စစ်တမ်းတစ်ခုတွင်မြန်မာအွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် ထိုင်းဒေသဆိုင်ရာအရာရှိများပါဝင်ပတ်သက်မှုကို သံသယရှိနေကြ
ဖေဖော်ဝါရီ ၁၇၊၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းလူမျိုးအများစုသည် ခေါ်ဆိုရေးစင်တာဂိုဏ်းများကို တိုက်ဖျက်ရန် မြန်မာနိုင်ငံအတွက် လျှပ်စစ်ဓာတ်အား၊လောင်စာဆီနှင့် အင်တာနက်ဝန်ဆောင်မှုများကို ဖြတ်တောက်ရန် အစိုးရ၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြပြီး တရားမ၀င်လုပ်ဆောင်မှုများသည် ထိုင်းအစိုးရအရာရှိများထံမှ အကူအညီများရရှိမည်ဟု ယုံကြည်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအင်စတီကျု(NIDA)၏ စစ်တမ်းတစ်ခုက ဆိုသည်ဟု ဘန်ကောက်ပို့စ်သတင်းက ဖေဖော်ဝါရီ ၁၇ ရက်ကဖော်ပြသည်။ Nida စစ်တမ်းကို ဖေဖော်ဝါရီ ၁၀ ရက်မှ၁၁ ရက်အထိ နိုင်ငံတစ်ဝန်း ပညာရေးနှင့် အလုပ်အကိုင် အဆင့်အသီးသီးမှ အသက် ၁၈ နှစ်နှင့်အထက် လူ ၁၃၁၀ ဦးတို့ကို ပြုလုပ်ခဲ့သည်။ (more…)