ဒေသတွင်း လုံခြုံရေးကို အာမခံချက်ပေးရန်ပေါ်လစီချပြရန် အချိန်တန်ပြီ

ဒေသတွင်း လုံခြုံရေးကို အာမခံချက်ပေးရန်ပေါ်လစီချပြရန် အချိန်တန်ပြီ

ဒေသတွင်း လုံခြုံရေးကို အာမခံချက်ပေးရန်ပေါ်လစီချပြရန် အချိန်တန်ပြီ

လတ်တလော ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အမေရိကန်ဒေါ်လာ သန်း 300 ကျော်တန် အမေရိကန်ကောင်စစ်ဝန်ရုံးဖွင့်လှစ်မှု့ကို တရုတ်က ၎င်း၏နောက်ဖေးပေါက်လုံခြုံရေးခြိမ်းခြောက်မှု့အဖြစ် အကြီးအကျယ်ကန့်ကွက်ခဲ့သည်။ ပြောင်းလဲလာသော ကမ္ဘာ့နိုင်ငံရေးကစားကွက်အရ ၁၉၈၈ ခုနှစ် နိုင်ငံရေး အခြေအနေနှင့်မတူပဲ ၂၀၂၁ မြန်မာ့အင်အားစုများ၏ အခြေစိုက်ရာပင်မဌာနသည် ထိုင်းနိုင်ငံမဲဆောက်မှ *ချင်းမိုင်မြို့* သို့ပြောင်းရွေ့သွားသည်ကို တွေ့ရသည်။ စီကာပတ်ကုံး တင်ပြမှု့၏ အဓိကအချက်မှာ ကနဦးတင်ပြသကဲ့သို့ စစ်အေးခေတ်တွင် အမေရိကန်သည် ဖက်ဒရယ်ပြည်ထောင်စုကို အားမပေးခဲ့ကြောင်း သက်သေခံချက်ဖြစ်သည်။ ကွန်မြူနစ်ဆန့်ကျင်ရေးအတွက်မြန်မာစစ်အာဏာရှင် စနစ်ကို အမေရိကန်နှင့်အနောက်အုပ်စုမှ ကျောထောက် နောက်ခံပေးခဲ့ခြင်းပင်ဖြစ်သည်။ ဘာတေးလစ်တနာ၏ ရေးသားချက်အရ စစ်အာဏာရှင်စနစ်သည် ဈေးအသက်သာဆုံး၊ကုန်ကျစားရိပ်အနည်းဆုံးနှင့်အမေရိကန်အတွက် အကျိုးအဖြစ်ဆုံးဆိုသည့် စစ်အေးခေတ်နှင့် စစ်အာဏာရှင်စနစ်ကို မီးမောင်းထိုးလိုခြင်းဖြစ်သည်။ စစ်အေးခေတ်ပြီးဆုံးသွားသော်လည်း တရုတ်-အမေရိကန် ပါဝါပျော့လွန်ဆွဲပွဲနှင့် မြန်မာတော်လှန်ရေး လာဆုံနေရသည်။ စစ်အုပ်စုသည် စစ်အေးခေတ်အတွင်း ဗိုလ်နေဝင်းစစ်အုပ်စုခင်းကျင်းထားခဲ့သော ပေါ်လစီအပေါ်တွင် အသာစီးယူ၍ လျောက်လှမ်းနေပုံရသည်။ တရုတ်-မြန်မာ အပြန်အလှန် မကျူးကျော်ရေးစာချုပ်အရ " တစ်ဦး၏ နိုင်ငံကို ဆန့်ကျင်ဖက်ပြု့သော စစ်မဟာမိတ်အဖွဲ့အစည်း တစ်ခုခုတွင် တစ်ဦးကမပါဝင်ပါဟူ၍လည်းကောင်း ကတိပြု့ကြသည်။"ဆိုသည် စာချုပ်ကို မည်သည့် မြန်မာအာဏာရအင်အားစုမှ ဆက်လက်တာဝန်ခံမည်နည်းဟူသော စိုးရိမ်မှု့သည် တရုတ်အပေါ်ဖိ့စီးနေပုံရသည်။ တစ်ဖန် အိန္ဒိယသမုဒ္ဒရာဒေသတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒေါက်တာယူနွတ်၏ အမေရိကန်လုံခြုံရေးအစီအစဉ်အတိုင်းလိုက်ပါလုပ်ဆောင်နေမှု့များသည်လည်း တရုတ်၏မြန်မာပြည်ဆိုင်ရာ ပေါ်လစီအပေါ်ထပ်မံ၍ ဖိ့အားသက်ရောက်နေမည်ဖြစ်သည်။ (စကားချပ်။ ။ဘင်္ဂလားဒေ့ရှ် စစ်ဖက်မှ ဒေါက်တာယူနွတ်၏အမေရိကန် ကြိုးဆွဲရာကနေမှု့များသည် သွေးချောင်းစီး စစ်ပွဲကို ဖိတ်ခေါ်နေသလိုဖြစ်ကြောင်း သတိ့ပေးသည့် သတင်းကိုလည်း သတိ့ပြု့မိသည်။ယူနွတ်ကံကြမ္မာမည်သို့အဆုံးသတ်မည်ကို စောင့်ကြည့်နေရသည်။) မြန်မာပြည်တော်လှန်ရေးကို ဦးဆောင်နေသူများ (ပြည်တွင်း မှသူများကို ရည်ညွန်း) အနေဖြင့်…
Read More