ဒုက္ခသည်များ

ဒုက္ခသည်များမူဝါဒ သောင်မ​တင်ရေမ​ကျဖြစ်နေ

ဒုက္ခသည်များမူဝါဒ သောင်မ​တင်ရေမ​ကျဖြစ်နေ

ရှင်းရှင်း ပြောရရင် ဒီစခန်းတွေဟာ ကွန်းခိုရာအမိုးအကာတွေ မဟုတ်တော့ဘူး။လူတွေကို ပိတ်လှောင်ထားပါတယ်၊ အလုပ်ထွက်လုပ်ခွင့်ခွင့် မရပါဘူး။ ထိုင်းဘာသာကို စခန်းတွေထဲမှာတောင် မသင်ကြားရတဲ့အတွက် ဆက်သွယ်ရေး ပိုခက်ခဲလာပါတယ်။ ဒါပေမယ့် အများစုမှာ ကျွမ်းကျင်ပြီး ပါဝင်ကူညီဖို့အဆင်သင့်ဖြစ်နေကြပါတယ်။ ရင်တုန်းကတော့ ထိုင်းက ပိုကောင်းပါတယ်။ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ တရုတ်နဲ့နီပေါနိုင်ငံတို့က ဒုက္ခသည်တွေကို လက်ခံထားတဲ့နိုင်ငံဖြစ်ပါတယ်။ နေရပ်ပြန်ပို့ရန် မဖြစ်နိုင်ကြောင်း သက်သေပြနိုင်တဲ့အခါ ထိုင်းနိုင်ငံမှ ၎င်းတို့အား တရားဝင် ID များဖြင့် နေထိုင်ခွင့်၊ ဂုဏ်သိက္ခာရှိစွာ နေထိုင်ခွင့်တို့ကို ပေးအပ်ခဲ့ပါတယ်။ ဒီဒုက္ခသည်တွေကို ရွှေ့ပြောင်းအလုပ်သမားတွေအဖြစ် ပြန်လည်သတ်မှတ်ခြင်းဟာအမှားတစ်ခုဖြစ်ပါလိမ့်မယ်၊ဒီအခြေအနေဟာ သူတို့ကိုလက်လုပ်လက်စားလုပ်အား၊ တင်းကျပ်တဲ့ထိန်းချုပ်မှုတွေနဲ့အလုပ်ပြောင်းဖို့အခွင့်အလမ်းမရှိသလောက်ဖြစ်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတံဆိပ်ဟာတရားမျှတမှုမရှိသလို အကျိုးဖြစ်ထွန်းမှုလည်း မရှိပါဘူး။ နောက်ဆုံးမှာဒုက္ခသည်တွေဟာ အလုပ်အကိုင်ရှာဖွေဖို့ရွှေ့ပြောင်းနေထိုင်ခြင်း မရှိကြဘဲ ပြည်တွင်းစစ်ဘေးက ထွက်ပြေးခဲ့ကြရသူတွေပဲဖြစ်ကြပါတယ်။ သူတို့ရဲ့ အခြေအနေက ကွဲပြားပြီး မတူညီတဲ့ ဖြေရှင်းချက်နဲ့ ထိုက်တန်ပါတယ်။ ဇူလိုင်လ ၂၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အချိန်ကုန်သွားပါပြီ။ နှစ်ပတ်မပြည့်မီမှာ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် ၈၀,၀၀၀ ကျော်ဟာစားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှု သို့မဟုတ် အကာအကွယ်မပါဘဲ ကျန်ရစ်ခဲ့တော့မှာဖြစ်ပါတယ်။ အမေရိကန်အကူအညီကို အပြီးအပိုင်ဖြတ်တောက်လိုက်တာကြောင့် ထိုင်းနိုင်ငံဟာ မျက်နှာမလွှဲနိုင်တော့ပါဘူး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ထိန်းမနိုင်သိမ်းမရမဖြစ်မီ အစိုးရအနေနဲ့လုပ်ဆောင်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှစစ်ဘေးနဲ့ နှိပ်စက်ညှဉ်းပန်းမှုများကြောင့် ထွက်ပြေးလာကြရတဲ့ကရင်တိုင်းရင်းသားအများစုဖြစ်တဲ့ အဆိုပါဒုက္ခသည်များဟာနှစ် ၄၀ ကျော် ခါးသီးစွာ နေထိုင်လာခဲ့ကြပါတယ်၊ စခန်းများမှာ မွေးဖွားလာသူ အများအပြားဟာ ပြန်လည်နေရာချထားရေး မျှော်လင့်ချက်တွေဟာဝေးကွာကုန်ကြပြီးအခြားနေရာတွေဆီကိုလည်းသွားစရာ မရှိတော့ပါဘူး။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇန်နဝါရီ ၂၀…
Read More

ဒုက္ခသည်များ၏ကိုယ်ရေးအချက်အလက်များအားအိန္ဒိယအစိုးရထံ လွှဲပေးသည့် တာဝန်မဲ့လုပ်ရပ်အတွက် UNHCR India ရုံးကို ဖြေရှင်းအရေးယူပေးရန် အဖွဲ့ ၁၄၁ ဖွဲ့ တောင်းဆို

ဇူလိုင်လ ၄၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အိန္ဒိယနိုင်ငံတွင် ခိုလှုံနေသည့် မြန်မာဒုက္ခသည်များအပါအဝင် တခြားခိုလှုံသူမျာ၏ကိုယ်ရေးအချက်အလက်များအား အိန္ဒိယအစိုးရထံ လွှဲပေးခဲ့သောUNHCR India ရုံး၏တာဝန်ယူမှု၊ တာဝန်ခံမှုမဲ့တဲ့ လုပ်ရပ်များကို ဖြေရှင်းအရေးယူပေးရန်မြန်မာပြည်သူလူထုနှင့်ပြည်တွင်း/ပြည်ပ မြန်မာအဖွဲ့အစည်း ၁၄၁ ဖွဲ့က ဆွစ်ဇာလန်နိုင်ငံရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သို့ အိတ်ဖွင့်ပေးစာပေးပို့ခဲ့သည်ဟုဇူလိုင်လ ၄ ရက်တွင်ထုတ်ပြန်ကြောင်း BNI သတင်းကဖော်ပြသည်။ အိတ်ဖွင့်ပေးစာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုနောက်ပိုင်း အိန္ဒိယနိုင်ငံ၌ခိုလှုံရန်ရောက်ရှိလာသောမြန်မာနိုင်ငံသား၁၀,၀၀၀ကျော်သည်UNHCR India ရုံးတွင်ဒုက္ခသည်အဖြစ် မှတ်ပုံတင်ကာ အကာကွယ်တောင်းခံခဲ့ကြပြီး ယင်းတိုအထဲ၌ စစ်ကောင်စီ၏ပစ်မှတ်ထားခြိမ်းခြောက်မှုခံရသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်ရေးကာကွယ်သူများနှင့်အခြားလုံခြုံရေး အထူးလိုအပ်သူများ အများပြားပါရှိခဲ့ပြီး ဤဒုက္ခသည်များ၏ လျှို့ဝှက်ရမည့်ကိုယ်ရေးအချက်အလက်များကို အိန္ဒိယအစိုးရထံကို UNHCR India ရုံးက လုံလောက်သည့်အကာအကွယ်မရှိဘဲ လွှဲပြောင်းပေးခဲ့သည်ဟု ပါရှိသည်။ (more…)
Read More
ထိုင်းမြန်မာနယ်စပ်တွင်စစ်ကောင်စီတပ်ကိုKNLA ပူးပေါင်းတပ်ဖွဲ့များကဝိုင်းရံထား၍ ဒုက္ခသည်များ ထိုင်းနိုင်ငံအတွင်းဝင်ရောက်လာ

ထိုင်းမြန်မာနယ်စပ်တွင်စစ်ကောင်စီတပ်ကိုKNLA ပူးပေါင်းတပ်ဖွဲ့များကဝိုင်းရံထား၍ ဒုက္ခသည်များ ထိုင်းနိုင်ငံအတွင်းဝင်ရောက်လာ

မေလ ၁၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) သည် ကရင်အမျိုးသား ကာကွယ်ရေး အဖွဲ့ (KNDO) နှင့်အတူ ထိုင်းနိုင်ငံတာ့ခရိုင်မှ ကီလိုမီတာ ၅၀၀ခန့်အကွာရှိမြန်မာစစ်တပ်အခြေစိုက်ရာ ဖားအံမြို့နယ်ဟိုကေထအခြေစိုက် စခန်းအား ဒရုန်းများ အသုံးပြု၍ဝိုင်းရံထားသဖြင့် ထွက်ပြေးလာသည့် မြန်မာဒုက္ခသည် ၁၀၀ ခန့်သည် မေလ ၁၉ ရက်က ထိုင်းနိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်လာခဲ့သည်ဟု Khaosod သတင်းကဖော်ပြသည်။ (more…)
Read More
မြန်မာနိုင်ငံက စစ်တပ်စခန်းကို KNU ကသိမ်းပိုက်လိုက်သောကြောင့် ဒုက္ခသည်များ ထိုင်းဘက်သို့ ထပ်မံထွက်ပြေးလာကြ

မြန်မာနိုင်ငံက စစ်တပ်စခန်းကို KNU ကသိမ်းပိုက်လိုက်သောကြောင့် ဒုက္ခသည်များ ထိုင်းဘက်သို့ ထပ်မံထွက်ပြေးလာကြ

မေလ ၁၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာစစ်တပ်မှ တပ်စခန်းတစ်ခုကို KNUကရင်တပ်များက သိမ်းပိုက်ပြီးနောက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းသို့ မြန်မာနိုင်ငံသား ၃၀၀ ကျော်သည်မေလ ၁၀ရက်နေ့ အစောပိုင်းက နယ်စပ်ဖြတ်ကျော်ဝင်ကာထိုင်းဘက်သို့ရောက်ခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်းကဖော်ပြသည်။ တာ့ခ်ခရိုင် မယ်လနှင့် ကရင်ပြည်နယ် ဘားအံခရိုင်ကြားဒေသများတွင် ထိုင်းစစ်တပ်နှင့် ထိုင်း နယ်ခြားစောင့်ရဲ တပ်ဖွဲ့ဝင်များ အပြင်းအထန် အင်အား ဖြည့်တင်းခဲ့သည်။ (more…)
Read More