မြန်မာနိုင်ငံအပါအဝင်

မေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံအပါအဝင် ခြောက်နိုင်ငံကို ခရီးသွားသတိပေးချက် ထုတ်ပြန်ထား

မေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံအပါအဝင် ခြောက်နိုင်ငံကို ခရီးသွားသတိပေးချက် ထုတ်ပြန်ထား

စက်တင်ဘာ ၁၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မှားယွင်းထိန်းသိမ်းမှုနဲ့ လုံခြုံရေးခြိမ်းခြောက်မှုအန္တရာယ်တွေကြောင့် အာဖဂန်နစ္စတန်၊ မြန်မာ၊ မြောက်ကိုရီးယား၊ ဗင်နီဇွဲလား၊ အီရန်နှင့် ရုရှားတို့အတွက် အဆင့် ၄ "ခရီးသွားခြင်းမပြုဖို့ သတိပေးချက် ထုတ်ပြန်ထားတယ်လို့ VPN သတင်းက စက်တင်ဘာ ၁၄ ရက်မှာဖော်ပြပါတယ်။ ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုတွေတိုးလာနေတဲ့ လှုပ်ရှားမှုကြောင့် အမေရိကန်နိုင်ငံခြားရေးဌာနကသီးခြားနိုင်ငံခြောက်ခုကိုခရီးသွားခြင်းမပြုဖို့ အမေရိကန် နိုင်ငံသားတွေကို မှားယွင်းတဲ့ ထိန်းသိမ်းမှုနဲ့အခြားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေမြင့်တက်လာနိုင်တဲ့အန္တရာယ်တွေကို ကိုးကားပြီး ပြတ်ပြတ်သားသား သတိပေးချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ မကြာသေးမီက အပ်ဒိတ်မှာအသေးစိတ်ဖော်ပြထားတဲ့ဒီအကြံပေးချက်ဟာ အမေရိကန်ခရီးသွားတွေကို နိုင်ငံရေးသြဇာလွှမ်းမိုးမှုအဖြစ် အသုံးပြုလေ့ရှိတဲ့ ဖြစ်နိုင်ချေရှိတဲ့မတရားဖမ်းဆီးခြင်းတွေကို ရင်ဆိုင်ရတဲ့ နိုင်ငံတွေကို မီးမောင်းထိုးပြထားပါတာ်။ (more…)
Read More