အကျဉ်းချခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည် ဆိုးရွားတဲ့နှလုံးရောဂါနဲ့ရင်ဆိုင်နေရလို့သားဖြစ်သူက မိခင်ကျန်းမာရေး ဆိုးရွားလာမှာကို စိုးရိမ်နေ
စက်တင်ဘာ ၅၊ ၂၀၂၅။ သောင်ရင်းသတင်းလွှာ ဖြုတ်ချခံခဲ့ရတဲ့မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူက သူ့ရဲ့ ကျန်းမာရေး ယိုယွင်းလာမှုနဲ့ပတ်သက်လို့ ပြတ်ပြတ်သားသား သတိပေးချက် ထုတ်ပြန်ထားပြီး သူ့ရဲ့ အရေးပေါ် ဆေးကုသမှု ခံယူခွင့်အတွက်စစ်အစိုးရကိုတောင်းဆိုထားပြီး၊နိုင်ငံတကာ အသိုင်းအဝိုင်းက ဝင်ရောက်ပါဝင်ကြဖို့လည်းတိုက်တွန်းတယ်လို့ Independent သတင်းက စက်တင်ဘာ ၄ရက်မှာဖော်ပြပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်အာဏာသိမ်းပြီးကတည်းက အကျဉ်းချခံထားရတဲ့၎င်းရဲ့ အသက် ၈ အရွယ် မိခင်ဖြစ်သူဟာ ပိုဆိုးလာတဲ့နှလုံးရောဂါကို ခံစားနေရတယ်လို့ သားဖြစ်သူ ကင်မအဲရစ်ကThe Independent ကိုပြောကြားခဲ့ပါတယ်။ “အမေရဲ့ ကျန်းမာရေးက ပိုဆိုးလာတာကို ကြားရတာ အရမ်းစိတ်မကောင်းဖြစ်မိပါတယ်” လို့ ကင်မ်က ဆိုပါတယ်။ "သူ့မှာ ဆက်လက်ဖြစ်ပွားနေတဲ့ နှလုံးရောဂါတွေရှိနေတယ်၊ ချုပ်နှောင်ခံထားရပြီး မြင်ဖို့လိုအပ်တဲ့အခြေအနေတွေကြောင့် သံသယမကင်းနိုင်ဖြစ်ပြီး အကျဉ်းထောင်ပြင်ပက နှလုံးအထူးကုဆရာဝန်ဆီသွားပြခိုင်းခဲ့ပါတယ်။ ဒါကိုခွင့်ပြုပေးလားဆိုတာ ကျွန်တော်မသိနိုင်ပါဘူး"လို့လည်းသူကဆက်ပြောပါတယ်။ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း William Hague က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ စစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ အချိန်တန်ပြီ၊ ဒါဟာ နှောင့်နှေးမနေဘဲ မှန်ကန်တဲ့ ဆေးဝါးကုသမှု ခံယူခွင့်ရဖို့ ကျင့်ဝတ်နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တစ်ခုလည်း ဖြစ်ပါတယ်။” လို့ Hague ကပြောပါတယ်။ (more…)