ဘီဘီစီသတင်း

ရွေးကောက်ပွဲကို ဝေဖန်တဲ့ တောင်ကြီးက အမျိုးသားကို ထောင် ၇ နှစ်ချ

ရွေးကောက်ပွဲကို ဝေဖန်တဲ့ တောင်ကြီးက အမျိုးသားကို ထောင် ၇ နှစ်ချ

စက်တင်ဘာ ၁၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ရွေးကောက်ပွဲကို ဝေဖန်တဲ့တောင်ကြီးမြို့က အမျိုးသား ထောင် ၇ နှစ် ချမှတ်ခံရ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က ရွေးကောက်ပွဲကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဝေဖန်ခဲ့သူ ကို ထောင်ဒဏ် ၇ နှစ်ချမှတ် လိုက်ပြီ လို့ စစ်ကော်မရှင်က ကြေညာတယ်လို့ ဘီဘီစီသတင်းက စက်တင်ဘာ ၁၀ ရက်မှာဖော်ပြပါတယ်။ ဩဂုတ် ၂၅ ရက်မှာ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက် ၁ က အသက် ၃၆ နှစ်အရွယ် ကိုနေသွေး ဟာ “Lashio Baegyi” ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့် နဲ့ ဝေဖန်ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကော်မရှင်လုပ်မယ့် ရွေးကောက်ပွဲကို ပျက်ပြားအောင် လုပ်တယ်ဆိုပြီး တောင်ကြီးမြို့နယ်၊ အေးသာယာနယ်မြေရဲစခန်းက (ပ) ၉၉/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို နှောင့်ယှက် ဟန့်တားဖျက်စီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (က) အရ အမှုဖွင့်စစ်ဆေးခဲ့ပြီး တောင်ကြီးမြို့နယ်တရားရုံးက ရာဇဝတ်အမှတ် ၂၇၁၄/၂၀၂၅ နဲ့ လက်ခံစစ်ဆေးခဲ့တယ်လို့ ထုတ်ပြန်ချက် တွေဖော်ပြပါတယ်။ (more…)
Read More
ပေါက်ကိုယ်တော်က နှုတ်ခမ်းမွှေးလို့သိကြတဲ့ အမျိုးသားရေးလှုပ်ရှားသူ ထိုင်းအမျိုးသားကို ဘန်ကောက်မှာသွားတွေ့

ပေါက်ကိုယ်တော်က နှုတ်ခမ်းမွှေးလို့သိကြတဲ့ အမျိုးသားရေးလှုပ်ရှားသူ ထိုင်းအမျိုးသားကို ဘန်ကောက်မှာသွားတွေ့

စက်တင်ဘာ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းရောက်မြန်မာတွေကြား နှုတ်ခမ်းမွှေး၊ ထိုင်းမျိုးချစ် လို့ သိကြတဲ့ ဆုန်ချိုင်နီ(ယမ်)ဟုမ်နဲ့ စက်တင်ဘာ ၈ ရက်မှာ တွေ့ခဲ့တယ်လို့ အမျိုးသားရေးကိုယ်တော်အဖြစ် လူသိများတဲ့ပေါက်ကိုယ်တော်က သူ့ရဲ့တစ်တော့ အကောင့်မှာ ရေးတင်တယ်လို့ ဘီဘီစီသတင်းက စက်တင်ဘာလ ၉ ရက်မှာဖော်ပြပါတယ်။ ထိုင်းရောက် မြန်မာနိုင်ငံသားတစ်ဦးဖြစ်တဲ့ကိုစည်ဆိုသူကို ရှာဖွေဖို့ ထိုင်းမျိုးချစ်နှုတ်ခမ်းမွှေးနဲ့ တွေ့ဆုံတာဖြစ်တယ်လို့ ပေါက်ကိုယ်တော်က ပြောပါတယ်။ ကိုစည်ဟာ ပြည်သူ့ထောက်ပံ့ကူညီရေးအဖွဲ့ (PST Network)ကို ဦးဆောင်နေသူတစ်ဦးဖြစ်ပြီး စစ်အာဏာသိမ်းမှုကို လူမှုကွန်ရက်ကနေ ပွင့်ပွင့်လင်းလင်းဝေဖန်သူဖြစ်ပါတယ်။ (more…)
Read More