ငလျင်

ငလျင်လှုပ်ခတ်မှုကြောင့် Miss Tourism Myanmar အလှမယ်တစ်ဦး သေဆုံး

ငလျင်လှုပ်ခတ်မှုကြောင့် Miss Tourism Myanmar အလှမယ်တစ်ဦး သေဆုံး

ဧပြီလ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ Miss Tourism Myanmar 2018 Ms Silimee၏ ရုပ်အလောင်းကို မန္တလေးမြို့တွင်ပြိုကျခဲ့သည့်ကွန်ဒိုတိုက်ခန်း အပျက်အစီးများဆီမှဆွဲထုတ်ခဲ့ရပြီး မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃,၁၄၅ ဦးအထိ ရှိလာခဲ့ပြီး ဒဏ်ရာရသူ (၄,၆၀၀) ကျော်နှင့် ပျောက်ဆုံးနေသူ (၂၂၀) ကျော်ရှိနေပြီ ဖြစ်သည်ဟု Thaiger သတင်းက ဧပြီ ၅ရက်တွင်ဖော်ပြသည်။ အသက်ရှင်ကျန်ရစ်သူများကို အပူတပြင်းရှာဖွေရာတွင် အကြီးစားတူးဖော်ရေးကိရိယာများအသုံးပြု၍ ကယ်ဆယ်ရေးလုပ်ငန်းများကို ဒေသအများအပြားတွင် ဆက်လက်လုပ်ဆောင်လျက်ရှိပြီးကယ်ဆယ်ရေးသမားများသည် ကြီးမားသောတူးဖော်ရေးပစ္စည်းများကို အသုံးပြုကာ မမောမပန်းလုပ်ဆောင်နေကြပါသည်။ (more…)
Read More
မလေးရှားနိုင်ငံခြားရေးဝန်ကြီး ငလျင်အပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခရီးစဉ်အတွက် မြန်မာနိုင်ငံသို့ ရောက်ရှိ

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ငလျင်အပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခရီးစဉ်အတွက် မြန်မာနိုင်ငံသို့ ရောက်ရှိ

ဧပြီလ ၅၊ ၂၀၂၅။ ‌ေသာင်ရင်းသတင်းလွှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Mohamad Hasan သည် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်အပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မစ်ရှင်တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံသို့ တစ်ရက်တာလာရောက်လည်ပတ်မှုစတင်ခဲ့သည်ဟု Malay Mail သတင်းကဧပြီ ၅ရက်ကဖော်ပြသည်။ မိုဟာမက်နှင့် ၎င်း၏ ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာသည့် လေယာဉ်သည် မလေးရှား တော်ဝင်လေတပ် (RMAF) လေတပ်စခန်းမှ နံနက် ၈ နာရီ ဝန်းကျင်တွင် ထွက်ခွာခဲ့ပြီး နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရောက်ရှိမည်ဟု မျှော်လင့်ရသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မစ်ရှင်ကို ထိုင်း နိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က ပူးတွဲဦးဆောင်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွင် အာဆီယံ၏ အနီးကပ်ပူးပေါင်းဆောင်ရွက်မှုကိုကိုယ်စားပြုပြီး မြန်မာနိုင်ငံပြည်သူများအတွက် ဒေသတွင်း စည်းလုံးညီညွတ်မှုနှင့် ပံ့ပိုးကူညီမှုများကို ရောင်ပြန်ဟပ်ပြသလျက်ရှိသည်ဟုသတင်းကဆိုသည်။ (more…)
Read More
ရစ်ခ်ျတာစကေး ၅.၆ အဆင့်ရှိ ငလျင် ဧပြီ ၄ရက် သောကြာနေ့တွင် မြန်မာနိုင်ငံတွင် လှုပ်ခတ်သွားခဲ့

ရစ်ခ်ျတာစကေး ၅.၆ အဆင့်ရှိ ငလျင် ဧပြီ ၄ရက် သောကြာနေ့တွင် မြန်မာနိုင်ငံတွင် လှုပ်ခတ်သွားခဲ့

ဧပြီလ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ပြင်းအား ၁.၉ မှ ၅.၆ အကြားရှိ ငလျင်အများအပြားကို (ဧပြီ ၄ ရက်) ညတွင် မြန်မာနိုင်ငံ၌ မှတ်တမ်းတင်ခဲ့ကြောင်း ထိုင်းမိုးလေဝသဌာန၏ မြေငလျင်ဌာနက သတင်းထုတ်ပြန်သည်ဟု The Nation သတင်းကဧပြီ ၅ရက်ကဖော်ပြသည်။ အနက် ၁၀ ကီလိုမီတာ၌ပြင်းအား ၅.၆ ရှိသည့် အကြီးဆုံးငလျင်သည် ည ၁၀:၂၅နာရီတွင် လှုပ်ခတ်ခဲ့ကြောင်း ဌာနခွဲက ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံတွင် မြောက်ဘက် ကိုဩဒိနိတ် ၂၁.၂၂၁ ဒီဂရီနှင့် အရှေ့ဘက် ကိုဩဒိနိတ် ၉၆.၂၉၉ ဒီဂရီ တို့တွင်ဖြစ်သည်ဟုသတင်းကဆိုသည်။ (more…)
Read More
ငလျင်ကြောင့် ထိုင်းသင်္ကြန်ပွဲတော်အတွက် ဟိုတယ်အခန်းကြိုတင်မှာယူမှု ၂၅ ရာခိုင်နှုန်း ကျဆင်းသွား

ငလျင်ကြောင့် ထိုင်းသင်္ကြန်ပွဲတော်အတွက် ဟိုတယ်အခန်းကြိုတင်မှာယူမှု ၂၅ ရာခိုင်နှုန်း ကျဆင်းသွား

ဧပြီလ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ သင်္ကြန်ပွဲတော် (ဧပြီ ၁၁ ရက်မှ ၁၇ ရက်) အတွင်း ခရီးသွားမြို့ကြီး ခုနစ်မြို့တွင် ဟိုတယ်ကြိုတင်မှာယူမှုမှာ ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ထိုင်းဟိုတယ်များအသင်း (THA) က ဧပြီ ၃ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်ဟု The Nation ကဧပြီ ၄ရက်တွင်ဖော်ပြသည်။ မတ်လ ၂၈ ရက်က မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်ပြီးနောက် ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသအများအပြားတွင် သိသိသာသာ လှုပ်ခတ်သွားသည့် ငလျင်အပြီးတွင် ကြိုတင်စာရင်းသွင်းမှု ကျဆင်းရခြင်းမှာ ထိုင်းနှင့် ပြည်ပ ခရီးသွားများကြား ဘေးရန်ကင်းရေး စိုးရိမ်မှုများကြောင့် ဖြစ်သည်။ ရလဒ်အနေဖြင့် ယခုနှစ် သင်္ကြန်ပွဲတော်အတွင်း ခရီးသွား ၆၈၉,၀၀၀ ခန့် လျော့နည်းမည်ဟု THA က ခန့်မှန်းထားသည်။ THA ၏ဥက္ကဋ္ဌ Thienprasit Chaiyaphatranan က အသင်းမှ လူကြိုက်များသော ခရီးသွားနေရာ ခုနစ်ခုဖြစ်သည့် ဘန်ကောက်၊ Krabi၊ Chonburi၊ Chiang Rai၊ Chiang Mai၊ Phuket နှင့် Surat Thani တို့တွင် ဟိုတယ် ၅၂ ခုကို စစ်တမ်းကောက်ယူခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ယခုနှစ် ဧပြီလ ၁၁ ရက်မှ ၁၇ ရက်အထိ ဟိုတယ်ကြိုတင်မှာယူမှု ၂၅ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း စစ်တမ်းက ဖော်ပြသည်။ နိုင်ငံခြား…
Read More
ငလျင်ကြောင့် ဝမ်းနည်းခြင်းအထိမ်းအမှတ် သတ်မှတ်ထားပေမယ့် စစ်တပ်က နောင်ချိုနယ်ကို ဒရုန်းနဲ့ဗုံးကြဲလို့ ပြည်သူတဦးသေ

ငလျင်ကြောင့် ဝမ်းနည်းခြင်းအထိမ်းအမှတ် သတ်မှတ်ထားပေမယ့် စစ်တပ်က နောင်ချိုနယ်ကို ဒရုန်းနဲ့ဗုံးကြဲလို့ ပြည်သူတဦးသေ

ဧပြီ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ နိုင်ငံတဝှမ်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိနေတာကြောင့် စစ်အုပ်စုဘက်က နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်နဲ့သတ်မှတ်ထားပေမယ့် စည်းကမ်းချိုးဖောက် ဂတိမတည်ခဲ့ဘဲ နောင်ချိုနယ်ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ ညနေ၄နာရီ ၂၀မိနစ်အချိန်က နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ အမျိုးသားတဦးသေဆုံးသွားတယ်လို့ သိရပါတယ်။ (more…)
Read More

ငလျင်လှုပ်ပြီး ၅ရက်အကြာမှာ ဟိုတယ်အေးချမ်းသာထဲ ပိတ်မိနေတဲ့အမျိုးသားကို အသက်ရှင်လျှက်ကယ်ထုတ်

ဧပြီ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ဟိုတယ်အေးချမ်းသာ (၆) ထပ်အဆောက်အဦထဲ ပိတ်မိနေတဲ့အမျိုးသားတဦးကို အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဖြစ်ပါတယ်။ ဒီနေ့မှာ ငလျင်လှုပ်ခတ်ပြီး ၅ရက်မြောက်နေ့မှာ ဟိုတယ်အေးချမ်းသာ (၆) ထပ်အဆောက်အဦရဲ့ အောက်ဆုံး(၂)ထပ် ပြိုကျ ပိတ်မိနေတဲ့ အမျိုးသား (၁)ဦးအားငလျင်လှုပ်ခတ်ပြီး (၅) ရက်မြောက် ( ၁၂၁ နာရီကြာ ပိတ်မိနေသူ) ကိုအသက်ရှင်လျှက်ကယ်ဆယ်နိုင်ခဲ့တာလို့သိရပါတယ်။ #သောင်ရင်းသတင်းလွှာ #နေပြည်တော် #ဟိုတယ်အောင်ချမ်းသာ #ပိတ်မိနေသူကိုအသက်ရှင်လျှက်ကယ်ထုတ် #ငလျင်
Read More

ထိုင်ဝမ်ကယ်ဆယ်ရေးတွေကို စစ်အုပ်စုက ပြည်ဝင်ခွင့်မပြုတဲ့အတွက် မြန်မာပြည်ဖွား ထိုင်ဝမ်ဒါရိုက်တာ ဝမ်းနည်းငိုကြွေးနေ

ဧပြီလ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ နိုင်ငံတဝှမ်း ငလျင်ဒဏ်သင့် ပြည်သူတွေကို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် လာရောက်ဖို့ ပြင်ဆင်နေတဲ့ ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့တွေကို စစ်အုပ်စုဘက်က ပြည်ဝင်ခွင့်မပေးတဲ့အပေါ် မြန်မာပြည်ဖွား ထိုင်ဝမ်ဒါရိုက်တာ ကျောက်သယ်ယင်ပူဆွေးသောကရောက်ကာ ငိုကြွေးခဲ့ရတယ်လို့ ရုတ်သံထဲမှာဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၈ရက်နေ့ မွန်းလွဲပိုင်းအချိန်က မန္တလေးအနီးဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ မြေလျင်ကြောင့် အထပ်အမြင့်အဆောက်အဦးတွေ ပြိုကျပျက်စီးခဲ့သလို လူပေါင်း ထောင်ချီသေဆုံးခဲ့ရတဲ့ ကိစ္စအတွက် ကူညီကယ်ဆယ်ရေးဆောင်ရွက်ဖို့ လာရောက်ကြမယ့် နိုင်ငံတကာ အကူအညီးပေးသူတွေနဲ့ သတင်းစာဆရာ တွေကို စစ်အုပ်စုဘက်က ကန့်သတ်ပိတ်ပင်တာတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။ #သောင်ရင်းသတင်းလွှာ #ဟောင်ကောင် #ငလျင် #စကစကပြည်ဝင်ခွင့်ပိတ်
Read More
ငလျင်သတင်းအမှတ်စဉ် ၅၆ နှင့် ငလျင်သတင်းအမှတ်စဉ် ၅၇

ငလျင်သတင်းအမှတ်စဉ် ၅၆ နှင့် ငလျင်သတင်းအမှတ်စဉ် ၅၇

မြန်မာ့မြေငလျင်သတင်းနှင့် ပတ်သက်၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဧပြီ ၂ရက်နေ့ကအောက်ပါအတိုင်းထုတ်ပြန်သည်။ (more…)
Read More
မြွေကိုက်မခံရအောင် ကာကွယ်ပါ

မြွေကိုက်မခံရအောင် ကာကွယ်ပါ

ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ထွက်ပေါ်လာတတ်သည့် မြွေအန္တရာယ်ကို သတိပြုကာကွယ်နိုင်‌ရန်အတွက် အသိပညာပေးအချက်အလက်များကို ပြန်လည်စုစည်းဖော်ပြလိုက်ပါသည်။ ❗ မြွေကိုက်မခံရအောင် ကာကွယ်ပါ ❗ 𓆗𓆙 ၁။ သွားလာရာတွင် ရှူးဖိနပ်အပိတ် သို့မဟုတ် ဘွတ်ဖိနပ်ကို စီးနင်းပါ။ ခြေလှမ်းတိုင်း သတိထားပြီး တုတ်တစ်ချောင်းဖြင့် ခြောက်လှန့်ပါ။ ၂။ ညအချိန် သွားလာရာ၌ ဓာတ်မီးကို အသုံးပြုပါ။ ၃။ အိမ်နံရံ၌ မြွေဝင်နိုင်သော အပေါက်များရှိလျှင် ပိတ်ပါ၊ ၄။ အစားအစာနှင့် ရေကို အလုံပိတ်ဘူးများဖြင့် သိမ်းဆည်းပါ။ မွေးမြူရေးတိရစ္ဆာန်များကို အိမ်ပြင်ပ၌ ထားရှိပါ။ ၅။ ထင်းချောင်းပုံများကို အိမ်နှင့် ဝေးရာ၌ ထားရှိပါ။ ၆။ အိပ်ရာခုတင်များကို ကြမ်းပြင်အထက် မြှင့်ထားပါ။ ခြင်ထောင်ဖြင့် အိပ်ပါ။ ၇။ နေအိမ်ပတ်လည်ရှိ ချုံပုတ်များနှင့် အမှိုက်သရိုက်များကို ရှင်းလင်းပါ။ ၈။ မြွေကိုက်ခံရလျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းသွားပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ --------------------------- 🐍 မြွေကိုက်မခံရအောင် ကာကွယ်ပါ (ဘာသာစကားပေါင်းစုံနှင့် ပိုစတာများ) (Jan 2023) https://www.facebook.com/telehealthmm/posts/475611621442781 🐍 မြွေကိုက်မခံရအောင် သင် ဒါတွေလုပ်ပါ (Jan 2023) https://www.facebook.com/MoHNUGMyanmar/posts/549445073900941 🐍 မြွေကိုက်ခံရသူအား ရှေးဦးသူနာပြုစုခြင်း (Oct 2021) https://www.facebook.com/MoHNUGMyanmar/posts/238447504981530 🐍 မြွေကိုက်လူနာ ကုသရေး စံကိုက်လုပ်ငန်းလမ်းညွှန် (Nov 2022) https://www.facebook.com/MoHNUGMyanmar/posts/534204325425016 🐍 မြွေကိုက်လူနာများတွင် သွေးခဲမခဲ သိရှိနိုင်ရန် 20-Minute Whole Blood Clotting…
Read More
ငလျင်ဒဏ်ကြောင့် မြသိန်းတန်စေတီ ပြိုကျ

ငလျင်ဒဏ်ကြောင့် မြသိန်းတန်စေတီ ပြိုကျ

မတ်လ ၂၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ စစ်ကိုင်း၊ မင်းကွန်းဒေသရှိ မြသိန်းတန်စေတီ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။
Read More