သတင်း

လူဝတ်ကြောင်နဲ့ ပလ္လင်ပေါ်တက် ယပ်တောင်ကိုင် တရားပြတဲ့အမျိုးသားတဦး အဖမ်းခံရပြန်ပြီ

လူဝတ်ကြောင်နဲ့ ပလ္လင်ပေါ်တက် ယပ်တောင်ကိုင် တရားပြတဲ့အမျိုးသားတဦး အဖမ်းခံရပြန်ပြီ

စက်တင်ဘာ ၂၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ၊ဝဲကျွန်းထိန်လယ်ရပ်ကွက်မှာ လူဝတ်ကြောင်နဲ့ ပလ္လင်ပေါ်တက် ယပ်တောင်ကိုင် တရားပြတဲ့အမျိုးသားတဦးကို သာသနာရေးနဲ့ဆိုင်တဲ့ သူတွေနဲ့ ရဲတွေပူးပေါင်းပြီး ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။ မနေ့ ညနေပိုင်းမှာ ယထာဘူတပဋိပတ္တိသာသနာ့ရိပ်သာ ဆိုပြီးဖွင့်လှစ်ကာ လူဝတ်ကြောင်းနဲ့ ပလ္လင်ပေါ်တက် ယပ်တောင်ကိုင် တရားပြနေတဲ့ ဦးရည်ချင်းဆိုသူကို လာရောက်ဖမ်းဆီးသွားတာလို့သိရပါတယ်။ (more…)
Read More
ဝါရင့်စတူရီယိုတေးသံရှင် ဗစ်တာခင်ညို ကွယ်လွန်

ဝါရင့်စတူရီယိုတေးသံရှင် ဗစ်တာခင်ညို ကွယ်လွန်

စက်တင်ဘာ ၂၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ စတီရီယိုခေတ်ဦးအဆိုတော် ဗစ်တာခင်ညို အသက် (၈၁ ) အရွယ်မှာ ကွယ်လွန်သွားပြီလို့ ညီဖြစ်သူ တေးသံရှင် တူးတူးက အသိပေးထားပါတယ်။ ဒီနေ့မနက်အစောပိုင်းမှာ ကွယ်လွန်သွားတဲ့ အဆိုတော် ဗစ်တာခင်ညိုမှာ ဇနီးနဲ့ သား၃ဦးကျန်ရစ်ခဲ့တယ်လို့သိရပါတယ်။ "ကျွန်တော့် အစ်ကိုအကြီးဆုံးဖြစ်တဲ့ တေးသံရှင် ဗစ်တာခင်ညို ကွယ်လွန်သွားပြီဖြစ်တယ်လို့ ပရိသတ်များကို ဝမ်းနည်းစွာ အသိပေးပါတယ်" လို့ညီဖြစ်သူ အဆိုတော်တူးတူးက ပရိတ်သတ်တွေကို အသိပေးထားပါတယ်။ (more…)
Read More
အကြမ်းဖက်စစ်တပ်က ပစ်လိုက်တဲ့လက်နက်ကြီး လေးကေ့ကော်ကနေ နယ်ကျော်ကာ ထိုင်းဘက်ကျကွဲ

အကြမ်းဖက်စစ်တပ်က ပစ်လိုက်တဲ့လက်နက်ကြီး လေးကေ့ကော်ကနေ နယ်ကျော်ကာ ထိုင်းဘက်ကျကွဲ

စက်တင်ဘာ ၂၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်ပြန်လည်ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တဖက်နိုင်ငံ ထိုင်းဘက်ခြမ်းကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက သောင်ရင်းသတင်းလွှာကိုပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ လေးကေ့ကော်ကို ကျော်ပြီး မဲဆောက်မြို့၊ မယ်တောင်ရပ်ကွက်အနီးရှိ သစ်တောဧရိယာအတွင်း ကျရောက် ပေါက်ကွဲခဲ့တာလို့သိရပါတယ်။ (more…)
Read More
မြန်မာနိုင်ငံမြောက်ပိုင်းကပယ်ဆောက်ချိန်ဦးဆောင်တဲ့ ရာဇ၀တ်ဂိုဏ်းဟာသတ်ဖြတ်မှု၊ တယ်လီဖုန်းလိမ်လည်မှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံမှာ တရားရင်ဆိုင်နေရ

မြန်မာနိုင်ငံမြောက်ပိုင်းကပယ်ဆောက်ချိန်ဦးဆောင်တဲ့ ရာဇ၀တ်ဂိုဏ်းဟာသတ်ဖြတ်မှု၊ တယ်လီဖုန်းလိမ်လည်မှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံမှာ တရားရင်ဆိုင်နေရ

စက်တင်ဘာ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ လိမ်လည်မှု၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာရစေမှု၊ ပြန်ပေးဆွဲမှု၊ ငွေညှစ်မှု၊ ကာစီနိုလုပ်ငန်းလည်ပတ်မှု၊ ပြည့်တန်ဆာ စည်းရုံးမှု၊ တရားမဝင် ထိန်းသိမ်းမှု၊ မူးယစ်ဆေးဝါး မှောင်ခိုထုတ်လုပ်မှုတို့ အပါအဝင် မြန်မာနိုင်ငံ မြောက်ပိုင်းမှာ လည်ပတ်နေတဲ့ရာဇ၀တ်ဂိုဏ်းကအဖွဲ့ဝင် ၂၁ ဦးကို တရုတ်နိုင်ငံ တောင်ပိုင်း တရားရုံးက တရားစွဲဆိုလိုက်တယ်လို့ ဆင်ဟွာသတင်းကဖော်ပြပါတယ်။ ရာဇ၀တ်ဂိုဏ်းနှင့် ပတ်သက်တဲ့ အဓိကတရားခံတွေကိုပထမအကြိမ် ရုံးတင်စစ်ဆေးမှုကို Guangdong ပြည်နယ်ရှိ Shenzhen Intermediate People's Court မှာ စက်တင်ဘာ ၁၉ ရက်ကနေ၂၂ ရက်အထိ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ ပယ်ဆောက်ချိန် နဲ့ သားဖြစ်သူ ပယ်ရင်ချန် ဦးဆောင်သတဲ့ဂိုဏ်းအဖွဲ့ဝင်တွေကိုကိုးကန့်ဒေသတွင် အိမ်ယာပေါင်း ၄၁ လုံး တည်ဆောက်ဖို့မြန်မာနိုင်ငံ ကိုးကန့်ဒေသမှာသူ့ရဲ့ သြဇာလွှမ်းမိုးမှုကို အခွင့်ကောင်းယူပြီး၂၀၀၉ ခုနှစ် သြဂုတ်လကစပြီး တရားမဝင်စီးပွားရေး လုပ်ကိုင်နေသူတွေကို လက်နက်ကိုင် အကာအကွယ်ပေးမှုနဲ့ရှန်ကျန်းပြည်သူ့ ရှေ့နေချုပ်က တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ (more…)
Read More
စစ်အစိုးရက လေကြောင်းစစ်ပွဲ အရှိန်မြှင့်နေချိန် မြန်မာဘော်ဒါဆောင်မှာ ကျောင်းသားတွေသေဆုံးခဲ့

စစ်အစိုးရက လေကြောင်းစစ်ပွဲ အရှိန်မြှင့်နေချိန် မြန်မာဘော်ဒါဆောင်မှာ ကျောင်းသားတွေသေဆုံးခဲ့

စက်တင်ဘာ ၁၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဒီဇင်ဘာလမှာကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲ မတိုင်မီ နယ်မြေပြန်လည် သိမ်းပိုက်ရေး လှုပ်ရှားမှုကို အရှိန်မြှင့် လုပ်ဆောင်နေချိန်မှာ မစစ်ဘေးသင့်နေတဲ့မြန်မာနိုင်ငံရဲ့အာဏာရ စစ်အစိုးရက လွန်ခဲ့တဲ့ သီတင်းပတ်က စာသင်ကျောင်းတစ်ကျောင်းကို မြန်မာစစ်တပ်က လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ကျောင်းသား ၁၉ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ပြောပါတယ်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ ဘော်ဒါဆောင်မှာ ကလေးငယ်တွေသေဆုံးပြီး ဒဏ်ရာရရှိခဲ့နယ်လို့ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ အေဂျင်စီ UNICEF ရဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ အဆိုပါ ဖြစ်စဉ်မှာသေဆုံးသူ ဘယ်လောက်ရှိတာကို ပြောကြားတာ မရှိပေမယ့်လည်း ရခိုင် ပြည်နယ်မှာ မြန်မာစစ်တပ်ကို တိုက်ခိုက်နေတဲ့ပရက္ခိုင့်တပ်မတော် က အသက် ၁၅ နှစ်ကနေ ၂၁ နှစ်ကြား လူငယ်အနည်းဆုံး ၁၉ ဦး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ မြန်မာစစ်အစိုးရက ဖြတ်တောက်ထားတာကြောင့် ကျောက်တော်မြို့ခံတွေဆီကိုရောက်ရှိဖို့ကြိုးပမ်းမှုတွေမအောင်မြင်တာနဲ့ ရခိုင်ပြည်နယ်ရှိ ဒေသအချို့မှာ အင်တာနက်နဲ့ မိုဘိုင်းလ်ဝန်ဆောင်မှုတွေကို Reuters က သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။ စစ်တပ်ပြောရေးဆိုခွင့်ရှိသူက တယ်လီဖုန်းခေါ်ဆိုမှုကို မဖြေကြားပါဘူး။ “ဒီတိုက်ခိုက်မှုဟာ ကလေးတွေနဲ့ မိသားစုတွေကို အဆုံးစွန်သော အဖိုးအခပေးဆောင်ခြင်းနဲ့ရခိုင်ပြည်နယ်မှာ ပိုမိုဆိုးရွားတဲ့ အကြမ်းဖက်မှုပုံစံကို တိုးလာစေပါတယ်” လို့ UNICEF က ပြောကြားခဲ့ပါတယ်။ (more…)
Read More
မေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံအပါအဝင် ခြောက်နိုင်ငံကို ခရီးသွားသတိပေးချက် ထုတ်ပြန်ထား

မေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံအပါအဝင် ခြောက်နိုင်ငံကို ခရီးသွားသတိပေးချက် ထုတ်ပြန်ထား

စက်တင်ဘာ ၁၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မှားယွင်းထိန်းသိမ်းမှုနဲ့ လုံခြုံရေးခြိမ်းခြောက်မှုအန္တရာယ်တွေကြောင့် အာဖဂန်နစ္စတန်၊ မြန်မာ၊ မြောက်ကိုရီးယား၊ ဗင်နီဇွဲလား၊ အီရန်နှင့် ရုရှားတို့အတွက် အဆင့် ၄ "ခရီးသွားခြင်းမပြုဖို့ သတိပေးချက် ထုတ်ပြန်ထားတယ်လို့ VPN သတင်းက စက်တင်ဘာ ၁၄ ရက်မှာဖော်ပြပါတယ်။ ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုတွေတိုးလာနေတဲ့ လှုပ်ရှားမှုကြောင့် အမေရိကန်နိုင်ငံခြားရေးဌာနကသီးခြားနိုင်ငံခြောက်ခုကိုခရီးသွားခြင်းမပြုဖို့ အမေရိကန် နိုင်ငံသားတွေကို မှားယွင်းတဲ့ ထိန်းသိမ်းမှုနဲ့အခြားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေမြင့်တက်လာနိုင်တဲ့အန္တရာယ်တွေကို ကိုးကားပြီး ပြတ်ပြတ်သားသား သတိပေးချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ မကြာသေးမီက အပ်ဒိတ်မှာအသေးစိတ်ဖော်ပြထားတဲ့ဒီအကြံပေးချက်ဟာ အမေရိကန်ခရီးသွားတွေကို နိုင်ငံရေးသြဇာလွှမ်းမိုးမှုအဖြစ် အသုံးပြုလေ့ရှိတဲ့ ဖြစ်နိုင်ချေရှိတဲ့မတရားဖမ်းဆီးခြင်းတွေကို ရင်ဆိုင်ရတဲ့ နိုင်ငံတွေကို မီးမောင်းထိုးပြထားပါတာ်။ (more…)
Read More
ရွေးကောက်ပွဲ မလုပ်မယ့် မဲဆန္ဒနယ် ၁၂၁ ခု ကို ရွေး/ကော် ကြေညာ

ရွေးကောက်ပွဲ မလုပ်မယ့် မဲဆန္ဒနယ် ၁၂၁ ခု ကို ရွေး/ကော် ကြေညာ

စက်တင်ဘာ ၁၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ စစ်ကော်မရှင် လုပ်မယ့် ရွေးကောက်ပွဲ အပိုင်း ၁ မှာ ‌ရွေးကောက်ပွဲ မလုပ်တဲ့ လွှတ်တော် ၃ ရပ်ရဲ့ မဲဆန္ဒနယ် ၁၂၁ နယ်ကို စစ်ကော်မရှင်ခန့် ရွေးကောက်ပွဲကော်မရှင်(UEC ) က စက်တင်ဘာ ၁၅ ရက် နိုင်ငံပိုင်သတင်းစာကနေ ကြေညာတယ်လို့ BBC က စက်တင်ဘာ ၁၅ ရက်မှာဖော်ပြပါတယ်။ ရွေးကောက်ပွဲ ကျင်းပဖို့ မရှိတဲ့ မဲဆန္ဒနယ်တွေထဲမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၅၆ နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံး ရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၉ နယ် နဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံး ရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၅၆ နယ်တို့ ပါဝင် ပါတယ်။ (more…)
Read More
UWSA ၊ MNDAA ၊TNLA၊ NDAA ထိန်းချုပ်မြို့နယ်ထဲ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိတဲ့ မြို့နယ် (၁၇) မြို့ကို စစ်ကောင်စီထုတ်ပြန်

UWSA ၊ MNDAA ၊TNLA၊ NDAA ထိန်းချုပ်မြို့နယ်ထဲ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိတဲ့ မြို့နယ် (၁၇) မြို့ကို စစ်ကောင်စီထုတ်ပြန်

စက်တင်ဘာ ၁၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဝပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် ( UWSA) ၊ ကိုးကန့်တပ်မတော် ( MNDAA)၊ တအာင်းတပ်မတော် ( TNLA) နဲ့ ရှမ်းရှေ့ မိုင်းလားတပ် (NDAA) စတဲ့တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေထဲ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိတော့တဲ့ မြို့နယ် (၁၇) မြို့ကို စစ်ကော်မရှင်ကမနေ့ စက်တင်ဘာလ (၁၄) ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တယ်လို့ Wa News Lsnd သတင်းက စက်တင်ဘာ ၁၅ရက်မှာဖော်ပြပါတယ်။ ၎င်းမြို့နယ် (၁၄) မြို့ထဲ ပန်ဆန်း (ပန်ခမ်း)၊ နားဖန်း၊ ဟိုပန်၊ မိုင်းမော ၊ ပန်ဝိုင် ၊နမ့်ဆန် ၊ မန်တုံ ၊ ကုန်းကြမ်း ၊ လောက်ကိုင် ၊ နမ္မတူ ၊ ကွတ်ခိုင် ၊ နမ့်ခမ်း ၊ မဘိမ်း ၊ မိုးမိတ် ၊ မိုင်းလား နဲ့ သိန္နီမြို့တို့ပါဝင်ပါတယ်။"ဝ" ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်/ ပါတီ - UWSA/ UWSP ထိန်းချုပ်နယ်မြေတွေမှာ အစိုးရ အဆက်ဆက် ဗိုလ်ချုပ်သန်းရွှေ၊ ဦးသိန်းစိန်၊ NLD လက်ထက်ကတည်းက ရွေးကောက်ပွဲ ကျင်းပဖို့ ခွင့်ပြုတောင်းဆိုချက်တွေကို "ဝ" တပ်က အကြိမ်ကြိမ်ငြင်းဆန်ခဲ့သလို "ဝ" တပ်ထိန်းချုပ်နေရာတွေဟာ ယခင်တည်းက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ ကျင်းပခွင့်မရှိတဲ့ နယ်မြေဒေသတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ…
Read More
မြန်မာပြည်သူတွေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ထိတွေ့ဆက်ဆံမှုတွေ မြှင့်တင်ဖို့အတွက် မြန်မာပြည်ကို သံရုံးဒုတိယအကြီးအကဲ ဒေါက်ဂ်ဆောန်နစ်ခ်ပြန်လည်ရောက်ရှိ

မြန်မာပြည်သူတွေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ထိတွေ့ဆက်ဆံမှုတွေ မြှင့်တင်ဖို့အတွက် မြန်မာပြည်ကို သံရုံးဒုတိယအကြီးအကဲ ဒေါက်ဂ်ဆောန်နစ်ခ်ပြန်လည်ရောက်ရှိ

စက်တင်ဘာ ၁၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာပြည်သူတွေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ထိတွေ့ဆက်ဆံမှုတွေ မြှင့်တင်ဖို့အတွက် မြန်မာပြည်ကို ပြန်လည်ရောက်ရှိလာတဲ့ သံရုံးဒုတိယအကြီးအကဲ ဒေါက်ဂ်ဆောန်နစ်ခ်ကို ကြိုဆိုပါတယ်လို့ ရန်ကုန်မြို့ရှိအမေရိကန်သံရုံးက စက်တင်ဘာ ၁၁ ရက်မှာထုတ်ပြန်ပါတယ်။ အမေရိကန်အစိုးရရဲ့ အကြီးတန်း နိုင်ငံခြားရေးဝန်ထမ်းတစ်ဦးဖြစ်သူ ဒေါက်ဂ်ဆောန်နစ်ခ်ဟာ ရန်ကုန်မြို့ အမေရိကန်သံရုံးမှာ သံရုံးရဲ့ ဒုတိယအကြီးအကဲအဖြစ် ၂၀၂၅ စက်တင်ဘာ ၁၁ ကစတင်ပြီး တာဝန်ထမ်းဆောင်နေပြီလို့လည်း ထုတ်ပြန်ချက်မှာဆက်လက်ဖော်ပြပါတယ်။ (more…)
Read More
ဒါတွေ ပြင်ဆင်ပြီးပြီလား

ဒါတွေ ပြင်ဆင်ပြီးပြီလား

ဒါတွေ ပြင်ဆင်ပြီးပြီလား ၁) ဖုန်းနံပါတ်တွေ အလွတ်ကျက်ထားပါ။ အနည်းဆုံး ဖုန်းနံပါတ် ၆လုံး ကျက်ဖို့လိုအပ်ပါတယ်။ မိမိ မိသားစု၊ အုပ်ထိန်းသူ အလုပ်အထက်လူကြီး (သို့) ယုံကြည်ရသော သူငယ်ချင်း ဖုန်းနံပါတ်များ ဖုန်းနံပါတ်တွေ ကျက်ခိုင်းတာဟာ ဖုန်းအသိမ်းခံရနိုင်ချေရှိတဲ့အတွက် အခွင့်အရေးရချိန်မှာ ဘယ်ဖုန်းနဲ့ ဖြစ်ဖြစ် SMS စာတို ပို့နိုင်ဖို့ ဖြစ်ပါတယ်။ ၂) မိမိရောက်ရှိနေရာကို စာလုံးငါးလုံးတွဲ စာတို ဖြင့် SMS ပို့ခြင်း တချို့သော ပေါ်တာဆွဲခံတဲ့ဖြစ်စဥ်တွေဟာ ဧည့်စာရင်းစစ် အကြောင်းပြချက်နဲ့မဟုတ်ပဲ တွေ့တဲ့နေရာမှာ တွေ့ရင်​တွေ့သလို အကြမ်းဖက် ဖမ်းဆီးခံရနိုင်ပါတယ်။ဧည့်စာရင်းစစ်ရင်း ပေါ်တာဆွဲတဲ့အခါ စစ်သားတွေကက မနက်ကျ ဘယ်တပ်ဘယ်နေရာကို လိုအပ်တာတွေယူပြီးလာခဲ့ပါလို့ပြောတတ်ပေမယ့် တွေ့တဲ့နေရာမှာတွေ့သလိုဖမ်းခံရတဲ့အခြေအနေအတွက် ဒီစာတိုပို့စနစ်ကို အလွတ်ကျက်ထား ၊ ကျင့်ထား သင့်ပါတယ်။ခိုး၀ှက်ပြီး ဖုန်းပြောတာ ထက် သိုသိုသိတ်သိတ်နဲ့ အလုပ်ပိုဖြစ်နိုင်လို့ပါ။မိမိ မိသားစု၊ သူငယ်ချင်းတွေကိုပါ ဒီနည်းလမ်းကိုမျှဝေထားပါ။ (more…)
Read More