ထိုင်းနိုင်ငံက မြန်မာဒုက္ခသည် ၄၀၀၀၀ ကို အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ထုတ်ပေးမယ်
စက်တင်ဘာ ၁၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းအစိုးရက မြန်မာဒုက္ခသည် ၄၀,၀၀၀ ကျော်ကို အောက်တိုဘာလ ၁ ရက်နေ့က စပြီးယာယီအလုပ်ခွင်ဝင်ခွင့်ပြုမှာဖြစ်တယ်လို့ The Nation သတင်းက စက်တင်ဘာ ၁၃ ရက်မှာဖော်ပြပါတယ်။ အစိုးရအဖွဲ့ကညအတည်ပြုထားတဲ့ဆုံးဖြတ်ချက်အရ ထိုင်းနိုင်ငံ အလယ်ပိုင်းနဲ့အရှေ့ပိုင်းပြည်နယ်တွေက ယာယီအဆောက်အဦးတွေမှာနေထိုင်သူတွေကို တစ်နှစ် အလုပ်လုပ်ကိုင်ခွင့် ပေးခြင်းနဲ့အလုပ်သမားရှားပါးမှုကို ကိုင်တွယ်ဖြေရှင်းဖို့ရည်ရွယ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဒုတိယအမြဲတမ်းအတွင်းဝန် Chamnanwit Terat က ၎င်းဝန်ကြီးဌာနဟာ အလုပ်သမား ၄၀၀၀၀ ခန့်အတွက် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို အပြီးသတ်ဆောင်ရွက်ဖို့အလုပ်သမားဝန်ကြီးဌာနနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့ပြောကြားခဲ့ပါတယ်။ ဒုက္ခသည်တွေဟာ ခရိုင်အုပ်ချုပ်ရေးဦးစီးဌာနဆီကိုဦးစွာ စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။ ၎င်းတို့ဟာ အဆောက်အဦးတွေမှာနေထိုင်ခွင့်ကို ဆက်လက်ခွင့်ပြုခါးပေမယ့်လည်း ပြင်ပမှာအလုပ်လုပ်ဖို့ခွင့်ပြုချက်အတွက် ၎င်းတို့ရဲ့ခရိုင်မှူးထံ လျှောက်ထားရမှာဖြစ်ပါတယ်။ အတည်ပြုပြီးတာနဲ့ ခရိုင်အလုပ်အကိုင်ရုံးက လက်သမားနဲ့ပန်းရံတို့လိုအလုပ်ရှင်တွေနဲ့ ကိုက်ညီပြီး စာချုပ်မရေးဆွဲမီ ကျွမ်းကျင်မှုဆိုင်ရာ လျှောက်ထားသူတွေကို စစ်ဆေးမှာဖြစ်ပါတယ်။ (more…)