သတင်း

ငလျင်လှုပ်ခတ်မှုကြောင့် Miss Tourism Myanmar အလှမယ်တစ်ဦး သေဆုံး

ငလျင်လှုပ်ခတ်မှုကြောင့် Miss Tourism Myanmar အလှမယ်တစ်ဦး သေဆုံး

ဧပြီလ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ Miss Tourism Myanmar 2018 Ms Silimee၏ ရုပ်အလောင်းကို မန္တလေးမြို့တွင်ပြိုကျခဲ့သည့်ကွန်ဒိုတိုက်ခန်း အပျက်အစီးများဆီမှဆွဲထုတ်ခဲ့ရပြီး မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃,၁၄၅ ဦးအထိ ရှိလာခဲ့ပြီး ဒဏ်ရာရသူ (၄,၆၀၀) ကျော်နှင့် ပျောက်ဆုံးနေသူ (၂၂၀) ကျော်ရှိနေပြီ ဖြစ်သည်ဟု Thaiger သတင်းက ဧပြီ ၅ရက်တွင်ဖော်ပြသည်။ အသက်ရှင်ကျန်ရစ်သူများကို အပူတပြင်းရှာဖွေရာတွင် အကြီးစားတူးဖော်ရေးကိရိယာများအသုံးပြု၍ ကယ်ဆယ်ရေးလုပ်ငန်းများကို ဒေသအများအပြားတွင် ဆက်လက်လုပ်ဆောင်လျက်ရှိပြီးကယ်ဆယ်ရေးသမားများသည် ကြီးမားသောတူးဖော်ရေးပစ္စည်းများကို အသုံးပြုကာ မမောမပန်းလုပ်ဆောင်နေကြပါသည်။ (more…)
Read More
မြေငလျင်သတင်းအမှတ်စဉ် ၇၈

မြေငလျင်သတင်းအမှတ်စဉ် ၇၈

မြေငလျင်သတင်းအမှတ်စဉ် ၇၈ ===================== နေ့စွဲ ၅-၄-၂၀၂၅ လှုပ်ခတ်သည့်အချိန် - ၁၀း၄၁း၃၀ အင်အားပမာဏ - ၃.၁ ရစ်(ခ်)တာစကေး အနက် - ၁၀ ကီလိုမီတာ ဗဟိုချက်တည်နေရာ - ပင်လောင်းမြို့၏ အနောက်တောင်ဘက် (၁၈) မိုင်ခန့် ဟု မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်သည်။ ပုံစာ-ပုံဟောင်း
Read More
နောက်ဆက်တွဲ ငလျင်ငယ်ပေါင်း ၇၇ ကြိမ်အထိလှုပ်ခတ်သွားပြီးဖြစ်

နောက်ဆက်တွဲ ငလျင်ငယ်ပေါင်း ၇၇ ကြိမ်အထိလှုပ်ခတ်သွားပြီးဖြစ်

ဧပြီလ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ပြင်ဦးလွင်မြို့ အနောက်မြောက်ဘက် ၁၂ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားပမာဏ ၃ ဒသမ ၄ ရစ်ခ်တာစကေးရှိတဲ့ ငလျင်တစ်ခု ဧပြီ ၅ ရက် မနက် ၆ နာရီခွဲဝန်းကျင်မှာ လှုပ်ခတ်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်ဟု BBC သတင်းက ဧပြီ ၅ရက်ကဖော်ပြသည်။ မတ် ၂၈ ရက် နေ့လယ်ပိုင်းမှာ အင်အား ရစ်ခ်တာစကေး ၇ ဒသမ ၇ ရှိ ပြင်းထန်တဲ့ငလျင် လှုပ်ခတ်ပြီး နောက်ပိုင်း နောက်ဆက်တွဲငလျင်တွေကို ထုတ်ပြန်ပေးနေတာ ဖြစ်ပါတယ်။ (more…)
Read More
စစ်ခေါင်းဆောင်ကို ICC ကို လွှဲပြောင်းရေး ဆန္ဒပြဖို့ စီစဉ်နေချိန် ရုန်းရင်းဆန်ခတ်ဖြစ်

စစ်ခေါင်းဆောင်ကို ICC ကို လွှဲပြောင်းရေး ဆန္ဒပြဖို့ စီစဉ်နေချိန် ရုန်းရင်းဆန်ခတ်ဖြစ်

ဧပြီလ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဆီးသင့်ကြောင်း ထိုင်းအခြေစိုက် မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားတဲ့ Bright Future အဖွဲ့က ဆန္ဒပြဖို့ ပြင်ဆင်နေချိန်မှာပဲ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ထိုင်းသတင်းတွေက ရေးသားထားပါတယ်ဟု BBC သတင်းကဆိုသည်။ (more…)
Read More
မလေးရှားနိုင်ငံခြားရေးဝန်ကြီး ငလျင်အပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခရီးစဉ်အတွက် မြန်မာနိုင်ငံသို့ ရောက်ရှိ

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ငလျင်အပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခရီးစဉ်အတွက် မြန်မာနိုင်ငံသို့ ရောက်ရှိ

ဧပြီလ ၅၊ ၂၀၂၅။ ‌ေသာင်ရင်းသတင်းလွှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Mohamad Hasan သည် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်အပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မစ်ရှင်တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံသို့ တစ်ရက်တာလာရောက်လည်ပတ်မှုစတင်ခဲ့သည်ဟု Malay Mail သတင်းကဧပြီ ၅ရက်ကဖော်ပြသည်။ မိုဟာမက်နှင့် ၎င်း၏ ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာသည့် လေယာဉ်သည် မလေးရှား တော်ဝင်လေတပ် (RMAF) လေတပ်စခန်းမှ နံနက် ၈ နာရီ ဝန်းကျင်တွင် ထွက်ခွာခဲ့ပြီး နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရောက်ရှိမည်ဟု မျှော်လင့်ရသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မစ်ရှင်ကို ထိုင်း နိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က ပူးတွဲဦးဆောင်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွင် အာဆီယံ၏ အနီးကပ်ပူးပေါင်းဆောင်ရွက်မှုကိုကိုယ်စားပြုပြီး မြန်မာနိုင်ငံပြည်သူများအတွက် ဒေသတွင်း စည်းလုံးညီညွတ်မှုနှင့် ပံ့ပိုးကူညီမှုများကို ရောင်ပြန်ဟပ်ပြသလျက်ရှိသည်ဟုသတင်းကဆိုသည်။ (more…)
Read More
ရစ်ခ်ျတာစကေး ၅.၆ အဆင့်ရှိ ငလျင် ဧပြီ ၄ရက် သောကြာနေ့တွင် မြန်မာနိုင်ငံတွင် လှုပ်ခတ်သွားခဲ့

ရစ်ခ်ျတာစကေး ၅.၆ အဆင့်ရှိ ငလျင် ဧပြီ ၄ရက် သောကြာနေ့တွင် မြန်မာနိုင်ငံတွင် လှုပ်ခတ်သွားခဲ့

ဧပြီလ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ပြင်းအား ၁.၉ မှ ၅.၆ အကြားရှိ ငလျင်အများအပြားကို (ဧပြီ ၄ ရက်) ညတွင် မြန်မာနိုင်ငံ၌ မှတ်တမ်းတင်ခဲ့ကြောင်း ထိုင်းမိုးလေဝသဌာန၏ မြေငလျင်ဌာနက သတင်းထုတ်ပြန်သည်ဟု The Nation သတင်းကဧပြီ ၅ရက်ကဖော်ပြသည်။ အနက် ၁၀ ကီလိုမီတာ၌ပြင်းအား ၅.၆ ရှိသည့် အကြီးဆုံးငလျင်သည် ည ၁၀:၂၅နာရီတွင် လှုပ်ခတ်ခဲ့ကြောင်း ဌာနခွဲက ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံတွင် မြောက်ဘက် ကိုဩဒိနိတ် ၂၁.၂၂၁ ဒီဂရီနှင့် အရှေ့ဘက် ကိုဩဒိနိတ် ၉၆.၂၉၉ ဒီဂရီ တို့တွင်ဖြစ်သည်ဟုသတင်းကဆိုသည်။ (more…)
Read More
မင်းအောင်လှိုင်ကိုဆန္ဒပြခဲ့သည့် ထိုင်းကျောင်းသားအား စွဲချက်မတင်ဘဲ ပြန်လွှတ်

မင်းအောင်လှိုင်ကိုဆန္ဒပြခဲ့သည့် ထိုင်းကျောင်းသားအား စွဲချက်မတင်ဘဲ ပြန်လွှတ်

ဧပြီလ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှန်ဂရီလာဟိုတယ်တွင်ဧပြီ၄ရက်နေ့က ကျင်းပခဲ့သည့် BIMSTEC ထိပ်သီးအစည်းအဝေး၌ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်၏ပါဝင်တက်ရောက်မှုကို ဆန့်ကျင်ကန့်ကွက်ခဲ့သည့် ထိုင်း ကျောင်းသားတဦးကို ရဲက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စွဲချက်မတင်ဘဲ ပြန်လွှတ်ပေးလိုက်သည်ဟု Thammarat တက္ကသိုလ်က လွတ်လပ်သောနိုင်ငံရေးသရော်သည့်အဖွဲ့က ဧပြီ ၄ရက်နေ့က ပြောသည်။ (more…)
Read More
ဘန်ကောက်တွင် မင်းအောင်လှိုင်အား ထိုင်းအဖွဲ့အစည်းတစ်ခုက ကန့်ကွက်ဆန္ဒပြခဲ့

ဘန်ကောက်တွင် မင်းအောင်လှိုင်အား ထိုင်းအဖွဲ့အစည်းတစ်ခုက ကန့်ကွက်ဆန္ဒပြခဲ့

ဧပြီလ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ "Moke Luang Rim Nam and Fire Lam Thung" အဖွဲ့သည် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်မှုကို ကန့်ကွက်သည့်အနေဖြင့် ဧပြီ ၄ရက်နေ့က ဘန်ကောက်မြို့ အနုပညာနှင့် ယဉ်ကျေးမှုစင်တာရှေ့တွင် ပြုလုပ်ခဲ့သည်။ (more…)
Read More
ထိုင်းစစ်တပ်ကမြန်မာသို့ ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် ဒုတိယအဖွဲ့ကိုစေလွှတ်

ထိုင်းစစ်တပ်ကမြန်မာသို့ ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် ဒုတိယအဖွဲ့ကိုစေလွှတ်

ဧပြီလ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Songwit Noonpakdee သည် ဧပြီလ ၅ ရက်နေ့ က Wing 6, Don Muang လေဆိပ်တွင် "Mandalay 82" ဟု အမည်ပေးထားသည့် စစ်ဆင်ရေး အတွက် မြန်မာနိုင်ငံတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ထိုင်း တပ်မတော် လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ပေးသည့် ဒုတိယအဖွဲ့ကို စေလွှတ်ခြင်း အခမ်းအနားကို တက်ရောက် ခဲ့သည်ဟု Khaosod သတင်းကဖော်ပြသည်။ (more…)
Read More
ဧပြီ၊ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ BIMSTEC ထိပ်သီးအစည်းအဝေး လာတက်ပြီး အရှက်ရဖွယ်ဖြစ်ရပ်တွေနဲ့ တွေ့ကြုံခဲ့ရတဲ့ အာဏာလုမင်းအောင်လှိုင်ဟာ အစည်းဝေးပြီးပြီးချင်း၊ ညပိုင်းမှာ ဘန်ကောက်ကနေ နေပြည်တော်ဆီကို ချက်ချင်းပြန်လာခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၃ရက်နေ့က အာဏာလုမင်းအောင်လှိုင်ဟာ BIMSTEC အစည်းအဝေးတက်ရောက်ဖို့ ဘန်ကောက်ကို ရောက်ရှိလာပြီး တရက်တာ အစည်းအဝေးတက်ခဲ့ကာ မနေ့ညပိုင်းက အစည်းအဝေးအပြီး ချက်ချင်း နေပြည်တော်ပြန်ပြေးလာခဲ့တာလို့သိရပါတယ်။ (more…)
Read More