သတင်း

အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအခြေအနေ

အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအခြေအနေ

အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းအခြေအနေ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၁:၀၀ နာရီအချိန် ထုတ်ပြန်ချက် ဩဂုတ်လ ၁၈၊ ၂၀၂၅ သောင်ရင်းသတင်းလွှာ “ယနေ့မြန်မာစံတော်ချိန် ၀၉:၃၀ နာရီအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ ယင်းနဲဆက်စပ်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်နဲ့ ဩရိဿပြည်နယ်တောင်ပိုင်း ကမ်းခြေ)တို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း (Low Pressure Area)ဟာပိုမို အားကောင်းလာခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက် ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်း- ဩရိဿပြည်နယ်တောင်ပိုင်း)ကမ်းခြေတို့မှာအားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)အဖြစ်ကို ရောက်ရှိခဲ့ပါတယ်။ (more…)
Read More
မလေးရှားနိုင်ငံထဲကိုတရားမဝင် ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၀ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံထဲကိုတရားမဝင် ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၀ ဦး ဖမ်းဆီးခံရ

ဩဂုတ်လ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မလေးရှားနိုင်ငံထဲက်ု တရားမဝင် ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးကို မလေးရှား စစ်တပ်က ဖမ်းဆီးထားတယ်လို့ The Sun သတင်းကသြဂုတ် ၁၈ရက်မှာဖော်ပြပါတယ်။ အမျိုးသားလေးဦးနဲ့အမျိုးသမီးခြောက်ဦးပါဝင်တဲ့အဆိုပါအဖွဲ့ဟာ အသက် ၁၉ နှစ်ကနေ ၃၅ နှစ်ကြားရှိသူတွေဖြစ်ကြပါတယ်။ ဖမ်းဆီးစဉ်အတွင်း ၎င်းတို့အထဲက အချို့မှာ မြန်မာနိုင်ငံသား မှတ်ပုံတင်စာရွက်စာတမ်းတွေနဲ့ နိုင်ငံကူးလက်မှတ်တွေကိုင်ဆောင်ထားတာကို တွေ့ရှိခဲ့ပါတယ်။ (more…)
Read More
အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မယ့်ကိစ္စနဲ့ FMR ဖျက်သိမ်းရေးအတွက် မဏိပူရ အုပ်ချုပ်ရေးမှူး နာဂကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံ

အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မယ့်ကိစ္စနဲ့ FMR ဖျက်သိမ်းရေးအတွက် မဏိပူရ အုပ်ချုပ်ရေးမှူး နာဂကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံ

ဩဂုတ်လ ၁၈၊ ၂၀၂၅ ။သောင်ရင်းသတင်းလွှာ United Naga Council (UNC)နာဂ ကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အုပ်ချုပ်ရေးမှူး Ajay Kumar Bhalla နဲ့ သြဂုတ်၁၆ရက်နေ့က Raj Bhavan မှာတွေ့ဆုံခဲ့ပြီး အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးခတ်ခြင်းနဲ့ Free Movement Regime (FMR)(နှစ်နိုင်ငံကလူတွေပြည်ဝင်ခွင့်မလိုဘဲသတ်မှတ်ထားတဲ့အတိုင်းအတာအထိလွတ်လပ်စွာဝင်ထွက်သွားလာခွင့်) ဖျက်သိမ်းရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ The Indian Express သတင်းက သြဂုတ် ၁၇ရက်မှာဖော်ပြပါတယ်။ မဏိပူရပြည်နယ်ရှိ နာဂဝတ်စုံလူမျိုးစုတွေရဲ့အထွတ်အထိပ်ဖြစ်တဲ့UNC က နယ်စပ်ခြံစည်းရိုးခတ်ခြင်း နဲ့ FMR ကို ဖျက်သိမ်းခြင်းတို့ကို ဆန့်ကျင်နေပါတယ်။ “ဒါတွေက နယ်စပ်က ပိုင်းခြားထားတဲ့ အသိုက်အဝန်းကို တနည်းတဖုံ ထိခိုက်လိမ့်မယ်” လို့ ပြောပါတယ်။ UNC ဥက္ကဋ္ဌ Ng Lorho ဦးဆောင်တဲ့အဖွဲ့ဝင် ၁၀ ဦးပါ ကိုယ်စားလှယ်အဖွဲ့ဟာ နယ်စပ်ခြံစည်းရိုးခတ်ခြင်းနဲ့FMR ဖျက်သိမ်းခြင်းဆိုင်ရာကိစ္စတွေအပေါ်၎င်းတို့ရဲ့အမြင်တွေနဲ့ စိုးရိမ်ပူပန်မှုတွေကို ရှင်းပြခဲ့ပြီး အဆိုပါပြဿနာတွေကို ဗဟိုအစိုးရဆီကိုတောင်းဆိုဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူးကိုတောင်းဆိုခဲ့တယ်လို့ Raj Bhavan မှာ ထုတ်ပြန်ခဲ့ပါတယ်။ (more…)
Read More
ထိုင်းနိုင်ငံအရှေ့မြောက်ဘက်မှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတိပေးထား

ထိုင်းနိုင်ငံအရှေ့မြောက်ဘက်မှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတိပေးထား

ဩဂုတ်လ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံတစ်ဝှမ်း မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့မိုးလေဝသဌာနကသြဂုတ် ၁၈ ရက်နေ့ က ခန့်မှန်းထားပြီး မုတ်သုံလေကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့၇၀ ရာခိုင်နှုန်းခန့် မိုးရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားတယ်လို့ The Nation သတင်းကဖော်ပြပါတယ်။ ၂၄ နာရီအတွက်ခန့်မှန်းချက်မှာ မိုးရွာသွန်းမှုအနည်းငယ်လျော့သွားပေမယ့်လည်း မြောက်ပိုင်း၊ အရှေ့မြောက်နှင့် အရှေ့ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာရွာနိုင်တယ်လို့အဆိုပါဌာနက ထုတ်ပြန်ထားပါတယ်။ မယ်ဟောင်ဆောင်၊ ဘူးကန်၊ စကုံနခွန်၊ နခွန်နွမ်၊ မုဒဟန်၊ ချန်သဘူရီနဲ့ထရတ်တို့မှည နေထိုင်သူတွေအထူးသဖြင့် တောင်ခြေ၊ ရေလမ်းအနီးနဲ့မြေနိမ့်ပိုင်းဒေသတွေမှာလျှပ်တပြက် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနိုင်ခြေရှိလို့ရှောင်ရှားကြဖို့ တိုက်တွန်းထားပါတယ်။ လက်ရှိရာသီဥတုပုံစံက တောင်တရုတ်ပင်လယ်ပြင်အထက်ပိုင်းရှိ လေဖိအားနည်းရပ်ဝန်းတစ်ခုအဖြစ် မြောက်ဘက်နဲ့ အရှေ့မြောက်ဘက်ကိုဖြတ်သန်းပြီး မုတ်သုံလေအား လွှမ်းမိုးနေပါတယ်။ အဆိုပါအတောအတွင်း အနောက်တောင်မုတ်သုံလေဟာ အနည်းငယ်အားလျော့နေပေမယ့်လည်း ကပ္ပလီပင်လယ်ပြင်နဲ့ ထိုင်းပင်လယ်ကွေ့တို့မှာမိုးဆက်လက်ရွာသွန်းနေပါတယ်။ (more…)
Read More
မိုးကုတ်မြို့ကို စစ်တပ်ကလေကြောင်းကနေထပ်ပြီးတိုက်ခိုက်မှုကြောင့် အနည်းဆုံး၂၁ ဦး သေဆုံးခဲ့

မိုးကုတ်မြို့ကို စစ်တပ်ကလေကြောင်းကနေထပ်ပြီးတိုက်ခိုက်မှုကြောင့် အနည်းဆုံး၂၁ ဦး သေဆုံးခဲ့

ဩဂုတ်လ ၁၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံရဲ့ အမြတ်အစွန်းများတဲ့ကျောက်မျက်တူးဖော်ရေး လုပ်ငန်းဗဟိုဖြစ်တဲ့မိုးကုတ်မြို့မှာမြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၊ လက်နက်ကိုင် အတိုက်အခံအဖွဲ့၊ ဒေသခံပြည်သူတွေနဲ့ မြန်မာအွန်လိုင်းမီဒီယာကလူတစ်ဦးအပါအဝင် အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့တယ်လို့ AP သတင်းကသြဂုတ် ၁၆ရက်ကဖော်ပြပါတယ်။ ဒါဟာ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေတဲ့ပြည်တွင်းစစ်အတွင်း တော်လှန်ရေးအဖွဲ့တွေဆီကနေ နယ်မြေပြန်လည်ရယူဖို့ကြိုးပမ်းမှုမှာအရပ်သားတွေသေကျေပျက်စီးစေတဲ့မကြာခဏ လေကြောင်းကနေတိုက်ခိုက်မှုတွေဆက်တိုက်ဖြစ်ပွားခဲ့တဲ့ နောက်ဆုံးဖြစ်ရပ်ဖြစ်ပါတယ်။ တိုက်ခိုက်မှုဟာ သြဂုတ်လ ၁၄ရက်နေ့ ည ၈း၃၀ နာရီမှာ ဖြစ်ပွားခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမြို့ရဲ့အရှေ့မြောက်ဘက် ၁၁၅ ကီလိုမီတာ (မိုင် ၇၀) ခန့်အကွာ မိုးကုတ်မြို့နယ် ရွှေကူရပ်ကွက်မှာ ဖြစ်ပွားခဲ့တာလို့တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်ကပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။ TNLA ဟာ တရုတ်နယ်စပ်အနီးမှာစစ်တပ်ကို တိုက်ခိုက်နေတဲ့ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထဲကတစ်ခုဖြစ်ပါတယ်။ (more…)
Read More
မတ်လကပြိုကျခဲ့တဲ့ မန္တလေး Sky Villa ကွန်ဒိုမှာ ရုပ်အလောင်းငါးလောင်း သြဂုတ်လမှာထပ်မံတွေ့ရှိ

မတ်လကပြိုကျခဲ့တဲ့ မန္တလေး Sky Villa ကွန်ဒိုမှာ ရုပ်အလောင်းငါးလောင်း သြဂုတ်လမှာထပ်မံတွေ့ရှိ

ဩဂုတ်လ ၁၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒိုမှာ အလောင်းငါးလောင်း ထပ်မံတွေ့ရှိခဲ့ပြီး နှစ်ရက်အတွင်း အလောင်းငါးလောင်း ထပ်မံတွေ့ရှိခဲ့တာဖြစ်တယ်လို့မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန (MFSD) ကသတင်းထုတ်ပြန်တယ်လို့ The Nation သတင်းကသြဂုတ် ၁၇ရက်နေ့မှာဖော်ပြပါတယ်။ Sky Villa ကွန်ဒိုရဲ့အပျက်အစီးတွေကို အေးရှားဝေါလ် ကုမ္ပဏီနဲ့ စည်ပင်သာယာရေး ကော်မတီတို့က ရှင်းလင်းနေပြီး ဩဂုတ် ၁၃ ရက်ကတည်းက ရုပ်အလောင်းတွေကို ထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အမျိုးသားတစ်ဦးရဲ့အလောင်းကိုသြဂုတ် ၁၃ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်မှာ အခန်းအမှတ် E3၊ တတိယထပ် အဆောက်အအုံ A မှာ တွေ့ရှိခဲ့ပြီး အလောင်းကို နံနက် ၁၀ နာရီ ၅၀ မိနစ်မှာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကိုအရေးပေါ်လူနာတင်ယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ MFSD က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒိနေ့နေ့ညနေပိုင်းမှာပဲအခန်းအမှတ် E3၊တတိယထပ်၊အဆောက်အအုံ A မှာအမျိုးသမီးတစ်ဦးရဲ့ အလောင်းကိုတွေ့ရှိခဲ့ပါတယ်။ (more…)
Read More
တရားမဝင် ဘားမှာ မြန်မာနိုင်ငံသား ၄၁ ဦး မူးယစ်ဆေးဝါးသုံးစွဲကြောင်းစစ်ဆေးတွေ့ရှိ

တရားမဝင် ဘားမှာ မြန်မာနိုင်ငံသား ၄၁ ဦး မူးယစ်ဆေးဝါးသုံးစွဲကြောင်းစစ်ဆေးတွေ့ရှိ

ဩဂုတ်လ ၁၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က တရားမဝင် ကာရာအိုကေဘားကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာမှာ မွေးနေ့ပါတီအတွက် စုဝေးကြတဲ့ မြန်မာနိုင်ငံသား လေးဆယ့်တစ်ယောက်မှာ မူးယစ်ဆေးဝါး သုံးစွဲကြောင်းစစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းက သြဂုတ် ၁၆ရက်မှာဖော်ပြပါတယ်။ Wang Thonglang ရဲတပ်ဖွဲ့က သြဂုတ် ၁၅ရက် ညမှာ Srivara လမ်းရှိ Town in Town ဟိုတယ်ဘေးရှိ လမ်းကြားမှာရှိတဲ့အမည်မဲ့ဘားကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ကျင်းပတဲ့နေရာဟာ တစ်ထပ်စီးပွားရေးလုပ်ငန်းသုံးအဆောက်အအုံဖြစ်ပြီး ကာရာအိုကေခန်းသုံးခန်းပါပါတယ်။ (more…)
Read More
ဟိုပန်မြို့ခရိုင်မှူး တာ့ညီလင်းကို အသက်မပြည့်တဲ့ကလေးငယ်အပါ၊ အမျိုးသမီး (၄) ဦးအား မုဒိမ်းကျင့် စော်ကားမှုနဲ့ UWSA မှရာထူးဆိုင်းငံ့လိုက်ပြီး လျော်ကြေးငွေယွမ် (၃) သိန်းနဲ့ထောင်ဒဏ် (၁၀)နှစ်ချမှတ်  – ကြံရာပါ ခရိုင်ရုံးအုပ်၊ ဒုတိယရုံးအုပ်နဲ့ ယဥ်ကျေးမှု အသင်းခေါင်းဆောင် အသီးသီးတို့ကိုလည်း လက်ရှိရားထူးတွေ လျော့ချလိုက်ပြီး သုံးလစီ အနားပေးထား

ဟိုပန်မြို့ခရိုင်မှူး တာ့ညီလင်းကို အသက်မပြည့်တဲ့ကလေးငယ်အပါ၊ အမျိုးသမီး (၄) ဦးအား မုဒိမ်းကျင့် စော်ကားမှုနဲ့ UWSA မှရာထူးဆိုင်းငံ့လိုက်ပြီး လျော်ကြေးငွေယွမ် (၃) သိန်းနဲ့ထောင်ဒဏ် (၁၀)နှစ်ချမှတ် – ကြံရာပါ ခရိုင်ရုံးအုပ်၊ ဒုတိယရုံးအုပ်နဲ့ ယဥ်ကျေးမှု အသင်းခေါင်းဆောင် အသီးသီးတို့ကိုလည်း လက်ရှိရားထူးတွေ လျော့ချလိုက်ပြီး သုံးလစီ အနားပေးထား

- ကြံရာပါ ခရိုင်ရုံးအုပ်၊ ဒုတိယရုံးအုပ်နဲ့ ယဥ်ကျေးမှု အသင်းခေါင်းဆောင် အသီးသီးတို့ကိုလည်း လက်ရှိရားထူးတွေ လျော့ချလိုက်ပြီး သုံးလစီ အနားပေးထား ဩဂုတ်လ ၁၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ "ဝ" ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် - UWSA ထိန်းချုပ်နယ်မြေ၊ ဟိုပန်ခရိုင်ရဲ့ လက်ရှိခရိုင်မှူး ရာထူးနဲ့တာဝန်ကို ယူထားတဲ့ တာ့ညီလင်းဟာ အသက်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် စုစုပေါင်း အမျိုးသမီးငယ် (၄) ဦးကို မုဒိန်းကျင့် စော်ကားခဲ့ကြောင်း ပြစ်မှုထင်ရှားတာကြောင့် UWSA - တရားစီရင်ရေးဌာနက ဒီနေ့ သြဂုတ် ၁၆ ရက်နေ့မှာ လူထုရှေ့တရားစီရင် ချက် ချမှတ်ခဲ့တယ်လို့ ဟိုပန်မြို့သတင်းနဲ့ ပြန်ကြားရေးဌာနက "ဝ" လူငယ့်အသံကို အတည်ပြုပြောဆိုတယ်လို့ Wa News Land သတင်းကသြဂုတ်လ၁၆ရက်နေ့ကဖော်ပြပါတယ်။ အမျိုးသမီးငယ် (၄) ဦးထဲ အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦး ပါဝင်ကာ (၂) ဦးမှာ မုဒိန်းမှု မြောက်ခဲ့ပြီး ကျန် (၂) ဦးမှာတော့ မုဒိန်းမှုမဖြစ်မြောက်ပဲ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားတာကို ခံခဲ့ရတာဖြစ်ပါတယ်။ အခုလိုမုဒိန်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တဲ့ ခရိုင်မှူး တာ့ညီလင်းကို "ဝ" ပြည်နယ် တရားစီရင်ရေးဌာနက စုံစမ်းစစ်ဆေးမှုတွေ အကြိမ်ကြိမ် ပြုလုပ်ပြီးတဲ့နောက် အယူခံမှာပါဝင်တဲ့ အချက်အလက်တွေကို ဥပဒေရုံးမှ တရားရုံးကို တင်ပြပြီး လူသက်သေ၊ နှုတ်သက်သေ၊ စာသက်သေနဲ့ မျက်မြင်သက်သေထွက်ဆိုချက်တွေကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ "ဝ"ပြည်နယ် အခြေခံဥပဒေ အခန်း(၄) ပုဒ်မ (၁၄၅)ပါ ပြဌာန်းချက်အရ…
Read More
ကမ္ဘောဒီးယား အလုပ်သမားတွေနေရာကို အစားထိုးဖို့ မြန်မာ၊ သီရိလင်္ကာက အလုပ်သမားတွေမကြာခင်ရောက်လာမယ်လို့ ထိုင်းအလုပ်သမားဝန်ကြိးဆို

ကမ္ဘောဒီးယား အလုပ်သမားတွေနေရာကို အစားထိုးဖို့ မြန်မာ၊ သီရိလင်္ကာက အလုပ်သမားတွေမကြာခင်ရောက်လာမယ်လို့ ထိုင်းအလုပ်သမားဝန်ကြိးဆို

ဩဂုတ်လ ၁၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ .ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံ နယ်နိမိတ် တင်းမာမှုတွေဖြစ်ပွားနေချိန်မှာ ထိုင်းနိုင်ငံကနေထွက်ခွာသွားကြတဲ့ကမ္ဘောဒီးယား ရွှေ့ပြောင်း လုပ်သားတွေနေရာကို အစားထိုးဖို့အတွက် ထိုင်းနိုင်ငံက မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၄၂,၀၀၀ နဲ့ သီရိလင်္ကာကနေ အခြား ၁၀,၀၀၀ ကို ခေါ်ယူဖို်စီစဉ်ထားတယ်လို့ Thai PBS World သတင်းကသြဂုတ် ၁၅ရက်နေ့မှာဖော်ပြပါတယ်။ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး Pongkawin Juangroongruangkit က လာမယ့်သြဂုတ် ၁၉ရက်နေ့မှာ မြန်မာနိုင်ငံကနေ ပထမဆုံး အလုပ်သမားအဖွဲ့ အရေအတွက် ၄၂,၀၀၀ထိုင်းနိုင်ငံကို ရောက်ရှိလာဖို့ မျှော်လင့်ကြောင်းနဲ့ အလုပ်သမားရှားပါးတဲ့ လုပ်ငန်းအားလုံးမှာ ဖြန့်ချသွားမယ်လို့ ဆိုပါတယ်။ သီရိလင်္ကာကနေလာမယ့်သူတွေအတွက် အလုပ်သမားဝန်ကြီးဌာနကဘသီရိလင်္ကာနိုင်ငံသား ၁၀,၀၀၀ ကို ကနဦး ခေါ်ယူဖို့အတွက် သီရိလင်္ကာနိုင်ငံနဲ့ နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးဖို့အလုပ်သမားဝန်ကြီးဌာနနဲ့ညှိနှိုင်းဆောင်ရွက်နေရှိပြီး ထွက်ခွာသွားကြတဲ့ကမ္ဘောဒီးယားနိုင်ငံသား ၃ သောင်းနေရာကိုအစားထိုး ဝင်ရောက်လုပ်ကိုင်ဖို့ ရွေးချယ်ထားကြောင်း Pongkawin က ပြောပါတယ်။ (more…)
Read More
မန္တလေးမြို့မှာငလျင်လှုပ်ပြီး ငါးလနီးပါးအကြာ ရောက်မှ Sky Villa ကွန်ဒိုမှာ အလောင်တစ်လောင်းတွေ့ရှိခဲ့

မန္တလေးမြို့မှာငလျင်လှုပ်ပြီး ငါးလနီးပါးအကြာ ရောက်မှ Sky Villa ကွန်ဒိုမှာ အလောင်တစ်လောင်းတွေ့ရှိခဲ့

ဩဂုတ်လ ၁၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် Sky Villa ကွန်ဒိုပြိုကျပြီး ၅ လနီးပါးအကြာမှာ အပျက်အစီးတွေထဲကနေ အလောင်းတစ်လောင်းကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကနေ သိရတယ်လို့ The Star သတင်းမှာ သြဂုတ် ၁၅ရက်နေ့ကဖော်ပြပါတယ်။ အေးရှားဝေါလ် ကုမ္ပဏီနဲ့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်းပြီး ပြိုကျနေတဲ်အဆောက်အအုံကို ရှာဖွေရှင်းလင်းခြင်း လုပ်ငန်းလုပ်ကိုင်နေစဥ် အလောင်းကိုကို သြဂုတ် ၁၃ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်မှာရှာဖွေတွေ့ရှိခဲ့တာလို့ဆိုပါတယ်။ အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကို Block A တတိယထပ် အခန်း E3 မှာ တွေ့ရှိခဲ့ပြီး အလောင်းကိုမန္တလေးတိုင်းဒေသကြီး လူမှုကူညီရေးအသင်းကနံနက် ၁၀ နာရီ ၅၀ မိနစ်မှာ ဆေးရုံကိုပို့ဆောင်ပေးခဲ့ပါတယ်။ (more…)
Read More