ဒရုန်းဖြင့် တိုက်ခိုက်မှု

မြန်မာနိုင်ငံဘက်ခြမ်းမှလက်နက်ကိုင်အဖွဲ့ ULFA-I စခန်းအား ဒရုန်းဖြင့် တိုက်ခိုက်မှုကို အိန္ဒိယ စစ်တပ်က ငြင်းဆိုထား

မြန်မာနိုင်ငံဘက်ခြမ်းမှလက်နက်ကိုင်အဖွဲ့ ULFA-I စခန်းအား ဒရုန်းဖြင့် တိုက်ခိုက်မှုကို အိန္ဒိယ စစ်တပ်က ငြင်းဆိုထား

ဇူလိုင်လ ၁၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံဘက်ခြမ်းတွင် အိန္ဒိယကတားမြစ်ထားသော လက်နက်ကိုင်အဖွဲ့ United Liberation Front of Asom-Independent (ULFA-I) ၏ အရှေ့ဘက်ဌာနချုပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း အိန္ဒိယစစ်တပ်က ငြင်းဆိုထားသည်ဟု NTV သတင်းကဇူလိုင် ၁၄ရက်တွင်ဖော်ပြသည်။ ယဇူလိုင် ၁၃ရက်နေ့တွင် အိန္ဒိယကတားမြစ်ပိတ်ပင်ထားသည့် ULFA-I သည် မြန်မာနိုင်ငံဘက်ရှိ ၎င်း၏ အရှေ့ခြမ်းဌာနချုပ်ကို အိန္ဒိယစစ်တပ်မှ ဒရုန်းများဖြင့် ပစ်မှတ်ထားခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ အဆိုပါ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများတွင် ၎င်းတို့၏ ကေဒါ ၁၉ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်တစ်ခုတွင် တားမြစ်ထားသော ULFAက ထုတ်ပြန်ခဲ့သည်။ တိုက်ခိုက်မှုအတွင်း ULFA အကြီးတန်းတပ်မှူး Nayan Medhi ကျဆုံးခဲ့ပြီး မဏိပူရပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ နိုင်ငံရေးမှူးဖြစ်သည့် တော်လှန်ရေးတပ်ဦး (RPF) အပါအဝင် မဏိပူရသူပုန်အဖွဲ့မှ ကေဒါအချို့လည်း သေဆုံးကာ အချို့လည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများက ဖော်ပြသည်။ သို့သော် တရားဝင်ထုတ်ပြန်ချက်တစ်ခုတွင် အိန္ဒိယစစ်တပ်က ယင်းပြောဆိုချက်များကို ငြင်းဆိုထားသည်။ “ဒီလို စစ်ဆင်ရေးမှာ အိန္ဒိယစစ်တပ်နဲ့ သွင်းအားစုတွေ မရှိဘူး” ဟု PRO ကာကွယ်ရေးဝန်ကြီး ဌာန Guwahati မှ ဒုဗိုလ်မှူးကြီး Mahendra Rawat က IANS သို့ ပြောကြားခဲ့သည်။ (more…)
Read More