သတင်း

တရုတ်နိုင်ငံသို့ပြန်အပို့ခံရသော ဝီဂါများအတွက်ထိုင်း ဒုတိယဝန်ကြီးချုပ်ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့တရုတ်နိုင်ငံသို့သွားရောက်မည်

တရုတ်နိုင်ငံသို့ပြန်အပို့ခံရသော ဝီဂါများအတွက်ထိုင်း ဒုတိယဝန်ကြီးချုပ်ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့တရုတ်နိုင်ငံသို့သွားရောက်မည်

မတ်လ ၁၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မကြာသေးမီက ထိုင်းနိုင်ငံမှ ဝီဂါ ၄၀ ကို တရုတ်နိုင်ငံသို့ နှင်ထုတ်ခြင်းသည် လူ့အခွင့်အရေးမူများကို လိုက်နာကြောင်း နားလည်သဘောပေါက်ရန်ထိုင်း အစိုးရပြောရေးဆိုခွင့်ရှိသူ Jirayu Huangsab က အခြားနိုင်ငံများအား မတမလ ၁၆ ရက် နေ့တွင် တိုက်တွန်းခဲ့သည်ဟု Khaosod သတင်းကဖော်ပြသည်။ (more…)
Read More
အမေရိကန်၏ ပြည်ဝင်ခွင့်ဗီဇာကန့်သတ်မှုအပေါ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက တုန့်ပြန်

အမေရိကန်၏ ပြည်ဝင်ခွင့်ဗီဇာကန့်သတ်မှုအပေါ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက တုန့်ပြန်

မတ်လ ၁၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဝီဂါအယောက် ၄၀ ကို ပြည်နှင်ဒဏ်ပေးမှုတွင် ပါဝင်သော ထိုင်းအရာရှိများအားအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဗီဇာကန့်သတ်ခြင်းနှင့်ပတ်သက်၍ ထိုင်းနိုင်ငံမှ အပြန်အလှန် လေးစားမှုနှင့် ဗျူဟာမြောက် အကျိုးစီးပွားကို အခြေခံ၍ ချစ်ကြည်ရင်းနှီးမှုကို တန်ဖိုးထားသည်ဟုထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနကမတ်လ ၁၅ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ (more…)
Read More
မြဝတီ နယ်ခြားစောင့်တပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းများအားဖြိုခွင်းမှု တစ်လကြာပြီးနောက် လူ ၈၀၀၀ နီးပါး ပြန်ပို့ခဲ့ဟုဆို

မြဝတီ နယ်ခြားစောင့်တပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းများအားဖြိုခွင်းမှု တစ်လကြာပြီးနောက် လူ ၈၀၀၀ နီးပါး ပြန်ပို့ခဲ့ဟုဆို

မတ်လ ၁၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ရွှေကုက္ကိုမြို့သစ်တွင် လူကုန်ကူးသူများနှင့် တရားမဝင်စီးပွားရေးလုပ်ငန်းများကို နှိမ်နင်းမှု စတင်ပြီးနောက် ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရပ်ခြားသို့ ပြန်ပို့ခံရသူ စုစုပေါင်း ၇,၉၆၈ ဦးရှိကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) က မတ်လ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ယင်းနာမည်ကြီး ကာစီနိုမြို့သည် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်တွင် တည်ရှိသည်ဟု The Nation သတင်းကဖော်ပြသည်။ (more…)
Read More
တစ်လအတွင်း စစ်အုပ်စုရဲ့ လူ့အခွင်းရေးချိုးဖောက်မှုတွေကို NUGဘက်က စာရင်းဇယားနဲ့ထုတ်ပြန်

တစ်လအတွင်း စစ်အုပ်စုရဲ့ လူ့အခွင်းရေးချိုးဖောက်မှုတွေကို NUGဘက်က စာရင်းဇယားနဲ့ထုတ်ပြန်

မတ်လ ၁၆၊၂၀၂၅။ သောင်ရင်းသတင်းလွှာ နိုင်ငံတဝှမ်းအကြမ်းဖက်စစ်အုပ်စုရဲ့ ၂၀၂၅ ဖေဖော်ဝါရီလအတွင်း လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှု စုစုပေါင်း (၆၀၄) မှုရှိခဲ့တယ်လို့ NUGအမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ (more…)
Read More
ဘန်ကောက်၊ရာမ ၂ တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်ထပ်မံပြိုကျ၊မြန်မာ ၂ ဦးအပါအဝင် ၅ ဦးသေဆုံး

ဘန်ကောက်၊ရာမ ၂ တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်ထပ်မံပြိုကျ၊မြန်မာ ၂ ဦးအပါအဝင် ၅ ဦးသေဆုံး

မတ်လ ၁၅၊၂၀၂၅။ သောင်ရင်းသတင်းလွှာ လုပ်ငန်းခွင်မ‌တော်တဆမှု မကြာခဏဖြစ်နေတဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက် ရာမ ၂ လမ်း တံတား ဆောက်လုပ်ရေးဟာ မတ် ၁၅ ရက် မနက် ၂ နာရီဝန်းကျင်မှာ ထပ်မံပြိုကျခဲ့တယ်လို့ BBC သတင်းကဖော်ပြပါတယ်။ ဒီဖြစ်စဉ်အတွင်း မြန်မာအလုပ်သမား ၂ ဦးနဲ့ ထိုင်းနိုင်ငံသား ၃ ဦး သေဆုံးပြီး ၂၉ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ထိုင်း သတင်းတွေက ဖော်ပြပါတယ်။ (more…)
Read More
အမေရိကန်၏ ဗီဇာကန့်သတ်ချက်အား ထိုင်းဒုနိုင်ငံခြားရေးဝန်ကြီးက တုန့်ပြန်

အမေရိကန်၏ ဗီဇာကန့်သတ်ချက်အား ထိုင်းဒုနိုင်ငံခြားရေးဝန်ကြီးက တုန့်ပြန်

မတ်လ ၁၅၊၂၀၂၅။ သောင်ရင်းသတင်းလွှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထိုင်း အရာရှိများအား ဗီဇာ ကန့်သတ်ချက် များကြေညာအပြီးတွင် ထိုင်း အစိုးရ က ဝီဂါလူမျိုး ၄၀ ကို တရုတ် နိုင်ငံ ကို ပြန်ပို့ သည့်ကိစ္စအားထိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီးRuss Jalichandra ကာကွယ်သည့် ပို့စ်ကို ယင်း၏ Faceboom စာမျက်နှာတွင် မတမလ ၁၅ ရက်နေ့ က တင်ခဲ့သည်ဟု Khaosod သတင်းကဖေါ်ပြသည်။ (more…)
Read More
ခရီးသွားပိတ်ပင်မှုအသစ်အတွက် မူကြမ်းစာရင်းတွင် Trump သည် မြန်မာအပါအဝင် နိုင်ငံပေါင်း ၄၃ နိုင်ငံကို ပစ်မှတ်ထားရန် အဆိုပြု

ခရီးသွားပိတ်ပင်မှုအသစ်အတွက် မူကြမ်းစာရင်းတွင် Trump သည် မြန်မာအပါအဝင် နိုင်ငံပေါင်း ၄၃ နိုင်ငံကို ပစ်မှတ်ထားရန် အဆိုပြု

မတ်လ ၁၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အမေရိကန်သို့ ခရီးသွားလာမှု တားမြစ်ချက်အသစ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် သမ္မတ Trump ၏ ပထမသက်တမ်းအတွင်း ချမှတ်ထားသော ကန့်သတ်ချက်များထက် ပိုမိုကျယ်ပြန့်မည့် နိုင်ငံပေါင်း ၄၃ နိုင်ငံမှ နိုင်ငံသားများကို ပစ်မှတ်ထားရန် Trump အစိုးရက စဉ်းစားနေကြောင်း ယင်းကိစ္စနှင့် နီးစပ်သည့် အရာရှိများထံမှ သိရသည်ဟု New York Times သတင်းက မတ်လ ၁၅ ရက်တွင်ဖော်ပြသည်။ သံတမန်ရေးရာနှင့် လုံခြုံရေးအရာရှိများက ရေးဆွဲထားသည့် အကြံပြုချက်မူကြမ်းစာရင်းတွင်ယင်း နိုင်ငံသားများအား အမေရိကန်သို့ ဝင်ရောက်ခွင့်ကို လုံးလုံးလျားလျား တားမြစ်ခံရမည့် နိုင်ငံပေါင်း ၁၁ နိုင်ငံ၏ “အနီရောင်” စာရင်းကို အကြံပြုထားသည်။ (more…)
Read More
အွန်လိုင်းလိမ်လည်မှုသံသယရှိသူ ၂,၈၇၆ ဦးကို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့

အွန်လိုင်းလိမ်လည်မှုသံသယရှိသူ ၂,၈၇၆ ဦးကို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့

မတ်လ ၁၅၊ ၂၀၂၅.။ သောင်ရင်းသတင်းလွှာ (more…)
Read More
ရန်ပုံငွေပြတ်လပ်နေချိန်တွင် မြန်မာနိုင်ငံရှိ လူတစ်သန်းကို စားနပ်ရိက္ခာအကူအညီ ဖြတ်တောက်မည်ဟု WFP က သတိပေးထား

ရန်ပုံငွေပြတ်လပ်နေချိန်တွင် မြန်မာနိုင်ငံရှိ လူတစ်သန်းကို စားနပ်ရိက္ခာအကူအညီ ဖြတ်တောက်မည်ဟု WFP က သတိပေးထား

မတ်လ ၁၅၊၂၀၂၅။ သောင်ရင်းသတင်းလွှာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မြန်မာနိုင်ငံရှိ လူပေါင်း တစ်သန်းကျော်ကို WFP ၏ အသက်ကယ်စားနပ်ရိက္ခာအကူအညီမှ ဧပြီလတွင် စတင်၍ ဖြတ်တောက်သွားမည်ဖြစ်ကြောင်း မတ်လ ၁၄ ရက်နေ့က သတိပေးထားသည်။ ပဋိပက္ခများ တိုးပွားလာခြင်း၊ နေရာရွှေ့ပြောင်းခြင်းနှင့် ဝင်ရောက်ခွင့် ကန့်သတ်ချက်များသည် စားနပ်ရိက္ခာ အထောက်အပံ့ လိုအပ်ချက်များကို သိသိသာသာ တွန်းအားပေးနေပြီ ဖြစ်သောကြောင့် အဆိုပါ ဖြတ်တောက်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ရန်ပုံငွေအသစ် ချက်ချင်းမရရှိပါကWFP သည် အသက်ငါးနှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များနှင့် မသန်စွမ်းသူများအပါအဝင် ထိခိုက်လွယ်သူ ၃၅,၀၀၀ ကိုသာ ကူညီနိုင်မည်ဖြစ်သည်ဟု ကြေညာချက်ကဆိုသည်။ (more…)
Read More
ထိုင်းနိုင်ငံတွင် ဘတ်စ်ကားတစ်စီး ဓာတ်တိုင်ကိုဝင်တိုက်မိသဖြင့် မြန်မာ ၂၀ အပါအဝင် ခရီးသည် ၃၆ဦးဒဏ်ရာရ

ထိုင်းနိုင်ငံတွင် ဘတ်စ်ကားတစ်စီး ဓာတ်တိုင်ကိုဝင်တိုက်မိသဖြင့် မြန်မာ ၂၀ အပါအဝင် ခရီးသည် ၃၆ဦးဒဏ်ရာရ

မတ်လ ၁၅၊၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ၊ နိုင်ငံခြားခရီးသည် ၃၆ ဦး တင်ဆောင်လာသည့် ခရီးသွားကားတစ်စီး မတ်လ ၁၄ ရက် နံနက် ၄ နာရီ မတိုင်မီက လျှပ်စစ်ဓာတ်တိုင်ကို တိုက်မိခဲ့ သည်ဟု Khaosod သတင်းကဖော်ပြသည်။ Khao Yoi ခရိုင်၊ Phetchaburi ခရိုင်ရှိ Pho Kaew ဆန်စက်အောက်နားအနီး Phetkasem လမ်း (ဘန်ကောက်သို့အဝင်)တွင်ကားကဓာတ်တိုင်ကိုဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး၊ ခရီးသည်အားလုံး ဒဏ်ရာရရှိခဲ့သည်။ (more…)
Read More