ပြိုကျနေသောထိုင်းနိုင်ငံတော်စာရင်းစစ်ချုပ်ရုံးထဲ ဖိုင်များဝင်ခိုးသူတရုတ်နိုင်ငံသား ၄ဦးကိုလျှော့ပေါ့စွာပြစ်ဒဏ်ချမှတ်၍ မကျေနပ်မှုများဖြစ်ပေါ်နေ

ပြိုကျနေသောထိုင်းနိုင်ငံတော်စာရင်းစစ်ချုပ်ရုံးထဲ ဖိုင်များဝင်ခိုးသူတရုတ်နိုင်ငံသား ၄ဦးကိုလျှော့ပေါ့စွာပြစ်ဒဏ်ချမှတ်၍ မကျေနပ်မှုများဖြစ်ပေါ်နေ

ဧပြီလ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ပြိုကျခဲ့သည့် နိုင်ငံတော်စာရင်းစစ်ရုံး၏ ဆောက်လုပ်ရာတွင်လုပ်ငန်းဖော်ဖြစ်သည့် China Railway Number 10 မှ တရုတ်နိုင်ငံသား ၄ ဦးကို တရားရုံးတစ်ရုံးက သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးသက်သာစေရေး အက်ဥပဒေ ဖောက်ဖျက်မှုဖြင်း တစ်နှစ်ဆိုင်းငံ့ထောင်ဒဏ် ၂ လ နှင့်ဘတ်ငွေ ၆၀၀သာချမှတ်လိုက်သောကြောင့်မကျေနပ်မှုများဖြစ်ပေါ်နေကြောင်းသတင်းရရှိသည်။ ယင်းတို့ ၄ ဦးသည် ပြိုပျက်နေသော စာရင်းစစ်ချုပ်ရုံးထဲသို့ခိုးဝင်က ဆောက်လုပ်ရေးမှတ်တမ်းဆိုင်ရာအရေးကြီးဖိုင်တွဲ ၃၂ ခုကိုခိုးယူစဉ်ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ယင်းသတင်းကိုဖော်ပြခဲ့သည့် Khaosod သတင်းဌာန Facebook ရှိသတင်းအောက်ခြေတွင် မကျေနပ်မှုများကို စာဖတ်ပရိသတ်များကဖော်ပြခဲ့ကြခြင်းဖြစ်သည်။ (more…)
Read More
Bimstec ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတက်ရောက်မှာ ‘မသေချာ’

Bimstec ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတက်ရောက်မှာ ‘မသေချာ’

ဧပြီလ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ယခုသီတင်းပတ်အတွင်း ကျင်းပမည့် Bimstec ( ဘင်္ဂလားပင်လယ်အော်နိုင်ငံများ ကဏ္ဍ​ပေါင်းစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ကနဥ◌ီး) အစည်းအဝေးတွင် မြန်မာစစ်အစိုးရခေါင်းဆောင်၏ ပါဝင်မှုသည် မရေမရာဖြစ်နေကြောင်း အိမ်ရှင်ထိုင်းနိုင်ငံတာဝန်ရှိသူတွေထံကနေ သိရသည်ဟု Bangkok Post သတင်းကဖော်ပြသည်။ (more…)
Read More
ဂျပန်ကဆေးဘက်ဆိုင်ရာနည်းပညာအဖွဲ့စေလွှတ်

ဂျပန်ကဆေးဘက်ဆိုင်ရာနည်းပညာအဖွဲ့စေလွှတ်

ဧပြီလ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဂျပန်နိုင်ငံ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး ဆေးဘက်ဆိုင်ရာ နည်းပညာအဖွဲ့သည် ဧပြီ၂ရရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပါသည်။ (more…)
Read More
အဘယ်ကြောင့် မြန်မာနိုင်ငံမှာ ထိုသို့သော ဘေးဥပါဒ် ဖြစ်သနည်း

အဘယ်ကြောင့် မြန်မာနိုင်ငံမှာ ထိုသို့သော ဘေးဥပါဒ် ဖြစ်သနည်း

ဧပြီလ ၂၊ ၂၀၁၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံတွင်သဘာဝဘေးအန္တရာယ်နှင့်လူသားတွေရဲ့ ခံစားရမှု အတိုင်းအတာက တကယ့်ကို လွှမ်းခြုံထားသော်မယ့် အကူအညီမဲ့မှုသို့မဟုတ် အသုံးမကျမှုကိုတော့မိမိ လက်မခံပဲငြင်းဆိုပါသည်။ ထို့ကြောင့် ကျွန်ုပ်သည် မြန်မာလုပ်ဖော်ကိုင်ဖက်များ၏ အသံကို ဆက်လက်ချဲ့ထွင်ပြီး အဓိပ္ပာယ်ပြည့်ဝသော အကူအညီများကို ပေးနိုင်သည့် ယုံကြည်ရလောက်သော ရန်ပုံငွေပွဲများကို အကြံပြုပါသည်။ ယခုတစ်ခါတွင်တော့ မြန်မာပြည်၌သိခွင့်ရခဲ့သောအတောက်ပဆုံးနှင့် ထက္မြက်သော လူငယ်တစ်ယောက်၏ပို့စ်တစ်ခုကို မျှဝေချင်ပါသည်။ သူနှင့်စတွေ့စဉ်ကအရပ်ဘက်လူမှုအဖွဲ့အစည်းများမှာ တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ပြီး ပိုမိုကောင်းမွန်သော လုပ်ဆောင်နိုင်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းမှု၊ ပွင့်လင်းမှု၊ သည်းခံမှုရှိသည့်မြန်မာနိုင်ငံကို တည်ဆောက်လိုသောပညာတတ်လူငယ်အဖွဲ့တစ်ဖွဲ့ကို စုစည်းပြီး တက်ကြွသည့်သုတေသနစင်တာတစ်ခုကို တည်ထောင်ခဲ့ပါသည်။ (more…)
Read More

ငလျင်လှုပ်ပြီး ၅ရက်အကြာမှာ ဟိုတယ်အေးချမ်းသာထဲ ပိတ်မိနေတဲ့အမျိုးသားကို အသက်ရှင်လျှက်ကယ်ထုတ်

ဧပြီ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ဟိုတယ်အေးချမ်းသာ (၆) ထပ်အဆောက်အဦထဲ ပိတ်မိနေတဲ့အမျိုးသားတဦးကို အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဖြစ်ပါတယ်။ ဒီနေ့မှာ ငလျင်လှုပ်ခတ်ပြီး ၅ရက်မြောက်နေ့မှာ ဟိုတယ်အေးချမ်းသာ (၆) ထပ်အဆောက်အဦရဲ့ အောက်ဆုံး(၂)ထပ် ပြိုကျ ပိတ်မိနေတဲ့ အမျိုးသား (၁)ဦးအားငလျင်လှုပ်ခတ်ပြီး (၅) ရက်မြောက် ( ၁၂၁ နာရီကြာ ပိတ်မိနေသူ) ကိုအသက်ရှင်လျှက်ကယ်ဆယ်နိုင်ခဲ့တာလို့သိရပါတယ်။ #သောင်ရင်းသတင်းလွှာ #နေပြည်တော် #ဟိုတယ်အောင်ချမ်းသာ #ပိတ်မိနေသူကိုအသက်ရှင်လျှက်ကယ်ထုတ် #ငလျင်
Read More
တရုတ်ကြက်ခြေနီအကူအညီယာဥ်တန်းကို သေနတ်ပစ်ဖောက် သတိပေးခဲ့သည်ဟု စစ်ကောင်စီဝန်ခံ

တရုတ်ကြက်ခြေနီအကူအညီယာဥ်တန်းကို သေနတ်ပစ်ဖောက် သတိပေးခဲ့သည်ဟု စစ်ကောင်စီဝန်ခံ

ဧပြီ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၌တရုတ်ကြက်ခြေနီ အကူအညီယာဥ်တန်းအား မိုးပေါ် သို့သေနတ် ၃ ချက်ဖောက်၍ပစ်ခတ် သတိပေးခဲ့သည်ဟု စစ်ကောင်စီက ဝန်ခံပြောကြားသည်။ တရုတ်ကြက်ခြေနီ အကူအညီပေးရေးယာဥ်တန်းကို စစ်ကောင်စီတပ်က ဧပြီ ၁ရက်နေ့က ပစ်ခတ်ခဲ့သည်ဟုတအာင်းတပ်(TNLA)ရဲ့ ထုတ်ပြန်ပြောဆိုချက်ကို ဧပြီလ ၂ ရက်တွင်စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကယခုကဲ့သို့ တုံ့ပြန်ပြောဆိုခြင်းဖြစ်သည်။ (more…)
Read More

ထိုင်ဝမ်ကယ်ဆယ်ရေးတွေကို စစ်အုပ်စုက ပြည်ဝင်ခွင့်မပြုတဲ့အတွက် မြန်မာပြည်ဖွား ထိုင်ဝမ်ဒါရိုက်တာ ဝမ်းနည်းငိုကြွေးနေ

ဧပြီလ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ နိုင်ငံတဝှမ်း ငလျင်ဒဏ်သင့် ပြည်သူတွေကို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် လာရောက်ဖို့ ပြင်ဆင်နေတဲ့ ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့တွေကို စစ်အုပ်စုဘက်က ပြည်ဝင်ခွင့်မပေးတဲ့အပေါ် မြန်မာပြည်ဖွား ထိုင်ဝမ်ဒါရိုက်တာ ကျောက်သယ်ယင်ပူဆွေးသောကရောက်ကာ ငိုကြွေးခဲ့ရတယ်လို့ ရုတ်သံထဲမှာဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၈ရက်နေ့ မွန်းလွဲပိုင်းအချိန်က မန္တလေးအနီးဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ မြေလျင်ကြောင့် အထပ်အမြင့်အဆောက်အဦးတွေ ပြိုကျပျက်စီးခဲ့သလို လူပေါင်း ထောင်ချီသေဆုံးခဲ့ရတဲ့ ကိစ္စအတွက် ကူညီကယ်ဆယ်ရေးဆောင်ရွက်ဖို့ လာရောက်ကြမယ့် နိုင်ငံတကာ အကူအညီးပေးသူတွေနဲ့ သတင်းစာဆရာ တွေကို စစ်အုပ်စုဘက်က ကန့်သတ်ပိတ်ပင်တာတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။ #သောင်ရင်းသတင်းလွှာ #ဟောင်ကောင် #ငလျင် #စကစကပြည်ဝင်ခွင့်ပိတ်
Read More
BIMSTEC အစည်းအဝေးသို့ မင်းအောင်လှိုင် အွန်လိုင်းကတက်ရောက်ခြင်းကပိုကောင်းသည်ဟုဆို

BIMSTEC အစည်းအဝေးသို့ မင်းအောင်လှိုင် အွန်လိုင်းကတက်ရောက်ခြင်းကပိုကောင်းသည်ဟုဆို

ဧပြီလ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာစစ်အစိုးရခေါင်းဆောင် မင်းအောင်လှိုင်သည် ၆ ကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးကို လူကိုယ်တိုင်တက်ရောက်ခြင်းထက် အွန်လိုင်းတက်ရောက်ပါက ထိုင်းအစိုးရအတွက် ပိုကောင်းမည်ဟု Thammasat တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ Dulyapak Preecharush က ပြောသည်ဟု Thai Enquirer သတင်းကဧပြီ ၂ရက်တွင်ဖော်ပြသည်။ မင်းအောင်လှိုင်၏ ထိုင်းနိုင်ငံ ခရီးစဉ်သည် မြန်မာနိုင်ငံ ရွေးကောက်ပွဲ မတိုင်မီ စစ်အစိုးရအတွက် နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိရန် ကြိုးပမ်းမှု အဖြစ် ရှုမြင်ခံရဖွယ် ရှိကြောင်း ၎င်းက ရှင်းပြသည်။ (more…)
Read More
မြန်မာမှာ ငလျင်ဘေးကြောင့် လူပေါင်း ၂၇၀၀ကျော်သေဆုံးခဲ့တဲ့ငလျင်ဘေးအပြီးမှာ အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ သောက်ရေတွေ အရေးပေါ်လိုအပ်နေ

မြန်မာမှာ ငလျင်ဘေးကြောင့် လူပေါင်း ၂၇၀၀ကျော်သေဆုံးခဲ့တဲ့ငလျင်ဘေးအပြီးမှာ အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ သောက်ရေတွေ အရေးပေါ်လိုအပ်နေ

ဧပြီလ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံတွင် အဆိုးရွားဆုံး ငလျင်လှုပ်ခတ်ပြီးနောက် လူပေါင်း ၂၇၀၀ ကျော် သေဆုံးခဲ့သည့် ငလျင်အပြီးတွင် အမိုးအကာ၊ စားနပ်ရိက္ခာနှင့် ရေများ အရေးပေါ် လိုအပ်နေကြောင်း အကူအညီပေးရေး အဖွဲ့များက ပြောကြားခဲ့သော်လည်း နိုင်ငံ၏ ပြည်တွင်းစစ်ကြောင့် လိုအပ်နေသော အကူအညီများ လက်လှမ်းမမီနိုင်ဟု ဆိုသည်ဟု The Nation သတင်းကမတ်လ ၁ရက်တွင်ဖော်ပြသည်။ သေဆုံးသူ ၂၇၁၉ ဦးအထိ ရှိလာကာ ၃၀၀၀ ကျော်အထိ တိုးလာဖွယ်ရှိကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မတ်လ ၁ရက်နေ့မှာ ရုပ်မြင်သံကြား မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ လူပေါင်း ၄၅၂၁ ဦး ဒဏ်ရာရခဲ့ပြီး ၄၄၁ ဦး ပျောက်ဆုံးနေကြောင်း ၎င်းက ပြောသည်။ (more…)
Read More
ငလျင်သတင်းအမှတ်စဉ် ၅၆ နှင့် ငလျင်သတင်းအမှတ်စဉ် ၅၇

ငလျင်သတင်းအမှတ်စဉ် ၅၆ နှင့် ငလျင်သတင်းအမှတ်စဉ် ၅၇

မြန်မာ့မြေငလျင်သတင်းနှင့် ပတ်သက်၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဧပြီ ၂ရက်နေ့ကအောက်ပါအတိုင်းထုတ်ပြန်သည်။ (more…)
Read More