တာ့ခ်ခရိုင်သယ်ယူပို့ဆောင်ရေးအသင်းက မြန်မာနိုင်ငံနဲ့ နယ်စပ်ပြန်လည်ဖွင့်လှစ်ရေး ညှိနှိုင်းဆောင်ရွက်ရန် စစ်အုပ်စုစီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို တိုက်တွန်းထား

တာ့ခ်ခရိုင်သယ်ယူပို့ဆောင်ရေးအသင်းက မြန်မာနိုင်ငံနဲ့ နယ်စပ်ပြန်လည်ဖွင့်လှစ်ရေး ညှိနှိုင်းဆောင်ရွက်ရန် စစ်အုပ်စုစီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို တိုက်တွန်းထား

ဩဂုတ်လ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားမှာ မဲဆောက်-မြဝတီ နယ်စပ်ဂိတ်ကို ပြန်ဖွင့်ဖို့ မြန်မာနဲ့ ဆွေးနွေးဖို့ စစ်အုပ်စုစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို အသနားခံစာ တင်သွင်းဖို့ တာ့ခ်ခရိုင် သယ်ယူပို့ဆောင်ရေးအသင်းက စီစဉ်နေပါတယ်လို့ Thai Enwuire သတင်းကသြဂုတ် ၁၉ရက်မှာဖော်ပြပါတယ်။ နေပြည်တော်ကအမိန့်နဲ့မြန်မာအာဏာပိုင်တွေက သြဂုတ် ၁၈ ရက်နေ့က စစ်ဆေးရေးဂိတ်ကို ပိတ်ခဲ့ပြီး ထိုင်းကုန်တင်ယာဉ်တွေ နယ်စပ်မှာ သောင်တင်နေကြပါတယ်။ (more…)
Read More
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂/၂၀၂၅)၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့ မြန်မာစံတော်ချိန် ၀၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂/၂၀၂၅)၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့ မြန်မာစံတော်ချိန် ၀၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်

မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂/၂၀၂၅)၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့ မြန်မာစံတော်ချိန် ၀၇:၀၀ နာရီအချိန် ထုတ်ပြန်ချက် ဩဂုတ်လ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ (က) မုန်တိုင်းငယ်အခြေအနေ (၁) ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ယင်းနဲဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက် ပိုင်း - ဩရိဿပြည်နယ်တောင်ပိုင်း)ကမ်းခြေတို့မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် (Depression)ဟာ အနောက်မြောက်ဘက်ကို ဖြည်းညှင်းစွာ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့(Sittwe)ရဲ့အနောက်-အနောက်တောင်ဘက် ရေမိုင် ၄၅၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ကာလင်ဂါပတ္တနမ်မြို့(Kalingapatnam)ရဲ့ အရှေ့ မြောက်ဘက် ရေမိုင် ၅၅ မိုင်ခန့်၊ ဂိုလ်ပါပူမြို့(Gopalpur)ရဲ့တောင်-အရှေ့ တောင်ဘက် ရေမိုင် ၂၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။ (more…)
Read More
မြန်မာနိုင်ငံသား ၃ ဦးကို ရိုက်နှက်သတ်ဖြတ်မှုနဲ့ဂျပန်မှာဖမ်းဆီးထား

မြန်မာနိုင်ငံသား ၃ ဦးကို ရိုက်နှက်သတ်ဖြတ်မှုနဲ့ဂျပန်မှာဖမ်းဆီးထား

ဩဂုတ်လ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ တိုကျိုမြို့ Shinjuku စီရင်စုရှိ နိုက်ကလပ်အပြင်ဘက်မှာ မြန်မာနိုင်ငံသားတစ်ဦးကို သတ်ဖြတ်မှုသံသယနဲ့ မြန်မာနိုင်ငံက အမျိုးသားသုံးဦးကို ဇူလိုင်လက ဖမ်းဆီးခဲ့တယ်လို့မြို့တော်ရဲဌာနက သြဂုတ် ၁၈ ရက်ကပြောကြားခဲ့တယ်လို့ အဆာဟိရှင်ဘွန်းသတင်းက​​​​ဖော်ပြပါတယ်။ မြို့တော်ရှိ ကုန်သွယ်ရေးကျောင်းက အသက် ၂၂ နှစ်အရွယ် ကျောင်းသူ ချစ်ဖော်ဟာဇူလိုင် ၇ ရက် အစောပိုင်းက လမ်းပေါ်မှာ ရိုက်နှက်သတ်ဖြတ်ခံခဲ့ရနယ်လို့ သိရပါတယ်။ သံသယရှိသူတွေထဲက တဦးဖြစ်တဲ့ ဇော်မျိုးထက် (၂၄)နှစ် က ရိုက်နှက်ခံရသူကို သတ်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ရဲတပ်ဖွဲ့ကစုံစမ်းသိရှိရပါတယ်။ (more…)
Read More
မြန်မာနိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် တိုက်ခိုက်မှုတွေ-၂၃ ဇူလိုင် ကနေ ၅သြဂုတ် ၂၀၂၅

မြန်မာနိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် တိုက်ခိုက်မှုတွေ-၂၃ ဇူလိုင် ကနေ ၅သြဂုတ် ၂၀၂၅

ဩဂုတ်လ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ Insecurity Insightအဖွဲ့က မြန်မာနိုင်ငံမှာ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ၂၀၂၅ ခုနှစ် ဇူလိုင် ၈ ရက်တို့မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေး စောင့်ရှောက်မှုအပေါ် အကြမ်းဖက်မှု သို့မဟုတ် တားဆီးနှောင့်ယှက်မှု ၁၇၃၀ မှု ဖြစ်ပွားခဲ့တယ်ဆိုတာတွေ့ရှိခဲ့ရတယ်လို့ Relief Web စာမျက်နှာက သြဂုတ် ၁၈ရက်မှာဖော်ပြပါတယ်။ ကျန်းမာရေး အဆောက်အအုံတွေ ပျက်စီးမှု ၄၀၇ ခု၊ ကျန်းမာရေးဝန်ထမ်း ၁၅၅ ဦး သေဆုံးခဲ့ပြီး ၈၈၆ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါ ဖြစ်ရပ်တွေအနက် လေးပုံသုံးပုံနီးပါးသဟာမြန်မာစစ်တပ်(MAF)ကြောင့်ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကစပြီး MAF လေယာဉ်တွေကကြဲချတဲ့ ဖောက်ခွဲရေး ပစ္စည်း၊လက်နက်တွေနဲ့ပတ်သက်တဲ့သတင်းဖြစ်စဉ်တွေအရ မန္တလေးတိုင်း ဒေသကြီးအတွင်း ဖြစ်ပွားနေတဲ့လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကျန်းမာရေး စောင့်ရှောက်မှုဌာနတွေအပေါ်တိုက်ခိုက်မှုတွေ တိုးမြင့်လာခဲ့ပါတယ်။ (more…)
Read More
ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ်၂ကို စစ်အုပ်စုအမိန့်နဲ့ ပိတ်ဆို့ထားလို့ ကုန်သည်တွေအခက်ကြုံ

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ်၂ကို စစ်အုပ်စုအမိန့်နဲ့ ပိတ်ဆို့ထားလို့ ကုန်သည်တွေအခက်ကြုံ

ဩဂုတ်လ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ကို မြန်မာဘက်ခြမ်းက နေပြည်တော်အမိန့်နဲ့ပိတ်ဆို့ထားကာ ထိုင်းဘက်ခြမ်းကတွဲကားတွေ မြန်မာပြည်ဘက်ကူးမရတာကြောင့် ကုန်သည်တွေ အခက်ကြုံတွေ့နေရတယ်လို့ နယ်စပ်ကုန်သည်တဦးက သောင်ရင်းသတင်းလွှာကိုပြောပါတယ်။ (more…)
Read More
အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအခြေအနေ

အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအခြေအနေ

အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းအခြေအနေ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၁:၀၀ နာရီအချိန် ထုတ်ပြန်ချက် ဩဂုတ်လ ၁၈၊ ၂၀၂၅ သောင်ရင်းသတင်းလွှာ “ယနေ့မြန်မာစံတော်ချိန် ၀၉:၃၀ နာရီအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ ယင်းနဲဆက်စပ်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်နဲ့ ဩရိဿပြည်နယ်တောင်ပိုင်း ကမ်းခြေ)တို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း (Low Pressure Area)ဟာပိုမို အားကောင်းလာခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ ယင်းနဲ့ဆက်စပ်လျက် ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်း- ဩရိဿပြည်နယ်တောင်ပိုင်း)ကမ်းခြေတို့မှာအားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)အဖြစ်ကို ရောက်ရှိခဲ့ပါတယ်။ (more…)
Read More
မြန်မာနိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် တိုက်ခိုက်မှုတွေ-၂၃ ဇူလိုင် ကနေ ၅သြဂုတ် ၂၀၂၅

မြန်မာနိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် တိုက်ခိုက်မှုတွေ-၂၃ ဇူလိုင် ကနေ ၅သြဂုတ် ၂၀၂၅

ဩဂုတ်လ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ Insecurity Insightအဖွဲ့က မြန်မာနိုင်ငံမှာ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ၂၀၂၅ ခုနှစ် ဇူလိုင် ၈ ရက်တို့မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေး စောင့်ရှောက်မှုအပေါ် အကြမ်းဖက်မှု သို့မဟုတ် တားဆီးနှောင့်ယှက်မှု ၁၇၃၀ မှု ဖြစ်ပွားခဲ့တယ်ဆိုတာတွေ့ရှိခဲ့ရတယ်လို့ Relief Web စာမျက်နှာက သြဂုတ် ၁၈ရက်မှာဖော်ပြပါတယ်။ ကျန်းမာရေး အဆောက်အအုံတွေ ပျက်စီးမှု ၄၀၇ ခု၊ ကျန်းမာရေးဝန်ထမ်း ၁၅၅ ဦး သေဆုံးခဲ့ပြီး ၈၈၆ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါ ဖြစ်ရပ်တွေအနက် လေးပုံသုံးပုံနီးပါးသဟာမြန်မာစစ်တပ်(MAF)ကြောင့်ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကစပြီး MAF လေယာဉ်တွေကကြဲချတဲ့ ဖောက်ခွဲရေး ပစ္စည်း၊လက်နက်တွေနဲ့ပတ်သက်တဲ့သတင်းဖြစ်စဉ်တွေအရ မန္တလေးတိုင်း ဒေသကြီးအတွင်း ဖြစ်ပွားနေတဲ့လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကျန်းမာရေး စောင့်ရှောက်မှုဌာနတွေအပေါ်တိုက်ခိုက်မှုတွေ တိုးမြင့်လာခဲ့ပါတယ်။ မန္တလေးတိုင်းဟာ ပဲခူး၊ မကွေး၊ နေပြည်တော်၊ စစ်ကိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့နဲ့အတူ ငလျင်ကြီးနောက်ပိုင်းအရေးပေါ်အခြေအနေ ကြေညာထားတဲ့ ဒေသခြောက်ခုမှာ ပါဝင်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီကနေ ဇွန်လအတွင်း MAF စစ်လေယာဉ်တွေဆီက ပစ်လွှတ်ခဲ့တဲ့ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေနဲ့ မန္တလေးတိုင်းအတွင်း ကလေးဆေးရုံနဲ့ယာယီဆေးခန်းတွေ အပါအဝင် ကျန်းမာရေး အဆောက်အအုံ ရှစ်ခု ပျက်စီးခဲ့ပါတယ်။ (more…)
Read More
မလေးရှားနိုင်ငံထဲကိုတရားမဝင် ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၀ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံထဲကိုတရားမဝင် ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၀ ဦး ဖမ်းဆီးခံရ

ဩဂုတ်လ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မလေးရှားနိုင်ငံထဲက်ု တရားမဝင် ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးကို မလေးရှား စစ်တပ်က ဖမ်းဆီးထားတယ်လို့ The Sun သတင်းကသြဂုတ် ၁၈ရက်မှာဖော်ပြပါတယ်။ အမျိုးသားလေးဦးနဲ့အမျိုးသမီးခြောက်ဦးပါဝင်တဲ့အဆိုပါအဖွဲ့ဟာ အသက် ၁၉ နှစ်ကနေ ၃၅ နှစ်ကြားရှိသူတွေဖြစ်ကြပါတယ်။ ဖမ်းဆီးစဉ်အတွင်း ၎င်းတို့အထဲက အချို့မှာ မြန်မာနိုင်ငံသား မှတ်ပုံတင်စာရွက်စာတမ်းတွေနဲ့ နိုင်ငံကူးလက်မှတ်တွေကိုင်ဆောင်ထားတာကို တွေ့ရှိခဲ့ပါတယ်။ (more…)
Read More
အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မယ့်ကိစ္စနဲ့ FMR ဖျက်သိမ်းရေးအတွက် မဏိပူရ အုပ်ချုပ်ရေးမှူး နာဂကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံ

အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မယ့်ကိစ္စနဲ့ FMR ဖျက်သိမ်းရေးအတွက် မဏိပူရ အုပ်ချုပ်ရေးမှူး နာဂကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံ

ဩဂုတ်လ ၁၈၊ ၂၀၂၅ ။သောင်ရင်းသတင်းလွှာ United Naga Council (UNC)နာဂ ကိုယ်စားလှယ်အဖွဲ့ဟာ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အုပ်ချုပ်ရေးမှူး Ajay Kumar Bhalla နဲ့ သြဂုတ်၁၆ရက်နေ့က Raj Bhavan မှာတွေ့ဆုံခဲ့ပြီး အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးခတ်ခြင်းနဲ့ Free Movement Regime (FMR)(နှစ်နိုင်ငံကလူတွေပြည်ဝင်ခွင့်မလိုဘဲသတ်မှတ်ထားတဲ့အတိုင်းအတာအထိလွတ်လပ်စွာဝင်ထွက်သွားလာခွင့်) ဖျက်သိမ်းရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ The Indian Express သတင်းက သြဂုတ် ၁၇ရက်မှာဖော်ပြပါတယ်။ မဏိပူရပြည်နယ်ရှိ နာဂဝတ်စုံလူမျိုးစုတွေရဲ့အထွတ်အထိပ်ဖြစ်တဲ့UNC က နယ်စပ်ခြံစည်းရိုးခတ်ခြင်း နဲ့ FMR ကို ဖျက်သိမ်းခြင်းတို့ကို ဆန့်ကျင်နေပါတယ်။ “ဒါတွေက နယ်စပ်က ပိုင်းခြားထားတဲ့ အသိုက်အဝန်းကို တနည်းတဖုံ ထိခိုက်လိမ့်မယ်” လို့ ပြောပါတယ်။ UNC ဥက္ကဋ္ဌ Ng Lorho ဦးဆောင်တဲ့အဖွဲ့ဝင် ၁၀ ဦးပါ ကိုယ်စားလှယ်အဖွဲ့ဟာ နယ်စပ်ခြံစည်းရိုးခတ်ခြင်းနဲ့FMR ဖျက်သိမ်းခြင်းဆိုင်ရာကိစ္စတွေအပေါ်၎င်းတို့ရဲ့အမြင်တွေနဲ့ စိုးရိမ်ပူပန်မှုတွေကို ရှင်းပြခဲ့ပြီး အဆိုပါပြဿနာတွေကို ဗဟိုအစိုးရဆီကိုတောင်းဆိုဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူးကိုတောင်းဆိုခဲ့တယ်လို့ Raj Bhavan မှာ ထုတ်ပြန်ခဲ့ပါတယ်။ (more…)
Read More
ထိုင်းနိုင်ငံအရှေ့မြောက်ဘက်မှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတိပေးထား

ထိုင်းနိုင်ငံအရှေ့မြောက်ဘက်မှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတိပေးထား

ဩဂုတ်လ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံတစ်ဝှမ်း မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့မိုးလေဝသဌာနကသြဂုတ် ၁၈ ရက်နေ့ က ခန့်မှန်းထားပြီး မုတ်သုံလေကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့၇၀ ရာခိုင်နှုန်းခန့် မိုးရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားတယ်လို့ The Nation သတင်းကဖော်ပြပါတယ်။ ၂၄ နာရီအတွက်ခန့်မှန်းချက်မှာ မိုးရွာသွန်းမှုအနည်းငယ်လျော့သွားပေမယ့်လည်း မြောက်ပိုင်း၊ အရှေ့မြောက်နှင့် အရှေ့ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာရွာနိုင်တယ်လို့အဆိုပါဌာနက ထုတ်ပြန်ထားပါတယ်။ မယ်ဟောင်ဆောင်၊ ဘူးကန်၊ စကုံနခွန်၊ နခွန်နွမ်၊ မုဒဟန်၊ ချန်သဘူရီနဲ့ထရတ်တို့မှည နေထိုင်သူတွေအထူးသဖြင့် တောင်ခြေ၊ ရေလမ်းအနီးနဲ့မြေနိမ့်ပိုင်းဒေသတွေမှာလျှပ်တပြက် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနိုင်ခြေရှိလို့ရှောင်ရှားကြဖို့ တိုက်တွန်းထားပါတယ်။ လက်ရှိရာသီဥတုပုံစံက တောင်တရုတ်ပင်လယ်ပြင်အထက်ပိုင်းရှိ လေဖိအားနည်းရပ်ဝန်းတစ်ခုအဖြစ် မြောက်ဘက်နဲ့ အရှေ့မြောက်ဘက်ကိုဖြတ်သန်းပြီး မုတ်သုံလေအား လွှမ်းမိုးနေပါတယ်။ အဆိုပါအတောအတွင်း အနောက်တောင်မုတ်သုံလေဟာ အနည်းငယ်အားလျော့နေပေမယ့်လည်း ကပ္ပလီပင်လယ်ပြင်နဲ့ ထိုင်းပင်လယ်ကွေ့တို့မှာမိုးဆက်လက်ရွာသွန်းနေပါတယ်။ (more…)
Read More