မြန်မာဘက်မှတိုက်လေယာဥ်များ ထိုင်းနယ်စပ်သို့ချဥ်းကပ်လာသောကြောင့် ထိုင်းလေတပ်က ကြားဖြတ်ဟန့်တားခဲ့ရ

မြန်မာဘက်မှတိုက်လေယာဥ်များ ထိုင်းနယ်စပ်သို့ချဥ်းကပ်လာသောကြောင့် ထိုင်းလေတပ်က ကြားဖြတ်ဟန့်တားခဲ့ရ

မေလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာမှ တိုက်လေယာဉ်များ ထိုင်းနယ်စပ်သို့ ချဉ်းကပ်လာရာ ထိုင်းတော်ဝင်လေတပ်က F-16 တိုက်လေယာဉ်နှစ်စင်းကို မေလ ၆ ရက်က ကြားဖြတ်ဟန့်တားခဲ့ရသည်ဟု Khaosod သတင်းကဖော်ပြသည်။ (more…)
Read More
Testimonies From Beyond” ပြပွဲကိုလန်ဒန်မြို့၌ ကျင်းပနေ

Testimonies From Beyond” ပြပွဲကိုလန်ဒန်မြို့၌ ကျင်းပနေ

မေလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ Testimonies From Beyond" ဟုအမည်ပေးထာသောပြပွဲတစ်ခု ကိုမေ ၁ရက်နေ့ ကနေ ၆ရက်နေ့အထိ မနက်၁၀နာရီမှ ည၈နာရီအထိ လန်ဒန်မြို့တွင်ကျင်းပနေကြောင်းသတင်းရရှိသည်။ (more…)
Read More
လူသားချင်းစာနာမှုအကြောင်းပြချက်အောက် ဖုံးကွယ်ထားမှု

လူသားချင်းစာနာမှုအကြောင်းပြချက်အောက် ဖုံးကွယ်ထားမှု

လူသားချင်းစာနာမှုအကြောင်းပြချက်အောက် ဖုံးကွယ်ထားမှု အိမ်နီးချင်းနိုင်ငံများနှင့် ဒေသဆိုင်ရာအက်တာများသည် မြန်မာ့နွေဦးတော်လှန်ရေးကို ပျက်ပြားစေရန် မြေငလျင် ကယ်ဆယ်ရေးကို အသုံးချပြီး စစ်အာဏာရှင်စနစ်ကို ဘက်မလိုက်သည့်အသွင်ဖြင့် ပြန်လည်အသက်သွင်းရန် မည်သို့မည်ပုံကြိုးပမ်းနေကြသနည်း (more…)
Read More
ချိုးဖောက်မှုများကြားတွင် မြန်မာစစ်အစိုးရက ငလျင်အပြီး အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုး

ချိုးဖောက်မှုများကြားတွင် မြန်မာစစ်အစိုးရက ငလျင်အပြီး အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုး

မေလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မကြာသေးမီက အပစ်အခတ်ရပ်စဲရေးကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားသော နယ်မြေများကို လေကြောင်းတိုက်ခိုက်မှုနှင့် မော်တာပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသော်လည်း အပစ်အခတ်ရပ်စဲရေးကို ယခုလကုန်အထိ သက်တမ်းတိုးကြောင်း မြန်မာစစ်တပ်က ကြေညာထားသည်ဟု Babgkok Pst သတင်းကမေလ ၆ရက်နေ့တွင်ဖော်ပြသည်။ အပစ်အခတ် ရပ်စဲရေး သက်တမ်းတိုးခြင်းသည် မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် ပျက်စီးသွားသော ဒေသများတွင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရန်နှင့် တာရှည်ခံပြီး စစ်မှန်သော ငြိမ်းချမ်းရေးကို စတင်ရန် ရည်ရွယ်ထားကြောင်း အာဏာလုစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More
မဲဆောက်သေနတ်သမား နောက်ဆက်တွဲသတင်း

မဲဆောက်သေနတ်သမား နောက်ဆက်တွဲသတင်း

မေလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မဲဆောက်မြို့လယ်တွင် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဖမ်းဆီးခဲ့ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် လမ်းမများပေါ်တွင် ပြောင်းရှည် ပစ္စတိုသေနတ်တစ်လက်ဖြင့်အကြိမ်ကြိမ် ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးကို မေလ ၆ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သည်ဟု Bangkok Pst သတင်းကဖော်ပြသည်။ အနုဖန်ဟု အမည်ရသော အသက် ၄၃ နှစ်အရွယ် အမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ၎င်း၏ မွမ်းမံပြင်ဆင်ထားသော သေနတ်ကို သိမ်းဆည်းကာ မဲဆောက်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း အစိုးရ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အတည်ပြုပြောကြားသည်။ (more…)
Read More
မေလ ၆ရက်နေ့တွင် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် ထိုင်းအရှေ့မြောက်ပိုင်းတို့တွင် ငလျင်လှုပ်ခတ်မှု ၁၀ ​​ခုရှိ

မေလ ၆ရက်နေ့တွင် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် ထိုင်းအရှေ့မြောက်ပိုင်းတို့တွင် ငလျင်လှုပ်ခတ်မှု ၁၀ ​​ခုရှိ

မေလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ပြင်းအား ၁ ဒသမ ၃ မှ ၃ ဒသမ ၀ ရှိ အပျော့စားငလျင် ၁၀ ကြိမ်အား မြန်မာနိုင်ငံမြောက်ပိုင်းနှင့် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းတို့တွင်မေလ ၆ ရက်နေ့ နံနက်ပိုင်းက မှတ်တမ်းတင်ခဲ့ကြောင်း ထိုင်းမိုးလေဝသဌာနမှ သိရသည်ဟု The Nation သတင်းကဖော်ပြသည်။ ထိုင်းနိုင်ငံတွင် လှုပ်ခတ်မှု ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း မြေငလျင်စောင့်ကြည့်ရေးဌာနမှ သတင်းထုတ်ပြန်ထားသည်။ (more…)
Read More
ပြိုကျခဲ့သည့်ထိုင်းနိုင်ငံ စာရင်းစစ်ချုပ်ရုံး (SAO)၏ စီမံကိန်းကြီးကြပ်မှုအစီရင်ခံစာတွင် အင်ဂျင်နီယာ ၂၈ဦး၏လက်မှတ်များမှာ အတုဖြစ်နေဟုဆို

ပြိုကျခဲ့သည့်ထိုင်းနိုင်ငံ စာရင်းစစ်ချုပ်ရုံး (SAO)၏ စီမံကိန်းကြီးကြပ်မှုအစီရင်ခံစာတွင် အင်ဂျင်နီယာ ၂၈ဦး၏လက်မှတ်များမှာ အတုဖြစ်နေဟုဆို

မေလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ပြိုကျခဲ့သည့်ထိုင်းနိုင်ငံ နိုင်ငံတော် စာရင်းစစ်ချုပ်ရုံး (SAO) အဆောက်အဦအတွက် စီမံကိန်းစီမံခန့်ခွဲရေးကုမ္ပဏီ PKW Joint Venture လက်အောက်ရှိ အင်ဂျင်နီယာ ၃၆ ဦးအနက် ၂၈ ဦးသည် စီမံကိန်းကြီးကြပ်မှုအစီရင်ခံစာတွင် ၎င်းတို့၏ လက်မှတ်များမှာအတုများဖြစ်ကြောင်း စုံစမ်းရေးမှူးများအား ပြောကြားခဲ့သည်ဟု Thai Enquire သတင်းကဖော်ပြသည်။ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) ၏ ပြောရေးဆိုခွင့်ရှိသူ ရဲမှူး Woranan Srilam က ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ သိမ်းဆည်းရမိသော စာရွက်စာတမ်းဘူး ၁၂၁ ဘူးအား တာဝန်ရှိသူများက ကနဦး ပြန်လည်စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပစ္စည်းများအား အုပ်စုသုံးစု ခွဲခြားထားပြီး ဖက်စပ်လုပ်ငန်းမှ စာရွက်စာတမ်းများ (ဆောက်လုပ်ရေး၊ ဝယ်ယူရေးနှင့် အကောင်အထည်ဖော်ရေးဆိုင်ရာ)၊ ကြီးကြပ်ရေးဆိုင်ရာ စာရွက်စာတမ်းများ (ဒီဇိုင်းပြောင်းလဲမှု အဆိုပြုချက်များအပါအဝင်) နှင့် SAO၊ ပရောဂျက်ပိုင်ရှင်ထံမှ စာရွက်စာတမ်းများဖြစ်ကြသည်ဆိုဟုဆိုသည်။စာရွက်စာတမ်းအများစုသည် အမှုနှင့်သက်ဆိုင်သည်ဟု ယူဆကြပြီး အသေးစိတ်စစ်ဆေးမှုခံယူရမည်ဖြစ်သည်။ မသက်ဆိုင်သောပစ္စည်းများ ပြန်လည်ပေးအပ်မည်ဟုလည်းသတင်းကဆိုသည်။ DSI သည် ရှင်းလင်းချက်များအတွက် စာရွက်စာတမ်းပိုင်ရှင်များကို ဆင့်ခေါ်မည်ဖြစ်ပြီး ၊နောက်ထပ်သက်သေများကို ခေါ်နိုင်သည်။ (more…)
Read More
ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ရက္ခိုင့်တပ်မတော်၏ ပြင်ဆင်မှု သတင်းမှာ မှားယွင်းနေဟုဆို

ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ရက္ခိုင့်တပ်မတော်၏ ပြင်ဆင်မှု သတင်းမှာ မှားယွင်းနေဟုဆို

မေလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် မြန်မာနိုင်ငံမှ ရခိုင့်တပ်မတော်က စစ်ဆင်ရေးအတွက် ပြင်ဆင်နေသည်ဟု ဆိုသည့် ရုပ်သံဖိုင်တစ်ခုကိုဖြစ်ရပ်မှန်စစ်ဆေးရေး အဖွဲ့ ကစစ်ဆေးခဲ့ရာတွင် သတင်းမှားဖြစ်ကြောင်းတွေ့ရှိခဲ့သည်ဟု BSS News ကမေလ ၅ရက်တွင်ဖော်ပြသည်။ စုံစမ်း စစ်ဆေးရေး အဖွဲ့ မှ စစ်ဆေး မှု အရ အခြား နေရာ တစ်ခု တွင်ရိုက်ကူးခဲ့သည့်ဗီဒီယို အဟောင်း တစ်ခုကိုဘင်္ဂလားဒေ့ရှ် နယ် စပ်တွင် ရခိုင့်တပ်တော်ကစစ်ရေး အရ ပြင်ဆင် နေသည့် အခင်းအကျင်း ဖြစ်သည် ဟု ဆိုကာ ပျံ့နှံ့ နေသည် ကို တွေ့ရှိ ရသည်။ (more…)
Read More
ဆီးရီးယားမိုဒယ် Game Theory နှင့်သမ္မတ စကားလဲ တစ်ခါတရံ အရေးတယူထားကြပါရန်

ဆီးရီးယားမိုဒယ် Game Theory နှင့်သမ္မတ စကားလဲ တစ်ခါတရံ အရေးတယူထားကြပါရန်

ဆီးရီးယားမိုဒယ် Game Theory နှင့်သမ္မတ စကားလဲ တစ်ခါတရံ အရေးတယူထားကြပါရန် ---------------------------------------------- မေလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဆီးရီးယားပြည်တွင်းစစ်ပြီးသွားတဲ့အခါ အနောက်တိုင်းမီဒီယာအများစုက ဆီးရီးယားမှာရှိ့တဲ့ ရုရှားစစ်အခြေစိုက်စခန်းတွေဖြစ်တဲ့ တာတတ်စ် ရေတပ်စခန်းနဲ့ ဟာမေးမီးစ်လေတပ်စခန်းတွေကနေ ထွက်သွားရတော့မယ်ဆိုပြီး ရေးသားကြပါတယ်။ လက်တွေ့မှာ ဆီးရီးယားမှာရှိတဲ့ ရုရှား ရေတပ်နဲ့လေတပ်စစ်စခန်းများကို ဆီးရီးယားအစိုးရသစ်ကဆက်လက်ခွင့်ပြုရတဲ့အခြေအနေဖြစ်ပါတယ်။ ဆီးရီးယားအစိုးရသစ်ကို အမေရိကန်အထူးသံတွေလာတွေ့ပြီး အကြမ်းဖက်အဖွဲ့ကနေပယ်ဖျက် ပေးခဲ့ပါတယ်။နောက်ရုရှားနိုင်ငံခြားရေးဝန်ကြီးလာတွေ့ပြီးတဲ့နောက် ရုရှားနဲ့ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းမယ်အသံထွက်လာပါတယ်။ ရုရှားဖက်က တာတတ်စ် ရေတပ်အခြေစိုက်စခန်းကို "လူသားခြင်းစာနာမှုဆိုင်ရာ ထောက်ပံ့ရေးအတွက်" ဆက်လက်ဖွင့်လှစ်သွားမယ်ဆိုပါတယ်။ဆီးရီးယားနိုင်ငံရဲ့ စားနပ်ရိက္ခာအများစုဟာ ရုရှားအပါ်မှီခို နေရတာဖြစ်လို့ ဆီးရီးယားအတွက် အရေးပါနေပါတယ်။ ဆီးရီးယားမှာရှိ့တဲ့ရုရှား ရေတပ်အခြေစိုက်စခန်းတွေဟာ စစ်အေးကာလအတွင်း ၁၉၇၀ကျော်ကာလတွေကဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။မြေထဲပင်လယ်နဲ့အာဖရိကဒေသအတွက် အရေးပါတဲ့စခန်းတွေဖြစ်ပါတယ်။ဒီစခန်းတွေလက်လွတ်လိုက်ရရင်ရုရှားရဲ့ မြေထဲပင်လယ်နဲ့အာဖရိကစိုးမိုးရေးလက်လွတ်သွားမှာဖြစ်ပါတယ်။ ၂၀၁၁ လောက်ကထဲကစခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ်ဟာ အမေရိကန်၊ရုရှား၊တူရကီ၊ကာတာနဲ ဒေသတွင်းနိုင်ငံများက အကူအညီ ပေးကြပြီး အဖွဲ့တွေကလည်းစုံနေပါတယ်။ မှုလက ရုရှားဟာ ဝင်မပါသေးပဲ ၂၀၁၅ မှာ IS အဖွဲ့တွေအားကောင်းလာတဲ့အချိန်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ဝင်လာပါတယ်။ တူရကီကလည်းသူ့နယ်စပ်မှာ ကဒ်အတိုက်အခံတွေ အားကောင်းလာတာကိုထိပ်လန့်လာပြီးကဒ်အဖွဲ့‌ကိုဝင်တိုက်ပြန်ပါတယ်။အမေရိကန်ကလည်း ဆီးရီးယားအတိုက်အခံအဖွဲ့တစ်ခုဖက်က နေ IS တွေကိုဝင်တိုက်ပြန်ပါတယ်။ အီရန်ကလည်း ရှီးယားအုပ်စုတွေနဲ့အာဆတ်ဖက်က ဝင်လာပြန်ပါတယ်။ဒီလိုရှုတ်ထွေးနတဲ့အ ခြေအနေမှာ အာဆတ်ဟာ ရုရှားနဲ့အီရန်ကိုအားပြုရပ်တည်နေရရင်း အာဏာကိုဆက်ထိမ်းထားပါတယ်။ (more…)
Read More
ဆိုက်ဘာလိမ်လည်မှုများနှင့် ဆက်နွှယ်နေသည့် မြန်မာစစ်ခေါင်းဆောင်နှင့် ပြည်သူ့စစ်များကို အမေရိကန်ဘဏ္ဍာရေးဌာနက ပိတ်ဆို့အရေးယူ

ဆိုက်ဘာလိမ်လည်မှုများနှင့် ဆက်နွှယ်နေသည့် မြန်မာစစ်ခေါင်းဆောင်နှင့် ပြည်သူ့စစ်များကို အမေရိကန်ဘဏ္ဍာရေးဌာနက ပိတ်ဆို့အရေးယူ

မေလ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အမေရိကန်ပြည်ထောင်စုကလူမှောင်ခိုကူးမှုနှင့် နယ်စပ်ဖြတ်ကျော် မှောင်ခိုကူးသန်းရောင်းဝယ်မှုများနှင့်ဆိုက်ဘာလိမ်လည်မှုများကို နှိမ်နှင်းရန်အတွက်မြန်မာနိုင်ငံမှ စစ်ဘုရင်တစ်ဦး၊ ၎င်း၏သားနှစ်ဦးနှင့် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးတို့ကို ပစ်မှတ်ထားကာ ပိတ်ဆို့အရေးယူမှုအသစ်များကိုမေလ ၅ ရက်တွင် ချမှတ်လိုက်ကြောင်း ဘဏ္ဍာရေးဌာနက ပြောသည်ဟာ CNA သတင်းကမေလ ၆ရက်တွင်ဖော်ပြသည်။ (more…)
Read More