ရက်ဆက်ဗုံးကြဲခံနေရသော နမ္မတူနှင့် ဗုံးကြဲမှုနောက်ကွယ်က ရည်ရွယ်ချက်များ
အောက်တိုဘာ ၇၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ သတင်းတု သတင်းမှားဖြန့်တဲ့ ကောလဟလဖြန့်ချီရေး၊ရန်သူ့အာဘော် ဖြန့်ကျက်ရေးအလုပ်တွေ တပြိုင်တည်းလုပ်ပြီး မကြာခင်မှာ စစ်ကောင်စီတပ်တွေပြန်ဝင်မယ်ဆိုတဲ့ အသံတွေကို တိုးတိုးတမျိုး၊ကျယ်ကျယ်တဖုံ ထုတ်လွှင့်နေကြတာလည်း သတိထားမိပါတယ်။ လားရှိုးဘက်ကို စစ်ရှောင်ဖို့ အစီအစဥ်ချပြီး လူတွေကို ကဲ့ထုတ်နေကြသလို လားရှိုးရောက်သွားတဲ့သူတွေကို အတုအယောင်ရွေးကောက်ပွဲကို အတင်းအကြပ်မဲပေးခိုင်းဖို့ စီစဥ်နေတာလည်း တွေ့ရပါတယ်။ မနက်ပိုင်းမှာ ဗုံးကြဲပြီးရင် တနေ့ခင်းလုံး လမ်းမပေါ်မှာ ဆိုင်ကယ်တွေ ကားတွေနဲ့ ထွက်ပြေးနေကြတဲ့ စစ်ရှောင်ပြည်သူတွေကို စစ်အုပ်စုက လားရှိုးအထိ လာရောက်သယ်ဆောင်ပေးတဲ့ ပရဟိတယောင်ယောင်အဖွဲ့တွေဖွဲ့စည်းပြီး လူသားတွေကို ဒိုင်းကာသဖွယ် အသုံးချနေတယ်လို့ သိထားရပါတယ်။ နမ္မတူမှာ မြို့သားတွေကုန်ခမ်းသွားမှ သူတို့လိုချင်တဲ့ခွင်ကိုချပြီး အသာစီးယူမယ့်အကွက်လို့ တွေ့ရပါတယ်။ဒါကြောင့် စစ်ရှောင်မယ်ဆိုရင်လည်း လားရှိုးစစ်အုပ်စုရဲ့နယ်မြေကို မသွားဘဲ ဘေးလွတ်ရာရွာတွေမှာသာ ခဏရှောင်နေတာ ပိုကောင်းပါလိမ့်မယ်။ လားရှိုးရောက်သွားရင် ပြည်သူတွေကို ပြန်ပေးမထွက်ဘဲ မှတ်ပုံတင်သိမ်းတယ်လို့လည်း အတည်မပြုနိုင်သေးတဲ့ သတင်းရင်းမြစ်တွေက တဆင့်သိရပါတယ်။ ရက်ဆက်ဗုံးကြဲခံနေရသော နမ္မတူနှင့် ဗုံးကြဲမှုနောက်ကွယ်က ရည်ရွယ်ချက်များ --------------------------------------------------- နမ္မတူကို ဗုံးကြဲနေတာ သုံးရက်ရှိပါပြီ။အောက်တိုဘာ ၂ ရက်နေ့ မနက် ၇နာရီ ၂၀ ဝန်းကျင်၊အောက်တိုဘာ ၆ ရက်နေ့ မနက် ၇နာရီ ခွဲပတ်ချာလည်နဲ့ ဒီနေ့ အောက်တိုဘာ ၇ ရက်နေ့ မနက် ၆နာရီခွဲအချိန်ခန့်မှာ လာရောက်ဗုံးကြဲခဲ့တာဖြစ်ပါတယ်။ နေ့စဥ်ရက်ဆက်လို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တဲ့အတွက် လူအသေအပျောက်လည်းရှိသလို ဒဏ်ရာပြင်းထန်စွာရရှိတာမျိုးလည်း ကြုံတွေ့နေရပါတယ်။အသက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေ အထူးသဖြင့် ထိခိုက်မှုပိုများပါတယ်။ လေကြောင်းက ဂျက်ဖိုက်တာတက်လာတာနဲ့ တခါတည်း တန်းပစ်တာမျိုးကို တွေ့ရတယ်။ပစ်မှတ်ကို ကွေ့ပတ်ရှာနေတာမျိုးမဟုတ်ဘဲ…