သတင်း

ဆိုက်ဘာလိမ်လည်မှုများနှင့် ဆက်နွှယ်နေသည့် မြန်မာစစ်ခေါင်းဆောင်နှင့် ပြည်သူ့စစ်များကို အမေရိကန်ဘဏ္ဍာရေးဌာနက ပိတ်ဆို့အရေးယူ

ဆိုက်ဘာလိမ်လည်မှုများနှင့် ဆက်နွှယ်နေသည့် မြန်မာစစ်ခေါင်းဆောင်နှင့် ပြည်သူ့စစ်များကို အမေရိကန်ဘဏ္ဍာရေးဌာနက ပိတ်ဆို့အရေးယူ

မေလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အမေရိကန်ပြည်ထောင်စုကလူမှောင်ခိုကူးမှုနှင့် နယ်စပ်ဖြတ်ကျော် မှောင်ခိုကူးသန်းရောင်းဝယ်မှုများနှင့်ဆိုက်ဘာလိမ်လည်မှုများကို နှိမ်နှင်းရန်အတွက်မြန်မာနိုင်ငံမှ စစ်ဘုရင်တစ်ဦး၊ ၎င်း၏သားနှစ်ဦးနှင့် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးတို့ကို ပစ်မှတ်ထားကာ ပိတ်ဆို့အရေးယူမှုအသစ်များကိုမေလ ၅ ရက်တွင် ချမှတ်လိုက်ကြောင်း ဘဏ္ဍာရေးဌာနက ပြောသည်ဟာ CNA သတင်းကမေလ ၆ရက်တွင်ဖော်ပြသည်။ (more…)
Read More
ဝါရင့် ရခိုင်နိုင်ငံရေးသမား ဦးဦးလှစော ကွယ်လွန်

ဝါရင့် ရခိုင်နိုင်ငံရေးသမား ဦးဦးလှစော ကွယ်လွန်

မေလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကဗျာဆရာ၊ စာရေးဆရာ မောင်ခိုင်အောင် (ခေါ်) ဝါရင့်ရခိုင့်နိုင်ငံရေးသမား ဦးဦးလှစော ဟာ မေလ ၅ ရက် ညပိုင်း ၁၁ နာရီ ကျော်က ကွယ်လွန်သွားတယ်လို့ သူ့ရဲ့မိတ်ဆွေရင်းတချို့က အတည်ပြုတယ်လို့ BBC သတင်းကမေလ ၆ရက်မှာဖော်ပြပါတယ်။ (more…)
Read More
မဲဆောက်မြို့တွင် စိတ်ကျန်းမာရေးမကောင်းသူသေနတ်သမားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး

မဲဆောက်မြို့တွင် စိတ်ကျန်းမာရေးမကောင်းသူသေနတ်သမားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး

မေလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ တာ့ခ်ခရိုင် မဲဆောက်မြို့၌ မေလအ ၆ ရက်နေ့ မနက် ၈ နာရီ ၁၈ မိနစ်က အင်္ကျီမပါသည့်သေနတ်သမားတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါကြောင်းက Khaosod သတင်းကဖော်ပြသည်။ (more…)
Read More
သီရိလင်္ကာနိုင်ငံသား ၁၅ ဦးကို မေလ ၆ ရက်တွင် မြဝတီမြို့မှ ကယ်ဆယ်မည်

သီရိလင်္ကာနိုင်ငံသား ၁၅ ဦးကို မေလ ၆ ရက်တွင် မြဝတီမြို့မှ ကယ်ဆယ်မည်

မေလ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မေလ ၆ ရက်နေ့တွင် သီရိလင်္ကာနိုင်ငံသား ၁၅ ဦးကို မြန်မာနိုင်ငံမြဝတီမြို့မှကယ်ဆယ်ရန်စီစဥ်နေကြောင်းသီရိလင်္ကာနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်ဟု အစိုးရ၏တရားဝင်သတင်းဌာန News LK ကမေလ၅ရက်တွင်​ဖော်ပြသည်။ (more…)
Read More
မြန်မာ့ရွှေတူးဖော်မှုအရှိန်အဟုန်က နိုင်ငံတကာမြစ်တွေကို ဘယ်လိုခြိမ်းခြောက်နေလဲ

မြန်မာ့ရွှေတူးဖော်မှုအရှိန်အဟုန်က နိုင်ငံတကာမြစ်တွေကို ဘယ်လိုခြိမ်းခြောက်နေလဲ

မေလ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မိုင်းလင်းကျေးလက်ဒေသတွင် အသက် ၃၅ နှစ်အရွယ် လယ်သမား စိုင်းဦးသည် အဆိပ်သင့်နေသောရေကြောင့်ရေရှည်တည်တံ့ခဲ့သော၎င်း၏မိသားစု၊ လယ်ကွင်းများပျက်စီးခဲ့ရပြီးတိရစ္ဆာန်များ နှင့် ၎င်း၏နွားများ သေဆုံးခဲ့ကြရကာ ကူကယ်ရာမဲ့ ဖြစ်သွားခဲ့သည်။ "သူတို့ရေသောက်ပြီး နောက်ခြေလှမ်းအနည်းငယ်လှမ်းပြီး လဲကျသွားတယ်” ဟု ၎င်းက ပြန်ပြောပြသည်။ အဆိုပါကန်မှရေများသည် နမ့်ခမ်းမြို့နယ် လွိုင်ခမ်းမှ စီးဆင်းသည့်“ရွှေမြစ်”၊ “ရွှေတောင်တန်း” မှ ရေများဖြစ်​သလိုရွာသူရွာသားများအတွက် လွယ်ခမ်းသည် မြင့်မြတ်သည်ဟုယုံကြည်ကြသည်။ “ရွှေကို ဘယ်တုန်းကမှ မရှာဘူး” ဟု စိုင်းဦး က ပြောသည်။ “တောင်သည် ဝိညာဉ်ရေးဖြစ်သည်၊ ကျွန်ုပ်တို့၏ဘိုးဘေးများသည် ထိုနေရာတွင် နေထိုင်ကြသည်။”ထိုယုံကြည်မှုကို ပြင်ပဒေသမှလူများကအလေးမထားကြပါ။ လွယ်ခမ်းကို တရုတ်လုပ်ငန်းလေးခုအပါအဝင် သတ္တုတူးဖော်ရေးကုမ္ပဏီများကစိတ်ဝင်စားမှု တိုးလာခဲ့သည်။ မြင့်မြတ်သောတောင်သည် စည်းကြပ်မှုမရှိဘဲ ပြင်းထန်စွာသတ္ထုများ ထုတ်ယူရာ အချက်အချာနေရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ “သူတို့က ခေတ်မီနည်းပညာမရှိဘဲ အရင်ရောက်လာတဲ့အတွက် တောင်တစ်ခုလုံးကို ပေါက်ကွဲသွားတယ်” ဟု စိုင်းဦးကပြောသည်။ သူတို့သည် တောင်၏တောင်စောင်းများကို ထွင်းထုဖြတ်တောက်ဖယ်ရှားကာ ချန်ထားခဲ့သည်။ မကြာသေးမီကသာ သတ္တုကြောရှာဖွေရေးကိရိယာများကိုသုံးပြီးတူးဖော်ရန် အသုံးပြုခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။ ယနေ့တွင် ဂြိုလ်တုဓာတ်ပုံများအရ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် သတ္တုတူးဖော်သည့်နေရာ ၂၀ ကျော်ရှိပြီး အကြမ်းဖျင်းအားဖြင့် ၁၇၈၀ ဟက်တာခန့်ရှိကြောင်းသိရသည်။ ဂရုတစိုက်ကြီးကြပ်မှုအနည်းငယ်ဖြင့် သာလုပ်ဆောင်ခဲ့သဖြင့်မိုးသည်းထန်စွာရွာသွန်းနေချိန်တွင် နမ့်ခမ်းမြစ်ရေသည် မည်းမှောင်ပြီး အနံ့အသက်ဆိုးများ ထွက်ပေါ်လာကာ လယ်ကွင်းများနှင့် နေအိမ်များသည်ပုံမှန်ရေလျှံလေ့ရှိကြောင်း သက်သေအထောက်အထားများအရသိရသည်။ မဲခေါင်မျက်လုံးနှင့် Dialogue Earth မှရရှိသော ဂြိုလ်တုဓာတ်ပုံများနှင့် သက်သေစာရင်းများအရထိန်းကျောင်းမှုဆိုင်ရာ အခြေခံအဆောက်အအုံများ အားနည်းနေခြင်းကို…
Read More
ဘင်္ဂလားဒေ့ရှ်သည် မြန်မာနှင့် ကြားခံစစ်ပွဲတွင် ပါဝင်မည် မဟုတ်ကြောင်း လုံခြုံရေးအကြံပေး Khalilur က ပြော

ဘင်္ဂလားဒေ့ရှ်သည် မြန်မာနှင့် ကြားခံစစ်ပွဲတွင် ပါဝင်မည် မဟုတ်ကြောင်း လုံခြုံရေးအကြံပေး Khalilur က ပြော

မေလ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ရခိုင်ပြည်နယ်သို့ အရေးပေါ် ကယ်ဆယ်ရေး အကူအညီများ ပေးပို့ရန် လူသားချင်း စာနာထောက်ထားမှု စင်္ကြံအပေါ် အငြင်းပွားမှုများနှင့် ကန့်ကွက်မှုများကြားတွင် ဘင်္ဂလားဒေ့ရှ် အမျိုးသား လုံခြုံရေး အကြံပေး Khalilur Rahman က ဘင်္ဂလားဒေ့ရှ်သည် မြန်မာနိုင်ငံနှင့် မည်သည့် ကြားခံစစ်ပွဲတွင်မှ ပါဝင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု BD News 24 သတင်းဌာနကမေလ ၅ရက်တွင်ဖော်ပြသည်။ မေလ ၄ရက်နေ့က ဒါကာမြို့ရှိ ဘင်္ဂလားဒေ့ရှ် ကျွမ်းကျင်ပညာရှင်များ တက္ကသိုလ် (BUP) တွင် ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရေး နှီးနှောဖလှယ်ပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ ရိုဟင်ဂျာအရေးနှင့် ဦးစားပေးကိစ္စများအတွက် ကိုယ်စားလှယ်လည်းဖြစ်သည့် Khalilur က “ကျနော်တို့ကအမေရိကန်ကိုယ်စား ကြားခံစစ်ပွဲဆင်နွှဲမယ်ဆိုရင် ဘယ်သူက သားကောင်ဖြစ်မလဲ "ဟုလည်းပြောကြားသည်။ "တရုတ်က ဘာမှမပြောရင် တခြားနေရာတွေက ဘာလို့ မမှန်မကန် သတင်းတွေ တက်လာတာလဲ"ဟုလည်းသူကဆက်ပြောသည်။ ဘင်္ဂလားဒေ့ရှ်၏ အရှေ့ဘက် အိမ်နီးချင်း မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်မှ စတင်ကာ စစ်အစိုးရနှင့် သူပုန်တပ်ဖွဲ့များကြား ပြည်တွင်းစစ်ကြောင့် ပြိုကွဲနေခဲ့သည်။ (more…)
Read More
ထိုင်းနှင့်မြန်မာတို့တွင် ငလျင်များ ဆက်တိုက်လှုပ်ခတ်ခဲ့ အင်အားအပြင်းဆုံးမှာ ၄.၈ ရှိ

ထိုင်းနှင့်မြန်မာတို့တွင် ငလျင်များ ဆက်တိုက်လှုပ်ခတ်ခဲ့ အင်အားအပြင်းဆုံးမှာ ၄.၈ ရှိ

မေလ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်တို့တွင် ငလျင်များ ဆက်တိုက်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသဌာနလက်အောက်ရှိ ထိုင်းမြေငလျင်စောင့်ကြည့်ရေးဌာနမှ ၂၀၂၅ ခုနှစ် မေလ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်ဟု The Nation သတင်းကဆိုသည်။ အပြင်းထန်ဆုံးငလျင်သည် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၃၃ မိနစ်တွင် ပြင်းအား ၄ ဒသမ ၈ ရှိပြီး မြေအောက်အနက် ၁၀ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ (more…)
Read More
ရက္ခိုင့်တပ်မတော်နှင့် ထိတွေ့ဆက်ဆံမှုမှာ မရှိမဖြစ် လိုအပ်သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အကြံပေးပုဂ္ဂိုလ်ကဆို

ရက္ခိုင့်တပ်မတော်နှင့် ထိတွေ့ဆက်ဆံမှုမှာ မရှိမဖြစ် လိုအပ်သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အကြံပေးပုဂ္ဂိုလ်ကဆို

ဧပြီ ၂၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနအကြံပေးပုဂ္ဂိုလ်Touhid Hossain က မြန်မာနိုင်ငံအနောက်ဘက်နယ်စပ်ဒေသတွေကို သိမ်းပိုက်ထားတဲ့ ရက္ခိုင့်တပ်မတော်နဲ့ အဆက်အသွယ်ရှိဖို့ လိုအပ်သလို ဒါဟာသူ့ရဲ့အကျိုးစီးပွားအတွက် မလိုအပ်ဟုဆိုကြောင်း bd news 24 သတင်းကဧပြီ ၂၈ရက်ကဖော်ပြသည်။ ဧပြီ ၂၇ ရက်နေ့က နိုင်ငံခြားရေဝန်ကြီးဌာန၌သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင်“ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် အခြေအနေတွေ ပြောင်းလဲသွားပြီဆိုတာ ကျနော်တို့ တရားဝင် အသိအမှတ်ပြုပါတယ်၊ငြင်းလို့ မရပါဘူး။ မြန်မာနယ်စပ်တလျှောက်လုံးက အခု စစ်အစိုးရမဟုတ်တဲ့ အင်အားစုတွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်။ ဗဟိုအစိုးရမှာ လုပ်ပိုင်ခွင့် မရှိဘူး။”ဟုသူကဆိုသည်။"ဒါကြောင့်ကျနော်တို့ရဲ့ကိုယ်ကျိုးစီးပွားအတွက်၊ ကျနော်တို့ဟာ ဆက်သွယ်ရေးပုံစံအချို့ကို ထိန်းသိမ်းထားရမှာဖြစ်ပါတယ်။ အစိုးရမဟုတ်တဲ့အဖွဲ့တစ်ခုနဲ့တရားဝင်ဆက်သွယ်နိုင်ခြင်း မရှိသော်လည်း လုံးလုံးလျားလျား အဆက်ပြတ်နေလို့မဖြစ်နိုင်ပါဘူးလိုအပ်တဲ့ ထိတွေ့ဆက်ဆံမှု အဆင့်ကို ထိန်းထားမယ်။"ဟုသူကဆက်ပြောသည်။ မြန်မာစစ်အစိုးရနှင့် သူပုန်အဖွဲ့များကြား ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားနေပြီးနောက် ရက္ခိုင့်တပ်မတော်သည် ပြီးခဲ့သောနှစ် ဒီဇင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နှင့် ကပ်လျက်ရှိသော ရခိုင်ပြည်နယ်ကို စစ်အစိုးရ ထိန်းချုပ်မှုအောက်တွင် ကျန်ရှိနေသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းမှလွဲ၍အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သည်။ ရိုဟင်ဂျာဒုက္ခသည်များကို ၎င်းတို့၏ဇာတိရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်ရေး ကြိုးပမ်းမှုမှာ လွန်ခဲ့သည့် ခုနစ်နှစ်အတွင်း မအောင်မြင်ခဲ့ပေ။ယခင်နှစ် ဒီဇင်ဘာလတွင် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရသည် ရက္ခိုင့်တပ်မတော်နှင့် ဆက်သွယ်မှုလမ်းကြောင်းဖွင့်ထားကြောင်း ပထမဆုံးအကြိမ် ကြေညာခဲ့သည်။ ထို့အပြင် Muhammad Yunus ဦးဆောင်သော ကြားဖြတ်အစိုးရသည် စစ်ဘေးသင့်ရခိုင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလမ်းကြောင်းတစ်ခု ထူထောင်ရန် ကုလသမဂ္ဂ၏ အဆိုပြုချက်ကို သဘောတူညီခဲ့သည်။ ရက္ခိုင့်တပ်မတော်နှင့် ထိတွေ့ဆက်ဆံခြင်းသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံအား ပဋိပက္ခအတွင်းသို့ ဆွဲသွင်းစေနိုင်သည့် အန္တရာယ်ရှိမရှိ…
Read More
မြန်မာနိုင်ငံ ငလျင်ဒဏ်ကနေ ပြန်ကောင်းလာနိုင်သလား

မြန်မာနိုင်ငံ ငလျင်ဒဏ်ကနေ ပြန်ကောင်းလာနိုင်သလား

ဧပြီလ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မတ် ၂၈ ရက်က ပြင်းအား ၇.၇ရှိငလျင်ကြီး လှုပ်ခတ်ခဲ့ရာ မည်သည့်နိုင်ငံ၌မဆို ကြီးမားသော ပြဿနာများ ဖြစ်ပေါ်ခဲ့သည်။ သို့သော်လည်း ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်အစိုးရအဖြစ် တိုင်းပြည်တွင် စိုးစံနေပြီဖြစ်ပြီး မငြိမ်မသက်မှုများကြောင့် မြန်မာနိုင်ငံတွင် အဆိုပါပြဿနာများသည် ပိုမိုဆိုးရွားလာကာ စစ်တပ်သည်အာဏာကို ဆုပ်ကိုင်ထားရန် အပြင်းအထန် ကြိုးစားနေကြသော်လည်း တော်လှန်ရေးအဖွဲ့ အသီးသီးသည် စစ်တပ်၏ နှစ် ၆၀ အုပ်ချုပ်မှုကို စိန်ခေါ်ရန် စုစည်းလာကြသည်။ နိုင်ငံအများစုတွင် ငလျင်လှုပ်ပြီးနောက် တိုင်းပြည်ပြန်လည်ထူထောင်ရန် အချိန်မည်မျှကြာမည်ကို မေးစရာရှိသည်။ ဝမ်းနည်းစရာကောင်းသည်က မြန်မာပြည်ကိစ္စ၌မေးရမည့် နောက်ထပ် အခြေခံမေးခွန်းတစ်ခုရှိနေ။ မြန်မာနိုင်ငံအနေနှင့်မတ်လငလျင်ကြောင့် ပျက်စီးမှုမှပြန်ကောင်းလာနိုင်သလား။ “စစ်အစိုးရ၏ ညံ့ဖျင်းသော အရေးပေါ်တုံ့ပြန်မှုမှာ သနားညှာတာမှုကင်းမဲ့သော ဝါဒဖြန့်မှုများရှိနေသော်လည်း အချိန်ကြာမြင့်စွာ ပရမ်းပတာဖြစ်မည်ဟုပြည်သူများကို ကြောက်ရွံ့စေသည်” ဟု ဧပြီလ ၅ ရက်နေ့တွင် အစီရင်ခံခဲ့သည်။ မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးက ခြောက်ထပ်ဟိုတယ် ပြိုကျချိန်တွင်အသက် ၇နှစ်နှင့် ၂နှစ်အရွယ်ရှိ သူ့သမီး နှစ်ယောက်၊သူ့ခင်ပွန်းနှင့်အိမ်အကူနှစ်ယောက် အကြောင်း သတင်းကို စောင့်မျှော်နေသည့် ဒေါ်နှင်းအကြောင်းကိုလည်း ကြားရပါသည်။ “ရှာဖွေရေးအတွက်လုပ်ဆောင်မှုများနှောင့်နှေးမှုတွေက သူမရဲ့ ဝေဒနာကို ထပ်လောင်းတိုးစေသည်ဟုထပ်လောင်းဆိုရပါမည်။ မနှင်းသည် ဆက်သွယ်ရေး လိုင်းများ လည်ပတ်မှု မရှိသလောက်ပင် ပျက်စီးသွားသော မြို့တစ်ဝိုက်သို့ အပြေးအလွှား သွားရောက်ကာ ပစ္စည်းကိရိယာများမရှိသလေက္ငဖြစ်နေသော အဖွဲ့များအတွက် ခေါင်းစွတ်ဓာတ်မီးများနှင့် လောင်စာဆီများ ဝယ်ယူခဲ့သည်။ (more…)
Read More
ကမ္ဘောဒီးယား၊ မြန်မာနှင့် ထိုင်းတို့မှအလုပ်အကိုင်ကမ်းလှမ်းမှုများကို လက်မခံရန် အင်ဒိုနီးရှားက သတိပေးထား

ကမ္ဘောဒီးယား၊ မြန်မာနှင့် ထိုင်းတို့မှအလုပ်အကိုင်ကမ်းလှမ်းမှုများကို လက်မခံရန် အင်ဒိုနီးရှားက သတိပေးထား

ဧပြီလ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကမ္ဘောဒီးယား၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့တွင် အလုပ်အကိုင် ကမ်းလှမ်းမှုများကို လက်ခံခြင်းမပြုရန် အင်ဒိုနီးရှားအစိုးရက ၎င်း၏နိုင်ငံသားများအား ပြင်းထန်သောသတိပေးချက် ထုတ်ပြန်ထားပြီး လူကုန်ကူးမှု များပြားလာခြင်းနှင့် ရာဇ၀တ်ဂိုဏ်းများအောက်တွင် အဓမ္မလုပ်အားပေးခိုင်းစေခြင်းများ တိုးလာနေခြင်းကို ကိုးကား၍ ထုတ်ပြန်ထားသည်ဟု Jakatar Globe သတင်းကဧပြီ ၁၈ရက်တွင်ဖေါ်ပြသည် ။ ရွှေ့ပြောင်းအလုပ်သမားကာကွယ်ရေးဝန်ကြီး Abdul Kadir Karding က အထူးသဖြင့် ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေသည့် အလုပ်အကိုင်ကမ်းလှမ်းမှုများနှင့် ကြုံတွေ့ရသည့်အခါတွင် အလုပ်ရှာဖွေသူများကို အထူးသတိထားရန် တိုက်တွန်းထားသည်။ (more…)
Read More