ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်တွင်တိုက်ပွဲများပြင်းထန်နေသဖြင့် ထိုင်းနိုင်ငံထဲသို့ ဒုက္ခသည်များထပ်မံရောက်ရှိလာ

ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်တွင်တိုက်ပွဲများပြင်းထန်နေသဖြင့် ထိုင်းနိုင်ငံထဲသို့ ဒုက္ခသည်များထပ်မံရောက်ရှိလာ

ဧပြီလ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာစစ်တပ်နှင့် KNLA တပ်ဖွဲ့တို့ ဧပြီလ ၁၈ ရက်မှစတင်ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာဒုက္ခသည်များ ထိုင်းဘက်သို့ ပိုမိုဝင်ရောက်လာကြောင်း ထိုင်းတပ်မတော် Rachamanu Task Force မှ သတင်းထုတ်ပြန်ထားသည်ဟု Khaosod သတင်းက ဧပြီ ၁၉ ရက်ကဖော်ပြသည်။ (more…)
Read More
မလေးဝန်ကြီးချုပ် NUG နှင့်တွေ့ဆုံခဲ့

မလေးဝန်ကြီးချုပ် NUG နှင့်တွေ့ဆုံခဲ့

ဧပြီလ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့်မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဘန်ကောက်တွင် တွေ့ဆုံသည့်အကြောင်းအား မက်ဆေ့ချ်နှင့်ဓာတ်ပုံများကို ဧပြီ ၁၈ ရက်နေ့က FB တွင်တင်ခဲ့သည်ဟု Khaosod သတင်းကဖော်ပြသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ဧပြီ ၁၇ ရက်နေ့ညနေပိုင်း တွင်ထိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာ သက်ဆင် ရှင်နာဝပ် ဦးဆောင်သောအာဆီယံ သဘာပတိ အလွတ်သဘော အကြံပေးအဖွဲ့နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ (more…)
Read More
ထိုင်းနိုင်ငံမှ အရေးပေါ်ဆေးပညာရှင်များအဖွဲ့ဒုတိယအသုတ် မြန်မာသို့ထွက်ခွာ

ထိုင်းနိုင်ငံမှ အရေးပေါ်ဆေးပညာရှင်များအဖွဲ့ဒုတိယအသုတ် မြန်မာသို့ထွက်ခွာ

ဧပြီလ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံမှ အရေးပေါ်ဆေးပညာရှင်များအဖွဲ (EMT)မှ အဖွဲ့ဝင် လေးဦးသည် မန္တလေးမြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်သေဆုံးရသူများအား ဆေးဝါးကုသမှုနှင့် ကုသရေးများ ဆောင်ရွက်ပေးရန်အတွက် ဧပြီ ၁၈ ရက်နေ့ကဘန်ကောက်မြို့မြန်မာသို့ ထွက်ခွာခဲ့တယ်လို့ Khaosod သတင်းကဖော်ပြသည်။ ငလျင်ဒဏ်ခံရသူအများစုမှာ လက်ရှိတွင် ဆေးရုံတက်ကုသခွင့် မရရှိသေးသဖြင့် ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အယောက် ၃၀ ဖြင့် ဖွဲ့စည်းထားသည့် အဆိုပါ ထိုင်းအသင်းသည် မြန်မာနိုင်ငံတွင် တစ်ပတ်ကြာလာရော က်မှာဖြစ်ပြီး ပြန်လာမည့် ပထမဆုံးသော ထိုင်းအဖွဲ့ကိုလည်း အစားထိုးမည်ဖြစ်သည်။ (more…)
Read More
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်အမေရိကန်ကျောထောက်နောက်ခံပြုထားသည့်လျှို့ဝှက်စစ်ဆင်ရေးများကို ဘင်္ဂလားဒေ့ရှ် တပ်မတော်က ဦးဆောင်မည်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်အမေရိကန်ကျောထောက်နောက်ခံပြုထားသည့်လျှို့ဝှက်စစ်ဆင်ရေးများကို ဘင်္ဂလားဒေ့ရှ် တပ်မတော်က ဦးဆောင်မည်

ဧပြီလ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ရခိုင်ပြည်နယ်နှင့် ​ မြန်မာစစ်အစိုးရထိန်းချုပ်ထားသောနယ်မြေများကို သိမ်းယူမည့် အမေရိကန်၏ အစီအစဉ်တစိတ်တပိုင်းတခုအနေဖြင့် ရက္ခိုင့်တပ်မတော်နှင့် ချင်းအမျိုးသားတပ်ဦး (CNF) အပါအဝင် မဟာမိတ်တပ်ဖွဲ့များသို့ ထောက်ပံ့ရေးနှင့် အခြားနည်းဗျူဟာဆိုင်ရာ အထောက်အပံ့များ ပေးအပ်ရာတွင် ဘင်္ဂလားဒေ့ရှ် တပ်မတော်၏ အနည်းဆုံး တပ်ရင်း ၃ ခု ပါဝင်မည်ဖြစ်သည်ဟု North West News သတင်းက ဧပြီ ၁၅ရက်ကဖော်ပြသည်။ တပ်မ ၁၀၊ ၁၇ နှင့် တပ်မ ၂၄ တို့ကို အစီအစဥ်တစိတ်တပိုင်းအဖြစ် တပ်ဖြန့်ထားဖွယ်ရှိသော်လည်း အဆိုပါတပ်ဖွဲ့များသည် မည်သည့် စစ်ရေးအခန်းကဏ္ဍမှ ပါဝင်မည်မဟုတ်ကြောင်းနှင့် ရခိုင်ပြည်နယ်ရှိ လက်နက်ကိုင်မဟာမိတ်တပ်ဖွဲ့များအတွက် ထောက်ပံ့ပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများကိုသာ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် လုံခြုံရေးသတင်းရင်းမြစ်က Northeast News သို့ အတည်ပြုပြောကြားခဲ့သည်။ စစ်တပ်၏ ထောက်ပံ့ပို့ဆောင်ရေး ရှုထောင့်မှကြည့်လျှင် ဘင်္ဂလားဒေ့ရှ် တပ်မတော်သည် တက္ကနတ်မြို့အနီးတွင် ကြီးမားသော လုပ်ငန်းကို စတင်လုပ်ဆောင်နေပြီဖြစ်ပြီး အမေရိကန်၏အထောက်အပံ့ဖြင့်ညွန့်ပေါင်းတပ်ဖွဲ့ဝင်များ အသုံးပြုမည့် ရိက္ခာနှင့် အခြားပစ္စည်းမျာ းကို ပို့ဆောင်မည့် အစီအစဉ်မှာ ယခုအခါ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၃ ခုကိုသာထိန်းချုပ်ထားနိုင်တော့သည့်မြန်မာစစ်အစိုးရကိုထိရောက်စွာ တိုက်ခိုက်နိုင်ရန် ဖြစ်သည်ဟုဆိုသည်။ ယင်းမှာ အမေရိကန်နိုင်ငံ၏ကြားခံစစ်ပွဲ၏အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။ထို့အပြင် ကော့ဘဇားလေဆိပ် တိုးချဲ့မှုသည် ၎င်း၏နောက်ဆုံးအဆင့်တွင် ရှိနေပြီး ဘင်္ဂလားဒေ့ရှ် လုံခြုံရေးသတင်းရင်းမြစ်များ က ဖော်ပြသည့်အတိုင်း မောင်းသူမဲ့လေယာဉ်များ လည်ပတ်ရန်အတွက် တူရကီလုပ်ဒရုန်းအခြေစိုက်စခန်းအဖြစ် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလာမည့် ပဋိပက္ခများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်သည်။ (more…)
Read More
အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင်လုပ်ကိုင်ခဲ့သော နိုင်ငံခြားသားများကို DKBA ကပြောင်းရွှေ့နေရာချ

အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင်လုပ်ကိုင်ခဲ့သော နိုင်ငံခြားသားများကို DKBA ကပြောင်းရွှေ့နေရာချ

ဧပြီလ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) သည် အီသီယိုးပီးယား၊ ကင်မရွန်း၊ ရဝမ်ဒါ၊ နိုင်ဂျီးရီးယား၊ ဆီယာရာလီယွန်၊ မာလာဝီ၊ ဇင်ဘာဘွေနှင့် ဗီယက်နမ် စသည့် လူမျိုးများပါဝင်သော နိုင်ငံခြားသား ၂၇၇ ဦးကို ပြောင်းရွှေ့နေရာချထားကြောင်း Khaosod သတင်းကဧပြီ ၁၈တွင်ဖော်ပြသည်။ (more…)
Read More
မကွေးထောင်တိုက်ခိုက်ခံရပြီးနောက် နှစ်တရာကျော်မတရားဖမ်းဆီးထားသူ တောင်တွင်းဒေသခံနိုင်ကျဉ်း၂ဦးကို ထောင်အာဏာပိုင်တွေနှိပ်စက်နေ

မကွေးထောင်တိုက်ခိုက်ခံရပြီးနောက် နှစ်တရာကျော်မတရားဖမ်းဆီးထားသူ တောင်တွင်းဒေသခံနိုင်ကျဉ်း၂ဦးကို ထောင်အာဏာပိုင်တွေနှိပ်စက်နေ

ဧပြီလ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မကွေးတိုင်း၊ မကွေးဗဟိုအကျဉ်းထောင် (ဒေါင်းနေထောင်) တိုက်ခိုက်ခံရပြီးနောက် အကျဉ်းထောင်တွင်းရှိ နှစ် ၁၀၀ကျော်မတရားပြစ်ဒဏ်ချမှတ်ခံနေရတဲ့ တောင်တွင်းကြီးဒေသခံ နိုင်ကျဉ်း၂ဦးကို ထောင်အာဏာပိုင်တွေက သေလုမျောပါး ရိုက်နှက်နှိပ်စက်နေတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတဦးကသောင်ရင်းသတင်းလွှာကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၃ရက်နေ့ ညပိုင်းက မကွေးဗဟိုအကျဉ်းထောင် (ဒေါင်းနေထောင်)နဲ့ ရဲတပ်ရင်း ၂၅ကို ဒေသတော်လှန်ရေးတပ်ဖွဲ့က ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တဲ့ဖြစ်စဉ်မှာ ထောင်တွင်းက နိုင်ကျဉ်းတွေပါဝင်ပတ်သတ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဗိဿနိုးPDF တာဝန်ခံဟောင်းဖြစ်သူ အောင်ခန့်ဦးခေါ်ပါလေးနဲ့ NLD ပါတီမှ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင် (ခေါ် ) ကိုလှိုင်လှိုင်တို့ကို ထောင်အာဏာပိုင်တွေက သေလောက်တဲ့အထိ နှိပ်စက်ရိုက်နှက်နေတာလို့ဆိုပါတယ်။ (more…)
Read More
စစ်ဒဏ် ငလျင်ဒဏ် ဆတိုးခါးစည်းခံနေရတဲ့ ပြည်သူ

စစ်ဒဏ် ငလျင်ဒဏ် ဆတိုးခါးစည်းခံနေရတဲ့ ပြည်သူ

ဧပြီလ ၉၊ ၂၀၂၅။ သောင်ရင်းသတင်း စစ်ကောင်စီဟာ ရှေးရိုးစွဲအမြင်ရှိပြီး အမြင်ကျဥ်းမြောင်းသည့် အမျိုးသားရေးဝါဒီများလည်းဖြစ်၍ ငလျင်ဒဏ်သင့် ပြည်သူများအရေးထက် ပြိုကျသွားသော ဘာသာရေးအဆောက်အဦးများ ပြန်တည်ဆောက်ရေးကို ဦးစားပေးနေသဖြင့် ထိခိုက်ဒဏ်ရာရ လူနာများအတွက် ဆေးဝါးကုသရေးနှင့် ပြန်လည်သန်စွမ်းရေးကို အလေးပေးဆောင်ရွက်ခြင်းရှိမနေပါ။ ဗေဒင်ကိန်းခန်းတွေကို ယုံကြည်နေတဲ့ စစ်ကောင်စီဟာ စစ်ကိုင်းကို ဗဟိုပြုတဲ့ မြေငလျင်ကြီးကိုတောင် "မန္တလေးငလျင်ကြီး"လို့ ခေါ်ရမယ်ဆိုပြီး အတင်းတွေ အဓမ္မတွေ အမိန့်ထုတ်ပြန်တာကို ကြည့်ရင် သူတို့ဟာ ကျိုးကြောင်းယုတ္တိခိုင်မာရေးထက် အတိတ်နမိတ်တွေ အခါတော်အယူတော်တွေဆိုတဲ့ ရှေးဗေဒင်ယတြာတွေကိုပဲ ပိုယုံကြည်လက်ခံနေတာ အထင်အရှားပါပဲ။ နိုင်ငံတကာအသိုင်းအဝိုင်းကို ဦးတည်ပစ်မှတ်ထားပြီး သံခင်းတမန်ခင်း လက်တံဆန့်ဖို့ကြိုးစားနေပေမယ့်လည်း မင်းအောင်လှိုင်စစ်အုပ်စုဟာ မြေပြင်မှာ တကယ်အုပ်ချုပ်နိုင်စွမ်းမရှိတဲ့အဖြစ်ကို ကျနော်တို့ အားလုံး သိမြင်နေကြရပါတယ်။မြေငလျင်ဘေးအန္တရာယ်သင့်တဲ့ ဇုန်တွေမှာတောင် အဆင့်ဆင့်ဖွဲ့စည်းထားတဲ့ စီမံကြီးကြပ်ရေးအဖွဲ့တွေကို မတွေ့ရပါဘူး။လက်နက်ကိုင်စစ်သားတွေအားကိုးပြီး သဘာဝဘေးဒဏ်သင့်ပြည်သူကို ထပ်မံဖိနှိပ်တာမျိုးတွေပဲ တွေ့နေရပါတယ်။ငလျင်ဘေးအတွက် အလှုခံတဲ့အဖွဲ့တွေ၊ကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ မလိုအပ်ဘဲ ထောက်ခံစာတွေ၊ခွင့်ပြုချက်တွေယူဖို့ ရပ်ကွက်ရုံး၊ထွေအုပ်ရုံး၊ရဲစခန်း စတာတွေသွားစောင့်ရတာဟာ ဗျုရိုကရေစီဆန်ဆန် ဖိနှိပ်မှုလို့ ပြောလို့ရသလို တမင်စိတ်ပျက်ပြီး ပြည်သူကို ကယ်ဆယ်ရေးမလုပ်နိုင်အောင် နှောင့်ယှက်မှုတရပ်လည်းဖြစ်နေပါတယ်။ စစ်ဒဏ် ငလျင်ဒဏ် ဆတိုးခါးစည်းခံနေရတဲ့ပြည်သူ ----------------------------------------------------------------- မြေငလျင်ဆိုတဲ့ သဘာဝဘေးအန္တရာယ်ကြီးဟာ မမျှော်လင့်ထားဘဲ ကျရောက်လို့လာခဲ့ပါတယ်။ဖေဖော်ဝါရီလ ၂၈ ရက် နေ့လည် ၁၂ နာရီ ၅၁ မိနစ်မတိုင်ခင်အထိ ဒီဘေးဆိုးကြီး ကြုံရမယ်လို့ ဗမာပြည်ကလူတွေ ဘယ်သူမှကြိုမသိထားကြပါဘူး။ ငလျင်ဒဏ်ဟာ ထန်ပြင်းလှတဲ့ စွမ်းအားနဲ့ ကျနော်တို့အားလုံးရဲ့ အသက်တွေ၊ဘဝတွေ၊ မျှော်လင့်ချက်တွေကို ထိုးနှက်ရိုက်ပုတ်လိုက်ပါတယ်။တချို့တွေ မြေကြီးပေါ် လဲပြိုကျခဲ့ရသလို တချို့တွေ မြေအောက် အမှောင်ကမ္ဘာထဲကို အရှင်လတ်လတ် ကျဆင်းသွားခဲ့ရပါတော့တယ်။…
Read More
အင်အားပြင်းငလျင်လှုပ်ခတ်မှုဘေးသင့်နေချိန် အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် လေကြောင်းနှင့် လက်နက်ကြီးများဖြင့်တိုက်ခိုက်မှုအခြေအနေ

အင်အားပြင်းငလျင်လှုပ်ခတ်မှုဘေးသင့်နေချိန် အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် လေကြောင်းနှင့် လက်နက်ကြီးများဖြင့်တိုက်ခိုက်မှုအခြေအနေ

အင်အားပြင်းငလျင်လှုပ်ခတ်မှုဘေးသင့်နေချိန် အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် လေကြောင်းနှင့် လက်နက်ကြီးများဖြင့်တိုက်ခိုက်မှုအခြေအနေ ———————————————————————— ၂၀၂၅ ခုနှစ် ၊ မတ်လ (၂၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် မြေငလျင်ဘေးဒဏ်ကို ကြုံတွေ့နေရပြီးနောက်ပိုင်း တပတ်အတွင်း အကြမ်းဖက်စစ်အုပ်စု သည် လေကြောင်း နှင့် လက်နက်ကြီးဖြင့် တိုက်ခိုက်မှုစုစုပေါင်း (၉၂)ကြိမ် ပြုလုပ်ခဲ့ရာ အသက် ၁၈ နှစ်အောက်ကလေးငယ် (၆) ဦး၊ အမျိုးသမီး အယောက်(၃၀)အပါအဝင် အရပ်သားပြည်သူ (၇၂) ဦး အသက်ဆုံးရှုံးခဲ့ရသည်။ (more…)
Read More
ဖလမ်းကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီကင်းစင်ခဲ့ပြီလို့ ချင်းညီနောင်တရားဝင်ထုတ်ပြန်

ဖလမ်းကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီကင်းစင်ခဲ့ပြီလို့ ချင်းညီနောင်တရားဝင်ထုတ်ပြန်

ဧပြီလ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ချင်းပြည်နယ်၊ ဒုတိယမြို့တော်ဖြစ်တဲ့ ဖလမ်းမြို့ကို အလုံးစုံထိုးစစ်ဆင်တိုက်ခိုက်ပြီး မြို့ကိုအပြီးသတ်သိမ်းပိုက်ကာ စစ်ကောင်စီကင်းစင်နယ်မြေဖြစ်သွားပြီလို့ ချင်းညီနောင်စစ်ဆင်ရေးအဖွဲ့က တရားဝင်ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ (more…)
Read More

အာဏာနှင့်ဥစ္စာဓနရှာဖွေခြင်း၊မြေမှန်သမျှလုယက်သိမ်းပိုက်ကြခြင်းတို့ကြောင့်မြေရှင်ပဒေသရာဇ်လက္ခဏာလည်းအပြည့်ရှိနေကြသည်။ ၆၂ ၊၈၈အာဏာသိမ်းမျိုးဆက်နှစ်ဆက်မှ အာဏာ၊ဥစ္စာဓန နှင့်မြေယာများစွာပိုင်ဆိုင်သောလူတန်းစားတစ်ရပ်ပေါ်ထွက်လာခဲ့ရာ အဆိုပါလူတန်းစား၏ လက္ခာများကိုခြုံ၍ စစ်ဗျုရိုကရက် ပဒေသရာဇ် အရင်းရှင်လူတန်းစား အဖြစ် လက်တစ်ဆုပ်စာပေါ်ထွန်းလာခဲ့သည်။ အဆိုပါ စစ်ဗျူရိုကရက်မြေရှင်ပဒေသရာဇ်အရင်းရှင်လူတန်းစားကြီးသည်တိုင်းပြည်စီးပွားရေးကို လက်ဝါးကြီးအုပ်ချယ်လှယ်ထားကြသည်။၎င်းတို့ဘက်ပေါင်းစုံချယ်လှယ်ထားမှုအောက်မှ သာမန်ရောင်းရေးဝယ်တာ၊ကုန်စည်ဖြန့်ချီရေးကူးသန်းရောင်းဝယ်ရေး၊ကုန်စည်ထုတ်လုပ်ရေးလုပ်ငန်းများသည်လည်းဖြေးဖြေးမှန်မှန်နှင့် နိုင်ငံအနှံ့ ဖြစ်ထွန်းလာသည်။ ယေဘူယအားဖြင့် အလတ်စား၊အသေးစား ကုန်ထုတ်လုပ်ငန်းများ၊ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ၊မိရိုးဖလာစီးပွားရေးလုပ်ငန်းများ၊ခေတ်သစ်စီးပွားရေးဘဝ စွန့်ဦးတီထွင်လုပ်ငန်းရှင်များစသဖြင့် များပြားလှသောလုပ်ငန်းမျိုးစုံဖြစ်သည်။ အဆိုပါလူတန်းစားသည် ဘူဇွာအဆင့်သို့တက်လှမ်းရန်အားယူနေသော ပတ်တီးဘူဇာဇီ ဘူဇွာပေါက်စများဖြစ်ကြသည်။ဖြစ်ထွန်းစဘူဇွာအစုမှ ဘူဇွာပေါက်စများထဲမှ ထွန်းသစ်စဓနရှင် ရိုက်ဇင်းဘူဇွာအချို့အဖြစ်လည်းပေါ်ထွက်လာသည်။ ဘူဇွာအုပ်စုများသည်လည်း စစ်ဗျူရိုကရက်‌ပဒေသရာဇ်အရင်းရှင်အုပ်စု၏ အောက်တွင် စီးပွားရေး ဗိုလ်ကျစိုးမိုးမှုနှင့်ဖိနှိပ်မှု့ ခံနေရသည်။သူတို့၏ဓနရှင်များအဖြစ်တက်လှမ်းရန်၊အရင်းရှင်များအဖြစ်တက်လှမ်းရန် တက်လမ်းမှန်သမျှကို စစ်ဗျူရိုကရက်ပဒေသရာဇ်အရင်းရှင်များနှင့်လက်ဝေခံခရိုနီများမှနည်းမျိုးစုံဖြင့်ပိတ်ဆို့ထားသည်။

ဧပြီလ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ(ဆောင်းပါး) အာဏာနှင့်ဥစ္စာဓနရှာဖွေခြင်း၊မြေမှန်သမျှလုယက်သိမ်းပိုက်ကြခြင်းတို့ကြောင့်မြေရှင်ပဒေသရာဇ်လက္ခဏာလည်းအပြည့်ရှိနေကြသည်။ ၆၂ ၊၈၈အာဏာသိမ်းမျိုးဆက်နှစ်ဆက်မှ အာဏာ၊ဥစ္စာဓန နှင့်မြေယာများစွာပိုင်ဆိုင်သောလူတန်းစားတစ်ရပ်ပေါ်ထွက်လာခဲ့ရာ အဆိုပါလူတန်းစား၏ လက္ခာများကိုခြုံ၍ စစ်ဗျုရိုကရက် ပဒေသရာဇ် အရင်းရှင်လူတန်းစား အဖြစ် လက်တစ်ဆုပ်စာပေါ်ထွန်းလာခဲ့သည်။ အဆိုပါ စစ်ဗျူရိုကရက်မြေရှင်ပဒေသရာဇ်အရင်းရှင်လူတန်းစားကြီးသည်တိုင်းပြည်စီးပွားရေးကို လက်ဝါးကြီးအုပ်ချယ်လှယ်ထားကြသည်။၎င်းတို့ဘက်ပေါင်းစုံချယ်လှယ်ထားမှုအောက်မှ သာမန်ရောင်းရေးဝယ်တာ၊ကုန်စည်ဖြန့်ချီရေးကူးသန်းရောင်းဝယ်ရေး၊ကုန်စည်ထုတ်လုပ်ရေးလုပ်ငန်းများသည်လည်းဖြေးဖြေးမှန်မှန်နှင့် နိုင်ငံအနှံ့ ဖြစ်ထွန်းလာသည်။ ယေဘူယအားဖြင့် အလတ်စား၊အသေးစား ကုန်ထုတ်လုပ်ငန်းများ၊ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ၊မိရိုးဖလာစီးပွားရေးလုပ်ငန်းများ၊ခေတ်သစ်စီးပွားရေးဘဝ စွန့်ဦးတီထွင်လုပ်ငန်းရှင်များစသဖြင့် များပြားလှသောလုပ်ငန်းမျိုးစုံဖြစ်သည်။ အဆိုပါလူတန်းစားသည် ဘူဇွာအဆင့်သို့တက်လှမ်းရန်အားယူနေသော ပတ်တီးဘူဇာဇီ ဘူဇွာပေါက်စများဖြစ်ကြသည်။ဖြစ်ထွန်းစဘူဇွာအစုမှ ဘူဇွာပေါက်စများထဲမှ ထွန်းသစ်စဓနရှင် ရိုက်ဇင်းဘူဇွာအချို့အဖြစ်လည်းပေါ်ထွက်လာသည်။ ဘူဇွာအုပ်စုများသည်လည်း စစ်ဗျူရိုကရက်‌ပဒေသရာဇ်အရင်းရှင်အုပ်စု၏ အောက်တွင် စီးပွားရေး ဗိုလ်ကျစိုးမိုးမှုနှင့်ဖိနှိပ်မှု့ ခံနေရသည်။သူတို့၏ဓနရှင်များအဖြစ်တက်လှမ်းရန်၊အရင်းရှင်များအဖြစ်တက်လှမ်းရန် တက်လမ်းမှန်သမျှကို စစ်ဗျူရိုကရက်ပဒေသရာဇ်အရင်းရှင်များနှင့်လက်ဝေခံခရိုနီများမှနည်းမျိုးစုံဖြင့်ပိတ်ဆို့ထားသည်။ =========================================================================================================== မြန်မာဘူဇွာတွေ စစ်တပ်ရဲ့ဒုတိယဇူစကာ စစ်ဆင်ရေးဖြင့်ဒေဝါလီမခံရချင်ရင် တော်လှန်ရေးမှာငွေနဲ့ပါကြ ------------------------------------------------------------------------------------------------------------------------ ဥရောပနိုင်ငံများတွင် ‌ကံကြွေးချမြေရှင်ပဒေသရာဇ်စနစ်၊ကျောင်းတော်ဘာသာရေးဖြင့်လွမ်းမိုးထားသည့်ခေတ်က မြေပိုင်ရှင်လော့ခ်လက်တစ်ဆုပ်စာနှင့်ဘုရားကျောင်းများသာ လောကနိဗ္ဗန်ရောက်နေကြသည်။ကျန်သည့်ဥရောပပြည်သူများ၏ဘဝကား ဆိုးရွားနိမ့်ကျသည်ထက်ဆိုးရွားလှသည်။ ဥရောပရှိမြေအားလုံးကို ပဒေသရာဇ်များ၊မြေရှင်နယ်စားကြီးများနှင့် ဘုန်းတော်ကြီးကျောင်းများမှပိုင်ဆိုင်ထားကြသည်။သူတို့မှလွဲ၍ကျန်သူများမှာမြေကျွန်များနှင့်ကျေးတော်မျိုးကျွန်တော်မျိုးများသာဖြစ်ကြသည်။ ကူးသန်းရောင်းဝယ်ရေးရှိလာသည့်အတွက် ကုန်သည်များလည်းရှိလာသည်။ မြေရှင်များ၏ရဲတိုက်များဝန်းကျင်တွင် ဟိုမှ၊ဒီမှကုန်စည်များရောင်းချထားသည့်ဈေးမြို့များပေါ်လာသည်။ အဆိုပါဈေးမြို့များကို ပြင်သစ်စကားဖြင့် ဘူးရ်များဟုခေါ်ကြသည်။အဆိုပါမြို့များတွင် ကူးသန်းရောင်းဝယ်ဖောက်ကားကြသောလူတန်းစားတစ်ရပ်ပေါ်လာသည်။ထိုလူတန်းစားကို ဘူဇွာဇီများဟုခေါ်ကြသည်။ဈေးရောင်းဈေးဝယ် ကုန်သည်လူတန်းစားဖြစ်သည်။ ကုန်ထုတ်လုပ်မှု့လုပ်ငန်းများ၊ရောင်းရေးဝယ်တာလုပ်ငန်းများထွန်းကားလာသော်အခါ လုပ်ငန်းများတိုးချဲ့ရန်မြေလိုလာသည်။ ထိုစဉ်က ဥရောပ မြေမှန်သမျှသညိ မြေရှင်ပဒေသရာဇ်လူတန်းစားနှင့် ဘုန်းတော်ကြီးများလက်ထဲတွင်သာရှိနေသည်။ ကုန်သည်လူတန်းစားသည်ကူးသန်းရောင်းဝယ်ရင်းအရင်းအနှီး၊ဓနဥစ္စာများစုဆောင်းမိလာသည်။ဥရောပဘုရင်များနှင့်မြေရှင်များသည် ဇိမ်ခံလွန်း၍ ငွေကြေးအကျပ်အတည်းဖြစ်ကြလေ့ရှိရာ ဘူဇွာလူတန်းစားထံမှချေးငှားကြရသည်။ ဘူဇွာလူတန်းစားသည် ၎င်းတို့စီးပွားရေးအတွက် လိုအပ်သည့်မြေနှင့်နေရာအကွက်အကွင်းအတွက် အုပ်ချုပ်သူပဒေသရာဇ်ပိုင်မြေများနှင့် ဘုန်းတော်ကြီးများပိုင်မြေများကို လိုအပ်လာသည်။ဤသို့ပြောင်းလဲလာသောစီးပွားရေးစနစ်ကြောင့် အဆိုပါဘူဇွာလူတန်းစားသည်လုပ်ပိုင်ခွင့် အာဏာလိုလာသည်။ ပဒေသရာဇ်တို့ထံမှ စီးပွားရေးလွတ်လပ်စွာလုပ်ပိုင်ခွင့်၊မြေနေရာများရရှိရေးအတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲ လုပ်ရန်အားထုတ်လာကြသည်။ထို့အပြင် ဥရောပမြေများ၏ ၄၀ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီး တရားတော်နှင့်မညီပဲဇိမ်ခံယစ်မှုးနေကြသောဘုန်းတော်ကြီးများ ထံမှ မြေနှင့် အရင်းအနီုးများအတွက် သာသနာတော်ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာကြသည်။ ဘူးရ်မြို့နေကုန်သည်လူတန်းစားများ၊ဘူဇွာများ၏ နိုင်ငံရေးပြုပြင်ပြောင်လဲမှုကို ဘူဇွာတော်လှန်ရေးနှင့်…
Read More