ဂျပန်တွင်သံသယဖြစ်ဖွယ်ရှိသောတရားခံကို မြန်မာနိုင်ငံမှအွန်လိုင်းငွေလိမ်ဂိုဏ်းသို့ဆယ်ကျော်သက်အရွယ်အား လူကုန်ကူးမှုလိမ်လည်လှည့်ဖြားမှုဖြင့် ဖမ်းဆီး

ဂျပန်တွင်သံသယဖြစ်ဖွယ်ရှိသောတရားခံကို မြန်မာနိုင်ငံမှအွန်လိုင်းငွေလိမ်ဂိုဏ်းသို့ဆယ်ကျော်သက်အရွယ်အား လူကုန်ကူးမှုလိမ်လည်လှည့်ဖြားမှုဖြင့် ဖမ်းဆီး

မေလ ၉၊၂၀၂၅။ သောင်ရင်းသတင်းလွှာ ဂျပန်နိုင်ငံမီယာဂီစီရင်စု ရဲတပ်ဖွဲ့သည် စီရင်စုမှ အသက် ၁၇ နှစ်အရွယ်အထက်တန်းကျောင်းသားတစ်ဦးပျောက်ဆုံးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင်နိုင်ငံတကာသို့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတစ်ခုအတွက် လူကုန်ကူးသူဟု သံသယရှိသူ တစ်ဦးကို မေလ ၇ ရက်က ဖမ်းဆီးခဲ့သည်ဟု အဆာဟိရှင်ဘွန်းသတင်းက မေလ ၈ရက်တွင်ဖော်ပြသည်။ ရဲတပ်ဖွဲ့၏ အဆိုအရ Tomu Fujinuma သည် အသက် (၂၉ နှစ်)သည် ဆယ်ကျော်သက် လူငယ်တစ်ဦးအား ဇန်နဝါရီ ၁၀ ရက်က ထိုင်းနိုင်ငံ လေဆိပ်တစ်ခုတွင် တွေ့ဆုံခဲ့ပြီး နိုင်ငံတကာ ငွေလိမ်လည်မှုစင်တာတွင် အလုပ်ခိုင်းစေရန်အတွက်မြန်မာနိုင်ငံသို့သွားရောက်ရန်လိမ်လည်စည်းရုံး ဆွဲဆောင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆယ်ကျော်သက်ကို ဖူဂျီနူမာအွန်လိုင်းဂိမ်းမှတဆင့်ထိုင်းတွင် ရိုးရှင်းစွာဖြင့်ငွေရလွယ်သောအလုပ်ရရှိမည်ကတိပေးသည့် တွဲဖက်တစ်ဦးကအွန်လိုင်းဆက်သွယ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ (more…)
Read More
ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ဆေးရုံတက်သည့်ကိစ္စကြောင့် ဆရာဝန်နှစ်ဦး ရာထူးမှဆိုင်းငံ့ခံရ

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ဆေးရုံတက်သည့်ကိစ္စကြောင့် ဆရာဝန်နှစ်ဦး ရာထူးမှဆိုင်းငံ့ခံရ

မေလ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် ပြစ်ဒဏ်ကျခံနေရချိန်တွင်ဆေးရုံတက်ခဲ့သည့် အကြောင်းရင်းကိုကြားနာစစ်ဆေးခဲ့အပြီးဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် ဆေးရုံတက်နေချိန်တွင်ပြင်းထန်စွာနာမကျန်းမဖြစ်ခဲ့ကြောင်း ဆုံးဖြတ်နိဂုံးချုပ်ပြီးနောက်တွင် ဆရာဝန်နှစ်ဦးကို ရာထူးဆိုင်းငံ့ထားရန် တတိယဆရာဝန်အားသတိပေးစာထုတ်ပြန်ရန်ထိုင်းဆေးကောင်စီက ဆုံးဖြတ်လိုက်သည်ဟု ဘန်ကောက်ပို့စ်သတင်းကဖော်ပြသည်။ ထိုင်းနိုင်ငံဆေးကောင်စီဒုဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ Prasit Watanapa က မေလ ၈ရက်နေ့မွန်းလွဲပိုင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဆုံးဖြတ်ချက်အားအများစုမဲဖြင့် အတည်ပြုခဲ့ပြီး ယင်းဆုံးဖြတ်ချက်ကို မဆောင်ရွက်မီ ပြည်သူ့ကျန်းမာရေးဝန်ကြီး၏ အတည်ပြုချက် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (more…)
Read More
ထိုင်းနိုင်ငံတွင် Covid-19 ပြန်လည်ပေါ်ပေါက်လာသည်ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူက သတိပေးထား

ထိုင်းနိုင်ငံတွင် Covid-19 ပြန်လည်ပေါ်ပေါက်လာသည်ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူက သတိပေးထား

မေလ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဧပြီလ ၂၇ ရက်မှ မေလ ၃ ရက်ကြားတွင် ဆေးရုံတက်ရန် လိုအပ်သည့် ကူးစက်ခံရသူ ၈၄၄၆ ဦးရှိပြီး ထိုင်းနိုင်ငံတွင် Covid-19 ပြန်လည်ဖြစ်ပွားလာကြောင်း ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူတစ်ဦးက မကြာသေးမီက သတိပေးထားသည်ဟု The Nation သတင်းကမေလ ၈ရက်တွင်ဖော်ပြသည်။ ချူလာလောင်ကွန်တက္ကသိုလ်မှမှ ကထိကတစ်ဦးဖြစ်သူ Assoc Prof Dr Thira Woratanarat ၏ Facebook တွင် ဖော်ပြချက်အရ ဘန်ကောက်တွင် Covid-19 လူနာ ၂,၃၇၇ ဦးဖြင့် အများဆုံးဖြစ်ပြီး ချွန်ဘူရီ (၆၈၀)ဦး၊ နွန်သဘူရီ (၄၉၀)ဦး၊ Rayong (၃၈၀) ဦးနှင့် စမွတ်ပရာကန် (၃၂၇) ဦးတို့ဖြစ်သည်။ လူနာအများစုမှာ အသက် ၃၀ နှင့် ၃၉နှစ်ကြား (၁၇၉၄) ဦး၊ နောက်တွင် အသက် ၂၀မှ ၂၉ ကြားရှိသူများ (၁၅၄၀)ဦး နှင့်အသက် ၆၀ကျော်အရွယ် (၁၅၃၆)ဦးဖြစ်သည်။ (more…)
Read More
ဖြတ် ၃ဖြတ်ဗျူဟာဖြင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှိမ်နှင်းရာတွင်အောင်မြင်ဟုဆို

ဖြတ် ၃ဖြတ်ဗျူဟာဖြင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှိမ်နှင်းရာတွင်အောင်မြင်ဟုဆို

မေလ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းအစိုးရကမြန်မာနိုင်ငံမှအွန်လိုင်းငွေလိမ်ဂိုဏ်းများကိုနှိမ်နှင်းရန် ၎င်း၏ “၃ဖြတ်” ဗျူဟာကို အကောင်အထည်ဖော်ပြီး သုံးလအကြာတွင် အောင်မြင်မှုတစ်ခုအဖြစ် ကြေညာခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်းက မေလ ၉ရက်တွင်ဖော်ပြသည်။ လျှပ်စစ်၊ လောင်စာဆီနှင့် အင်တာနက် ဖြတ်တောက်ခြင်း ပါဝင်သည့် ဖေဖော်ဝါရီ ၅ ရက်မှစပြီး ချမှတ်ခဲ့သည့် မဟာဗျူဟာသည် မြန်မာနိုင်ငံ နယ်စပ်မြို့များတွင် အွန်လိုင်းငွေလိမ်လည်မှု စင်တာများ အများအပြား တည်ရှိရာ နေရာငါးခုသို့ ဖြတ်တောက်လိုက်ခြင်းကြောင့်အဓိက နယ်စပ်ဒေသများဖြစ်သည့် ချင်းရိုင်ခရိုင်မှ မယ်ဆိုင်မြို့နှင့်တာ့ခ်ခရိုင်မှ မဲဆောက်မြို့တို့တွင် ခေါ်ဆိုရေးစင်တာ လုပ်ငန်းများ သိသိသာသာ လျော့ကျသွားကြောင်းဒုတိယ ဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး Mr Phumthaကမေလ ၈ရက်နေ့တွင် ပြောကြားခဲ့သည်။ အဆိုပါနေရာငါးခုမှာ မြဝတီမြို့ရှိ ဒုတိယ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားနှင့် ဘန်ဟွေမောင်၊ ဘုရားသုံးဆူမြို့ရှိ ဘုရားသုံဆူတံတား၊ရှမ်းပြည်နယ်တာချီလိတ်မြို့ရှိ ဘန်မမောင်းဒေါင် နှင့် ပထမ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် (၁)တံတားတို့ဖြစ်ကြသည်။ “ဒီအစီအမံတွေက ဒီရာဇ၀တ်မှုကွန်ရက်တွေကို ထိန်းထားပေးတဲ့ အခြေခံအဆောက်အအုံတွေကို အနှောင့်အယှက်ဖြစ်စေပါတယ်” ဟု ၎င်းက ဆိုသည်။ "ဖိအားကြောင့် အဆိုပါ လုပ်ငန်းအများအပြားကို နေရာရွှေ့ပြောင်းရန် သို့မဟုတ် ပိတ်ပစ်ရန် တွန်းအားပေးခဲ့သည်" ဟုလည်း ကာကွယ်ရေးဝန်ကြီး Mr Phumtham က ပြောကြားခဲ့သည်။ အာဏာပိုင်များသည် ဤမူဝါဒ၏အကျိုးသက်ရောက်မှုကို ဇွန်လတွင် အပြီးသတ်အကဲဖြတ်ရန် ပြင်ဆင်နေပြီး၊ အခြားဒေသများသို့ လိမ်လည်လှည့်ဖြားမှုလုပ်ငန်းအချို့ကို နေရာရွှေ့ပြောင်းမှုများ ဖြစ်ပွားခဲ့သော်လည်း ရာဇ၀တ်မှုဆိုင်ရာ လုပ်ဆောင်ချက် အလုံးစုံ ကျဆင်းသွားကြောင်း Mr Phumtham က ဖော်ပြခဲ့သည်။…
Read More
ပုပ်ရဟန်းမင်းကြီးအဖြစ် အမေရိကန်က ဖရန်စစ် ပရီဗို့စ် ရွေးကောက်ခံရ

ပုပ်ရဟန်းမင်းကြီးအဖြစ် အမေရိကန်က ဖရန်စစ် ပရီဗို့စ် ရွေးကောက်ခံရ

မေလ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဗာတီကန်ရဲ့ ၂၆၇ပါးမြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် ကာဒီနယ် ရောဘတ် ဖရန်စစ် ပရီဗိုစ့် (Robert Francis Prevost) အရွေးခံရတယ်လို့သိရပါတယ်။ မနေ့ကအပြီးသတ် သဘောတူပြီး စစ်တင်ချပဲလ် (Sistine Chapel) မီးခိုးတိုင်မှ မီးခိုးဖြူထွက်လာပြီးနောက် ကာဒီနယ် ရော်ဘတ် ဖရန်စစ် ပရီဗိုစ့်ကို ရွေးချယ်ခဲ့တာလို့သိရပါတယ်။ (more…)
Read More
မေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံမှာ လက်ဝေခံစစ်ပွဲအတွက် တကယ်စီမံနေပြီလား

မေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံမှာ လက်ဝေခံစစ်ပွဲအတွက် တကယ်စီမံနေပြီလား

မေလ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အမေရိကန်နှင့် ၎င်း၏မဟာမိတ်များသည် မြန်မာနိုင်ငံတွင် “လက်ဝေခံစစ်ပွဲ” တစ်ခုဆင်နွှဲရန် ပြင်ဆင်နေသည်ဟု ဆိုထားသော တောင်အာရှ(ဘင်္ဂလားဒေ့ရှ်နိုင်ငံ)တွင် အဓိကအားဖြင့် တွေ့ရသော တွေးခေါ်မှုတစ်ခုရှိသည်။ အဆိုပါ စစ်ဆင်ရေးသည် မြန်မာစစ်တပ် (တပ်မတော်) ကို ချေမှုန်းရန်နှင့် အိန္ဒိယ သမုဒ္ဒရာအတွင်းသို့ တရုတ်နိုင်ငံမှ ဝင်ရောက်ခွင့်ကို ငြင်းပယ်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။  လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း၊ ထိုသို့သော အရေးဆိုမှုများကို ပြည်တွင်းသတင်းများနှင့် အချို့သောဝဘ်ဆိုဒ်များတွင် ဆောင်းပါးများနှင့် အယ်ဒီတာ့အာဘော်မှတ်ချက်များက ဖော်ပြခဲ့ကြသည်။ ဇာတ်ကြောင်း၏ အခြေခံအကျဉ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။ (more…)
Read More
မြန်မာနိုင်ငံတွင်ငလျင်လှုပ်အပြီး တောင်ကိုရီးယားမှ Kyung Hee တက္ကသိုလ်မှ မြန်မာကျောင်းသားများအား ပညာသင်ဆု အပြည့်အဝပေးအပ်

မြန်မာနိုင်ငံတွင်ငလျင်လှုပ်အပြီး တောင်ကိုရီးယားမှ Kyung Hee တက္ကသိုလ်မှ မြန်မာကျောင်းသားများအား ပညာသင်ဆု အပြည့်အဝပေးအပ်

မေလ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ Kyung Heeတက္ကသိုလ်သည် မတ်လတွင် ဖြစ်ပွားခဲ့သော ငလျင်အပြီး မြန်မာများအား ၂၀၂၅ ခုနှစ် ဆောင်းဦးရာသီအတွက် ပညာသင်ဆု အပြည့်အစုံ ပေးအပ်သွားမည်ဟုမေလ ၈ရက်နေ့တွင် ကြေညာခဲ့သည်ဟု KoreavJoongang Daily သတင်းက မေလ ၈ရက်တွင်ဖော်ပြသည်။ ကျောင်းသားများသည် ၎င်းတို့၏ ၂၀၂၅ ဆောင်းရာသီ ကျူရှင်ခများကို အပြည့်အဝ လျှော့ပေါ့ပေးမည်ဖြစ်ပြီး ပညာသင်ဆုချီးမြှင့်ပွဲကို ဧပြီလ ၃၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ Kyung Hee တက္ကသိုလ် ၏ အဆိုအရ International Student & Scholar Services အဖွဲ့သည် ငလျင်ကြောင့် မြန်မာကျောင်းသားများကို မည်ကဲ့သို့ ထိခိုက်ခဲ့ကြောင်း အကဲဖြတ်ခဲ့ပြီး လာမည့်ပညာသင်နှစ် အတွက် ပညာသင်ဆု အပြည့်အဝပေးရန် ဆုံးဖြတ်ခဲ့သည်။ (more…)
Read More
မြန်မာစစ်တပ်၏ တိုက်ခိုက်မှုကြောင့် ရာနှင့်ချီသောလူများ ထိုင်းနယ်စပ်ကို ဖြတ်ကျော် ထွက်ပြေးခဲ့ရ

မြန်မာစစ်တပ်၏ တိုက်ခိုက်မှုကြောင့် ရာနှင့်ချီသောလူများ ထိုင်းနယ်စပ်ကို ဖြတ်ကျော် ထွက်ပြေးခဲ့ရ

မေလ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးပြီး ရက်ပိုင်းအကြာတွင် မြန်မာစစ်တပ်မှထိုးစစ်ဆင်မှုကြောင့် လူပေါင်း ၃၀၀ ကျော် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြောင်း ထိုင်းစစ်တပ်ကပြောကြားခဲ့သည်ဟု မေလ ၈ရက်တွင် AFP သတင်းကဖော်ပြသည်။ မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်း ပဋိပက္ခတွင် နစ်မြုပ်နေခဲ့ပြီး စစ်အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒီမိုကရေစီ လိုလားသော တော်လှန်ရေး အင်အားစုများနှင့် တိုက်ပွဲများ ဖြစ်ပွားနေပါသည်။ (more…)
Read More
မြန်မာနိုင်ငံတွင်းလူကုန်ကူးမှုမှပြန်လွတ်လာသောထိုင်ဝမ် နိုင်ငံသား ၅၅ ဦးရှိ

မြန်မာနိုင်ငံတွင်းလူကုန်ကူးမှုမှပြန်လွတ်လာသောထိုင်ဝမ် နိုင်ငံသား ၅၅ ဦးရှိ

မေလ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်ဝမ်သည် မြန်မာနိုင်ငံ KK Parkအဆောက်အ​ဦးရှိ လိမ်လည်လှည့်စားသည့် အလုပ်ရုံများမှ နိုင်ငံသား ၅၅ ဦးကို ကယ်တင်ခဲ့ပြီး ၎င်း၏ ပထမဆုံးသော နေရပ်ပြန်ပို့ရေး ကြိုးပမ်းမှုဖြစ်သည်။ မြန်မာနိုင်ငံက လူကုန်ကူးခံရသူ ၇,၀၀၀ ကျော်ကို အိမ်နီးချင်းနိုင်ငံများထံ ပြန်လွှတ်ပေးပြီးနောက် ယခုလို ဖြိုခွင်းလိုက်ခြင်းဖြစ်သည်ဟု RTI သတင်းကမေလ ၈ရက်တွင်ဖော်ပြသည်။ မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံ၊ မြဝတီမြို့နယ်ရှိ KK Park တွင် လိမ်လည်လှည့်ဖြားသည့် အလုပ်ရုံများတွင် ထိုင်ဝမ်လူမျိုးအများအပြားမှာ လိမ်လည်လှည့်ဖြားခြင်းခံခဲ့ရသည်။ ဒေသတွင်း အစိုးရက မကြာသေးမီက နှိမ်နင်းမှု စတင်ခဲ့ပြီး လူကုန်ကူးခံရသူ အများအပြားကို ထိုင်းနိုင်ငံသို့ ပြန်လွှတ်ပေးခဲ့သည်။ ထိုင်ဝမ်အာဏာပိုင်များသည်မေလ ၇ရက် ယနေ့ နံနက်အစောပိုင်းတွင် နိုင်ငံသား ၅၅ ဦးကို ထိုင်ဝမ်သို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး၊ မြန်မာနိုင်ငံမှ ထိုင်ဝမ်သားကောင်များကို ပထမဆုံးအကြိမ်အကြီးစား ကယ်ဆယ်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ပြန်လည်ရောက်ရှိလာသူများထဲတွင် အသက်အကြီးဆုံးမှာ ၆၂ နှစ်ဖြစ်ပြီး အငယ်ဆုံးမှာ ၁၉ နှစ်ဖြစ်သည်။ ၎င်းတို့ထဲမှ နှစ်ဆယ့်ငါးဦးသည် မှုခင်းမှတ်တမ်းများနှင့်အတူ တရားခံပြေးများဖြစ်ပြီး နိုင်ငံတစ်ဝှမ်းရှိ တရားလိုရှေ့နေများထံ လွှဲပြောင်းပေးမည်ဖြစ်သည်။ (more…)
Read More
မြန်မာဂျက်လေယာဉ်သည် နယ်စပ်အနီးတွင် မှထိုင်းသို့ဝင် ရောက်ခြင်းမရှိဟုဆို

မြန်မာဂျက်လေယာဉ်သည် နယ်စပ်အနီးတွင် မှထိုင်းသို့ဝင် ရောက်ခြင်းမရှိဟုဆို

မေလ ၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကန်ချနပူရီပြည်နယ် နယ်စပ်အနီးတွင် မေလ ၆ရက်နေ့တွင် ပျံသန်းနေသည့် မြန်မာတိုက်လေယာဉ်တစ်စင်း ထိုင်းလေပိုင်နက်အတွင်းသို့ ဝင်ရောက်ခဲ့ခြင်းမရှိကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က အတည်ပြုပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်က မေလ ၈ရက်တွင်ဖော်ပြသည်။ Mr Phumtham က လေယာဉ်သည် နယ်စပ်အနီးသို့ ပျံသန်းသွားခြင်းမျှသာဖြစ်ကြောင်းမေလ ၇ရက်နေ့က ပြောကြားခဲ့သည်။ (more…)
Read More