ထိုင်းနိုင်ငံ ဘန်ကောက်မြို့

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကလျှပ်စစ်စီးကရက် စက်ရုံကို ဝင်ရောက်စီးနင်းရာမှာ တရုတ်နိုင်ငံသား ၂ ဦးနဲ့ မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းမိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကလျှပ်စစ်စီးကရက် စက်ရုံကို ဝင်ရောက်စီးနင်းရာမှာ တရုတ်နိုင်ငံသား ၂ ဦးနဲ့ မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းမိ

စက်တင်ဘာ ၁၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဂိုဒေါင်တစ်ခုကိုလျှပ်စစ်စီးကရက် ထုတ်လုပ်တဲ့တရားမဝင် စက်ရုံအဖြစ် ပြောင်းလဲမှုကြောင့် တရုတ်နိုင်ငံသား ၂ ဦးနဲ့မြန်မာနိုင်ငံသား ၁၁ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ The Thaiger သတင်းက စက်တင်ဘာ ၁၀ ရက်ကဖော်ပြပါတယ်။ အာဏာပိုင်တွေက လျှင်စစ်စီးကရက် ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ကိရိယာတွေနဲ့အတူ တရားမဝင် ကုန်ပစ္စည်း ၆၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ဘန်ကောက်မြို့ ဘန်ခွန်တန်ခရိုင် ထခမ်းဒေသရှိ ဂိုဒေါင်ကို ဗဟို စုံစမ်းစစ်ဆေးရေးဗျူရို (CIB) မှတာဝန်ရှိသူတွေကစက်တင်ဘာ ၉ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံသား ၂ ဦးကို အခင်းဖြစ်ပွားရာနေရာမှာ တွေ့ရှိခဲ့ပြီး မန်နေဂျာနဲ့အရည်အသွေးထိန်းချုပ်ရေး ဝန်ထမ်းတွေလို့ဝန်ခံခဲ့ပါတယ်။ ထုတ်လုပ်မှုအပိုင်းမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ၁၁ ဦးကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ (more…)
Read More
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အချို့နေရာတွေမှာငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရပြီး တာဝန်ရှိသူတွေနဲ့အလုပ်သမားတွေထွက်ပြေးတိမ်းရှောင်ခဲ့ကြ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အချို့နေရာတွေမှာငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရပြီး တာဝန်ရှိသူတွေနဲ့အလုပ်သမားတွေထွက်ပြေးတိမ်းရှောင်ခဲ့ကြ

ဩဂုတ်လ ၂၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြေငလျင်စောင့်ကြည့်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ တာ့ခ်ခရိုင် မဲဆောက်မြို့အနောက်တောင်ဘက် ၂၁၁ ကီလိုမီတာခန့်အကွာ မြန်မာနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းမှာပြင်းအား ၅.၄ နဲ့အနက် ၁၀ ကီလိုမီတာမှာငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ Khaosod သတင်းကသြဂုတ် ၂၁ရက်မှာဖော်ပြပါတယ်။ အလုပ်သမားဝန်ကြီးဌာနတည်ရှိရာ Din Daeng ခရိုင်အပါအဝင် ထိုင်းနိုင်ငံရဲ့ နေရာအများအပြားမှာ ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရတယ်လို့ဆိုပါတယ်။ အဆောက်အဦအတွင်း တုန်ခါမှုကို ခံစားခဲ့ရပြီး လူတွေကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။နံနက် ၉ နာရီ ၅၈ မိနစ်ခန့်မှာ Khlong Toei Nuea မြို့နယ်ခွဲ, Vadhana ရပ်ကွက်မှာ ၁၀ စက္ကန့်ခန့် ကြာလှုပ်ယမ်းမှု အနည်းငယ် ခံစားခဲ့ရပါတယ်။ Ratchathewi မြို့ Banthathong လမ်းက ရုံးခန်းအဆောက်အအုံဟာ ယိမ်းနွဲ့နေတယ်လို့တစ်စုံတစ်ဦးကသတင်းပေးပို့ခဲ့ပါတယ်။ နွန်သဘူရီခရိုင်၊ မွမ်သာဘူရီမြို့၊ Bang Kraso မြို့နယ်ခွဲ၊ Khaerai ဧရိယာရှိ ၉ လွှာရှိ အထပ်မြင့်အဆောက်အအုံတစ်ခုဟာယိမ်းနွဲ့သွားတာကို ခံစားခဲ့ရပြီး လူတွေမူးဝေသွားခဲ့ကြပါတယ်။ (more…)
Read More