မြန်မာနိုင်ငံမှာ ပဋိပက္ခနဲ့ရေကြီးမှုတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ကုလသမဂ္ဂက သတိပေးထား
ဩဂုတ်လ ၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံမှာ လူအသေအပျောက်များတဲ့ရေကြီးခြင်း၊ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခြင်းနဲ့ နေရာအနှံ့အပြားသို့ ရွှေ့ပြောင်းနေရခြင်းတွေကြောင့် အကြမ်းဖက်မှုတွေပြင်းထန်လာခြင်းနဲ့ သွားလာရေး ပိတ်ဆို့ခြင်းတွေကြောင့် အရေးပေါ် လူသားချင်းစာနာမှု လိုအပ်ချက်တွေမဖြည့်ဆည်းပေးနိုင်ကြောင်း ကုလသမဂ္ဂက ဇူလိုင် ၃၁ရက်နေ့မှာသတိပေးခဲ့ပါတယ်။ ကုလသမဂ္ဂ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Farhan Haq က အတားအဆီးမဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ရန် လိုအပ်ကြောင်းနဲ့အကျပ်အတည်းမှ ငြိမ်းချမ်းသော လမ်းကြောင်းကို လျှောက်လှမ်းရန် လိုအပ်တယ်လို့ပြောကြားခဲ့ပါတယ်။ “အရပ်သားတွေနဲ့ အရပ်သားတွေရဲ့ အခြေခံအဆောက်အအုံတွေကို ထိမှန်တဲ့ လေကြောင်း ဗုံးကြဲမှုတွေ အပါအဝင် မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကြောင့် ကုလသမဂ္ဂက စိုးရိမ်နေဆဲပါ” လို့ နယူးယောက်မြို့မှာ ပြုလုပ်တဲ့ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ၎င်းက ပြောကြားခဲ့ပါတယ်။ "အရပ်သားများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အလုပ်သမားများအား အကာအကွယ်ပေးရမယ်"လို့သူကပြောပါတယ်။ ဆိုင်ကလုန်း Wipha ကြောင့် မုတ်သုံမိုးရွာသွန်းမှုနဲ့ရေကြီးရေလျှံမှုတွေ ပိုမိုဆိုးရွားလာပြီးနိုင်ငံတစ်ဝှမ်းရှိ ဒေသအချို့ကို ဖြတ်ကျော်ဝင်ရောက်ကာ ပဋိပက္ခနဲ့ မတ်လအတွင်း ငလျင်လှုပ်ခတ်မှုတွေကြောင့် မတည်မငြိမ်ဖြစ်ခဲ့တဲ့ ဒေသတွေပိုမိုတင်းမာလာပြီးသူရဲ့ မှတ်ချက်စကား ထွက်ပေါ်လာတာဖြစ်ပါတယ်။ အကျပ်အတည်းကြောင့် လူပေါင်း ၃.၃ သန်းကျော် ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နောက်ထပ် ၁၈၂၀၀၀ဟါ ပြည်ပမှာခိုလှုံနေကြရတယ်လို့ကုလသမဂ္ဂရဲ့နောက်ဆုံးထုတ် ပြန်ချက်တွေအရ သိရပါတယ်။ ဒါ့အပြင် လူနည်းစု မွတ်ဆလင် ရိုဟင်ဂျာ အသိုက်အဝန်းကအဖွဲ့ဝင် အများစု ဖြစ်တဲ်၁.၂ သန်းကျော်ဟာ အကြမ်းဖက်မှု လှိုင်းလုံးတွေကြောင့် နိုင်ငံတွင်းကနေ ထွက်ပြေး တိမ်းရှောင် ခဲ့ရပါတယ်။ (more…)