တရုတ်နိုင်ငံ

တရုတ်နိုင်ငံရဲ့ အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဘေကျင်းကိုရောက်ရှိ

တရုတ်နိုင်ငံရဲ့ အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဘေကျင်းကိုရောက်ရှိ

စက်တင်ဘာ ၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ​စက်တင်ဘာ ၂ရက်မှာ ဘေကျင်းမြို့ကိုရောက်ရှိခဲ့ပြီး မကြာခင်မှာပြုလုပ်မယ့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ တော်လှန်ရေးစစ်ပွဲနဲ့ ကမ္ဘာ့ဖက်ဆစ်စစ်ပွဲ အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကိုတက်ရောက်ဖို့အတွက်ဖြစ်တယ်လို့ CGTN သတင်းကဖော်ပြပါတယ်။ (more…)
Read More
SCO ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် တရုတ်နိုင်ငံကိုသွားရောက်မယ်

SCO ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် တရုတ်နိုင်ငံကိုသွားရောက်မယ်

ဩဂုတ်လ ၂၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကိုသွားရောက်မှာဖြစ်တယ်လို့ နိုင်ငံပိုင်မီဒီယာကသြဂုတ် ၂၈ရက်မှာနေ့တွင် ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းကဖော်ပြပါတယ်။ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရကို ၂၀၂၁ ခုနှစ်မှာ စစ်တပ်က ဖြုတ်ချပြီးနောက်ပိုင်း မကြုံစဖူး လက်နက်ကိုင် အုံကြွမှုတွေနဲ့ ပြည်တွင်းစစ်ဖြစ်ပေါ်စေပြီး မြန်မာနိုင်ငံဟာပရမ်းပတာ ဖြစ်နေတယ်လို့လည်းဆိုပါတယ်။ မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ သြဂုတ် ၃၁ရက်နေ့မှာ စတင်မယ့် ထိပ်သီးအစည်းအဝေးကို သွားရောက်မှာဖြစ်ကြောင်း မြဝတီရုပ်သံက ဖော်ပြပါတယ်။ (more…)
Read More
တရုတ်နိုင်ငံတွင် အမျိုးသမီးများထက် အမျိုးသားဦးရေ ၃၄.၉ သန်းခန့် ပိုများနေ

တရုတ်နိုင်ငံတွင် အမျိုးသမီးများထက် အမျိုးသားဦးရေ ၃၄.၉ သန်းခန့် ပိုများနေ

ဇွန်လ ၁၆၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများသည် လူဦးရေဆိုင်ရာ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရချိန်တွင် တရုတ်နိုင်ငံသည် ထူးခြားသောစိန်ခေါ်မှုတစ်ရပ်ကို ရင်ဆိုင်နေရသည်။အမျိုးသား ၃၅ သန်းနီးပါးသည် ဇနီးသည်ကို ရှာမတွေ့နိုင်ပေ။ မန်ဒရင်းတရုတ်ဘာသာစကားတွင်"အထီးကျန်အမျိုးသားများ" သို့မဟုတ် "Qing Nan" (青男) ဟုသိကြသော ဤအမျိုးသားများသည် အများစုမှာ အသက် ၃၀ နှင့် ၄၀နှစ်များအတွင်းဖြစ်ကြပြီး ဘဝလက်တွဲဖော်ကို ရှာဖွေရန် ရုန်းကန်နေရသည်ဟု The Nation သတင်းက ဇွန်လ ၁၅ရက်ကဖော်ပြသည်။ ဤပြဿနာသည် တရုတ်နိုင်ငံ၏ ဆယ်စုနှစ်များစွာကြာ ကလေးတစ်အိမ်ထောင်မူဝါဒနှင့် သား များကိုသမီးများထက် ဦးစားပေးသည့်နှစ်ရှည်လများ ယဉ်ကျေးမှုကို နှစ်ခြိုက်စွာ ဦးစားပေးခြင်းမှ ကြီးမားသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ရလဒ်အနေနှင့်တရုတ်နိုင်ငံတွင်ယခုအချိန် ကျား၊မ မညီမျှမှု သိသိသာသာ ရှိနေပါသည်။ တရုတ်နိုင်ငံ၏ ၂၀၂၀ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ အမျိုးသမီးများထက် အမျိုးသားဦးရေ ၃၄.၉သန်းခန့် ပိုများသည်။ စိန်ခေါ်မှုကို ထပ်ဆောင်းဖြစ်စေသည့်အရာမှာရိုးရာအိမ်ထောင်ရေး ကုန်ကျစရိတ် မြင့်တက်လာခြင်းပင်ဖြစ်သည်။ သတို့သမီးမိသားစုအတွက် သတို့သားမှပေးသောငွေ၊သတို့သမီးစျေးနှုန်းသည်ယွမ် ၁၄၀,၀၀၀ (ဘတ် ၇၀၀,၀၀၀ သို့မဟုတ် အမေရိကန်ဒေါ်လာ ၁၉,၀၀၀ ဝန်းကျင်)သို့ မကြာမီက မြင့်တက်သွားပါသည်။ (more…)
Read More
တရုတ်နိုင်ငံ ယူနန်ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့  မြန်မာနိုင်ငံသို့ ရောက်ရှိလာ

တရုတ်နိုင်ငံ ယူနန်ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာ

မတ်လ ၂၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဒေသစံတော်ချိန် မတ်လ ၂၉ ရက် မနက် ၇:၁၀ တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးဆေးကုသ မှုအဖွဲ့ဝင် ၃၇ ဦး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်ဟု ရန်ကုန်မြို့ရှိတရုတ်သံရုံးကသတင်းထုတ်ပြန်သည်။ (more…)
Read More