ဒူဘိုင်းကိုထွက်ခွာရတဲ့အကြောင်းကို သက်ဆင်ကရှင်းပြ

ဒူဘိုင်းကိုထွက်ခွာရတဲ့အကြောင်းကို သက်ဆင်ကရှင်းပြ

စက်တင်ဘာ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက ၎င်းရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်ဟာ စင်ကာပူနိုင်ငံကို အစပိုင်းမှာ ပျံသန်းခဲ့ရာကနေ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းကိုလမ်းကြောင်းပြောင်းသွားတယ်လို့ရှင်းပြခဲ့တယ်လို့ The Nation သတင်းကစက်တင်ဘာ ၅ရက်မှာဖော်ပြပါတယ်။ စက်တင်ဘာ ၅ ရက် နံနက်အစောပိုင်းက ဒူဘိုင်းကို ရောက်ရှိပြီးနောက် ဆိုရှယ်မီဒီယာပလပ်ဖောင်း X မှာ သက်ဆင်က ၎င်းကိုနိုင်ငံရပ်ခြားမှာ ကုသပေးခဲ့တဲ့ ဆရာဝန်တစ်ဦးနဲ့ စင်ကာပူကိုသွားရောက်ပြီး ဆေးစစ်ဖို့ မူလက စီစဉ်ထားတယ်လို့ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိတွေက ၎င်းကိုဩဂုတ်လကုန်မှာစော်ကားမှု စွဲချက်တွေနဲ့ ကင်းရှင်းခဲ့ပေမယ့်လည်း မထွက်ခွာမီ နှစ်နာရီနီးပါး နှောင့်နှေးခဲ့တယ်လို့၎င်းက ပြောကြားခဲ့ပါနယ်။ တရားခွင်အတွင်း သူဟာနိုင်ငံတွင်းကနေ ထွက်ခွာခွင့် ပိတ်ပင်ခံခဲ့ရပေမယ့်လည်း တရားသေ လွတ်မြောက်ပြီးတာနဲ့ အခြား ထိုင်း နိုင်ငံသားတေ​ွလိုပဲ နိုင်ငံရပ်ခြား ခရီးသွားခွင့်ကို ပြန်လည် ရရှိခဲ့တယ်လို့ ဆိုပါတယ်။ သက်ဆင်ရဲ့ ပြောကြားချက်အရ အဆိုပါနှောင့်နှေးမှုကြောင့် စင်ကာပူမှာသူ့ဂျက်လေယဥ်ဆင်းသက်မယ့် Seletar လေယဥ်ကွင်းဟာ ဒေသစံတော်ချိန် ည ၁၀ နာရီမှာ ပိတ်မှာဖြစ်လို့၎င်းလေယာဉ်ဟာ Seletar လေဆိပ်သို့ ဆင်းသက်နိုင်မှာမဟုတ်ဘူးလို့သိရပါတယ်။(စင်ကာပူရဲ့စံတော်ချိန်ဟာ ထိုင်းထက်တစ်နာရီပိုစောပါတယ်) (more…)
Read More
သံသယတွေမြင့်တက်နေတဲ့ကြားက ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ထိုင်းကနေဒူဘိုင်းကိုထွက်ခွာခဲ့

သံသယတွေမြင့်တက်နေတဲ့ကြားက ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ထိုင်းကနေဒူဘိုင်းကိုထွက်ခွာခဲ့

စက်တင်ဘာ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ပါလီမန်မှာ ထိုင်းနိုင်ငံရဲ့ ၃၂ ယောက်မြောက် ၀န်ကြီးချုပ်ကို မဲပေးဖို့စီစဉ်ထားပြီး အတိုက်အခံ ပြည်သူ့ပါတီက ကျောထောက်နောက်ခံပြုထားတဲ့ Bhumjaithai ပါတီ ခေါင်းဆောင် Anutin Charnvirakulဟာ သေချာပေါက်ရွေးချယ်ခံရမယ့်အချိန်မတိုင်ခင်တညမှာဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ ပြဇာတ်ဆန်ဆန် ထိုင်းနိုင်ငံကနေ ထွက်ခွာသွားတယ်လို့ Khaosod သတင်းကစက်တင်ဘာ ၅ရက်မှာဖော်ပြပါတယ်။ Pheu Thai ပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ရလဒ်ကို ပြန်ပြောင်းပြီး ပါလီမန်ကို ဖျက်သိမ်းဖို့တွန်းအားပေးမဲတွေရယူမယ့်အစား သက်ဆင်ဟာ ကြိုတင်ကြေငြာခြင်းမရှိဘဲ ထိုင်းနိုင်ငံကနေ တိတ်တဆိတ် ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ ဒွန်မောင်းလေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ထွက်ခွာခြင်းမပြုမီတားဆီးခဲ့ပြီးစာရွက်စာတမ်းတွေကိုစစ်ဆေးပြီးနောက်ပိုင်းစက်တင်ဘာ ၄ ရက် ညပိုင်းက ထွက်ခွာသွားတဲ့သတင်းကြီးဖြစ်လာပါတယ်။ စက်တင်ဘာ ၉ ရက်မှာ ၎င်းရဲ့ “၁၄ လွှာအမှု” နဲ့ပတ်သက်ပြီး အရေးကြီးတဲ့တရားရုံး စီရင်ချက်မချမီမှာ သူဟာ နိုင်ငံရပ်ခြားကို ထွက်ပြေးသွားတယ်လို့လူအများက ယုံကြည်ကြပါတယ်။ စက်တင်ဘာ ၄ ရက်မှာဒွန်မောင်းမြို့ လူဝင်မှုကြီးကြပ်ရေးဌာနက MJets က စင်ကာပူနိုင်ငံကိုကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ထွက်ခွာမယ့်ခရီးသည်တစ်ဦးအကြောင်း အကြောင်းကြားစာ ရရှိခဲ့တယ်လို့လူဝင်မှုကြီးကြပ်ရေးဌာနခွဲ (၂) မှူး ရဲချုပ် Choengron Rimphadi က ညနေ ၄ နာရီ ၅၀ မိနစ်အတည်ပြုခဲ့ပါတယ်။ သက်ဆင်ရဲ့အမည်ဟာ လေယာဉ် T7GTS မှာ ပေါ်လာတယ်လို့ဆိုပါတယ်။ (more…)
Read More
ဝန်ကြီးချုပ်ဟောင်း သက်ဆင်လေယာဉ်စင်ကာပူ မှာ မဆင်းဘဲ ဒူဘိုင်းကို ဦးတည်နေ

ဝန်ကြီးချုပ်ဟောင်း သက်ဆင်လေယာဉ်စင်ကာပူ မှာ မဆင်းဘဲ ဒူဘိုင်းကို ဦးတည်နေ

စက်တင်ဘာ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ ဆေးကုသမှုခံဖို့ စင်ကာပူကိုဒွန်မောင်းလေဆိပ်ကတဆင့် ကိုယ်ပိုင်လေယာဉ်နဲ့ ထွက်ခွာသွားပေမယ့်လည်း လေယာဉ်ဟာ စင်ကာပူမှာ မဆင်းဘဲ အာရပ်စော်ဘွားများ ပြည်ထောင်စု ဒူဘိုင်းကိုဦးတည်သွားတယ်လို့ Khaosod သတင်းက စက်တင်ဘာ ၄ ရက်နေ့ည ၁၀မိနစ်၃၀ခန့်ကဖော်ပြပါတယ်။ (more…)
Read More
တပ်ကပို့မယ့် အမတ်လောင်းစာရင်း ဘာကြောင့်အရေးကြီးလဲ

တပ်ကပို့မယ့် အမတ်လောင်းစာရင်း ဘာကြောင့်အရေးကြီးလဲ

စက်တင်ဘာ၅၊ ၂၀၂၅ ။သောင်ရင်းသတင်းလွှာ ရွေးကောက်ပွဲရာသီတွေရောက်တိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ကို တပ်က အမတ်လောင်းတွေစေလွှတ်ယှဥ်ပြိုင်ခဲ့တဲ့အစဥ်အလာရှိပေမယ့် ဒီတစ်ကြိမ်မှာတော့ ဒီဇင်ဘာလကုန်လုပ်မယ့် ရွေးကောက်ပွဲအတွက် စက်တင်ဘာလဆန်းအထိ စာရင်းမပို့သေးဘူးလို့ BBC ကစက်တင်ဘာ ၄ရက်မှာဖော်ပြပါတယ်။ နိုင်ငံတစ်ဝန်းလုံးမှာဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းစာရင်းကို စက်တင်ဘာ ၁ ရက်မှာ USDP ပါတီက စာရင်းချုပ်လိုက်ပြီဖြစ်ပေမဲ့ အဲဒီစာရင်းမှာ တပ်ကစေလွှတ်တဲ့ အငြိမ်းစားစစ်ဗိုလ်ချုပ်တွေ မပါသေးဘူးလို့ ပါတီတာဝန်ရှိသူတချို့ထံကနေ သိရပါတယ်။ (more…)
Read More
IndustriALL က အမှတ်တံဆိပ်တွေအားလုံးမြန်မာနိုင်ငံကနေ ထွက်ခွာကြဖို့ထပ်မံတောင်းဆို

IndustriALL က အမှတ်တံဆိပ်တွေအားလုံးမြန်မာနိုင်ငံကနေ ထွက်ခွာကြဖို့ထပ်မံတောင်းဆို

စက်တင်ဘာ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ စက်တင်ဘာလ ၃း၄ရက်၊ ၂၀၂၅မှာ IndustriALL က Bestseller၊ Next နဲ့ Hunkemöller အပါအဝင် ကုန်အမှတ်တံဆိပ်များစွာကို မြန်မာနိုင်ငံမှာလုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းဖို့နဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ အလုပ်သမားနဲ့လူ့အခွင့်အရေးတွေပပျောက်စေခဲ့တဲ့နိုင်ငံကနေတာန်ရှိစွာနဲ့ထွက်ခွာစေဖို့အတွက်IndustriALL နဲ့ချက်ခြင်းညှိနှိုင်းမှုတွေစတင်လုပ်ဆောင်နေတယ်လို့ အဖွဲ့ကဆိုပါတယ်။ အထည်အလိပ်နဲ့အထည်ချုပ်လုပ်ငန်းဟာ စစ်အစိုးရအတွက် နိုင်ငံခြားငွေရရှိရေးအတွက် အဓိကရင်းမြစ်ဖြစ်ပြီး လက်နက်၊ ခဲယမ်းမီးကျောက်တွေနဲ့လောင်စာဆီတွေအတွက်ထောက်ပံ့ကူညီနေပါတယ်။ မြန်မာနိုင်ငံမှာအထည်ချုပ်နဲ့ ဖိနပ်ထုတ်လုပ်တဲ့အလုပ်သမားတွေဟာ စစ်အုပ်ချုပ်ရေးအရ စက်မှုဇုန်တွေမှာလုပ်ကိုင်ကြရပါတယ်။ ၂၀၂၃ ILO စုံစမ်းရေး ကော်မရှင်ကလွတ်လပ်စွာ အသင်းအဖွဲ့ဖွဲ့စည်းခွင့်နဲ့အဓမ္မ လုပ်အားပေး ခိုင်းစေမှုဆိုင်ရာ သဘောတူညီချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်မှုတွေတွေ့ရှိခဲ့ပါတယ်။ ဇူလိုင်လမှာ အမည်မသိ စွဲချက်တွေနဲ့ဖမ်းဆီးခံထားရတဲ့ သမဂ္ဂခေါင်းဆောင်တွေနဲ့ အလုပ်သမား တက်ကြွလှုပ်ရှားသူတွေရဲ့အကြောင်း အစီရင်ခံစာသစ်တွေထွက်ပေါ်ခဲ့ပါတယ်။ UK high street favorite အမှတ်တံဆိပ် Next နဲ့ Dutch အတွင်းခံအမှတ်တံဆိပ် Hunkemöller တို့ကစိုးရိမ်မှုတွေရှိနေပေမယ့်လည်း ထောက်ပံ့ရေးကွင်းဆက်အတွင်းမှာလူ့အခွင့်အရေးချိုးဖောက်မှုအန္တရာယ်ကို လျော့ပါးစေဖို့အတွက် မြန်မာနိုင်ငံမှာဆက်လက်ရှိနေကြဖို့ ရည်ရွယ်ချက်ကို ညွှန်ပြနေပါတယ်။ (more…)
Read More
သတ္တုတူးဖော်‌‌ရေးနဲ့ လျှပ်စစ်ပစ္စည်းစက်ရုံဆောက်ရေး ဘေကျင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင် စည်းရုံးနေ

သတ္တုတူးဖော်‌‌ရေးနဲ့ လျှပ်စစ်ပစ္စည်းစက်ရုံဆောက်ရေး ဘေကျင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင် စည်းရုံးနေ

စက်တင်ဘာ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မြန်မာက သတ္တုထူးဖော်ရေး လုပ်ငန်းတွေမှာ ကုန်ချောတွေ ထုတ်နိုင်တဲ့အထိ ပူးပေါင်းဖို့နဲ့ လျှပ်စစ်စက်ရုံလာဆောက်ကြဖို့ ဘေကျင်းအခြေစိုက် TBEA လျှပ်စစ်ကုမ္ပဏီနဲ့ ဆွေးနွေးခဲ့တယ်လို့ BBC သတင်းကစက်တင်ဘာ ၄ရက်နေ့မှာဖော်ပြပါတယ်။ မင်းအောင်လှိုင်က သူ့ရဲ့ တရုတ်ခရီးစဉ်အတွင်း ဒီအကြောင်း ဆွေးနွေးခဲ့တာလို့ ဆိုပေမဲ့ ဘယ်လို သတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဖို့ဆိုတာတော့ စစ်ကော်မရှင် သတင်းမှာ တိတိကျကျ မပြောထားပါဘူး။ အာဏာလုစစ်ခေါင်းဆောင်ဟာ ဘေကျင်းမှာ စက်တင်ဘာလ ၃ ရက်တုန်းက ပြုလုပ်တဲ့ စစ်ရေးပြပွဲကို တက်ရောက်အပြီးမှာ အခုလိုဆွေးနွေးခဲ့တာပါ။ သတ္တုအပြင် လျှပ်စစ်ပစ္စည်းထုတ်တဲ့ စက်ရုံတွေတည်ဆောက်ဖို့ကိုလည်း စစ်ခေါင်းဆောင်က ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။ (more…)
Read More
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို စင်ကာပူနိုင်ငံသို့ ပျံသန်းခြင်းမပြုဖို့ တားမြစ်ထား

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို စင်ကာပူနိုင်ငံသို့ ပျံသန်းခြင်းမပြုဖို့ တားမြစ်ထား

စက်တင်ဘာ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို စင်ကာပူနိုင်ငံသို့ ပျံသန်းခြင်းမပြုဖို့ တားမြစ်ထားပြီး လက်ရှိမှာ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ MJets Private Jet Terminal မှာ ထိန်းသိမ်းထားတယ်လို့ Thai Enquire သတင်းက စက်တင်ဘာ ၄ရက်မှာဖော်ပြပါတယ်။ သက်ဆင်နဲ့အဖွဲ့လိုက်ပါစီးနင်းမယ့် ဒွန်မောင်းမြို့ကနေထွက်ခွာမယ့်ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စီးကို အာဏာပိုင်တွေက တွေ့ရှိခဲ့ပါတယ်။ စစ်ဆေးနေစဉ်အတွင်း လေဆိပ်နဲ့လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက ၎င်းရဲ့ နိုင်ငံကူးလက်မှတ်ကိုတရားရုံးရဲ့ ခွင့်ပြုချက်မရဘဲ နိုင်ငံခြားကိုခရီးသွားခွင့် ပိတ်ပင်ထားတာကြောင့် ၎င်းရဲ့နိုင်ငံကူးလက်မှတ်ကို သိမ်းဆည်းခဲ့ပြီး နောက်ပိုင်းမှာအပြစ်မရှိဘူးလို့တွေ့ရှိခဲ့ပါတယ်။ (more…)
Read More
ထိုင်းကျန်းမာရေးဝန်ကြီးSomsak က မြန်မာဒုက္ခသည်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်ပေးမယ်

ထိုင်းကျန်းမာရေးဝန်ကြီးSomsak က မြန်မာဒုက္ခသည်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်ပေးမယ်

စက်တင်ဘာ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ခုနစ်ခုမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ တိုးတက်ကောင်းမွန်လာစေဖို့ ဘတ်ငွေ သန်း ၁၆၀ ကို ထိုင်းပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက ခွဲဝေပေးမှာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်ကစက်တင်ဘာ ၄ရက်နေ့မှာဖော်ပြပါတယ်။ အဆိုပါ စခန်းတွေမှာ နေထိုင်ကြတဲ့မြန်မာဒုက္ခသည် ၇ သိန်းကျော်အတွက် ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုတွေ လုံခြုံစေဖို့ဘတ်ဂျက်အစီအစဉ်ကို ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ခဲ့ပါတယ်။ အမေရိကန်သမ္မတ Trump က ၎င်းရဲ့ရာထူးသက်တမ်းအစမှာ ကြေညာခဲ့တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ရပ်ဆိုင်းလိုက်တာဟာ ဒုက္ခသည်စခန်းတွေမှာကျန်းမာရေးစောင့်ရှောက်မှုကို မည်ကဲ့သို့လုပ်ဆောင်နေပါသလဲ၊ဒါဟာဝန်ဆောင်မှုတွေ ဆက်လက်လည်ပတ်ဖို့အတွက် နိုင်ငံတကာကနေလှူဒါန်းမှုတွေအပေါ် နှစ်ပေါင်းများစွာ မှီခိုနေရတဲ့ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုကို ထိခိုက်စေခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ ဒုက္ခသည်တွေကို လက်ခံတဲ့နိုင်ငံအဖြစ် စိန်ခေါ်မှုတစ်ခုနဲ့ ကျန်နေခဲ့ပါတယ်။ တစ်ဖက်နိုင်ငံကနေ ပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာသူတွေအတွက် ဘေးကင်းလုံခြုံစေရုံသာမက စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာရရှိမှု မလုံလောက်တာကြောင့် ရောဂါမဖြစ်ပွားစေဖို့အတွက်လည်း ကာကွယ်ရန် လိုအပ်ပါတယ်။ ထိုင်းပြည်သူ့ကျန်းမာရေး ၀ န်ကြီး Somsak Thepsutin က ၀ န်ကြီးဌာနဟာငွေရေးကြေးရေးချို့တဲ့မှုကြောင့်ဒုက္ခသည်စခန်းတွေမှာအခြေခံကျန်းမာရေးစောင့်ရှောက်မှုမတတ်နိုင်ရင်ရောဂါအမျိုးမျိုးဖြစ်ပွားနိုင်ခြေကိုမြှင့်တင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ (more…)
Read More
ထိုင်းအိမ်စောင့် ၀န်ကြီးချုပ်ဟာအောက်လွှတ်တော် ဖျက်သိမ်းရေးကိစ္စနဲ့ပတ်သက်ပြီး ဘုရင်နဲ့တော်ဝင်အသိုင်းအဝိုင်းကိုအသရေဖျက်မှု တိုင်ကြားချက်နဲ့ရင်ဆိုင်နေရ

ထိုင်းအိမ်စောင့် ၀န်ကြီးချုပ်ဟာအောက်လွှတ်တော် ဖျက်သိမ်းရေးကိစ္စနဲ့ပတ်သက်ပြီး ဘုရင်နဲ့တော်ဝင်အသိုင်းအဝိုင်းကိုအသရေဖျက်မှု တိုင်ကြားချက်နဲ့ရင်ဆိုင်နေရ

စက်တင်ဘာ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ပါလီမန်အမတ်တစ်ဦးနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးတို့က အိမ်စောင့် ၀န်ကြီးချုပ် Phumtham Wechayachai ကိုအောက်လွှတ်တော်ကို ဖျက်သိမ်းဖ်ု့ဘုရင်မင်းမြတ်ကိုတောင်းဆိုခဲ့တဲ့အတွက် စက်တင်ဘာ ၃ရက်နေ့ကရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့တယ်လို့ ဘန်ကောက်ပို့စ်ကဖော်ပြပါတယ်။ Bhumjaithai ပါတီ က Mr Phumtham ကို ရုံးတွင်း လိမ်လည်မှုနဲ့စွပ်စွဲပြီး တိုင်ကြားခဲ့တာဖြစ်ပါတယ်။ ဒီမိုကရေစီသစ်ပါတီက Suratin Pichan နဲ့ တက်ကြွလှုပ်ရှားသူ Thaikorn Polsuwan တို့က စက်တင်ဘာ ၃ရက်နေ့မွန်းလွဲပိုင်းမှာဘန်ကောက်ရှိ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုမှာ တိုင်ကြားခဲ့ပါတယ်။ အိမ်စောင့်ဝန်ကြီးချုပ်အဖြစ် သူ့ထင်မြင်ယူဆချက်အတိုင်း လုပ်ပိုင်ခွင့်မရှိတာကြောင့် မစ္စတာ Phumthamဟာအောက်လွှတ်တော် ဖျက်သိမ်းရေး တောင်းဆိုချက်ကို မတင်ပြသင့်ဘူးလို့ Thaikornက ပြောပါတယ်။ ဒါကို Pheu Thai ထောက်ခံသူတွေက အငြင်းပွားနေကြပါတယ်။ တော်ဝင်ခွင့်ပြုချက်တောင်းခံမှုဟာအမြင့်ဆုံးအဖွဲ့အစည်းကို နိုင်ငံရေးလက်နက်အဖြစ် အသုံးပြုဖို့ကြိုးပမ်းမှုအဖြစ် ရှုမြင်နိုင်တယ်လို့၎င်းက ပြောကြားခဲ့ပါတယ်။ ကမ္ဘောဒီးယားကဟွန်ဆန်နဲ့အငြင်းပွားဖွယ် ဖုန်းခေါ်ဆိုမှုမှာကျင့်ဝတ်ဖောက်ဖျက်မှု ပြင်းထန်တဲ့အတွက် ဖြူထိုင်းပါတီ ခေါင်းဆောင် ပါတွန်တန် ရှင်နာဝပ်ထရာကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တရားရုံးက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဖယ်ရှားခဲ့ပါတယ်။ နိုင်ငံရေးပါတီ ပြိုင်ဘက် Bhumjaithai နဲ့ Pheu Thai တို့ဟာ ၂၀၂၃ ရွေးကောက်ပွဲမှာအနိုင်ရရှိပြီး ညွန့်ပေါင်းအစိုးရသစ် ဖွဲ့ရာမှာ အတိုက်အခံခေါင်းဆောင် ပြည်သူ့ပါတီက ထောက်ခံအားပေးခဲ့ကြပါတယ်။ စက်တင်ဘာ ၃ရက်နေ့နံနက်မှာ ပြည်သူ့ပါတီမှ Bhumjaithai ကို ထောက်ခံကြောင်း ကြေညာခဲ့ပေမယ့်လည်း အခုအခါ အိမ်စောင့်ဝန်ကြီးချုပ်အဖြစ် လက်ထောက်ဝန်ကြီးချုပ်ဟောင်း Phumtham က တော်ဝင်ခွင့်ပြုချက်အတွက် အောက်လွှတ်တော်ကို ဖျက်သိမ်းဖို​့တောင်းဆိုထားပြီးဖြစ်တယ်လို့…
Read More
မင်းအောင်လှိုင်ဟာ တီယန်ကျင်းအစည်းအဝေးမှာတကယ့် အောင်နိုင်သူဖြစ်တယ်

မင်းအောင်လှိုင်ဟာ တီယန်ကျင်းအစည်းအဝေးမှာတကယ့် အောင်နိုင်သူဖြစ်တယ်

စက်တင်ဘာ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ တီယန်ကျင်းမြို့မှာ မှာကျင်းပတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးမှာ တရုတ်နိုင်ငံက မင်းအောင်လှိုင်ကို "မြန်မာ့ ယာယီသမ္မတ" အဖြစ် ရည်ညွှန်းပြီး စစ်အာဏာရှင်တွေရဲ့ အရည်အချင်းတွေကို မြှင့်တင်ပေးခဲ့ပါတယ်။ အိန္ဒိယဟာ၎င်းရဲ့အိမ်နီးချင်းနိုင်ငံနဲ့စီးပွားရေးဆိုင်ရာ သဘောတူညီချက်အသစ်များစွာကို လက်မှတ်ရေးထိုးပြီးနောက် မြန်မာနိုင်ငံမှာ ဒီဇင်ဘာလ ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့စေလွှတ်ဖို့စီစဉ်နေပါတယ်။ ရှီကျင့်ဖျင်က မြန်မာနိုင်ငံကို SCO အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုပြီး မြန်မာရဲ့ ပေါင်းစည်းမှုကို တရုတ်ဦးဆောင်တဲ့ဒေသတွင်း ပလက်ဖောင်းတွေအဖြစ် ခိုင်မာစေမယ်လို့ ကတိပြုခဲ့ပါတယ်။ တရုတ်နိုင်ငံ မြောက်ပိုင်း တီယန်ကျင်းမြို့မှာစက်တင်ဘာ ၁ရက်နေ့က ကျင်းပတဲ့နောက်ဆုံးအကြိမ် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးမှာမြန်မာစစ်အစိုးရက တရားဝင်မှု ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်ကို ဖြစ်ပေါ်စေခဲ့တဲ့၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမှာ တာဝန်ရှိတဲ့ မင်းအောင်လှိုင်ဟာဘေဂျင်းကသာမက နယူးဒေလီကလည်း သိသာထင်ရှားတဲ့သံတမန်ရေးရာ အသိအမှတ်ပြုမှု ရရှိထားပါတယ်။ မင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံမှာ ထင်ရှားတဲ့ ကြိုဆိုမှုမှာ ကော်ဇောနီတွေနဲ့ ပြောင်လက်တောက်ပနေတဲ့ ဇိမ်ခံကားတွေသာမက ယခင်မြန်မာအစိုးရရဲ့ အကြီးအကဲအဖြစ် တရားဝင် အသိအမှတ်ပြုခံရခြင်းလည်း ပါဝင်ပါတယ်။ ၃၀၂ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ၎င်းကို "မြန်မာနိုင်ငံ၏ ခေါင်းဆောင်" လို့ရည်ညွှန်းခြင်းဟာ လွန်ခဲ့သည့် လေးနှစ်အတွင်း ဘေဂျင်းက မဟာဗျူဟာမြောက် မရေရာတဲ့သဘောထားကွဲလွဲမှုတွေကို ထိန်းသိမ်းရန် လေးနှစ်အတွင်း အသုံးပြုခဲ့တဲ့ စကားလုံးဖြစ်ပါတယ်။ လေ့လာသူအများအပြားအတွက်၊ ဒီဆုံးဖြတ်ချဟာ မင်းအောင်လှိုင်ရဲ့ နိုင်ငံရေးအစီအမံတွေအထူးသဖြင့် မဲဆန္ဒနယ် ၃၀၀ ခန့်မှာ ဒီဇင်ဘာလမှာကျင်းပဖို့စီစဉ်ထားသည့် အမျိုးသားအဆင့် ရွေးကောက်ပွဲတွေနဲ့ပတ်သက်တဲ့ အများစုဟာအာဏာသိမ်းဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုတွေရဲ့ထိန်းချုပ်မှုအောက်မှာ…
Read More