နိုင်ငံရေးအကျဥ်းသားဟောင်း စာရေးဆရာနောင်ကျော် ကွယ်လွန်
ဩဂုတ်လ ၂၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ နိုင်ငံရေး အကျဉ်းသားဟောင်းလည်းဖြစ် စာရေးဆရာ နောင်ကျော် (ခ) ဦးဌေးသိန်း ၆၉ နှစ်ဟာ သြဂုတ် ၂၁ ရက်နေ့မနက်က ရန်ကုန်မြို့ နေအိမ်မှာကွယ်လွန်သွားခဲ့ပြီလ်ု့စာပေအသိုင်းအဝန်းမှ သိရပါတယ်။ "ဟုတ်ပါတယ်၊မနက်လေးနာရီထိုးကြီးကုတင်ပေါ်ကပြုတ်ကျပြီးဆုံးတယ်ပြောတာပဲ၊သွေးတိုးပြီးဦးနှောက်သွေးကြောပြတ်တာတဲ့ သူကလည်းတယောက်ထဲနေတာလေ"လို့ရန်ကုန်မြို့ကသူနဲ့ရင်းနှီးတဲ့မိတ်ဆွေတစ်ဥ်းက သောင်ရင်းကိုပြောပါတယ်။ ဆရာဦးဌေးသိန်းဟာ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် ဆရာမောင်သာချို၊ ကဗျာဆရာ ဇောင်းထက်တို့နှင့် မဟာဝိဇ္ဇာတန်းတက်ရောက်ခဲ့ပြီး ၁၉၈၆ ခုနှစ်မှာ နည်းပြ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ တာဝန်ထမ်းနေစဉ် ၁၉၈၉ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ် ပါတီနှင့် ဆက်သွယ်တယ်ဆိုပြီးထောင် ၁၂ နှစ် ချခံခဲ့ရသူဖြစ်ပါတယ်။ (more…)