ယာယီဝန်ကြီးချုပ်ကဆို

ထိုင်းလွှတ်တော်ကိုမဖျက်သိမ်းနိုင်လို့ ယာယီဝန်ကြီးချုပ်ကဆို

ထိုင်းလွှတ်တော်ကိုမဖျက်သိမ်းနိုင်လို့ ယာယီဝန်ကြီးချုပ်ကဆို

ဩဂုတ်လ ၃၀၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဝန်ကြီးချုပ်ရဲ့ အခွင့်အာဏာ အပြည့်ရှိတာကြောင့် ယာယီဝန်ကြီးချုပ်က လွှတ်တော်ကို မဖျက်သိမ်းနိုင်ကြောင်း နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးက အလေးပေး ပြောကြားပြီး တော်ဝင်အဖွဲ့အစည်းကို မထိခိုက်စေဖို့ သတိပေးထားတယ်လို့ Khaosod သတင်းကသြဂုတ် ၃၀ရက်မှာဖော်ပြပါတယ်။ ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်က အစိုးရအိမ်တော်မှာနိုင်ငံတော်ကောင်စီ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ပါကွန်နီပရာဖန်က်ု ယာယီဝန်ကြီးချုပ်က လွှတ်တော်ကို ဖျက်သိမ်းနိုင်ခြင်း ရှိ မရှိ တွေ့ဆုံမေးမြန်းခဲ့တာဖြစ်ပါတယ်။ ယာယီဝန်ကြီးချုပ်ဟာဝန်ကြီးချုပ်ရဲ့ သီးသန့်လုပ်ပိုင်ခွင့်ဖြစ်တာကြောင့် လွှတ်တော်ကို မဖျက်သိမ်းနိုင်ဘူးလို့ဆိုပါတယ်။ "လုပ်လို့မရဘူးလို့ ကိုယ်တိုင်ကိုယ်ကျ ယုံကြည်တယ်"လို့သူကဆက်ပြောပါတယ်။ ဒီလိုအရေးယူမယ်ဆိုရင် ပြဿနာတစ်စုံတစ်ရာရှိလာနိုင်လားဟု မေးမြန်းရာမှာ "တော်ဝင်အဖွဲ့အစည်းကို မထိခိုက်စေဖို့အချို့အရာတွေဟာ တတ်နိုင်သမျှ လုပ်ဆောင်နိုင်တာကြောင့် အစိုးရအနေနဲ့ ဂရုတစိုက် စဉ်းစားရမယ့်ကိစ္စဖြစ်နယ်လို့မစ္စတာ ပတ်ကွန်က ပြောပါတယ်။ (more…)
Read More