နဲ့ နှစ်နိုင်ငံ ပြည်သူတွေအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေရန် တောင်းဆိုခဲ့ပါတယ်။ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် ကျယ်ပြန့်တဲ့ ပြည်တွင်းနိုင်ငံရေး စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ရာမှာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံက ထောက်ခံကြောင်း ရှီက ပြောကြားခဲ့ပါတယ်။ (more…)
Read More
UWSA ဖွင့်ဟဝန်ခံလာတဲ့ တရုတ်ဖိအားနောက်က မြေပြင်အကြပ်အတည်း၊ “တရုတ်ရဲ့ဘက်လိုက် ရပ်တည်ချက်နဲ့အတူ ၁၀၂၇ စစ်ဆင်ရေးအပေါ် တက်ရောက်မှု”

UWSA ဖွင့်ဟဝန်ခံလာတဲ့ တရုတ်ဖိအားနောက်က မြေပြင်အကြပ်အတည်း၊ “တရုတ်ရဲ့ဘက်လိုက် ရပ်တည်ချက်နဲ့အတူ ၁၀၂၇ စစ်ဆင်ရေးအပေါ် တက်ရောက်မှု”

ဩဂုတ်လ ၃၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး မြန်မာ့အရေး ကျွမ်းကျင်သူ ဆွိဒင်ဝါရင့် သတင်းစာဆရာ Bertil Lintner - ဘာတေးလစ်တနား ကို "ဝ" လူငယ့်အသံက ဆက်သွယ် မေးမြန်းထားပြီး Wa News Land ကဖော်ပြတာကို ပြန်လည်ဖော်ပြပါတယ်။ "ဝ" ပြည်ဟာ တည်ငြိမ်အေးချမ်းတဲ့ ပြည်နယ်အဖြစ် ရပ်တည်ရှင်သန်လာတဲ့ နှစ်ပေါင်း (၄၀) ကာလထဲ တရုတ်ရဲ့ အပြင်းထန်ဆုံး ရှင်သန်ရေး အကြပ်အတည်း ဖိအားကို ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ပြီးခဲ့တဲ့ သြဂုတ် (၂၀) ရက်က ဗဟိုဌာနချုပ်ရှိရာ ပန်ဆန်း (ပန်ခမ်း)မှာ ပြုလုပ်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဆွေးနွေးပွဲကို ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် (၃) ဖွဲ့ဖြစ်ကြတဲ့ တအာင်းတပ်မတော် - TNLA, ကိုးကန့်တပ်မတော် - MNDAAနဲ့ ရှမ်းတပ်မတော် - SSPP တို့မှအကြီးတန်း ကိုယ်စားလှယ်တွေ အသီးသီး တက်ရောက်ခဲ့ကြပြီး "ဝ" ပြည်နယ်အနေနဲ့ ၎င်းရဲ့နိုင်ငံရေး၊ စစ်ရေးဆုံးဖြတ်ချက်တွေနဲ့အတူ လက်ရှိရင်ဆိုင်နေရတဲ့ အကြပ်အတည်းတွေထဲ အချက် (၄) ချက်ကို ဖွင့်ဟဝန်ခံခဲ့တာပါ။ (၁) "ဝ" ပြည်နယ်၏ ငြိမ်းချမ်းရေး ရပ်တည်ချက်မှာ အစအဆုံး ပြောင်းလဲမှု မရှိခဲ့ပါ။ ငြိမ်းချမ်းရေး ရပ်တည်ချက် ခေါင်းစဥ်အောက်မှာ ပြည်သူလူထုတွေ အနေနဲ့ ငြိမ်းချမ်းစွာ ရပ်တည်နေထိုင်ရေး၊ ပညာရေး၊ စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ရှေ့ရှု့ကြောင်း ပါဝင်ပါတယ်။ "ဝ" တပ်ဟာ မြန်မာပြည်အရေးနဲ့…
Read More
မြန်မာနိုင်ငံမှာ ရေကြီးရေလျှံမှုကြောင့် လူနှစ်ဦးသေဆုံးပြီး ရာနှင့်ချီပြီးအိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရ

မြန်မာနိုင်ငံမှာ ရေကြီးရေလျှံမှုကြောင့် လူနှစ်ဦးသေဆုံးပြီး ရာနှင့်ချီပြီးအိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရ

ဩဂုတ်လ ၃၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လာအို၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့မြန်မာနိုင်ငံ ရှမ်းပြည်နယ်ရှိ နေရာအနှံ့အပြားတွမှာ မရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုတွေကြောင့် အနည်းဆုံး လူနှစ်ဦးသေဆုံးပြီး တစ်ဒါဇင်ကျော် ဒဏ်ရာရရှိသလ်ု ရာနဲ့ချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ UCA News စာမျက်နှာကသြဂုတ် ၃၀ရက်မှာဖော်ပြပါတယ်။ ပင်လောင်းမြို့နယ် ဧဒင်ကျေးရွာမှာရေနစ်မြုပ်မှုကြောင့် အိမ်ခြေ ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ကက်သလစ်အသင်းတော် တာဝန်ရှိသူတစ်ဦးရဲ့ပြောကြားချက်အရ သိရပါနယ်။ ဧဒင်မှာ နေထိုင်သူ ၈၀၀ ခန့်မှာ အများစုဟာ ဖယ်ခုန်မြို့ရှိ မြင့်မြတ်သော ယေရှုဘုရားရှိခိုးကျောင်းကခရစ်ယာန်ဘုန်းကြီးရဲ့အစောင့်ရှောက်ခံကက်သလစ်ဘာဝင်တွေဖြစ်ကြပါတယ်၊" ရွာက ဘုရားရှိခိုးကျောင်းငယ်လေးမှာ ဘုန်းကြီး မရှိဘူး"လို့ရွာသားတစ်ယောက်ကဆိုပါတယ်။ ရေဘေးဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ဖယ်ခွန်မြို့ကဘရာသာ ဇင်မင်း က သေဆုံးသူ နှစ်ဦးဟာ ကက်သလစ်ဘာသာဝင်တွေဖြစ်တယ်လို့ ပြောပါတယ်။ မြေပြိုမှုကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးနဲ့အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ပြီး တစ်ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့တယ်လ်ု့ ၎င်းက အတည်ပြုပြောကြားပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်တန်းတွေဆီကရေတွေ တဟုန်ထိုး တက်လာပြီး သြဂုတ် ၂၈ ရက်က ရုတ်တရက် မြေပြိုမှု ဖြစ်ပွားခဲ့တယ်လို့၎င်းက ပြောပါတယ်။ “ကျွန်တော်တို့ ဘုရားကျောင်းအတွင်းကိုရွာသူရွာသားတွေအတွက် နေစရာပေးထားပြီး တတ်နိုင်သလောက် ချက်ပြုတ်ကျွေးမွေးဖို့ ကျန်နေသေးတဲ့ အစားအစာတွေကို မျှဝေပြီး ချက်ပြုတ်ထားပါတယ်” လို့ ဘရာသာ ဇင်မင်းက UCA News ကိုပြောပါတယ်။ ပင်လောင်းမြို့နယ်ရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတစ်ခုက စေတနာ့ဝန်ထမ်းတွေနဲ့အလှူရှင်တွေက သြဂုတ် ၂၉ ရက်က ရေဘေးသင့်ပြည်သူတွေအတွက်…
Read More
စစ်အုပ်စုနောက်လိုက်ကြံ့ဖွံ့ပါတီနဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီတို့ MOU လက်မှတ်ထိုး

စစ်အုပ်စုနောက်လိုက်ကြံ့ဖွံ့ပါတီနဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီတို့ MOU လက်မှတ်ထိုး

ဩဂုတ်လ ၃၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အာဏာလုအကြမ်းဖက်စစ်အုပ်စုရဲ့ နောက်လိုက် ကြံ့ဖွံ့ပါတီနဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီတို့ MoU လက်မှတ်ထိုးခဲ့တယ်လို့ ကြံ့ဖွံ့ဘက်က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ရက်နေ့က ကြံံ့ဖွံ့ပါတီ (USDP) နဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီ(CPP)တို့ဟာ နှစ်နိုင်ငံ ပါတီချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ် (MoU) လက်မှတ်ရေးလိုက်တယ်လို့ သိရပါတယ်။ (more…)
Read More
NLDကစန္ဒာမင်း NDFဘက်ပြောင်းပြီး စစ်အုပ်စုရဲ့ အတုယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ပြင်ဆင်

NLDကစန္ဒာမင်း NDFဘက်ပြောင်းပြီး စစ်အုပ်စုရဲ့ အတုယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ပြင်ဆင်

ဩဂုတ်လ ၂၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ NLDပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း စန္ဒာမင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)ဘက်ပြောင်းသွားပြီး အကြမ်းဖက်စစ်အုပ်စုက ကျင်းပမယ့် အတုယောင်ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်သွားမယ်လို့သိရပါတယ်။ စန္ဒာမင်းဟာ NLDပါတီက အမတ်ဟောင်းတဦးဖြစ်ပြီး မိခင်ပါတီကို တိုက်ခိုက်နေတာကြောင့်ပါတီ CECအဖွဲ့ကနေ ထုတ်ပယ်ခံထားရသူဖြစ်ပါတယ်။ လက်ရှိမှာတော့ အကြမ်းဖက်စစ်အုပ်စုက ကျင်းပမယ့်အတုယောင်ရွေးကောက်ပွဲမှာ NDFပါတီဘက်ပြောင်းပြီး ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေ အရွေးကောက်ခံမယ်လို့သိရပါတယ်။ (more…)
Read More
SCO ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် တရုတ်နိုင်ငံကိုသွားရောက်မယ်

SCO ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် တရုတ်နိုင်ငံကိုသွားရောက်မယ်

ဩဂုတ်လ ၂၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကိုသွားရောက်မှာဖြစ်တယ်လို့ နိုင်ငံပိုင်မီဒီယာကသြဂုတ် ၂၈ရက်မှာနေ့တွင် ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းကဖော်ပြပါတယ်။ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရကို ၂၀၂၁ ခုနှစ်မှာ စစ်တပ်က ဖြုတ်ချပြီးနောက်ပိုင်း မကြုံစဖူး လက်နက်ကိုင် အုံကြွမှုတွေနဲ့ ပြည်တွင်းစစ်ဖြစ်ပေါ်စေပြီး မြန်မာနိုင်ငံဟာပရမ်းပတာ ဖြစ်နေတယ်လို့လည်းဆိုပါတယ်။ မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ သြဂုတ် ၃၁ရက်နေ့မှာ စတင်မယ့် ထိပ်သီးအစည်းအဝေးကို သွားရောက်မှာဖြစ်ကြောင်း မြဝတီရုပ်သံက ဖော်ပြပါတယ်။ (more…)
Read More