#တော်လှန်သီတင်းကျွတ်

သီတင်းကျွတ်ဆီမီးသပိတ် – လူထုဆန္ဒ ၃ ရပ် ဖော်ထုတ်ရေး လှုပ်ရှားမှု

သီတင်းကျွတ်ဆီမီးသပိတ် – လူထုဆန္ဒ ၃ ရပ် ဖော်ထုတ်ရေး လှုပ်ရှားမှု

သီတင်းကျွတ်ဆီမီးသပိတ် - လူထုဆန္ဒ ၃ ရပ် ဖော်ထုတ်ရေး လှုပ်ရှားမှု =============== မြန်မာတို့၏ သီတင်းကျွတ်အချိန်အခါသယမသည် ရိုးရာဓလေ့အရ ဗုဒ္ဓမြတ်စွာဘုရားရှင်ကို ဆီမီးတို့ဖြင့် ပူဇော်ကန်တော့ခြင်း၊ ကျေးဇူးဆပ်ခြင်းနှင့် အမှောင်ကို အလင်းဖြင့် အောင်ပွဲခံခြင်း အခါသမယဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့၏ ဆီမီးများ သည် ဗုဒ္ဓဘုရားရှင်ကို ပူဇော်ရုံသာမက၊ အာဏာရှင်စနစ် အောက်မှ လွတ်မြောက်လိုသော လူထုဆန္ဒသစ္စာ သုံးရပ်ကိုပါ ထွန်းညှိ၍ ဆီမီးသပိတ် ပြုလုပ်ကြရမှာဖြစ်ပါတယ်။ သီတင်းကျွတ်လပြည့်နေ့တွင် အိမ်တိုင်း၏ ပြတင်းပေါက်၊ အိမ်ရှေ့ဝင်းများ၊ အလေးအမြတ်ထားရသည့် ရင်ပြင်နေရာများတွင် ဆီမီးများ ထွန်းညှိခြင်းဖြင့် - လူထုဆန္ဒ ၃ ရပ်ကို ဖော်ထုတ်လှုပ်ရှားကြမည်။ ဤဆီမီးသည် - * ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်မည့်လမ်းကို ဖော်ဆောင်သည်။ * အဓမ္မစစ်မှုထမ်းဥပဒေကို လောင်ကျွမ်းဖျက်ဆီးမည်။ * တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ချွင်းချက်မရှိ သပိတ်မှောက် ဆန့်ကျင်သည်။ (more…)
Read More