ထိုင်းနိုင်ငံ၀န်ကြီးချုပ်သစ်

Anutin Charnvirakul ကို ဘုရင့်အမိန့်တော်အရ ထိုင်းနိုင်ငံ၀န်ကြီးချုပ်အဖြစ် ခန့်အပ်

Anutin Charnvirakul ကို ဘုရင့်အမိန့်တော်အရ ထိုင်းနိုင်ငံ၀န်ကြီးချုပ်အဖြစ် ခန့်အပ်

စက်တင်ဘာ ၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ Bhumjaithai ပါတီခေါင်းဆောင် Anutin Charnvirakul ကို ဝန်ကြီးချုပ်အဖြစ် Bhumjaithai ပါတီရုံးချုပ်မှာ စက်တင်ဘာ ၇ရက်တနင်္ဂနွေနေ့ နံနက်ပိုင်းက ခန့်အပ်ကြောင်း အောက်လွှတ်တော် အထွေထွေအတွင်းရေးမှူးက ဘုရင့်အမိန့်ထုတ်ပြန်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်ကဖော်ပြပါတယ်။ အောက်လွှတ်တော် အထွေထွေ အတွင်းရေးမှူး Arpath Sukhanant က နံနက် ၁၁ နာရီ ၃၃ မိနစ်မှာဘန်ကောက်ရှိ ပါတီဌာနချုပ်ကို တော်ဝင်အမိန့်တော် တင်သွင်းခဲ့ပါတယ်။ ထို့နောက် အတွင်းရေးမှူးချုပ်က Paetongtarn Shinawatras ကိုဝန်ကြီးချုပ်အဖြစ်ကနေ ဖယ်ရှားခြင်းနဲ့မစ္စတာ Anutin ကို ၀န်ကြီးချုပ်သစ်အဖြစ် ထောက်ခံဖို့အောက်လွှတ်တော်ရဲ့ မဲအများစုနဲ့ဖယ်ရှားခြင်းကို ရည်ညွှန်းတဲ့ တော်ဝင်အမိန့်ကို ကြေညာခဲ့ပါတယ်။ ထိုင်းနိုင်ငံ၏ ၃၂ ယောက်မြောက် ၀န်ကြီးချုပ်အဖြစ် မစ္စတာ Anutin ကို ခန့်အပ်မှုဟာချက်ချင်း အကျိုးသက်ရောက်ခဲ့ပါတယ်။ တော်ဝင်အမိန့်ကို အောက်လွှတ်တော်ဥက္ကဋ္ဌ ဝမ်မုဟမ္မဒ်နူးရ်မာသာက လက်မှတ်ရေး ထိုးခဲ့ပါတယ်။ ဒိနောက် မစ္စတာ Anutin က တော်ဝင်အမိန့်ကို လက်ခံခဲ့ပြီး ၎င်းဟာ သူနဲ့သူ၏မိသားစုအတွက် အကန့်အသတ်မရှိတဲ့ ကောင်းချီးမင်္ဂလာနဲ့ဂုဏ်အသရေဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ ထိုင်းပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ထိုင်းနိုင်ငံတည်ငြိမ်အေးချမ်းရေးတို့အတွက် ရိုးသားဖြောင့်မတ်စွာ ဝန်ကြီးချုပ်အဖြစ် အစွမ်းကုန်ထမ်းဆောင်မယ်လို့လည်းကတိပြုခဲ့ပါတယ်။ (more…)
Read More
Bhumjaithai ပါတီ ခေါင်းဆောင် အနုတင် ချန်ဝီရကူလ် ထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ်သစ် ဖြစ်လာ

Bhumjaithai ပါတီ ခေါင်းဆောင် အနုတင် ချန်ဝီရကူလ် ထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ်သစ် ဖြစ်လာ

စက်တင်ဘာ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ Bhumjaithai ပါတီခေါင်းဆောင် အနုတင် ချန်ဝီရကူလိကို People's Party က ထောက်ခံတဲ့အောင်မြင်တဲ့ ညွန့်ပေါင်း ညှိနှိုင်းမှုနဲ့ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခြင်းခံရတယ်လို့ The Nation သတင်းကစက်တင်ဘာ၅ရက်မွန်းလွဲပိုင်းမှာဖော်ပြပါတယ်။ (more…)
Read More