သတင်း

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးအကြီးအကဲ Mr. Shogo Yoshitake ၏ သတင်းစကား

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးအကြီးအကဲ Mr. Shogo Yoshitake ၏ သတင်းစကား

ဧပြီလ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံအလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အသက်အိုးအိမ်စည်းစိမ် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရသူများအတွက် များစွာ ဝမ်းနည်းကြေကွဲရပါကြောင်း ပြောကြားလိုပါတယ်။ (more…)
Read More
WHO မှ ငလျင်ဒဏ်သင့် မြန်မာနိုင်ငံတွင် အရေးပေါ် တုံ့ပြန်မှု တိုးမြှင့်ခြင်း၊ ဆေးဝါးနှင့် ထောက်ပံ့ရေး ပစ္စည်းများ တန်ချိန် ၁၀၀ ပံ့ပိုးပေးခြင်းနှင့် အရေးပေါ် ဆေးအဖွဲ့များက ညှိနှိုင်းနေ

WHO မှ ငလျင်ဒဏ်သင့် မြန်မာနိုင်ငံတွင် အရေးပေါ် တုံ့ပြန်မှု တိုးမြှင့်ခြင်း၊ ဆေးဝါးနှင့် ထောက်ပံ့ရေး ပစ္စည်းများ တန်ချိန် ၁၀၀ ပံ့ပိုးပေးခြင်းနှင့် အရေးပေါ် ဆေးအဖွဲ့များက ညှိနှိုင်းနေ

ဧပြီလ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ငလျင်ဒဏ်ခံရသော မြန်မာနိုင်ငံအတွက် အထောက်အပံ့များ ပိုမိုအားကောင်းလာကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ယခုအချိန်အထိ ဆေးဝါးများ၊ ဆေးကိရိယာများနှင့် ရွက်ဖျင်တဲများ တန် ၁၀၀ နီးပါး ထောက်ပံ့ပေးထားပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကျန်းမာရေးအကူအညီများ လိုအပ်နေသော လူဦးရေ ၁၂.၉ သန်းနီးပါး၏ ကြီးထွားလာနေသော ကျန်းမာရေးဆိုင်ရာ အကူအညီများကို ဖြည့်ဆည်းပေးနိုင်ရန် မြေပြင်တွင် အရေးပေါ်ဆေးအဖွဲ့များ ဖြန့်ကျက် ကူညီပေးလျက်ရှိသည်ဟု မတ်လ ၄ ရက်နေ့ကသတင်းထုတ်ပြန်သည်။ WHO သည် ဒူဘိုင်းရှိ Global Logistics Hub မှ ထောက်ပံ့ရေးပစ္စည်းများ ၃၅ တန်ဖြင့်ဧပြီ ၃ရက်နေ့ညနေပိုင်းက ရန်ကုန်မြို့သို့ လေယာဉ်ဖြင့်ပေးပို့ခဲ့သည်။ အစောပိုင်းက မန္တလေး၊ နေပြည်တော်နှင့် စစ်ကိုင်းမြို့တို့အတွက် ရန်ကုန်ရှိ အရေးပေါ် သိုလှောင်ရုံများမှ ဆေးဝါးများ၊ ဆေးနှင့် ခွဲစိတ်ခန်းသုံး ကိရိယာများ နှင့် ဘက်စုံသုံး ရွက်ဖျင်တဲများ အပါအဝင် တန်ချိန် ၆၀ ခန့်ရှိ ဒဏ်ရာသေတ္တာများကို ထောက်ပံ့ပေးခဲ့သည်။ ကျန်းမာရေး မိတ်ဖက်များ သတ်မှတ်ထားသည့် လိုအပ်ချက်အရ အသက်ကယ် ထောက်ပံ့ရေး ပစ္စည်းများ ထပ်မံ ၀ယ်ယူလျက်ရှိပြီး လာမည့် သီတင်းပတ်တွင် WHO ၏ ထောက်ပံ့ပို့ဆောင်ရေး ဗဟိုဌာနမှ မြန်မာနိုင်ငံသို့ပေးပို့ရန် အဆင်သင့် ဖြစ်နေပါသည်။ (more…)
Read More
Axiata သည် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ဖြင့်ရောင်းချပြီး မြန်မာနိုင်ငံမှ ထွက်ခွာမည်

Axiata သည် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ဖြင့်ရောင်းချပြီး မြန်မာနိုင်ငံမှ ထွက်ခွာမည်

ဧပြီလ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ Axiata Group Bhd သည် ၎င်း၏လုပ်ငန်းခွဲ Edotco Investments (Labuan) Ltd မှ ၎င်း၏ အစုရှယ်ယာ ၈၇.၅ ရာခိုင်နှုန်းကို Edotco Investments Singapore Pte Ltd မှ အမေရိကန်ဒေါ်လာ သန်း ၁၅၀ (RM ၇၁၃သန်း) ဖြင့် ရောင်းချရန် အစုရှယ်ယာဝယ်ယူရေး သဘောတူညီချက် (SPA) ကို လက်မှတ်ရေးထိုးပြီးနောက် မြန်မာနိုင်ငံမှ ထွက်ခွာလာခြင်းဖြစ်သည်ဟု The Star သတင်းကမတ်လ ၄ရက်တွင်ဖော်ပြသည်။ (more…)
Read More
ငလျင်ဒဏ်သင့် မြန်မာ အာဏာလုစစ်ခေါင်းဆောင် ဘန်ကောက် ထိပ်သီးစည်းဝေးပွဲ တက်ရောက်စဉ် ဆန္ဒပြခံရ

ငလျင်ဒဏ်သင့် မြန်မာ အာဏာလုစစ်ခေါင်းဆောင် ဘန်ကောက် ထိပ်သီးစည်းဝေးပွဲ တက်ရောက်စဉ် ဆန္ဒပြခံရ

ဧပြီလ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ယခင်သီတင်းပတ်ကမြန်မာနိုင်ငံတွင် ငလျင်ကြီးတခုလှုပ်ခတ်သွားပြီးနောက် လူထောင်ပေါင်းများစွာ သေဆုံးကာ အစားအစာနှင့် အမိုးအကာများ တောင်းခံလာခဲ့ကြပြီးနောက်မင်းအောင်လှိုင်သည်ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသော ဒေသဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်စဉ် ယင်းအား လူသတ်သမားဟု ခေါ်ဆိုသည့် ဆိုင်းဘုတ်ကို ဆန္ဒပြသူများကကိုင်ဆောင်လျက်ပြခဲ့ကြသည်။ ရစ်ခ်ျတာစကေး ၇.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် လူပေါင်း ၃၀၀၀ ကျော် သေဆုံးကြောင်း အတည်ပြုထားပြီး လူသုံးသန်းအထိ တစ်နည်းနည်းဖြင့်ထိခိုက်နိုင်သည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားပြီး အများစုမှာယင်းတို့၏နေအိမ်များ ပျက်စီးပြီး အမိုးအကာမရှိပဲ ကျန်ရစ်ခဲ့ကြသည်ဟု ဆိုသည်။ နိုင်ငံအများအပြားသည် ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ထားသော်လည်း အဆိုးဆုံးဒဏ်သင့်ဒေသအချို့ရှိ မြေပြင်တွင် အသက်ရှင်ကျန်ရစ်သူများကို မြန်မာစစ်တပ်ကကူညီနေသည့်အရိပ် အယောင် အနည်းငယ်သာရှိသည်ဟု AFP သတင်းကဧပြီ ၄ရက်ကဖော်ပြသည်။ အာဏာလုစစ်အစိုးရခေါင်းဆောင် မင်းအောင်လှိုင်သည် ဘင်္ဂလားပင်လယ်အော်မှ ပညာတတ်​နိုင်ငံများမှ ခေါင်းဆောင်များနှင့် ဧပြီ၅ရက်နေ့တွင် ဘန်ကောက်မြို့ရှိ plush hotel တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ ၎င်းအား ဖိတ်ကြားရန် ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုများ ထွက်ပေါ်လာပြီး ကွင်းအပြင်ဘက်တွင် ဆန္ဒပြသူများက “လူသတ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကျနော်တို့ မကြိုဆိုပါ” ဆိုသည့်စာတန်းကို တံတားတစ်ခုတွင် ချိတ်ဆွဲထားသည်။ (more…)
Read More
ထိုင်းနိုင်ငံတွင်ရောက်နေသော အာဏာသိမ်းစစ်ခေါင်းဆောင် ကို ဖမ်းဖို့ အင်တာပို ကို အကြောင်းကြား

ထိုင်းနိုင်ငံတွင်ရောက်နေသော အာဏာသိမ်းစစ်ခေါင်းဆောင် ကို ဖမ်းဖို့ အင်တာပို ကို အကြောင်းကြား

ဧပြီလ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဧပြီလ ၄ ရက်နေ့က ထိုင်းနိုင်ငံ ကို (BIMSTEC) အစည်းအဝေးတက်ရောက်ဖို့ ရောက်နေတဲ့ မြန်မာစစ်ခေါင်းဆောင် ကို ဖမ်းဆီးပေးဖို့ မြန်မာရိုဟင်ဂျာအဖွဲ့အစည်း - ယူကေ (BROUK) က နိုင်ငံတကာရဲတပ်ဖွဲ့ (INTERPOL) ကို အကြောင်းကြားထားကြောင်း မြန်မာရိုဟင်ဂျာအဖွဲ့အစည်း - ယူကေ (BROUK) ရဲ့ဦးဆောင်သူ ဦးထွန်းခင် က သူ့ရဲ့ တွစ်တာ မှာတင်ထားပါတယ်။ (more…)
Read More
ရှားရှားပါးပါး ပြည်ပခရီးတွင် အာဏာလုစစ်ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့

ရှားရှားပါးပါး ပြည်ပခရီးတွင် အာဏာလုစစ်ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့

ဧပြီလ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာစစ်တပ် အာဏာလုစစ်ခေါင်းဆောင်ဟာ ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲအတွက် ထိုင်းနိုင်ငံသို့ ဧပြီ ၃ရက်နေ့တွင် ရောက်ရှိခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးခဲ့သည့် ငလျင်ဒဏ်မှ ပြန်လည်သက်သာလာချိန်တွင် ရှားရှားပါးပါး နိုင်ငံတကာ ခရီးစဉ်တစ်ခု ပြုလုပ်ခဲ့သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချပြီး နောက်ဆက်တွဲ ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုများကြောင့် အနောက်နိုင်ငံတော်တော်များများက ရှောင်ဖယ်ခြင်းခံခဲ့ရသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီး အတိုက်အခံများကို အကြမ်းဖက်နှိမ်နှင်းခြင်းမှ စတင်ကာ ဒေသတွင်း အဖွဲ့အစည်းတစ်ခုဖြစ်သည့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့၏ အစည်းအဝေးများတွင် ပါဝင်ခွင့် မပြုခဲ့ပေ။ ၎င်းသည် ဘင်္ဂလားပင်လယ်အော်တွင် သုံးရက်ကြာကျင်းပသည့် နိုင်ငံများ၏ ထိပ်သီးအစည်းအဝေးအတွက် ဘန်ကောက်သို့ လာရောက်လည်ပတ်သည့် ဒေသဆိုင်ရာ ခေါင်းဆောင်အများအပြားထဲမှ တစ်ဦးဖြစ်သည်။ ၂၀၂၁ ခုနှစ် အင်ဒိုနီးရှားတွင်ဒေသဆိုင်ရာအစည်းအဝေးသို့ သူတက်ရောက်ပြီးကတည်းက တရုတ်၊ ရုရှားနှင့် ရုရှား မဟာမိတ်ဘယ်လာရုဇ်က၎င်း အစိုးရ၏ အဓိကထောက်ခံသူများ မဟုတ်သော တခြားနိုင်ငံသို့ မင်းအောင်လှိုင်၏ ပထမဆုံးသော နိုင်ငံဖြစ်ခဲ့သည်။ (more…)
Read More
ကျားဖြန့်အလုပ်က ကင်ညာနိုင်ငံသားတွေကို အမှတ်၂တံတားကနေ ထိုင်းနိုင်ငံကိုလွှဲပြောင်းပေး

ကျားဖြန့်အလုပ်က ကင်ညာနိုင်ငံသားတွေကို အမှတ်၂တံတားကနေ ထိုင်းနိုင်ငံကိုလွှဲပြောင်းပေး

ဧပြီ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကရင်ပြည်နယ်၊ မြဝတီဒေသရှိ ကျားဖြန့်လုပ်ငန်းခွင်အတွင်းက ကင်ညာနိုင်ငံသားတွေကို မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတား -၂ မှတဆင့် ထိုင်းနိုင်ငံအစိုးရတာဝန်ရှိသူများထံလွှဲပြောင်းပေးအပ်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက သောင်ရင်းသတင်းလွှာကိုပြောပါတယ်။ (more…)
Read More
“နိုင်ငံတကာအသိုင်းအဝိုင်းကို ခွေးတိုးပေါက်ကနေ ဝင်ဖို့ ကြိုးပမ်းနေတဲ့ မအလကို မောင်းထုတ်ကြစို့”

“နိုင်ငံတကာအသိုင်းအဝိုင်းကို ခွေးတိုးပေါက်ကနေ ဝင်ဖို့ ကြိုးပမ်းနေတဲ့ မအလကို မောင်းထုတ်ကြစို့”

ဧပြီလ ၃၊ ၂၀၁၅။ သောင်ရင်းသတင်းလွှာ အာဏာသိမ်းခေါင်းဆောင် မအလဟာ ထိုင်းနိုင်ငံမှာ ဧပြီလ (၃) ရက်နေ့ကနေ (၅) ရက်နေ့ထိ လုပ်မယ့် ဘင်းစတက် (BIMSTEC) အစည်းအဝေးကို လူကိုယ်တိုင် တက်ဖို့ရှိမယ်လို့ သိရပါတယ်။ အခု သူ ထိုင်းကို ရောက်နေပြီလို့ သိရပါတယ်။ (more…)
Read More
ငလျင်လှုပ်ပြီးနောက်တွင် လုပ်ဆောင်ရမည့် အရေးကြီးသောအချက်အလက်များ

ငလျင်လှုပ်ပြီးနောက်တွင် လုပ်ဆောင်ရမည့် အရေးကြီးသောအချက်အလက်များ

ငလျင်လှုပ်ပြီးနောက်တွင် လုပ်ဆောင်ရမည့် အရေးကြီးသောအချက်အလက်များကို အောက်ပါ infographic များတွင် ဝင်ရောက် လေ့လာဖတ်ရှုနိုင်ပါတယ် (more…)
Read More

ဂရိတ်ဝေါဟိုတယ်အတွင်း ပိတ်မိနေသူတွေကို ကူညီရေးကန့်သတ်ထားတာကြောင့် သက်ဆိုင်ရာမိသားစုက တောင်းပန်နေ

ဧပြီ ၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မန္တလေးတိုင်း၊ မန္တလေးမြို့ပေါ် ဂရိတ်ဝေါဟိုတယ်အတွင်းပိတ်မိနေသူတွေကို ကူညီကယ်ဆယ်ရေး ဟိုတယ်ပိုင်ရှင်တွေက ကန့်သတ်နေတာကြောင့် သက်ဆိုင်ရာ မိသားစုတွေက ကယ်ဆယ်ခွင့်ပြုဖို့ လက်အုပ်ချီတောင်းပန်နေတာလို့သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၈ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးအနီး ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အထပ်မြင့်အဆောက်အဦးနဲ့ ဘာသာရေးအဆောက်အဦးတွေပါပြိုကျပျက်ဆီးခဲ့ပြီး ၈ရက်မြောက်နေ့မှာ ပိတ်မိနေတဲ့ သူတွေအတွက် ရှာဖွေကယ်ဆယ်ရေးတွေကို ဟိုတယ်ပိုင်ဆိုင်သူတွေက ကန့်သတ်နေတယ်လို့သိရပါတယ်။ #သောင်ရင်းသတင်းလွှာ #မန္တလေး #ဂရိတ်ဝေါဟိုတယ် #ငလျင်
Read More