သတင်း

ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ နိုင်ငံခြားအကူအညီတွေကို ဆိုင်းငံ့ထားဖို့ Trump ရဲ့ ဆုံးဖြတ်ချက်မှာသေစေနိုင်တဲ့ဆုံးဖြတ်ချက်ဖြစ်

ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ နိုင်ငံခြားအကူအညီတွေကို ဆိုင်းငံ့ထားဖို့ Trump ရဲ့ ဆုံးဖြတ်ချက်မှာသေစေနိုင်တဲ့ဆုံးဖြတ်ချက်ဖြစ်

ဖေဖော်ဝါရီ ၂၆၊၂၀၂၅။သောင်ရင်းသတင်းလွှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က နိုင်ငံခြားအကူအညီတွေ ဆိုင်းငံ့ထားပြီးနောက်မှာတော့ မြန်မာနိုင်ငံက အသက် ၃၀ အရွယ် ဒုက္ခသည် ဝါးကေလားဖောသည်ကျောက်ကပ်ဆေးခြင်းမရှိတော့ဘဲ နှစ်ပတ်လောက် ပဲအသက်ရှင်သန်ကျန်ရစ်နိုင်ပါတော့မည်။ “ဘယ်တော့မှ သူကမကျေမနပ်ဖြစ်မနေခဲ့ဘူး” ဟု ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းမှ အသက်နှစ်နှစ်အရွယ်သမီးဖြစ်သူ သော်ဝါးနှင့် ဇနီးမောင်နှံနေထိုင်သည့် ခင်ပွန်းဖြစ်သူ သော်က ပြောသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးMarco Rubio မှ ကအမေရိကန်ကျောထောက်နောက်ခံပြုအဖွဲ့အစည်းများမှ စောင့်ရှောက်မှုအပေါ် မှီခိုနေရသော ဝါးကေလားဖော ကဲ့သို့သော ဒုက္ခသည်များအတွက် အသက်ကယ်အကူအညီ ရက် ၉၀ ကြာဆိုင်းငံ့ခြင်းကို USAid က ကင်းလွတ်ခွင့်ရရှိမည်ဟု ကတိပြုခဲ့သော်လည်း ထရမ့် ၏ ဆုံးဖြတ်ချက်သည် ဆိုးရွားလှသည်။ (more…)
Read More
ထိုင်းဝန်ကြီးချုပ်က ထိုင်းကို သားကောင်ဖမ်းနေသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ဖယ်ရှားပစ်ရန် ကတိပြု

ထိုင်းဝန်ကြီးချုပ်က ထိုင်းကို သားကောင်ဖမ်းနေသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ဖယ်ရှားပစ်ရန် ကတိပြု

ဖေဖော်ဝါရီ ၂၆၊၂၀၂၅။ သောင်ရင်းသတင်းလွှာ ပြဿနာမပြေလည်မချင်း အိမ်နီးချင်းနိုင်ငံတွေကနေ ထိုင်းနိုင်ငံသားတွေကို လှည့်ဖြားနေတဲ့ ငွေလိမ်လည်ဂိုဏ်းတွေနှိမ်နှင်းမှုကို အစိုးရက ရပ်တန့်မှာမဟုတ်ဘူးလို့ ဝန်ကြီးချုပ် Paetongtarn Shinawatra က ဖေဖော်ဝါရီ ၂၂ ရက်ကပြောကြားကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖေဖော်ဝါရီ ၂၅ ရက်ကဖော်ပြသည်။ ဒီပြဿနာရှိနေသရွေ့တော့ ကျမတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ အဲဒါကို အလေးအနက်ထားရမယ်” ​​ဟု အပတ်စဉ် အစိုးရအဖွဲ့ အစည်းအဝေးအပြီးတွင် ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။ ​ (more…)
Read More
ထိုင်းနိုင်ငံအတွင်းသို့ မြန်မာနိုင်ငံမှ ထွက်ပြေးလာနိုင်သည့် နိုင်ငံခြားသား ၇၀၀၀ နီးပါးရှိကြောင်း ဒုဝန်ကြီးချုပ် က သတိပေးထား

ထိုင်းနိုင်ငံအတွင်းသို့ မြန်မာနိုင်ငံမှ ထွက်ပြေးလာနိုင်သည့် နိုင်ငံခြားသား ၇၀၀၀ နီးပါးရှိကြောင်း ဒုဝန်ကြီးချုပ် က သတိပေးထား

ဖေဖော်ဝါရီ ၂၅၊၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံတွင် ထိန်းသိမ်းခံထားရသော နိုင်ငံခြားသားများကို နေရပ်ပြန်ပို့ရန်ထိုင်း နိုင်ငံခြားရေး ၀န်ကြီးအား သက်ဆိုင်ရာနိုင်ငံခြားအစိုးရများနှင့် အမြန်ထိတွေ့ဆက်ဆံရန် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး Phumtham Wechayachaiကညွှန်ကြားခဲ့ကြောင်း ယင်းက ဖေဖော်ဝါရီ ၂၅ ရက်ကကြေညာခဲ့သည်ဟု The Nation သတင်းကဖော်ပြသည်။ ၎င်းသည် ဒေသတွင်း လည်ပတ်နေသော ငွေလိမ်လည်သောဂိုဏ်းများကို ဖြိုခွင်းပြီးနောက်တွင် ဖြစ်သည်။ ဖမ်းဆီးခံထားရသော နိုင်ငံခြားသားများ ပြန်လည်လက်ခံရေး အစီအစဉ်အတွက် နိုင်ငံခြားရေး ဝန်ကြီး Maris Sangiampongsa သည် ဖေဖော်ဝါရီ ၂၇ ရက်နေ့ နောက်ဆုံးထား၍ သက်ဆိုင်ရာ နိုင်ငံခြား အစိုးရများထံ ဆက်သွယ်ရမည် ဖြစ်ကြောင်း Phumtham က ပြောကြားခဲ့သည်။ (more…)
Read More
ဥပဒေပြုအမတ်ဟောင်း အပါအဝင် လူကုန်ကူးခံရသူ အင်ဒိုနီးရှားနိုင်ငံသား ၄၆ ဦးကို ပြန်လည်လွှဲပြောင်းပေးခဲ့

ဥပဒေပြုအမတ်ဟောင်း အပါအဝင် လူကုန်ကူးခံရသူ အင်ဒိုနီးရှားနိုင်ငံသား ၄၆ ဦးကို ပြန်လည်လွှဲပြောင်းပေးခဲ့

ဖေဖော်ဝါရီ ၂၁၊၂၀၂၅ သောင်ရင်းသတင်းလွှာ အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် အင်ဒရာမယုခရိုင် ဥပဒေပြုလွှတ်တော် (DPRD) ၏ အဖွဲ့ဝင်ဟောင်းတစ်ဦးသည် မြန်မာနိုင်ငံ မြဝတီမြို့တွင်အခြား ၄၅ ဦးနှင့်အတူ လူကုန်အကူးခံခဲ့ရပြီး ဖေဖော်ဝါရီ ၂၀ ရက်ကထိုင်းနိုင်ငံဘက်သို့ပြန်လည်လွှဲပြောင်းပေးခဲ့သည်ဟု ANTARA သတင်းကဖော်ပြသည်။ လူကုန်ကူးခံရသူ ၄၆ ဦးသည် ပြည်နယ် ၉ ခုမှ ဖြစ်ကြပြီး အများစုမှာ မြောက်ဆူမားတြားနှင့် အနောက်ဂျာဗားတို့မှဖြစ်ကြောင်း နိုင်ငံခြားရေးဌာန၏ ဒါရိုက်တာ Judha Nugrahaကပြောကြားခဲ့သည်။ (more…)
Read More
ထိုင်းအစိုးရက TIK TOK နှင့် facebook တို့အား အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရာတွင် ကူညီရန်တိုက်တွန်း

ထိုင်းအစိုးရက TIK TOK နှင့် facebook တို့အား အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရာတွင် ကူညီရန်တိုက်တွန်း

ဖေဖော်ဝါရီ ၂၁၊၂၀၂၅။သောင်ရင်းသတင်းလွှာ ထိုင်းအစိုးရက Facebook နှင့် TikTok အပါအဝင် လူမှုမီဒီယာပလက်ဖောင်းအများအပြားမှ ကိုယ်စားလှယ်များကို အွန်လိုင်းလိမ်လည်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် နည်းလမ်းများကို ဆွေးနွေးရန် ဖိတ်ကြားထားသည်ဟု ဘန်ကောက်ပို့စ်ကဖော်ပြသည်။ ဆက်သွယ်ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းဆိုင်ရာ အောက်လွှတ်တော်ကော်မတီ ဥက္ကဌ Siam Hathasongkorh က Facebook နှင့် TikTok တွင် အွန်လိုင်းလိမ်လည်ခံရသူ သားကောင်အရေအတွက် တိုးလာနေသောကြောင့် ဖေဖော်ဝါရီ ၂၀ ရက်နေ့က အစည်းအဝေးခေါ်ယူခဲ့ကြောင်း သိရသည်။ (more…)
Read More
မြန်မာမှ ကယ်ဆယ်ခဲ့သည့် အွန်လိုင်းငွေလိမ်ဂိုဏ်းအလုပ်သမား ၁,၀၀၀ ကျော်ကို ထိုင်းနိုင်ငံမှတရုတ်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့

မြန်မာမှ ကယ်ဆယ်ခဲ့သည့် အွန်လိုင်းငွေလိမ်ဂိုဏ်းအလုပ်သမား ၁,၀၀၀ ကျော်ကို ထိုင်းနိုင်ငံမှတရုတ်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့

ဖေဖော်ဝါရီ ၂၁၊၂၀၂၅။ သောင်ရင်းသတင်းလွှာ ဘန်ကောက် (AP) - မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ အွန်လိုင်းလိမ်လည်မှု စင်တာများတွင် အလုပ်လုပ်နေသော ကယ်ဆယ်ခြင်းခံထားရသည့်တရုတ်နိုင်ငံသား ၁,၀၀၀ ကျော်ကို ထိုင်း-မြန်မာနယ်စပ်ကိုဖြတ်ကျော်ပြီးနောက် မဲဆောက်မြို့လေဆိပ်မှစင်းလုံးငှါးလေယာဉ်တစ်စီးဖြင့် တရုတ်နိုင်ငံသို့ ဖေဖော်ဝါရီ ၂၀ ရက်က စတင်ပို့ဆောင်ခဲ့သည်ဟု Khaosod သတင်းကဖော်ပြသည်။ (more…)
Read More
လိမ်လည်မှု၊ မူးယစ်ဆေးဝါးမှု၊ ငွေညှစ်မှု၊ လူသတ်မှုတို့ဖြင့် စွပ်စွဲခံထားရသော မြန်မာဂိုဏ်းကို တရုတ်တရားရုံးက စတင်စစ်ဆေး

လိမ်လည်မှု၊ မူးယစ်ဆေးဝါးမှု၊ ငွေညှစ်မှု၊ လူသတ်မှုတို့ဖြင့် စွပ်စွဲခံထားရသော မြန်မာဂိုဏ်းကို တရုတ်တရားရုံးက စတင်စစ်ဆေး

ဖေဖော်ဝါရီ ၂၀၊၂၀၂၅။ သောင်ရင်းသတင်းလွှာ လိမ်လည်မှု၊ မူးယစ်ဆေးဝါးမှု၊ ငွေညှစ်မှု၊ လူသတ်မှုတို့ဖြင့် စွပ်စွဲခံထားရသော မြန်မာဂိုဏ်းကို တရုတ်တရားရုံးက စစ်ဆေးမည်ဖြစ်သည်။ အဆိုပါအဖွဲ့မှ အဖွဲ့ဝင် ၂၃ ဦးသည် တရုတ်နိုင်ငံသား ၁၄ ဦး သေဆုံးစေသည့် အမှုတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရသည်ဟု South China Morning Post ကဖေဖော်ဝါရီ ၂၀ ရက်ကဖော်ပြသည်။ (more…)
Read More
ထိုင်းနိုင်ငံ ကန်နချာဘူရီခရိုင်တွင် ပေါ်ပေါက်လာသော ရှုပ်ထွေးလှသည့် လူမှောင်ခို ကွန်ရက်

ထိုင်းနိုင်ငံ ကန်နချာဘူရီခရိုင်တွင် ပေါ်ပေါက်လာသော ရှုပ်ထွေးလှသည့် လူမှောင်ခို ကွန်ရက်

ဖေဖော်ဝါရီ ၂၀၊၂၀၂၅။ သောင်ရင်းသတင်းလွှာ ကန်ချနပူရီခရိုင် ဆန်ခလာဘူရီမြို့နယ် Vajiralongkorn မြစ်ရေပြင်အလယ်ရှိ ကျွန်းတစ်ကျွန်းပေါ်တွင် ပုန်းအောင်းနေသည့် မြန်မာနိုင်ငံသား အများစုဖြစ်သည့် အမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ၁၁၆ ဦးကို ဖမ်းဆီးခဲ့သည်ဟုKhaosot သတင်းဌာနက ဖေဖော်ဝါရီ ၂၀ ရက်ကဖေါ်ပြသည်။ ၎င်းတို့ထဲမှ အများအပြားသည် ထိုင်း သို့မဟုတ် မလေးရှားနိုင်ငံအတွင်းပိုင်း ပြည်နယ်များတွင် အလုပ်ရှာရန် မျှော်လင့်ချက်ဖြင့် လူတစ်ဦးလျှင် ဘတ် ၁၈,၀၀၀ မှ ၂၀,၀၀၀ ကြားခံပွဲစားများထံ ပေးဆောင်ခဲ့ကြောင်း ၀န်ခံခဲ့သည်။ (more…)
Read More
၂၀၂၅ တွင် မုန်တိုင်း တိမ်တိုက်များ စုစည်းရာ အာဆီယံ

၂၀၂၅ တွင် မုန်တိုင်း တိမ်တိုက်များ စုစည်းရာ အာဆီယံ

ဖေဖော်ဝါရီ ၂၀၊၂၀၂၅။ သောင်ရင်းသတင်းလွှာ အာဆီယံသည် ၂၀၂၅ ခုနှစ်တွင် ကြုံတွေ့ရမည့်အဓိကစိန်ခေါ်မှုသုံးရပ်မှာမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ ယိုယွင်းလာခြင်း၊ တောင်တရုတ်ပင်လယ်အငြင်းပွားမှုများ တိုးမြင့်လာခြင်းနှင့် အမေရိကန်-တရုတ် ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းတို့ဖြစ်သည်။ မလေးရှားနိုင်ငံ၏ ခေါင်းဆောင်မှုတွင် ဖျန်ဖြေရေးနှင့် စီးပွားရေးမိတ်ဖက်သစ်များ အတွက် အခွင့်အလမ်းများ ပေးစွမ်းသော်လည်း ဒေသတွင်း တင်းမာမှုများနှင့် ကြီးမားသော ပါဝါပြိုင်ဆိုင်မှု ပေါင်းစပ်မှုသည် အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့် ထိရောက်မှုကို စမ်းသပ်မည်ဖြစ်သည်။ပြင်ပဖိအားများ တိုးမြင့်လာသော်လည်း မျှဝေခံစားခွင့်များကို အတွက် အဖွဲ့ဝင်နိုင်ငံများ၏ စည်းလုံးမှုအပေါ်တွင် မူတည်ပါသည်။ (more…)
Read More
ထိုင်းက စောချစ်သူကို ဖမ်းဝရမ်း မထုတ်နိုင်သေး

ထိုင်းက စောချစ်သူကို ဖမ်းဝရမ်း မထုတ်နိုင်သေး

ဖေဖော်ဝါရီ ၂၀၊၂၀၂၅။ သောင်ရင်းသတင်းလွှာ နယ်စပ်ဖြတ်ကျော်တရားမ၀င်စီးပွားရေးလုပ်ငန်းများနှင့် ဆက်နွှယ်နေသည့် မြန်မာ့ BGF ခေါင်းဆောင် စောချစ်သူအား ဖမ်းဝရမ်းထုတ်ရန် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) မှ တာဝန်ရှိသူများနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး အမှတ်(၁ )ရုံးမှ ရှေ့နေများ ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင်တွေ့ဆုံဆွေးနွေးပြီးနောက်ဆုံးဖြတ်ချက်မချနိုင်ခဲ့ဟု The Nation သတင်းက ဖေော်ဝါရီ ၂၁ ရက်ကဖော်ပြသည်။ (more…)
Read More