ပစ်ချခဲ့

အိန္ဒိယ အာဏာပိုင်များသည် ကလေးသူငယ်များ အပါအဝင် ရိုဟင်ဂျာ ဒုက္ခသည် ၄၃ ဦးကို မြန်မာနိုင်ငံ အနီးရှိ နိုင်ငံတကာ ရေပိုင်နက်ထဲသို့ ပစ်ချခဲ့ဟုဆို

အိန္ဒိယ အာဏာပိုင်များသည် ကလေးသူငယ်များ အပါအဝင် ရိုဟင်ဂျာ ဒုက္ခသည် ၄၃ ဦးကို မြန်မာနိုင်ငံ အနီးရှိ နိုင်ငံတကာ ရေပိုင်နက်ထဲသို့ ပစ်ချခဲ့ဟုဆို

မေလ ၁၃၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ထိန်းသိမ်းခံထားရသော ရိုဟင်ဂျာဒုက္ခသည် ၄၃ ဦးကိုအိန္ဒယအာဏာပိုင်များကခေါ်ဆောင်သွားခဲ့ပြီး မြန်မာနယ်စပ်အနီးရှိ နိုင်ငံတကာရေပိုင်နက်ထဲသို့ ပစ်ချခဲ့ကာ ကလေးများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများအား အသက်ကယ်အင်္ကျီများဖြင့် ဘေးလွတ်ရာသို့ ရေကူးခိုင်းခဲ့သည်ကို စွပ်စွဲထားသည်ဟု Maktoob Media သတင်းကမေလ ၁၃ရက်တွင်ဖော်ပြသည်။ ယင်းသို့လူမဆန်သောအဖြစ်အပျက်သည် မေလ ၈ ရက်နေ့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်တစ်ရက်အကြာတွင် ပြည်နှင်ဒဏ်ပေးခြင်းကို ဥပဒေအရ သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းနှင့်အညီ တင်းတင်းကျပ်ကျပ် ဆောင်ရွက်မည်ဖြစ်ကြောင်း အိန္ဒိယ တရားရုံးချုပ်မှ ရှေ့နေချုပ်က အာမခံခဲ့သည်။ နယူးဒေလီ၌နိုင်ငံမဲ့ ရိုဟင်ဂျာဒုက္ခသည်များကို နှိမ်နင်းဖြိုခွင်းမှုနှင့်နေရပ်ပြန်ပို့ရေးအားစိန်ခေါ်သည့် အသနားခံစာတစောင်ကို တုံ့ပြန်သည့်အနေနှင့်အိန္ဒိယတရားရုံးချုပ်က ၎င်းတို့သည်အိန္ဒိယဥပဒေအရ နိုင်ငံခြားသားဖြစ်ပါက ပြည်နှင်ဒဏ်ပေးခြင်းခံရမည်ဟုပြောသည်။ လူမျိုးတုံးသတ်ဖြတ်မှုများကြောင့် နေရပ်မှထွက်ပြေးခဲ့ကြရသောရိုဟင်ဂျာများကို မြန်မာက ပြန်ခေါ်ရန် ငြင်းဆန်ခဲ့ပြီးနောက် နိုင်ငံမဲ့အဖြစ် သတ်မှတ်ခံကြရသည်။ နယူးဒေလီမြို့ ဥတ္တမနာဂဒေသမှ ထိန်းသိမ်းခံထားရသော ၎င်းတို့၏ မိသားစုဝင်များသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ရိုဟင်ဂျာဒုက္ခသည် နှစ်ဦးက မုတ်တိုကို အတည်ပြုခဲ့သည်။ နယူးဒေလီမြို့ ဥတ္တမနာဂဒေသမှ ထိန်းသိမ်းခံထားရသောရိုဟင်ဂျာနှစ်ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း Maktoob ကအတည်ပြုခဲ့သည်။ (more…)
Read More