ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်တွေကထိုင်းနယ်စပ်ရှိ နယ်မြေများကို ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အရပ်သားတွေသေဆုံးဒဏ်ရာရရှိခဲ့
ဇူလိုင်လ ၂၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကမ္ဘောဒီးယားတပ်ဖွဲ့တွေက BM-21 Grad 122mm ဒုံးပစ်လောင်ချာမျိုးစုံကို အသုံးပြုပြီး ထိုင်းနိုင်ငံရှိ ဆူရင်နဲ့ Sisaket နယ်စပ်ဒေသတွေကို ပြင်းထန်စွာ ထိုးစစ်ဆင်ခဲ့တယ်လို့ The Nation ကဇူလိုင် ၂၄ ရက်မှာဖော်ပြပါတယ်။ ကနဦးသတင်းတွေအရ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တွေက Sisaket ခရိုင် Ban Phue၊ Kantaralak မြို့ Ban Phue ရှိ PTT ဓာတ်ဆီဆိုင်အတွင်း တည်ရှိတဲ့ 7-Eleven ကုန်စုံဆိုင်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ကျောင်းသားတွေနဲ့အရပ်သားတွေအပါအဝင် ထင်ရှားတဲ့အသေအပျောက်တွေရှိခဲ့ပါတယ်။ (more…)