ကျော်ကိုကို

မျိုးရန်နောင်သိမ်းလို လူစားမျိုး မဖြစ်စေနဲ့

မျိုးရန်နောင်သိမ်းလို လူစားမျိုး မဖြစ်စေနဲ့

စက်တင်ဘာ ၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ (သူ့အတွေး သူ့အမြင်) မျိုးရန်နောင်သိမ်းလိုလူစားမျိုးဆိုတာ ဘာကိုပြောတာလဲဆိုရင် မူမရှိတဲ့လူစားမျိုးကို ပြောတာ။ အရင်က သူဟာ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို စော်ကားတိုက်ခိုက်လေ့ရှိတဲ့သူဖြစ်တယ်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ချာတိတ်အဆင့်ပဲရှိတယ် စသဖြင့် မလေးမစား ပြောဆိုခဲ့တာ တလတောင်မကြာသေးဘူး။ဒီနေ့တော့ လေးစားပါတယ် ဗိုလ်ချုပ်ဆိုပဲ။ မျိုးရန်နောင်သိမ်း အပြောင်းအလဲမြန်လှချည်လားဆိုပြီး သူများတွေ အံ့သြလည်း ကျနော်တော့မအံ့သြပါ။ ဒီလိုလုပ်ဟန်တွေက အခုမှမဟုတ်ဘူး။ အရင်ကတည်းကပဲ။ ၂၀၀၇ ရွှေဝါရောင်နဲ့ ထောင်ကျတုန်းက အင်းစိန်ထောင်ဆေးရုံမှာ သူတက်နေတယ်၊နေမကောင်းဘူးကြားလို့ ကျနော်တို့က လူနာမေးဖို့ တကူးတက နေမကောင်းဖြစ်ချင်ဟန်ဆောင်ပြီးတော့ကို သွားမေးဖူးသေးတယ်။အဲ့ခေတ်က အကြောင်းပြချက်မရှိဘဲ ဆေးရုံသွားလို့မရဘူး။ သံပုရာသီးရယ် ဦးသာရင်လေငန်းဆေးဗူးရယ်တောင် ကျနော့်လက်ထဲပါလိုက်သေးတယ်။မျိုးရန်နောင်သိမ်း အောက်ပိုင်းသေနေတယ်ကြားလို့။ (more…)
Read More
ပုံသဏ္ဍာန်ကိုဖက်တွယ် အနှစ်သာရကင်းမဲ့သော အမျိုးသားညီညွတ်ရေးအစိုးရအထိုင်ပေါ်မှ စဥ်းစားချက်များကို ဆန်းစစ် ဝေဖန်ခြင်း

ပုံသဏ္ဍာန်ကိုဖက်တွယ် အနှစ်သာရကင်းမဲ့သော အမျိုးသားညီညွတ်ရေးအစိုးရအထိုင်ပေါ်မှ စဥ်းစားချက်များကို ဆန်းစစ် ဝေဖန်ခြင်း

ဩဂုတ်လ ၁၈၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အမျိုးသားညီညွတ်ရေးအစိုးရဆိုတာ ၂၀၂၁ မှာ စစ်တပ်က အာဏာသိမ်းပိုက်လိုက်တဲ့အတွက် ထွက်ပေါ်လာတဲ့ နိုင်ငံရေးအင်အားစုတွေထဲက တခုသာလျှင်ဖြစ်တယ်လို့ ဦးစွာပထမ ပြောရပါလိမ့်မယ်။ ၂၀၂၁ စစ်တပ်ကသာ အာဏာမသိမ်းရင် အဆိုပါအစိုးရအဖွဲ့ဝင်အများစုဟာ စစ်အုပ်စုနဲ့အတူ နေပြည်တော်မှာ အစိုးရဖြစ်နေဦးမယ့်လူတွေဖြစ်ကြပါတယ်။ဆိုလိုတာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမယ်လို့ သစ္စာဆိုထားတဲ့ ရွေးကောက်ပွဲဝင်ပါတီများက အမတ်တွေဆက်ဖြစ်နေကြမယ့်လူတွေပဲလို့ တိတိကျကျပြောရမှာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းတဲ့အခါ စစ်အုပ်စုကို တော်လှန်ကြဖို့ ရည်ရွယ်ချက်ရှိတဲ့ လူငယ်တွေ၊ နိုင်ငံရေးအင်အားစုတွေအားလုံးနီးပါး လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြပါတယ်။လမ်းပေါ်မှာ အသက်တွေပေးသွားကြရပါတယ်။နောက်ဆုံးတော့ လက်နက်ကို လက်နက်နဲ့တုံ့ပြန်တာ တရားတယ်ဆိုတဲ့ အယူအဆကိုကိုင်ပြီး တောခိုကြပါတယ်။ တောထဲရောက်တဲ့အချိန်မှာ လူမျိုးစုတော်လှန်ရေးတပ်တွေ ( EROs) တွေဆီမှာ စစ်သင်တန်းတက်ကြပါတယ်။ လက်နက် ရအောင် ရှာကြရပါတယ်။တပ်သားတွေစုဖွဲ့ပြီး တပ် တည်ဆောက်တဲ့အခါမှာ မိမိတို့ကိုယ်တိုင် အလှူခံပြီး တပ်ကိုကျွေးတာတွေ၊လက်နက်ခဲယမ်း ဝယ်ယူစုဆောင်းတာတွေ လုပ်ကြရပါတယ်။ တောထဲတောင်ထဲမှာ လူငယ်တွေ အပင်ပန်းခံ စစ်ပညာသင်ယူပြီး တပ်တည်ထောင်ဖို့ ကြိုးပမ်းနေတဲ့အချိန်မှာ NUG အစိုးရကို ဖွဲ့တာဖြစ်ပါတယ်။ဒီလိုဖွဲ့လို့လည်း တောထဲက လူငယ်တွေက အပြစ်မတင်ပါဘူး။နိုင်ငံရေးအင်အားစုတွေကလည်း မငြိုငြင်ပါဘူး။ အစိုးရအဖွဲ့ဖွဲ့ပြီး နိုင်ငံရေးခေါင်းဆောင်မှု၊စစ်ရေးခေါင်းဆောင်မှုတွေကို NUG က ယူခဲ့ပါတယ်။သူတို့ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့အောက်ကို နဂိုစုဖွဲ့ပြီးသားတပ်တွေအတော်များများ လွှဲပြောင်းရယူခဲ့ပါတယ် ဒီနေရာမှာစပြီး သူတို့ရဲ့စဥ်းစားချက်ကို သေသေချာချာသုံးသပ်ဖို့လိုအပ်လာပါပြီ။ (၁) ငါတို့သည် အစိုးရဖြစ်သည်။ (၂) ငါတို့မှာ တရားဝင်မှုရှိသည်။ (၃) ငါတို့ကိုသာလျှင် နိုင်ငံတကာက တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရမည်။ (၄) လက်နက်ကိုင်တပ်မှန်သမျှ ငါတို့၏ COC…
Read More
လက်နက်ချငြိမ်းချမ်းရေးအန္တရာယ်

လက်နက်ချငြိမ်းချမ်းရေးအန္တရာယ်

ဒါကြောင့် တော်လှန်စစ်ရဲ့အဟန့်အတားတွေဖြစ်တဲ့ "ရပ်တည်ရေးသက်သက်အမြင်"နဲ့ သူကတဆင့်ပေါက်ဖွားလာတဲ့ "ဒေသန္တရစစ်ဘုရင်ဝါဒ"ကိုပါ တိုက်သွားရမှာဖြစ်တယ်။ ရန်သူ့ဘက်က အတုအယောင် ရွေးကောက်ပွဲ၊ အတုအယောင် ဆွေးနွေးပွဲ၊အတုအယောင် ဒီမိုကရေစီ၊အတုအယောင် ငြိမ်းချမ်းရေးကမ်းလှမ်းမှုတွေလုပ်ချိန်မှာ ရန်သူနဲ့စေ့စပ်မယ်ဆိုတဲ့ နိုင်ငံရေး စစ်ရေးခေါင်းဆောင်ဆိုသူများဟာ လူတန်းစားဇာစ်မြစ်အရ သန္ဓေမမှန်တဲ့သူတွေပဲလို့ ဆိုရပါလိမ့်မယ်။ လူတွင်ပါလို့ နွားကျားကိုက်တဲ့သဘောမျိုး နဂိုကတည်းက ရပ်တည်ချက်မခိုင်မာ ခြေထောက်မမြဲတဲ့ ခေါင်းဆောင်ဆိုသူများဟာ ဖောက်ပြန်ဖို့ လွယ်ကူကြပါတယ်။ ဒါကြောင့် အယူအဆအမှားတွေကို ရှင်းပစ်ပြီး စစ်အနိုင်တိုက်ရေးအတွက် တော်လှန်တဲ့တပ်မတော်ကို အခိုင်အမာတည်ဆောက်ကြဖို့ လိုပါတယ်။ရေရှည်မှာ ဘယ်သူတွေက တော်လှန်တဲ့တပ်မတော်ဖြစ်ပြီး ဘယ်သူတွေက လက်နက်ချတဲ့သူတွေဖြစ်လာမလဲဆိုတာ သိပ်အကြာကြီး စောင့်ကြည့်စရာမလိုတော့ပါဘူး။ ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာပါတော့မယ်။ ရန်သူ့အောက်ကို ခေါင်းလျှိုမဝင်တဲ့ လက်နက်ကိုင်တော်လှန်ရေးလည်း လိုအပ်သလို စစ်ရေးထိုးနှက်ချက်တွေကို အထောက်အကူဖြစ်စေတဲ့ ငြိမ်းချမ်းရေးတိုက်ပွဲတွေလည်း လိုအပ်ကြောင်း သခင်သန်းထွန်းက ဆွေးနွေးထားပါတယ်။ လက်နက်ချငြိမ်းချမ်းရေး အန္တရာယ် ------------------------------------------- ဩဂုတ်လ ၁၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဒီရက်ပိုင်းမှာ ဗိုလ်နဂါးပြောတယ်ဆိုတဲ့ ဗွီဒီယိုဖိုင် တခုပြန့်နှံ့လာပါတယ်။ ဒီဖိုင်ထဲမှာ ပြောထားတာကတော့ "ဒီ မေတ္တာဆန်တဲ့စကားကို ပြောကြမယ်ဆိုရင် ကျနော်တို့ လက်နက်တွေချရမယ်"ဆိုတာနဲ့ စဖွင့်ထားပါတယ်။ ဆက်ပြီး လက်နက်ကိုင်တယ်ဆိုတာတော့ တိုင်းပြည်ရဲ့ စီးပွားရေးတွေ၊လူနေမှုအဆောက်အအုံတွေ၊လူသားအရင်းအမြစ်တွေကို ထိခိုက်ပျက်စီးစေတဲ့နည်းလို့ ဆိုထားပါတယ်။ဒီနည်းလမ်းကို အခြားရွေးချယ်စရာမရှိလို့ လုပ်နေရတာလို့ ဆက်ပြောပါတယ်။ ဒီအကျပ်အတည်းတွေက တိုင်းပြည်နဲ့လူထုဆီကို ဦးတည်နေတယ်။ဒါကို ငါတို့ပြင်မှရမယ်ဆိုတဲ့ နောင်တမျိုးနဲ့ ကျနော်တို့ပြင်မှရမယ်။ကျနော်တို့ ကျုးလွန်ခဲ့တဲ့ အပြစ်ဒဏ်တွေကိုလည်း ကျနော်တို့ခံယူမယ်။အဲ့လိုဆိုရင် ​ဖြစ်နိုင်ချေရှိတယ် စသဖြင့် ဗိုလ်နဂါးပြောထားတယ်ဆိုတဲ့ ဗွီဒီယိုဖိုင်တခု ပြန့်နှံ့နေတာဖြစ်ပါတယ်။ ဒီဗွီဒီယိုဖိုင်ကို စတင်ဖြန့်ဖြူးခဲ့တာကတော့ စစ်ကောင်စီလော်ဘီချန်နယ်တခုဖြစ်တဲ့ Truth Waves Media-…
Read More
မနောကံဖြင့် ပြစ်မှားကျုးလွန်မိသည်ရှိသော်

မနောကံဖြင့် ပြစ်မှားကျုးလွန်မိသည်ရှိသော်

တော်လှန်ရေးကို အိပ်မက်မက်လို့တောင်မရဘူး။ယောင်ပြီး ပြောလို့တောင်မရဘူး။လက်ရှိစနစ်ကို ဆန့်ကျင်ဖက်တွေးပြီဆိုတာနဲ့၊မကျေမနပ်ဖြစ်ပြီဆိုတာနဲ့ ရာဇဝတ်မှုကျုးလွန်ရာရောက်တယ်။ဘာရာဇဝတ်မှုလဲဆိုတော့ အကိုကြီးတို့ကို စိတ်နဲ့ပြစ်မှားတဲ့ပြစ်မှု။ပြစ်မှုနောက်မှာ ပြစ်ဒဏ်တွေပါလာတယ်။ ချစ်ခြင်းမေတ္တာဝန်ကြီးဌာနကိုပို့ပြီး စနစ်တကျ ဦးနှောက်ဆေးပစ်တာဟာ ပြစ်ဒဏ်ပဲ။ချစ်ခြင်းမေတ္တာဝန်ကြီးဌာနရဲ့ ပေါ်လစီအရ နိုင်ငံတော်က လက်ခံထားတဲ့ တခုတည်းသော ချစ်ခြင်းမေတ္တာဟာ အကိုကြီးအပေါ်မှာထားရမယ့် ပြည်သူတွေရဲ့ ချစ်ခြင်းမေတ္တာပဲဖြစ်ရမယ်။အခြား ချစ်ခြင်းမေတ္တာဆိုတာကို နိုင်ငံတော်က လက်သင့်မခံဘူး။ စိတ်နှစ်ခွသမားတွေကို နှိပ်ကွပ်ပစ်တယ်။ဒီဟာလည်း အမှန်၊ဟိုဟာလည်း မမှားဘူးလို့ တွေးနေတဲ့ နှစ်ထပ်ကွမ်းအတွေးရှိနေသူတွေကို နိုင်ငံတော်က ဖိအားပေးပြီး ပြုပြင်ပြောင်းလဲပစ်တယ်။ ဒီနေရာမှာ ကျနော်တို့ထောက်ပြချင်တာ အတွေးနဲ့တင် အကိုကြီးကို မချစ်လို့မရဘူး၊ မုန်းလို့မရဘူး၊ဆိုလိုတာ အုပ်စိုးသူလူတန်းစားကို ဆန့်ကျင်လို့မရဘူး၊ကဏ္ဋကောစလုပ်လို့မရဘူးဆိုတဲ့ မက်ဆေ့ချ်ကို ပေးနေတယ်။ ဗမာပြည်နိုင်ငံရေးမှာလည်း အကိုကြီးကို ပုဂ္ဂိုလ်ရေးအရ ကိုးကွယ်ရမယ်ဆိုတဲ့အုပ်စုက သက်သက်ကိုရှိတယ်။ဗိုလ်နေဝင်းခေတ်က မဆလပါတီဝင်အတော်များများ၊စစ်ဗိုလ်စစ်သား အတော်များများဟာ နေဝင်းရှေ့ရောက်ရင် အီးတောင်ကျယ်ကျယ်ပေါက်ရဲတဲ့သူတွေမဟုတ်ကြဘူး။နေဝင်းကို အိမ်က အဖေ အမေထက်ပိုပြီး ရိုသေလေးစားပြကြတယ်။ မနောကံဖြင့် ပြစ်မှားကျုးလွန်မိသည်ရှိသော် ----------------------------------------------- ဩဂုတ်လ ၁၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ခေတ်ကြီးက ပြောင်းလဲတိုးတက်လာပြီး နည်းပညာတွေ ပိုပိုအဆင့်မြင့်လာတဲ့အခါ ကျနော်တို့ ဘာတွေ စိတ်ကူးနေသလဲဆိုတာကအစ AI က သိနိုင်လာမှာလားလို့ စိုးရိမ်စရာဖြစ်လာနေပါတယ်။ တခါတလေ ကျနော်တို့စိတ်ထဲမှာ အကင်ကောင်းကောင်းလေးရတဲ့ ဟော့ပေါ့ဆိုင်မှာ ထိုင်ရရင်ကောင်းမယ်လို့ တွေးမိနေတုန်းပဲရှိသေး ကျနော်တို့အသုံးပြုနေတဲ့ ဆိုရှယ်မီဒီယာမှာ ဟော့ပေါ့ဆိုင်နဲ့အကင်ဆိုင်ကြော်ငြာပေ့ချ်တွေ တက်လာမျိုးကို သတိထားမိမှာပါ။ လက်ရှိကိုယ်နေတဲ့အိမ်က ဌားရမ်းခကြီးမြင့်ပြီး အပိုင်မဟုတ်တဲ့အတွက် ဘဝမှာ အိမ်ပိုင်ယာပိုင်လေး လိုချင်တဲ့အကြောင်း ငြီးငြူမိရင်တောင် အိမ်ခြံမြေအရောင်းပို့စ်တွေ တက်လာတာမျိုးလေ။ ဒါကို တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ရပ်တွေလို့ ယူဆလို့မရပါဘူး။ကျနော်တို့သုံးစွဲတဲ့ မိုဘိုင်းဖုန်းတွေမှာ တပ်ဆင်ထားတဲ့ စပိုင်ဝဲလ်တွေကြောင့် ကျနော်တို့ဟာ…
Read More
စစ်တွေဆန်အရေးအခင်းမှသည် တပြည်လုံးအတိုင်းအတာ တော်လှန်ရေးအလှည့်အပြောင်းဆီသို့

စစ်တွေဆန်အရေးအခင်းမှသည် တပြည်လုံးအတိုင်းအတာ တော်လှန်ရေးအလှည့်အပြောင်းဆီသို့

စစ်အာဏာရှင်စနစ် ရှိနေသေးသရွေ့ လူမျိုးစုတွေအပေါ် မှန်မှန်ကန်ကန် ဆက်ဆံမှာမဟုတ်သလို လူမျိုးစုဖြစ်ခြင်းကိစ္စအပေါ် အကြောင်းပြုပြီး ပုံစံမျိုးစုံနဲ့ နှိပ်ကွပ်မှုတွေရှိလာမှာပဲဖြစ်တယ်။ ရခိုင်ကမ်းလွန်က ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့အတွက် တလ တလကို ဒေါ်လာသန်းချီပြီးဝင်ငွေရနေပေမယ့် ရခိုင်ရွာတွေကို လျှပ်စစ်မီးတောင် မပေးထားတာကို တွေ့ရပါတယ်။ ကျနော်တို့ ကျောက်ဖြူ မဒေးကျွန်းရောက်တုန်းကလည်း တရုတ်ပိုင် ရေနံနဲ့သဘာဝဓာတ်ငွေ့စက်ရုံဘေးက ရွာကလေးမှာ ပညာသင်ရတဲ့ ကလေးတွေအတွက် မူလတန်းကျောင်းတောင် ခိုင်ခိုင်မာမာ မတည်ဆောက်ပေးထားတာကို မျက်စိနဲ့တပ်အပ်မြင်ခဲ့ရပါတယ်။ တောထဲက ယာစောင့်တဲကမှ အဲ့ဒီစာသင်ကျောင်းထက်ပိုပြီး လုံခြုံတောင့်တင်းနေသေးတယ်လို့ ပြောရမှာပါ။ စီးပွားရေးအရင်းအမြစ်မှန်သမျှကို စစ်အုပ်စုက လက်ဝါးကြီးအုပ်ထားတဲ့အတွက် ပြည်သူတွေ ဆင်းရဲမွဲတေနေတယ်လို သေသေချာချာ အခိုင်အမာ နားလည်သဘောပေါက်ရင် ရခိုင်အပါအဝင် နေရာတိုင်းမှာ လူမျိုးစုပြဿနာတင်မကဘဲ လူတန်းစားပြဿနာပါရှိနေတယ်ဆိုတာ သိနိုင်ပါလိမ့်မယ်။ စစ်အုပ်စုကိုဖြုတ်ချတဲ့နေရာမှာ လူမျိုးစုတော်လှန်ရေးအဖွဲ့တွေက လူမျိုးစုအလံလွှင့်ပြီး တော်လှန်နေတာဟာ တစိတ်တဒေသအားဖြင့် မှန်ကန်တယ်၊တရားမျှတတယ်၊လက်တွေကျတယ်။ဘာလို့လည်းဆိုရင် ဒီစစ်တပ်ဟာ လူမျိုးကြီးဝါဒလက္ခဏာဆောင်နေလို့ပဲဖြစ်တယ်။ ဩဂုတ်လ ၁၆၊ ၂၀၂၅ သောင်ရင်းသတင်းလွှာ --------------------------------- စစ်တွေဆန်အရေးအခင်းမှသည် တပြည်လုံးအတိုင်းအတာ တော်လှန်ရေးအလှည့်အပြောင်းဆီသို့ ၁၃ သြဂတ်စ် မမေ့အပ် ဒီကနေ့ဟာ စစ်တွေဆန်အရေးအခင်းဖြစ်ပွားခဲ့တဲ့ နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ၁၉၆၇ သြဂတ်စ် ၁၃ ရက်နေ့မှာ ဗိုလ်နေဝင်းစစ်အုပ်စုက စစ်တွေမြို့မှာ အေးချမ်းစွာ ဆန္ဒပြနေတဲ့ ရခိုင်လူမျိုး ပြည်သူ(၂၀၀)ကျော်ကို ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းခဲ့တဲ့နေ့ဖြစ်တယ်။ ရာသီဥတုဆိုးဝါးတဲ့နှစ်တနှစ်ဖြစ်လို့ ရခိုင်တပြည်လုံးမှာ ဆန်စပါးအထွက်နည်းပြီး စားနပ်ရိက္ခာရှားပါးခဲ့ပါတယ်။ ထွက်သမျှ ဆန်တွေကို ဗိုလ်နေဝင်းက နိုင်ငံခြားတင်ပို့ဖို့ အတင်းသိမ်းဆည်းပြီး စစ်တွေက ဆန်ဂိုဒေါင်တွေမှာ သိုလှောင်ထားပါတယ်။ ထမင်းမစားရတဲ့ရခိုင်ပြည်သူတွေက "ပြုတ်ဆန်မစား ရခိုင်သား" " ဆန်ကွဲမစား…
Read More
စစ်ဒဏ် ငလျင်ဒဏ် ဆတိုးခါးစည်းခံနေရတဲ့ ပြည်သူ

စစ်ဒဏ် ငလျင်ဒဏ် ဆတိုးခါးစည်းခံနေရတဲ့ ပြည်သူ

ဧပြီလ ၉၊ ၂၀၂၅။ သောင်ရင်းသတင်း စစ်ကောင်စီဟာ ရှေးရိုးစွဲအမြင်ရှိပြီး အမြင်ကျဥ်းမြောင်းသည့် အမျိုးသားရေးဝါဒီများလည်းဖြစ်၍ ငလျင်ဒဏ်သင့် ပြည်သူများအရေးထက် ပြိုကျသွားသော ဘာသာရေးအဆောက်အဦးများ ပြန်တည်ဆောက်ရေးကို ဦးစားပေးနေသဖြင့် ထိခိုက်ဒဏ်ရာရ လူနာများအတွက် ဆေးဝါးကုသရေးနှင့် ပြန်လည်သန်စွမ်းရေးကို အလေးပေးဆောင်ရွက်ခြင်းရှိမနေပါ။ ဗေဒင်ကိန်းခန်းတွေကို ယုံကြည်နေတဲ့ စစ်ကောင်စီဟာ စစ်ကိုင်းကို ဗဟိုပြုတဲ့ မြေငလျင်ကြီးကိုတောင် "မန္တလေးငလျင်ကြီး"လို့ ခေါ်ရမယ်ဆိုပြီး အတင်းတွေ အဓမ္မတွေ အမိန့်ထုတ်ပြန်တာကို ကြည့်ရင် သူတို့ဟာ ကျိုးကြောင်းယုတ္တိခိုင်မာရေးထက် အတိတ်နမိတ်တွေ အခါတော်အယူတော်တွေဆိုတဲ့ ရှေးဗေဒင်ယတြာတွေကိုပဲ ပိုယုံကြည်လက်ခံနေတာ အထင်အရှားပါပဲ။ နိုင်ငံတကာအသိုင်းအဝိုင်းကို ဦးတည်ပစ်မှတ်ထားပြီး သံခင်းတမန်ခင်း လက်တံဆန့်ဖို့ကြိုးစားနေပေမယ့်လည်း မင်းအောင်လှိုင်စစ်အုပ်စုဟာ မြေပြင်မှာ တကယ်အုပ်ချုပ်နိုင်စွမ်းမရှိတဲ့အဖြစ်ကို ကျနော်တို့ အားလုံး သိမြင်နေကြရပါတယ်။မြေငလျင်ဘေးအန္တရာယ်သင့်တဲ့ ဇုန်တွေမှာတောင် အဆင့်ဆင့်ဖွဲ့စည်းထားတဲ့ စီမံကြီးကြပ်ရေးအဖွဲ့တွေကို မတွေ့ရပါဘူး။လက်နက်ကိုင်စစ်သားတွေအားကိုးပြီး သဘာဝဘေးဒဏ်သင့်ပြည်သူကို ထပ်မံဖိနှိပ်တာမျိုးတွေပဲ တွေ့နေရပါတယ်။ငလျင်ဘေးအတွက် အလှုခံတဲ့အဖွဲ့တွေ၊ကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ မလိုအပ်ဘဲ ထောက်ခံစာတွေ၊ခွင့်ပြုချက်တွေယူဖို့ ရပ်ကွက်ရုံး၊ထွေအုပ်ရုံး၊ရဲစခန်း စတာတွေသွားစောင့်ရတာဟာ ဗျုရိုကရေစီဆန်ဆန် ဖိနှိပ်မှုလို့ ပြောလို့ရသလို တမင်စိတ်ပျက်ပြီး ပြည်သူကို ကယ်ဆယ်ရေးမလုပ်နိုင်အောင် နှောင့်ယှက်မှုတရပ်လည်းဖြစ်နေပါတယ်။ စစ်ဒဏ် ငလျင်ဒဏ် ဆတိုးခါးစည်းခံနေရတဲ့ပြည်သူ ----------------------------------------------------------------- မြေငလျင်ဆိုတဲ့ သဘာဝဘေးအန္တရာယ်ကြီးဟာ မမျှော်လင့်ထားဘဲ ကျရောက်လို့လာခဲ့ပါတယ်။ဖေဖော်ဝါရီလ ၂၈ ရက် နေ့လည် ၁၂ နာရီ ၅၁ မိနစ်မတိုင်ခင်အထိ ဒီဘေးဆိုးကြီး ကြုံရမယ်လို့ ဗမာပြည်ကလူတွေ ဘယ်သူမှကြိုမသိထားကြပါဘူး။ ငလျင်ဒဏ်ဟာ ထန်ပြင်းလှတဲ့ စွမ်းအားနဲ့ ကျနော်တို့အားလုံးရဲ့ အသက်တွေ၊ဘဝတွေ၊ မျှော်လင့်ချက်တွေကို ထိုးနှက်ရိုက်ပုတ်လိုက်ပါတယ်။တချို့တွေ မြေကြီးပေါ် လဲပြိုကျခဲ့ရသလို တချို့တွေ မြေအောက် အမှောင်ကမ္ဘာထဲကို အရှင်လတ်လတ် ကျဆင်းသွားခဲ့ရပါတော့တယ်။…
Read More
လားရှိုးက ကိုးကန့်တပ်တွေ ဘာကြောင့်ဆုတ်ပေးလိုက်ရသလဲ

လားရှိုးက ကိုးကန့်တပ်တွေ ဘာကြောင့်ဆုတ်ပေးလိုက်ရသလဲ

ဧပြီလ ၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ လားရှိုးက ကိုးကန့်တပ်တွေ ဘာကြောင့်ဆုတ်ပေးလိုက်ရသလဲ ----------------------------------------------------- ၂၀၂၅ ခုနှစ် ဧပြီလ ၄ ရက်နေ့ထုတ် သတင်းမီဒီယာ ပေါင်းစုံမှာ လားရှိုးကနေ ကိုးကန့်တပ်တွေ ပြန်လည်ဆုတ်ခွာတော့မှာဖြစ်တယ်ဆိုတဲ့ သတင်းပေါ်ထွက်လာပါတယ်။ ဧပြီလ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး ကိုးကန့်တပ်တွေလားရှိုးမြို့ပေါ်က ဆုတ်ခွာပေးရမှာဖြစ်တယ်လို့ သိရပါတယ်။မြို့ပေါ် ၁၂ ရပ်ကွက်ကို စစ်အစိုးရက ပြန်လည်အုပ်ချုပ်မှာဖြစ်ပြီး တချို့ကလည်း စစ်ကောင်စီနဲ့ ကိုးကန့်တပ် ပူးတွဲအုပ်ချုပ်ရေးပုံစံမျိုးဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ ကိုးကန့်တပ်တွေရဲ့ ဆက်ဆံရေးရုံးတွေအပြင် စစ်ဦးစီးရုံးနဲ့တပ်ဖွဲ့ဝင်တွေ၊ ရဲဌာနတွေလည်း လားရှိုးမြို့ပေါ်မှာ ဆက်လက်ထားရှိဖို့ အလားအလာရှိတယ်လို့ ပြောကြပါတယ်။ (more…)
Read More