သက်ဆင်

သက်ဆင်က ဘာကြောင့် အမှုကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့တာလဲ

စက်တင်ဘာ ၁၁၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ပြစ်ဒဏ်ချမှတ်ခံထားရတဲ်၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက ထိုင်းမှာ နေထိုင်ရန် ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ရဲချုပ်ဆေးရုံမှာ ကြာရှည်စွာနေထိုင်ခဲံတဲ့အတွက် တရားရုံးချုပ်ရဲ့ စီရင်ချက်ကို လက်ခံတဲ့အကြောင်းရင်းကို ရှင်းပြခဲ့ပါတယ်။ သက်ဆင်က စက်တင်ဘာ ၉ရက်နေ့ကဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်မှာတင်ထားတဲ့ပို့စ်တစ်ခုမှာ ၎င်းဟာ ပြဿနာတွေနဲ့ ပဋိပက္ခတွေအားလုံးကို အဆုံးသတ်လိုကြောင်းနဲ့ အနာဂတ်ကို စတင်ဖို့မျှော်လင့်တယ်လို့ပြောကြားခဲ့ပါတယ်။ "၂၀၀၆ ခုနှစ်မှာ အာဏာသိမ်းပြီး အစိုးရ ပြုတ်ကျပြီးတဲ့ ကိစ္စတွေအားလုံး (ကျနော့်ကို ဆန့်ကျင်တဲ့) ပေါ်ပေါက်လာခဲ့တယ်။ ဒီနေ့ကစပြီး ကျနော်မျှော်လင့်နေပြီး အတိတ်က အရာအားလုံး၊ တရားစီရင်ရေးကိစ္စတွေရော၊ ကျနော်ကအစပြုတဲ့ ဒါမှမဟုတ်ကျနော်နဲ့ပတ်သက်တဲ့ ပဋိပက္ခမှန်သမျှကို အဆုံးသတ်ချင်ပါတယ်"လို့ ၎င်းက ပြောပါတယ်။ ဒီစာကို ထိုင်းဘာသာနဲ့ သူ့ကိုယ်စား သူ့အဖွဲ့ကတင်ထားတာဖြစ်ပါတယ်။ (more…)
Read More
သက်ဆင်ကို ထောင်ဒဏ်တစ်နှစ် ကျခံဖို့ တရားရုံးချုပ်က အမိန့်ချလိုက်

သက်ဆင်ကို ထောင်ဒဏ်တစ်နှစ် ကျခံဖို့ တရားရုံးချုပ်က အမိန့်ချလိုက်

စက်တင်ဘာ ၉၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ပ ၁၄ လွှာ ရဲတပ်ဖွဲ့ အထွေထွေ ဆေးရုံကြီးအမှုအတွက် စီရင်ချက်ကိုချမှတ်ဖို့တရားရုံးချုပ်ရဲ့ ရာဇ၀တ်မှု ဆိုင်ရာ ဌာနခွဲက စက်တင်ဘာ ၉ ရက် က ခေါ်ယူခဲ့တယ်လို့ The Nation သတင်းကဖော်ပြပါတယ်။ အဆိုပါအမှုဟာ၎င်း၏နောက်ဆုံးစီရင်ချက်ပြီးသက်တင်ထောင်ဒဏ်ကျခံနေစဥ်ဆေးဝါးကုသမှုခံယူခွင့်တို့ကို ဗဟိုပြုထားတယ်လို့သတင်းကဆိုပါတယ်။ (more…)
Read More
ကောင်းလေစွ အန်ဝါအီဘရာဟင်၊ ရှိကျင့်ဖျင်၊ မောဒိနှင့် သက်ဆင်၊ လူသတ်သမားကို ထောက်ခံအားပေးခြင်း၏ မှားယွင်းသောမူဝါဒများ၏ ရလဒ်များကို ကြည့်ပါ

ကောင်းလေစွ အန်ဝါအီဘရာဟင်၊ ရှိကျင့်ဖျင်၊ မောဒိနှင့် သက်ဆင်၊ လူသတ်သမားကို ထောက်ခံအားပေးခြင်း၏ မှားယွင်းသောမူဝါဒများ၏ ရလဒ်များကို ကြည့်ပါ

မေလ ၁၂၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ မြန်မာနိုင်ငံမှာ နောက်ထပ် ကြောက်စရာကောင်းတဲ့ ရာဇ၀တ်မှုတွေ ဖြစ်ပွားနေပါတယ်။ နေ့ခင်းကြောင်တောင်တွင် ကလေးများနှင့် ပြည့်နေသော ကျောင်းတစ်ကျောင်းကို စစ်အစိုးရ ဂျက်လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အနီးနားတွင် တိုက်ပွဲမရှိ။ ဤသည်မှာ လူထုကြားတွင် ထိတ်လန့်ပျံ့နှံ့စေရန် ရည်ရွယ်၍ အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခြင်းဖြစ်သည်။ ကျောင်းအဆောက်အဦ ပျက်ဆီးခဲ့သည်။ ယခုအချိန်အထိ မြေပြင်မှ သတင်းများအရ ကျောင်းသားများနှင့် ဆရာတစ်ဦးအပါအဝင် လူ ၁၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဒဏ်ရာရသူ ၅၀ ခန့်ရှိပြီး အချို့မှာ ပြင်းထန်သည်။ (more…)
Read More