မြန်မာဒုက္ခသည်များ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် အကူအညီများ ရရှိနေ
ဇွန်လ ၁၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်းခရိုင်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့နေရသည့် ဒုက္ခသည်များသည် အကူအညီများ စတင်လက်ခံနေပြီဖြစ်သည်ဟု BNI သတင်းကဇွန်လ ၁၃ရက်တွင်ဖော်ပြသည်။ အိမ်ထောင်စု ၄၇၂ စုမှ မြန်မာဒုက္ခသည် ၂,၂၈၃ ဦးသည် ခိုင်ခိုင်၊ တွီဒင်နှင့် လောင်းမဆူကျေးရွာ ၃ ရွာရှိ လောင်တလိုင်းခရိုင် အတွင်းရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြပါသည်။ ၂၀၂၅ ခုနှစ် မေလ ၃၁ ရက်နေ့နှင့် ဇွန်လ ၁ ရက်နေ့များတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြစ်ကမ်းပါးများ ပြိုကျကာ စခန်းသုံးခုကို ရေလွှမ်းမိုးခဲ့သည်။ စုစုပေါင်း ရေကြီးမှုကြောင့် ဒုက္ခသည်စခန်း ၉၁ ခု မျောပါသွားခဲ့ပြီး အိမ်ထောင်စု ၁၄၁ စုမှ ဒုက္ခသည် ၇၂၉ ဦး ထိခိုက်ခဲ့ပြီး ဒုက္ခသည် စခန်း ၃ ခုရှိ အိမ်သာ ၁၁၂ လုံး ပျက်စီးကာ ဒုက္ခသည်များ အရေးပေါ် အကူအညီ လိုအပ်နေပါသည်။ (more…)