ကြံရာပါ ခရိုင်ရုံးအုပ်

ဟိုပန်မြို့ခရိုင်မှူး တာ့ညီလင်းကို အသက်မပြည့်တဲ့ကလေးငယ်အပါ၊ အမျိုးသမီး (၄) ဦးအား မုဒိမ်းကျင့် စော်ကားမှုနဲ့ UWSA မှရာထူးဆိုင်းငံ့လိုက်ပြီး လျော်ကြေးငွေယွမ် (၃) သိန်းနဲ့ထောင်ဒဏ် (၁၀)နှစ်ချမှတ်  – ကြံရာပါ ခရိုင်ရုံးအုပ်၊ ဒုတိယရုံးအုပ်နဲ့ ယဥ်ကျေးမှု အသင်းခေါင်းဆောင် အသီးသီးတို့ကိုလည်း လက်ရှိရားထူးတွေ လျော့ချလိုက်ပြီး သုံးလစီ အနားပေးထား

- ကြံရာပါ ခရိုင်ရုံးအုပ်၊ ဒုတိယရုံးအုပ်နဲ့ ယဥ်ကျေးမှု အသင်းခေါင်းဆောင် အသီးသီးတို့ကိုလည်း လက်ရှိရားထူးတွေ လျော့ချလိုက်ပြီး သုံးလစီ အနားပေးထား ဩဂုတ်လ ၁၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ "ဝ" ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် - UWSA ထိန်းချုပ်နယ်မြေ၊ ဟိုပန်ခရိုင်ရဲ့ လက်ရှိခရိုင်မှူး ရာထူးနဲ့တာဝန်ကို ယူထားတဲ့ တာ့ညီလင်းဟာ အသက်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် စုစုပေါင်း အမျိုးသမီးငယ် (၄) ဦးကို မုဒိန်းကျင့် စော်ကားခဲ့ကြောင်း ပြစ်မှုထင်ရှားတာကြောင့် UWSA - တရားစီရင်ရေးဌာနက ဒီနေ့ သြဂုတ် ၁၆ ရက်နေ့မှာ လူထုရှေ့တရားစီရင် ချက် ချမှတ်ခဲ့တယ်လို့ ဟိုပန်မြို့သတင်းနဲ့ ပြန်ကြားရေးဌာနက "ဝ" လူငယ့်အသံကို အတည်ပြုပြောဆိုတယ်လို့ Wa News Land သတင်းကသြဂုတ်လ၁၆ရက်နေ့ကဖော်ပြပါတယ်။ အမျိုးသမီးငယ် (၄) ဦးထဲ အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦး ပါဝင်ကာ (၂) ဦးမှာ မုဒိန်းမှု မြောက်ခဲ့ပြီး ကျန် (၂) ဦးမှာတော့ မုဒိန်းမှုမဖြစ်မြောက်ပဲ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားတာကို ခံခဲ့ရတာဖြစ်ပါတယ်။ အခုလိုမုဒိန်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တဲ့ ခရိုင်မှူး တာ့ညီလင်းကို "ဝ" ပြည်နယ် တရားစီရင်ရေးဌာနက စုံစမ်းစစ်ဆေးမှုတွေ အကြိမ်ကြိမ် ပြုလုပ်ပြီးတဲ့နောက် အယူခံမှာပါဝင်တဲ့ အချက်အလက်တွေကို ဥပဒေရုံးမှ တရားရုံးကို တင်ပြပြီး လူသက်သေ၊ နှုတ်သက်သေ၊ စာသက်သေနဲ့ မျက်မြင်သက်သေထွက်ဆိုချက်တွေကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ "ဝ"ပြည်နယ် အခြေခံဥပဒေ အခန်း(၄) ပုဒ်မ (၁၄၅)ပါ ပြဌာန်းချက်အရ…
Read More