ရန်ကုန်မှာ တီဘီရောဂါကူးစက်မှု အမြန်ထိန်းချုပ်ဖို့ လိုအပ်နေ

ရန်ကုန်မှာ တီဘီရောဂါကူးစက်မှု အမြန်ထိန်းချုပ်ဖို့ လိုအပ်နေ

စက်တင်ဘာ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ တနိုင်ငံလုံးက တီဘီလူနာအားလုံးရဲ့ ၃ ပုံ ၁ ပုံဟာ ရန်ကုန်မှာရှိနေပြီး အမြန်ထိန်းချုပ်ရမယ့်အနေအ ထားဖြစ်တယ်လို့ ရန်ကုန်တိုင်း တီဘီရောဂါတိုက်ဖျက်ရေးတာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောတယ်လို့ ဘီဘီစီက စက်တင်ဘာ ၆ ရက်ကဖော်ပြပါတယ်။ "တီဘီရောဂါကူးစက်ခံရပြီး ဘာလက္ခဏာမပြဘဲ စစ်ဆေးမှပေါ်လာတဲ့သူတွေများနေတယ်" လို့ တီဘီရောဂါတိုက်ဖျက်ရေးတာဝန်ရှိသူက ပြောပါတယ်။ ၂၀၂၀ ခုနှစ် အချက်အလက်အရ နိုင်ငံတဝန်းမှာရှိတဲ့ တီဘီ ရောဂါသည် ၄ ပုံ ၁ ပုံက ရန်ကုန်မြို့နေထိုင်တယ်လို့ တီဘီရောဂါကာကွယ်ကုသရေးလုပ်ခဲ့တဲ့ ပြည်တွင်းက NGO/အရပ်ဖက်အဖွဲ့တစ်ခုရဲ့ တာဝန် ရှိသူက ဘီဘီစီကို ဒီနှစ်စပိုင်းမှာ ပြောထားပါတယ်။ ရန်ကုန်မြို့နေလူထုရဲ့ လူဦးရေ တစ်သိန်းမှာ တီဘီလူနာ ၈၇၀ ရှိနေပြီး ဒါဟာ ကမ္ဘာ့တီဘီရောဂါလူနာ အများဆုံးဖြစ်နေတဲ့ အာဖရိကနိုင်ငံတွေရဲ့ လူနာအရေအတွက်ကို နီးကပ်လာတဲ့အနေအထားမှာရှိနေပါတယ်။ အာဖရိကနိုင်ငံတွေမှာ လူတစ်သိန်းမှာ တီဘီလူနာ ၁၀၀၀ ရှိတာ ဖြစ်ပါတယ်။ "အစောပိုင်းဆေးစစ်လို့တွေ့ရင် ရောဂါကူးစက်ခံထားရတာကို မယုံကြဘူး။ (more…)
Read More
ကိုရီးယားသမ္မတနိုင်ငံနဲ့ WFP တို့ မြန်မာနိုင်ငံမှာစံချိန်တင် ငတ်မွတ်ခေါင်းပါးမှုအဆင့်ကို ကိုင်တွယ်ဖြေရှင်းဖို့ ‘REACH’ ပရောဂျက်ကို စတင်ခဲ့

ကိုရီးယားသမ္မတနိုင်ငံနဲ့ WFP တို့ မြန်မာနိုင်ငံမှာစံချိန်တင် ငတ်မွတ်ခေါင်းပါးမှုအဆင့်ကို ကိုင်တွယ်ဖြေရှင်းဖို့ ‘REACH’ ပရောဂျက်ကို စတင်ခဲ့

စက်တင်ဘာ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကိုရီးယားသမ္မတနိုင်ငံ (တောင်ကိုရီးယား) နဲ့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ဟာပဋိပက္ခဒဏ်ခံရတဲ့ အိမ်ထောင်စုတွေအတွက် အရေးပေါ်အကူအညီ (REACH) နဲ့တုံ့ပြန်ခြင်း၊မြန်မာနိုင်ငံရှိ ပဋိပက္ခဒဏ်ခံခဲ့ရတဲ့မိသားစုတွေအတွက် အရေးပေါ်အကူအညီတွေပေးအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပဏာမခြေလှမ်းကို စတင်လိုက်ပြီဖြစ်တယ်လို့ WFP ကစက်တင်ဘာ၄ ရက်မှာထုတ်ပြန်ပါတယ်။ ဆက်လက်ဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေ၊အစုလိုက်အပြုံလိုက်အ ရွှေ့ပြောင်းနေထိုင်မှုနဲ့ ၂၀၂၅ မတ်လ ငလျင်လှုပ်ခတ်မှုကြားမှာငတ်မွတ်မှု နက်ရှိုင်းလာနေတဲ့နေရာတွေကိုရည်ရွယ်တယ်လို့ဆိုပါတယ်။ ကိုရီးယားသမ္မတနိုင်ငံက အမေရိကန်ဒေါ်လာ ၁၀ သန်း ပံ့ပိုးကူညီမှုနဲ့ကျောထောက်နောက်ခံပြုထားတဲ့ REACH ဟာ WFP က ပဋိပက္ခနဲ့ငလျင်ဒဏ်ကြောင့် ပြင်းထန်စွာ ထိခိုက်ခံစားရတဲ့ လူမှုအသိုင်းအဝိုင်းတွေကိုစားနပ်ရိက္ခာအတွက် အသက်ကယ်ရိက္ခာနဲ့ငွေသားတွေကို ပေးပို့နိုင်မှာဖြစ်ပါတယ်။ REACH ကတဆင့် WFP ဟာ ပဋိပက္ခနဲ့ငလျင်ဒဏ်ခံဒေသတွေရှိ လူ ၃၀၀,၀၀၀ ကို ရိက္ခာ/သို့မဟုတ် ငွေသားအကူအညီ နှစ်လ ပံ့ပိုးပေးမှာဖြစ်ပါတယ်။ ဒါ့အပြင်ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နဲ့ ကလေး ၂၄,၀၀၀ တို့ကိုအာဟာရချို့တဲ့မှုကို ကာကွယ်ကုသရာမှာ ကူညီရန် ပစ်မှတ်ထားတဲ့ အာဟာရအထောက်အပံ့ကို ရရှိမှာဖြစ်ပါတယ်။ (more…)
Read More
ဖူးခက်ကစားသောက်တစ်ဆိုင်ကို မြန်မာအလုပ်သမားတွေကိုပဲတရားမဝင်အသုံးပြုလို့ ဝင်ရောက်စီးနင်း

ဖူးခက်ကစားသောက်တစ်ဆိုင်ကို မြန်မာအလုပ်သမားတွေကိုပဲတရားမဝင်အသုံးပြုလို့ ဝင်ရောက်စီးနင်း

စက်တင်ဘာ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံဖူးခက်မြို့မှာ မြန်မာနိုင်ငံသားတစ်ဦးရဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို အာဏာပိုင်တွေက ဝင်ရောက်စီးနင်းပြီး နိုင်ငံခြားသား အလုပ်သမားတွေ လုံးလုံးလျားလျား တရားမဝင် လုပ်ကိုင်နေတာကို တွေ့ရှိပြီးနောက် ဖမ်းဆီးလိုက်တယ်လို့ The Thaiger သတင်းကစက်တင်ဘာလ ၆ရက်မှာဖော်ပြပါတယ်။ သူငယ်ချင်းဆိုင် လို့အမည်ပေးထားတဲ့ အဆိုပါနေရာဟာ ဖူးခက်မြို့၊ ဘန်ကောက်လမ်းရှိ Public Market 1 နောက်မှာ တည်ရှိပါတယ်။ ၎င်း၏ရဲ့လုပ်ငန်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ဒေသခံတွေဆီက တိုင်ကြားမှုတွေရရှိ အပြီးမှာ ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်တယ်ဘန်ကောက်ပို့စ် သတင်းအရ သိရပါတယ်။ ဖူးခက်ခရိုင် လုံခြုံရေး အရာရှိချုပ် ဦးဆောင်တဲ့ တာဝန်ရှိသူတွေက စစ်ဆေးရေး အဖွဲ့တစ်ဖွဲ့က ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ စားသောက်ဆိုင်ဟာထိုင်းဝန်ထမ်းမရှိတဲ့မြန်မာနိုင်ငံသား သီးသန့် ဝန်ထမ်းဆိုင်ဖြစ်တယ်လို့ ၎င်းတို့ တွေ့ရှိခဲ့ပါတယ်။ ဆိုင်းဘုတ်တွေ၊မီနူးတွေ၊ အော်ဒါစာရွက်တွေနဲ့ ဖြတ်ပိုင်းတွေအားလုံးကို မြန်မာဘာသာနဲ့သာ ရေးသားထားတယ်လို့လည်းသတင်းကဆိုပါတယ်။ ဖောက်သည်အများစုဟာလည်း မြန်မာအသိုင်းအဝိုင်းကဖြစ်ပါတယ်။ ဆိုင်တာဝန်ခံဖြစ်သူ အသက် ၃၇ နှစ်အရွယ် ဇော်မင်းလတ်ကို တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့ပါတယ်။ (more…)
Read More
စင်္ကြာဝဋာ တံတိုင်းခုံရုံးရှိ့သေးရင် အခွင့်သင့်ရင်အတူလိုက်မယ် ။ ရိုထမင်း၊ရိုဟင်း တစ်နပ်မှ မစားထားဘူး

စင်္ကြာဝဋာ တံတိုင်းခုံရုံးရှိ့သေးရင် အခွင့်သင့်ရင်အတူလိုက်မယ် ။ ရိုထမင်း၊ရိုဟင်း တစ်နပ်မှ မစားထားဘူး

စက်တင်ဘာ ၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဗိုလ်ျုပ်ထွန်းမြတ်နိုင်မှ- ----“ကျနော်တို့က ဘင်္ဂါလီလို့ သုံးနှုန်းလိုက်တယ် ဆိုတာက သူတို့ကို အထင်သေး အမြင်သေးနဲ့ အယူအဆ လုံးဝ မပါဘူး။ ဒီစကားလုံးတွေကို မဆွေးနွေးဖြစ်အောင် အငြင်းခုံ ပုံစံမျိုး မဖြစ်အောင် ကျနော် ရှောင်ရှားတယ်။ ဒါပေမယ့် အခုက စကားကြုံလို့ နည်းနည်းလောက် ထည့်ပြောတဲ့ သဘောပါ။ ဟိုဘက်က မွတ်စလင်တွေကို အထင်အမြင် တိမ်းစောင်းဖို့ လုံးဝ မယူဆပါဘူး။ ဘင်္ဂါလီလို့ ကျနော်တို့ သုံးနှုန်းတာက အောက်ကျနောက်ကျ နေစရာမရှိတဲ့ လူမျိုး မဟုတ်ဘူး။ ဘင်္ဂါလီဆိုတာ ကမ္ဘာမှာ သူ့ရဲ့ ethnicity ပေါ့ဗျာ။ သူ့ရဲ့ မနုဿဗေဒဆိုင်ရာ လူမျိုးကို ရည်ညွှန်းပြီး ပြောတာ ဖြစ်တယ်။ ဘင်္ဂါလီဆိုတာ ကမ္ဘာပေါ်မှာ ဆိုရင် ဥပမာ Ethnic Han ပေါ့ဗျာ။ တရုတ်လူမျိုးဆိုရင် အကြီးဆုံးနံပါတ် ၁ ပဲ။ အာရတ် လူမျိုးဆိုရင် အကြီးဆုံး နံပါတ် ၂ လူမျိုး၊ ဘင်္ဂါလီဆိုတာ ဒါ တတိယလောက် ဖြစ်တယ်။ ကမ္ဘာမှာ လူဦးရေ သန်း၂၅၀ အထက်ကို ရှိတယ်။ သူတို့က Bay of Bengal အိန္ဒိယသမုဒ္ဒရာနဲ့ တကယ့် အကျယ်ပြန့်ဆုံးနဲ့ ရှေးအကျဆုံးလူမျိုး တမျိုး ဖြစ်တယ်။ သမိုင်းဆိုရင် ရှေးကျတယ်။ နက္ခတ်ပညာ၊ စာပေ၊ ဂီတ အကုန်လုံးကို တကယ့် ကျယ်ပြန့်တဲ့ လူမျိုး ကြီး ဖြစ်တယ်။ အင်ဒို-…
Read More
Bhumjaithai ပါတီ ခေါင်းဆောင် အနုတင် ချန်ဝီရကူလ် ထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ်သစ် ဖြစ်လာ

Bhumjaithai ပါတီ ခေါင်းဆောင် အနုတင် ချန်ဝီရကူလ် ထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ်သစ် ဖြစ်လာ

စက်တင်ဘာ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ Bhumjaithai ပါတီခေါင်းဆောင် အနုတင် ချန်ဝီရကူလိကို People's Party က ထောက်ခံတဲ့အောင်မြင်တဲ့ ညွန့်ပေါင်း ညှိနှိုင်းမှုနဲ့ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခြင်းခံရတယ်လို့ The Nation သတင်းကစက်တင်ဘာ၅ရက်မွန်းလွဲပိုင်းမှာဖော်ပြပါတယ်။ (more…)
Read More
စစ်အစိုးရကလုပ်မယ့်ရွေးကောက်ပွဲကိုကရင်ပြည်နယ် နယ်ခြားစောင့်တပ်က ထောက်ခံတယ်လို့ထုတ်ပြန်

စစ်အစိုးရကလုပ်မယ့်ရွေးကောက်ပွဲကိုကရင်ပြည်နယ် နယ်ခြားစောင့်တပ်က ထောက်ခံတယ်လို့ထုတ်ပြန်

စက်တင်ဘာ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ စစ်အုပ်စုနောက်လိုက် BGF ဗဟိုအကြံပေးနဲ့ ကွပ်ကဲမှုအဖွဲ့မှနယ်ခြားစောင့်တပ်(ကရင်ပြည်နယ်)၊က ၂၀၂၅ ဒီဇင်ဘာမှာလုပ်မယ့်စစ်အစိုးရရဲ့ရွေးကောက်ပွဲကိုထောက်ခံတယ်လို့ စက်တင်ဘာ ၅ရက်နေ့ကထုတ်ပြန်ပါတယ်။ ၂၀၂၅ခုနှစ် ဒီဇင်ဘာလမှာ ကျင်းပမယ့်မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့အနာဂတ်အတွက် အရေးကြီးကြောင်း နားလည်သဘောပေါက်ထားပြီး ဒီမိုကရေစီစနစ်သို့ ကူးပြောင်းကာ ပြည်သူများအတွက် တည်ငြိမ်အေးချမ်းပြီး လုံခြုံသောဘဝများ ဖန်တီးပေးမှာဖြစ်တယ်လို့​ထုတ်ပြန်ချက်ကဆိုပါတယ်။ (more…)
Read More
ထိုင်းဝန်ကြီးချုပ်ကိုရွေးချယ်ရာမှာ ဒီမိုကရက်တစ်ပါတီကမဲမပေးဘူးလို့ဆို

ထိုင်းဝန်ကြီးချုပ်ကိုရွေးချယ်ရာမှာ ဒီမိုကရက်တစ်ပါတီကမဲမပေးဘူးလို့ဆို

စက်တင်ဘာ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဒီမိုကရက်တစ်ပါတီက ထိုင်းဝန်ကြီးချုပ်တစ်ဦးကိုကိုရွေးချယ်ရာမှာ မဲမပေးဘဲနေမယ်လို့ ပြောကြားခဲ့တာ်လို့ Thsi Enquirer သတင်းကစက်တင်ဘာ ၅ရက်မှာဖော်ပြပါတယ်။ (more…)
Read More
ဟိုပန်မြို့မှာ ရွေးကောက်ပွဲ အကြောင်းပြကာ လူထုစည်းရုံးတာ၊ အခကြေးငွေပေးပြီး မဲဆွယ်စည်းရုံးတာမျိုး တွေ့ရှိကတိုင်ကြားနိုင်လို့ဆို

ဟိုပန်မြို့မှာ ရွေးကောက်ပွဲ အကြောင်းပြကာ လူထုစည်းရုံးတာ၊ အခကြေးငွေပေးပြီး မဲဆွယ်စည်းရုံးတာမျိုး တွေ့ရှိကတိုင်ကြားနိုင်လို့ဆို

စက်တင်ဘာ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ "ဝ" ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် - UWSA ထိန်းချုပ်နယ်မြေ ဟိုပန်နဲ့ ပန်လုံမြို့တွေမှာ စစ်ကောင်စီက ကျင်းပမဲ့ လာမယ့်ရွေးကောက်ပွဲအတွက် လူထုစည်းရုံးရေးဆင်းတာ၊ မဲဆွယ်စည်းရုံးတာမျိုး တွေ့ရှိပါက တရားစီရင်ရေးဌာနသို့ တိုင်ကြားနိုင်တယ်လို့ "ဝ" လူငယ့်အသံရဲ့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောတယ်လို့ Wa News Land ကစက်တင်ဘာ ၅ရက်မှာဖော်ပြပါတယ်။ အခုလို အသိပေးချက်ကို မနေ့စက်တင်ဘာလ ၄ ရက် မနက်ပိုင်းမှာ ပြုလုပ်တဲ့ "ဝ" ပြည်နယ်၊ စစ်မှုထမ်းဆိုင်ရာ ဥပဒေ၊ ပြစ်မှုတွေနဲ့ပတ်သက်ပြီး ချမှတ်အရေးယူနိုင်တဲ့ ပုဒ်မ၊ ဥပဒေဆိုင်ရာ အသိ ပညာပေး လူထုအစည်းအဝေးမှာ ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်တယ်လို့ တက်ရောက်ခဲ့တဲ့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ "အစည်းအဝေးမှာ ထည့်ပြောသွားတာ ဟုတ်တယ်။ အခြားအဖွဲ့အစည်း၊ ပါတီတွေက မဲထည့်ဖို့ လာစည်းရုံးတာမျိုးတို့၊ လက်မှတ်ဘာညာ လိမ်ပြီးထိုးခိုင်းတာတို့ အခကြေးငွေပေးပြီး မဲဆွယ်စည်းရုံးရေး လာလုပ်တာတို့ တွေ့ရင်တိုင်ကြားဖို့ အသိပေးထားတယ်။ (more…)
Read More
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဥရောပက မလွဲမသွေတောင်းဆိုရမှာဖြစ်ပြီး အဲဒီတောင်းဆိုချက်တွေကို လုပ်ဆောင်ချက်နဲ့ ထောက်ပံ့ပေးရမယ်လို့ဆို

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဥရောပက မလွဲမသွေတောင်းဆိုရမှာဖြစ်ပြီး အဲဒီတောင်းဆိုချက်တွေကို လုပ်ဆောင်ချက်နဲ့ ထောက်ပံ့ပေးရမယ်လို့ဆို

စက်တင်ဘာ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းပါဘူး။ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း အသက် ၈၀ အရွယ်မှာ နှလုံးရောဂါဟာ ပိုမိုဆိုးရွားလာတယ်လို့ ယုံကြည်ရလောက်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်လို့ Indepedent သတင်းကစက်တင်ဘာ ၄ ရက်မှာဖော်ပြပါတယ်။ သူဟာနှလုံးအထူးကုဆရာဝန်နဲ့ ပြသပေးဖို့ တောင်းဆိုခဲ့ပြီး အခုအချိန်အထိ ငြင်းဆိုခံထားရဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံကို အုပ်စိုးတဲ့စစ်အစိုးရဟာ သူ့ကိုအရှင်လတ်လတ် မြေမြှုပ်နှံဖို့နဲ့ အပြီးတိုင် ချုပ်နှောင်ထားဖို့တတ်နိုင်သမျှ လုပ်ဆောင်ခဲ့ပါတယ်။ နေပြည်တော် အနီးရှိ တောတွင်း အကျဉ်းထောင်မှာအချုပ်အနှောင် ခံနေရပါတယ်။ သူရင်ဆိုင်ခဲ့ရတဲ့ တရားရုံးစစ်ဆေးမှုအများအပြားမှာတရားမ၀င် လမ်းလျှောက်စကားပြောစက်တင်သွင်းခြင်းနဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေကိုချိုးဖောက်ခြင်းအပါအဝင် မထင်ရှားတဲ့ရာဇ၀တ်မှုတွေနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ကာလအတွင်း သူ့ကို ဗီဒီယိုလင့်ခ်ကနေတစ်ဆင့်သာ မြင်တွေ့ခဲ့ရပါတယ်။ အခုနှစ် ဇွန်လမှာ သူ့ရဲ့ အသက် ၈၀ နှစ်ပြည့် မွေးနေ့ကိုရောက်ရှိလာပြီဖြစ်ပြီး သူ့ အသက်အရွယ်ကို လိုက်လျောမှုမရှိဘဲ ဖြတ်သန်းခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ၅နှစ်ကြာတစ်ပိုင်းတစ်စ ဒီမိုကရေစီ အရသာကို နိဂုံးချုပ်စေခဲ့တဲ့ အာဏာသိမ်းမှု လေးနှစ်ပြည့် ဖေဖော်ဝါရီမှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီက “ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါ။ နိုင်ထက်စီးနင်း ဖမ်းဆီးထားသူတွေအားလုံးကို လွှတ်ပေးပါ။ မြန်မာပြည်သူတွေ ထိုက်တန်တဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီကို ပေးဆောင်ပါ” လို့ ပြောကြားခဲ့ပါတယ်။ မစ္စတာလမ်မီ က အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြောင်ပြောင်တင်းတင်း စွဲချက်တင်ပြီးအကျဉ်းချခြင်းရဲ့ ရိုင်းစိုင်းမှုနဲ့မတရားမှုတွေဟာတလျှောက်လုံး ထင်ရှားနေပါတယ်။ (more…)
Read More
အကျဉ်းချခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည် ဆိုးရွားတဲ့နှလုံးရောဂါနဲ့ရင်ဆိုင်နေရလို့သားဖြစ်သူက မိခင်ကျန်းမာရေး ဆိုးရွားလာမှာကို စိုးရိမ်နေ

အကျဉ်းချခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည် ဆိုးရွားတဲ့နှလုံးရောဂါနဲ့ရင်ဆိုင်နေရလို့သားဖြစ်သူက မိခင်ကျန်းမာရေး ဆိုးရွားလာမှာကို စိုးရိမ်နေ

စက်တင်ဘာ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဖြုတ်ချခံခဲ့ရတဲ့မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူက သူ့ရဲ့ ကျန်းမာရေး ယိုယွင်းလာမှုနဲ့ပတ်သက်​လို့ ပြတ်ပြတ်သားသား သတိပေးချက် ထုတ်ပြန်ထားပြီး သူ့ရဲ့ အရေးပေါ် ဆေးကုသမှု ခံယူခွင့်အတွက်စစ်အစိုးရကိုတောင်းဆိုထားပြီး၊နိုင်ငံတကာ အသိုင်းအဝိုင်းက ဝင်ရောက်ပါဝင်ကြဖို့လည်းတိုက်တွန်းတယ်လို့ Independent သတင်းက စက်တင်ဘာ ၄ရက်မှာဖော်ပြပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်အာဏာသိမ်းပြီးကတည်းက အကျဉ်းချခံထားရတဲ့၎င်းရဲ့ အသက် ၈ အရွယ် မိခင်ဖြစ်သူဟာ ပိုဆိုးလာတဲ့နှလုံးရောဂါကို ခံစားနေရတယ်လို့ သားဖြစ်သူ ကင်မအဲရစ်ကThe Independent ကိုပြောကြားခဲ့ပါတယ်။ “အမေရဲ့ ကျန်းမာရေးက ပိုဆိုးလာတာကို ကြားရတာ အရမ်းစိတ်မကောင်းဖြစ်မိပါတယ်” လို့ ကင်မ်က ဆိုပါတယ်။ "သူ့မှာ ဆက်လက်ဖြစ်ပွားနေတဲ့ နှလုံးရောဂါတွေရှိနေတယ်၊ ​​ချုပ်နှောင်ခံထားရပြီး မြင်ဖို့လိုအပ်တဲ့အခြေအနေတွေကြောင့် သံသယမကင်းနိုင်ဖြစ်ပြီး အကျဉ်းထောင်ပြင်ပက နှလုံးအထူးကုဆရာဝန်ဆီသွားပြခိုင်းခဲ့ပါတယ်။ ဒါကိုခွင့်ပြုပေးလားဆိုတာ ကျွန်တော်မသိနိုင်ပါဘူး"လို့လည်းသူကဆက်ပြောပါတယ်။ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း William Hague က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ စစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ အချိန်တန်ပြီ၊ ဒါဟာ နှောင့်နှေးမနေဘဲ မှန်ကန်တဲ့ ဆေးဝါးကုသမှု ခံယူခွင့်ရဖို့ ကျင့်ဝတ်နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တစ်ခုလည်း ဖြစ်ပါတယ်။” လို့ Hague ကပြောပါတယ်။ (more…)
Read More