ငလျင်ဘေးသင့်ပြည်သူတွေကို ကူညီဖို့လာတဲ့ တရုတ်ကြက်ခြေနီအသင်းယာဉ်တန်းကို စစ်တပ်က ပစ်ခတ်

ငလျင်ဘေးသင့်ပြည်သူတွေကို ကူညီဖို့လာတဲ့ တရုတ်ကြက်ခြေနီအသင်းယာဉ်တန်းကို စစ်တပ်က ပစ်ခတ်

ဧပြီလ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ နိုင်ငံတဝှမ်း ငလျင်ဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေသယ်ဆောင်လာတဲ့ တရုတ်ကြက်ခြေနီအသင်းရဲ့ ယာဉ်၉စီးတန်းကိုစစ်အုပ်စုဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLAဘက်က သတင်းထုတ်ပြန်ထားပါတယ်။ (more…)
Read More
မြန်မာနိုင်ငံတွင် နောက်ဆက်တွဲငလျင် ၂၆၄ ခု လှုပ်ခတ်ခဲ့ပြီး အိမ်နီးချင်းထိုင်းနိုင်ငံကို ထိခိုက်ခဲ့

မြန်မာနိုင်ငံတွင် နောက်ဆက်တွဲငလျင် ၂၆၄ ခု လှုပ်ခတ်ခဲ့ပြီး အိမ်နီးချင်းထိုင်းနိုင်ငံကို ထိခိုက်ခဲ့

ဧပြီလ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံတွင် ကနဦးငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင် ၂၆၄ ခုအား ဧပြီ ၂ရက်နေ့အထိ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ထိုင်းမိုးလေဝသဌာန မြေငလျင်စောင့်ကြည့်ရေးဌာနက ပြောသည်ဟု The Nation သတင်းကဖော်ပြသည်။ ပြီးခဲ့သည့်မတ်လ ၂၈ ရက်နေ့တွင် မန္တလေးမြို့၌ ဗဟိုပြု၍ ပြင်းအား ၈.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး မြန်မာနှင့် ထိုင်းနိုင်ငံတို့ကို လှုပ်ခတ်ခဲ့ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြသည်။ (more…)
Read More
တရုတ်သံရုံးက ထိုင်းအဆောက်အအုံပြိုကျမှု စုံစမ်းစစ်ဆေးရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုပြီး မျှတတဲ့ စုံစမ်းစစ်ဆေးမှုကို အလေးပေးဟုဆို

တရုတ်သံရုံးက ထိုင်းအဆောက်အအုံပြိုကျမှု စုံစမ်းစစ်ဆေးရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုပြီး မျှတတဲ့ စုံစမ်းစစ်ဆေးမှုကို အလေးပေးဟုဆို

ဧပြီလ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မကြာသေးမီက ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျခဲ့တဲ့ ထိုင်းနိုင်ငံစာရင်းစစ်ချုပ်ရုံး (SAO) အဆောက်အဦ ဆောက်လုပ်ရာတွင် China Railway No.10 Engineering Group ၏ ပါဝင်ပတ်သက်မှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မီဒီယာများ၏ မေးမြန်းချက်ကို တုံ့ပြန်သည့်အနေဖြင့်ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း The Nation သတင်းကဧပြီလ ၂ရက်မှာဖော်ပြသည်။ တရုတ်သံရုံးသည် ထိုင်းအာဏာပိုင်များနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်မည်ဟု ကတိပြုထားပြီး တရားမျှတပြီး ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှုအပေါ် ၎င်း၏ယုံကြည်ချက်ကို အလေးပေးပြောကြားခဲ့သည်။ (more…)
Read More
စစ်အုပ်စုက ငလျင်ဘေးကူညီကယ်ဆယ်ရေးမလုပ်ဘဲ မင်းတပ်ကို ဗုံးကြဲ

စစ်အုပ်စုက ငလျင်ဘေးကူညီကယ်ဆယ်ရေးမလုပ်ဘဲ မင်းတပ်ကို ဗုံးကြဲ

ဧပြီ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ကို လေကြောင်းကနေ ပေါင်၅၀၀ ဗုံး၂လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။ မနေ့ ညနေ ၆နာရီ ၂၅မိနစ်ခန့်က မင်းတပ်မြို့ပေါ်ကို စစ်အုပ်စုဘက်က လေကြောင်းကနေတိုက်ခိုက်ခဲ့ရာ လူထိခိုက်မှုမရှိပေမယ့် ပြည်သူပိုင် အဆောက်အဦးအချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ပြောပါတယ်။ (more…)
Read More
အဘယ်ကြောင့် မြန်မာ့မြေငလျင်သည် စစ်အစိုးရကို ပြိုလဲစေနိုင်သနည်း

အဘယ်ကြောင့် မြန်မာ့မြေငလျင်သည် စစ်အစိုးရကို ပြိုလဲစေနိုင်သနည်း

ဧပြီလ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ပြည်တွင်းစစ်များကြားတွင် သမိုင်းဝင်ငလျင် ကပ်ဆိုးကြီး လှုပ်ခတ်မှုကြောင့် အာဏာသိမ်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်အာဏာရှင် အစိုးရသည် အန္တရာယ်နှင့် မရေရာသော အနေအထားတွင် ရှိနေသည်။ နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးတို့ အထူးသဖြင့် တပ်မတော်၏ နယ်မြေအတွင်း ပြင်းထန်စွာ ရိုက်ခတ်ခဲ့သည့် သဘာဝဘေးအန္တရာယ်သည် တစ်ပြိုင်နက်ထဲ အစိုးရ ပြိုလဲစေရန် ဦးတည်သွားမည်လား။ စစ်အစိုးရကိုဆန့်ကျင်သည့် သူပုန်အဖွဲ့များသည် ငလျင်ဒဏ်သင့် ဒေသများတွင် အပစ်အခတ်ရပ်စဲရေး ကြေညာထားပြီး ဒုက္ခသည်များထံ အကူအညီများ ပေးအပ်နိုင်ခဲ့သည်။ (more…)
Read More
မြွေကိုက်မခံရအောင် ကာကွယ်ပါ

မြွေကိုက်မခံရအောင် ကာကွယ်ပါ

ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ထွက်ပေါ်လာတတ်သည့် မြွေအန္တရာယ်ကို သတိပြုကာကွယ်နိုင်‌ရန်အတွက် အသိပညာပေးအချက်အလက်များကို ပြန်လည်စုစည်းဖော်ပြလိုက်ပါသည်။ ❗ မြွေကိုက်မခံရအောင် ကာကွယ်ပါ ❗ 𓆗𓆙 ၁။ သွားလာရာတွင် ရှူးဖိနပ်အပိတ် သို့မဟုတ် ဘွတ်ဖိနပ်ကို စီးနင်းပါ။ ခြေလှမ်းတိုင်း သတိထားပြီး တုတ်တစ်ချောင်းဖြင့် ခြောက်လှန့်ပါ။ ၂။ ညအချိန် သွားလာရာ၌ ဓာတ်မီးကို အသုံးပြုပါ။ ၃။ အိမ်နံရံ၌ မြွေဝင်နိုင်သော အပေါက်များရှိလျှင် ပိတ်ပါ၊ ၄။ အစားအစာနှင့် ရေကို အလုံပိတ်ဘူးများဖြင့် သိမ်းဆည်းပါ။ မွေးမြူရေးတိရစ္ဆာန်များကို အိမ်ပြင်ပ၌ ထားရှိပါ။ ၅။ ထင်းချောင်းပုံများကို အိမ်နှင့် ဝေးရာ၌ ထားရှိပါ။ ၆။ အိပ်ရာခုတင်များကို ကြမ်းပြင်အထက် မြှင့်ထားပါ။ ခြင်ထောင်ဖြင့် အိပ်ပါ။ ၇။ နေအိမ်ပတ်လည်ရှိ ချုံပုတ်များနှင့် အမှိုက်သရိုက်များကို ရှင်းလင်းပါ။ ၈။ မြွေကိုက်ခံရလျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းသွားပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ --------------------------- 🐍 မြွေကိုက်မခံရအောင် ကာကွယ်ပါ (ဘာသာစကားပေါင်းစုံနှင့် ပိုစတာများ) (Jan 2023) https://www.facebook.com/telehealthmm/posts/475611621442781 🐍 မြွေကိုက်မခံရအောင် သင် ဒါတွေလုပ်ပါ (Jan 2023) https://www.facebook.com/MoHNUGMyanmar/posts/549445073900941 🐍 မြွေကိုက်ခံရသူအား ရှေးဦးသူနာပြုစုခြင်း (Oct 2021) https://www.facebook.com/MoHNUGMyanmar/posts/238447504981530 🐍 မြွေကိုက်လူနာ ကုသရေး စံကိုက်လုပ်ငန်းလမ်းညွှန် (Nov 2022) https://www.facebook.com/MoHNUGMyanmar/posts/534204325425016 🐍 မြွေကိုက်လူနာများတွင် သွေးခဲမခဲ သိရှိနိုင်ရန် 20-Minute Whole Blood Clotting…
Read More
ငလျင်ဒဏ်ကြောင့် မြသိန်းတန်စေတီ ပြိုကျ

ငလျင်ဒဏ်ကြောင့် မြသိန်းတန်စေတီ ပြိုကျ

မတ်လ ၂၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ စစ်ကိုင်း၊ မင်းကွန်းဒေသရှိ မြသိန်းတန်စေတီ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။
Read More
တရုတ်နိုင်ငံ ယူနန်ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့  မြန်မာနိုင်ငံသို့ ရောက်ရှိလာ

တရုတ်နိုင်ငံ ယူနန်ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာ

မတ်လ ၂၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဒေသစံတော်ချိန် မတ်လ ၂၉ ရက် မနက် ၇:၁၀ တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးဆေးကုသ မှုအဖွဲ့ဝင် ၃၇ ဦး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်ဟု ရန်ကုန်မြို့ရှိတရုတ်သံရုံးကသတင်းထုတ်ပြန်သည်။ (more…)
Read More
မြေငလျင် နှင့် ​ဆောင်ရန် ၊​ရှောင်ရန်များ ကိုးကား-NUG ၊ USAID ၊Myanmar Red Cross

မြေငလျင် နှင့် ​ဆောင်ရန် ၊​ရှောင်ရန်များ ကိုးကား-NUG ၊ USAID ၊Myanmar Red Cross

မတ်လ ၂၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်၊‌ ရှောင်ရန်နှင့် သတိပြု ရန်အချက်များကို ထပ်မံ ဝေမျှလိုက်ပါသည်။ ~~~~~~~~~~ ငလျင်ဘေးအန္တရာယ်သည် ဖြစ်ပေါ်မည့် နေရာ၊ အချိန်နှင့် ပြင်းအားတို့ကို ကြိုတင် ခန့်မှန်း တွက်ချက်နိုင်ရန်ခက်ခဲပြီး ငလျင်ပြင်းအားပေါ်မူတည်၍ဖျက်ဆီးနိုင်စွမ်းမြင့်မားသည့် ဘေးအန္တရာယ် တစ်ခုဖြစ်ပါသည်။ သို့ဖြစ်ရာ ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်၊‌ ရှောင်ရန်နှင့် သတိပြုရန်အချက်များအား ပြည်သူများ သိရှိပြီး ကြိုတင်ပြင်ဆင်ခြင်းနှင့် အရေးပေါ်တုံ့ပြန်ခြင်းများ ဆောင်ရွက်နိုင်ရန် အကြံပြုတင်ပြအပ်ပါသည်။ မြန်မာပြည်သူလူထုအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ဖိနှိပ်မှုမျိုးစုံနှင့် မတရား အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် လူမှုဒုက္ခအဝဝကို ခံစားနေရချိန်တွင် သဘာဝဘေး အန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးရမှုများ ထပ်မံ မဖြစ်ပွားစေရေးအတွက် အထူးသတိပြု နေထိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။ မြန်မာနိုင်ငံသူ/နိုင်ငံသားများ ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေးနိုင်ကြပါစေ။ Credit - Ministry of Humanitarian Affairs and Disaster Management - NUG မြေငလျင် နှင့် ​ဆောင်ရန် ၊​ရှောင်ရန်များ ကိုးကား-NUG ၊ USAID ၊Myanmar Red Cross
Read More
မြေငလျင်လှုပ်ပြီးနောက်ပိုင်း မန္တလေးမြင်ကွင်း

မြေငလျင်လှုပ်ပြီးနောက်ပိုင်း မန္တလေးမြင်ကွင်း

မတ်လ ၂၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မတ်လ ၂၈ ရက် မွန်းလွဲပိုင်းက ပြင်းအား ၈ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် မန္တလေးတိုင်း ဒေသကြီးရှိ ဦးပိန်တံတား အပါအဝင် ပျက်စီးမှုပုံရိပ်များကို လူမှု ကွန်ရက်များတွင် ဝေမျှလျက်ရှိသည်ဟု Khaosod သတင်းကဖော်ပြသည်။  
Read More