ထိုင်းနိုင်ငံတွင် ဒေါင့်သန်းရောဂါကို ထိန်းချုပ်နိုင်ပြီဟုဆို
မေလ ၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းနိုင်ငံ Don Tan ခရိုင်, Mukdahan မြို့တွင်ဒေါင့်သန်းရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကျန်းမာရေးအာဏာပိုင်များက အတည်ပြုခဲ့သည်ဟု Thai Enquire သတင်းကမေလ ၇ရက်တွင်ဖော်ပြသည်။ ဒေါင့်သန်းဘက်တီးရီးယားပိုးနှင့် ထိတွေ့သူ ၆၃၆ ဦးစလုံးသည် ယနေ့ စောင့်ကြည့်ကာလ ပြီးဆုံးသွားပြီးလူ ၉၈ဦးမှာ လိုအပ်သော စောင့်ကြည့်စစ်ဆေးမှုပြီးမြောက်ခဲ့သည်ဟုဆိုသည်။ အတည်ပြုလူနာ လေးဦးရှိပြီး တစ်ဦးသေဆုံးခဲ့သည်။ Mukdahan မြို့နယ် ပြည်သူ့ကျန်းမာရေးရုံး အကြီးအကဲ ဒေါက်တာ Narong Chankaew က ထိတွေ့ဖူးသူတိုင်းသည် ခုနစ်ရက်ကြာ ထိုးနှံရသည့်ကာကွယ်ဆေးကို ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ (more…)