မြန်မာစစ်အစိုးရမဟာမိတ်

သမ္မတ ဒေါ်နယ်ထရမ့်ကို ချီးမွမ်းပြီးနောက် မြန်မာစစ်အစိုးရမဟာမိတ်တွေအပေါ် ပိတ်ဆို့အရေးယူမှုတွေကိုအမေရိကန်က ရုပ်သိမ်း

သမ္မတ ဒေါ်နယ်ထရမ့်ကို ချီးမွမ်းပြီးနောက် မြန်မာစစ်အစိုးရမဟာမိတ်တွေအပေါ် ပိတ်ဆို့အရေးယူမှုတွေကိုအမေရိကန်က ရုပ်သိမ်း

ဇူလိုင်လ ၂၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာစစ်အစိုးရက အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကို ချီးကျူးပြီး သွင်းကုန်ခွန်ဖြေလျှော့ပေးဖို့ တောင်းဆိုတဲ့စာတစ်စောင်မှာ အာဏာရစစ်ဦးစီးချုပ်က မြန်မာစစ်ဗိုလ်ချုပ်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးဖို့ တောင်းဆိုပြီး နှစ်ပတ်အကြာ ဇူလိုင် ၂၄ရက်နေ့မှာ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိုက်တယ်လို့ Reuter ကဖော်ပြပါတယ်။ Human Rights Watch က အဆိုပါ လှုပ်ရှားမှုကို “အလွန်စိုးရိမ်စရာ” လို့ဆိုပြီး ၂၀၂၁ ခုနှစ်မှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့လူမျိုးတုံးသတ်ဖြတ်မှုမှာပါဝင်ပတ်သက်နေတဲ့မြန်မာစစ်တပ်အပေါ် အမေရိကန်ရဲ့ မူဝါဒဟာကြီးမားတဲ့အပြောင်းအလဲတစ်ခု လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ KT Services & Logistics နဲ့၎င်းကိုတည်ထောင်သူ ဂျွန်နသန်မျိုးကျော်သောင်း၊MCM Group နဲ့၎င်းရဲ့ပိုင်ရှင် ဦးအောင်လှိုင်ဦး၊ Suntac Technologies နဲ့၎င်းရဲ့ ပိုင်ရှင် စစ်တိုင်းအောင်နဲ့နောက်တစ်ဦးဖြစ်သူ ဦးတင်လတ်မင်းကိုလည်း အမေရိကန် ပိတ်ဆို့အရေးယူမှုစာရင်းကနေဖယ်ရှားခဲ့ပါတယ်။ KT Services & Logistics နဲ့ ဂျွန်နသန်မျိုးကျော်သောင်း တို့ကို သမ္မတ ဘိုင်ဒင်လက်ထက်၂၀၂၂ ခုနှစ် ဇန်န၀ါရီလမှာ ပိတ်ဆို့အရေးယူမှုစာရင်းမှာထည့်သွင်းခဲ့ပြီး မြန်မာနိုင်ငံမှာ စစ်တပ်က  အာဏာသိမ်းယူမှု ပထမဆုံးနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ခြေလှမ်းတလှမ်းဖြစ်ခဲ့ပါတယ်။ (more…)
Read More