နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က US Aidကအကူအညီများဖြတ်တောက်ပြီးနောက် မြန်မာအတွက်ပညာရေးရန်ပုံငွေပြန်ထည့်ဝင်ကြဖို့ တိုက်တွန်း
မေလ ၁၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က စစ်ပွဲဒဏ်ခံခဲ့ရသည့်နိုင်ငံတွင်းက ကျောင်းသားများနှင့်ဆရာဆရာမများအတွက် အရေးကြီးသောUSAID ပရိုဂရမ်တွေကို ဖယ်ရှားလိုက်ပြီးနောက် မြန်မာနိုင်ငံ ပညာရေးကို ထောက်ပံ့ရန်အတွက် ရန်ပုံငွေရရှိဖို့ အမေရိကန်နှင့်တခြားအစိုးရများကို မေလ ၈ရက်နေ့က တောင်းဆိုလိုက်သည်။ နိုင်ငံခြားအကူအညီများ လျော့ချခြင်းသည် သင်ယူသူများအပေါ် ပြင်းထန်သော သက်ရောက်မှုရှိနေပြီဖြစ်ပြီး ချက်ခြင်းလုပ်ဆောင်ခြင်းမရှိပါက “မျိုးဆက်ပျောက်”သွားနိုင်ချေရှိသည်ဟု ခြင်းကို သတိပေးထားသည်ဟု Jurist News ကမေလ ၁၀ရက်နေ့တွင်ဖော်ပြသည်။ မြန်မာနိုင်ငံသည် ဆယ်စုနှစ်ပေါင်းများစွာ ပဋိပက္ခများကို ကြံ့ကြံ့ခံပြီး စစ်အာဏာရှင်လွှမ်းမိုးမှု၊ လူမျိုးရေးတင်းမာမှုများနှင့် မအောင်မြင်သော ဒီမိုကရေစီအသွင်ကူးပြောင်းမှုများ၏ သမိုင်းကြောင်းတွင် အမြစ်တွယ်နေခဲ့သည်။ (more…)